Pages

Friday, February 28, 2014

WinRAR ဖြင့် ဖိုင် ချုံ့/ဖြည်ခြင်း၊ part-1-2 စသဖြင့်အပိုင်းများခွဲပီး ချုံ့/ဖြည်ခြင်း


မင်္ဂလာပါ ...
ကျွန်တော် မေးလ်ကို မေးလာတဲ့သူရှိလို့ ဒီပို့စ်လေးရေးလိုက်ပါတယ် ... အခြားမသိသေးတဲ့ညီအကိုများ လည်း သိနိုင်ရန်အတွက်ပါ ... ဗဟုသုတပေါ့ဗျာ ...

WinRaR ဖြင့် ဖိုင်တွေ ချုံ့/ဖြည်ခြင်းနဲ့ part (1-2-3-4- ....)စသဖြင့် အပိုင်းများခွဲပီး .rar ဖိုင်ပြုလုပ်ခြင်းကို ရှင်းပြပါမယ်ဗျ ...

WinRar ကတော့ အားလုံးသိကြမှာပါ ... ဖိုင်တွေဆော့ဝဲလ်တွေ Sharing လုပ်ကြတဲ့အခါမယ် Rar ဖြင့် ချုံ့ပီး Upload တင်ကာ Sharing လုပ်ကြပါတယ် ... ချုံ့ထားတဲ့ဖိုင်တွေကိုလည်း ဒီ WinRAR နဲ့ပဲ ဖြည်ကြ ရပါတယ်ဗျ ...

WinRAR နဲ့ ဖိုင် ချုံ့/ဖြည်ခြင်း၊ part-1,2,3 များခွဲခြင်း စတာတွေကို အောက်မှာပုံနဲ့တကွ ရှင်းပြပေးပါ မယ်ဗျ ... ခေါင်းစဉ် (၃)မျိုးကို ပုံတွေနဲ့ရေးပြထားပါတယ်ဗျ ...
- WinRaR နဲ့ ဖိုင်ချုံ့နည်း
- WinRAR ဖြင့် ဖိုင်ဆိုဒ်အကြီးကြီးတွေကို အပိုင်းတွေခွဲပြီး ချုံ့နည်း {ဂိမ်း + DATA ၊ Firmware.zip ဖိုင်များ}
- WinRAR နဲ့ ဖိုင်ဖြည်နည်း {Part-1,2,3,4, .... ဖြည်နည်းများ}

================
WinRaR နဲ့ ဖိုင်ချုံ့နည်း -
================
မိမိချုံ့မယ့် ဖိုင်/ဆော့ဝဲလ်ပေါ်မှာ Right Click ကနေ WinRAR ပေါ် မောက်စ်တင်လိုက်ရင် ပုံထဲကလို လေးတွေ့ပါမယ် ...
Add to archive...
Add to "Pinger.rar"
Compress and email...
Compress to "Pinger.rar" and email
စသဖြင့်တွေ့ပါမယ် ... အခုက ဖိုင်/ဆော့ဝဲလ်ကို ချုံ့ မှာဖြစ်တဲ့အတွက် အပေါ်နှစ်ကြောင်းကို အသုံးပြုရ ပါမယ် ...


Add to archive... စာကြောင်းနဲ့ကတော့ ဖိုင်/ဆော့ဝဲလ်ကို မချုံ့ခင် ချုံ့မဲ့ .rar ဖိုင်ကို မိမိစိတ်ကြိုက် ပြင်ဆင်မှုပြုလုပ်နိုင်ပါတယ် ... ပုံထဲကလိုတွေ့ပါမယ် ... rar ဖိုင်ကို name ပေးတာ ... RAR နဲ့ချုံ့မှာလား Zip နဲ့လားစသဖြင့် မိမိစိတ်ကြိုက်ရွေးနိုင်မှာပါ ... Set password.... ကတော့ RaR ဖိုင်ကို ဖြည်တဲ့အခါ မယ် Password ခံမယ်ဆိုရင် အဲ့ထဲမယ် ပြုလုပ်ပေးရပါမယ် ...


Add to "Pinger.rar" စာကြောင်းနဲ့ကတော့ မိမိချုံ့မဲ့ ဖိုင်/ဆော့ဝဲလ်ကို တိုက်ရိုက် .rar ဖိုင်တန်းပီ ပြုလုပ် မှာဖြစ်ပါတယ် ...

=======================================
WinRAR ဖြင့် ဖိုင်ဆိုဒ်အကြီးကြီးတွေကို အပိုင်းတွေခွဲပြီး ချုံ့နည်း -
=======================================
ဒီအပိုင်းမှာတော့ ကျွန်တော်က ဂိမ်း DATA ဖိုင်တွေ၊ Firmware.zip ဖိုင်တွေ စတဲ့ ဖိုင်ဆိုဒ်အကြီးကြီးတွေ ကို အပိုင်းတွေခွဲပြီး .rar ဖိုင်ချုံ့ပြပေးပါမယ် ...

(၁) နမူနာ ဂိမ်း + DATA ဖိုင်တစ်ခုချုံ့ပြပါမယ် ... အပိုင်းခွဲပြီးချုံ့ခြင်းတဲ့ ဂိမ်း + DATA ဖိုင်နှစ်ခုကို Select ပါ ... ပီရင် Right Click ကနေ WinRAR >> Add to archive ... ကိုရွေးပါ ...


ပေါ်လာတဲ့ box ထဲမှာ File name ကိုကြိုက်ရာထည့်ပါ ... Split to volumes, size ထဲမှာ မိမိကြိုက်ရာ size ကိုဖြည့်ပေးပါ ... ဂိမ်း + DATA နှစ်ခုပေါင်း (150 MB)ကျော်ရှိလို့ ကျွန်တော်က 60 MB လို့ ဖြည့်ထား ပါတယ် ... ပီရင် OK လုပ်ပါ ... ချုံ့နေပါပီဗျ ...



ပီရင် အောက်ကပုံထဲကလို part-1, part-2, part-3 ဆိုပီ rar ဖိုင်သုံးဖိုင်ရပါပီခင်ဗျာ ...


(၂) နမူနာအနေနဲ့ multilang-U8825D_B972_V6_SuperCharger.zip ဆိုတဲ့ Firmware ဖိုင်ကို အပိုင်း တွေခွဲပြီး ချုံ့ပြပေးပါမယ် ...


Firmware ချုံ့ဖို့အတွက် Folder အသစ်တစ်ခုဆောက်ပေးပါ ...(Folder Name ကြိုက်တာပေးပါ ...)
{သတိပြုရန် - Folder Name ကို ချုံ့မယ့်ဖိုင်နဲ့ Name တူ မပေးပါနဲ့ .... အပိုင်းခွဲပီ ဖိုင်ချုံ့တဲ့အခါမယ် ဖိုင်အကုန်မချုံ့နိုင် ဖြစ်တတ်ပါတယ်ဗျ ... ကျွန်တော့်ကိုယ်တွေ့ပါ ...}


အဲ့ Folder ထဲကို multilang-U8825D_B972_V6_SuperCharger.zip ဖိုင်ကိုထည့်ပေးပါ ...


Firmware ထည့်ထားတဲ့ Folder ကို Right Click ထောက်ပီး Add to archieve... ကိုရွေးပါ ...


အောက်ကပုံအတိုင်း box လေးတက်လာမယ် ... ဒီအတိုင်းပဲ OK ပေးလိုက်ရင် ပုံမှန်အတိုင်း ချုံ့ပေးမှာပါ ... အခု အပိုင်းတွေခွဲပြီးချုံ့မှာဖြစ်တဲ့အတွက် ပြင်ဆင်ပေးရပါမယ် ... ကျွန်တော်အခုချုံ့ပြမယ့် Firmware ဖိုင်က (170 MB)ကျော်ကျော်ရှိလို့ Upload တင်ရင် အဆင်ပြေအောင် သုံးပိုင်းခွဲ (part-1,2,3) ခွဲပါမယ် ...
အဲ့အတွက် Split to volumes, size ဆိုတဲ့အကွက်ကမျှားလေးမှာ မိမိသတ်မှတ်ခြင်းတဲ့ဆိုဒ် ပမာဏကို ရွေးပေးရပါမယ် ... မိမိသတ်မှတ်ခြင်းတဲ့ဆိုဒ်ပမာဏမရှိရင် အကွက်ထဲမှာရိုက်ပေးရပါမယ် ... ကျွန်တော် က 60 ဆိုပီထည့်ပါမယ် (သုံးပိုင်း ပိုင်းမှာမို့ ပျှမ်းမျှ 60 MB သတ်မှတ်တာပါ ...) ... ဘေးကအကွက်မှာ MB ပြောင်းပေးပါ ... ပီရင် OK လုပ်ပါ ...



ဒါဆိုရင် အောက်ကပုံထဲကလို zip ဖိုင် (3)ဖိုင်ထွက်လာပါမယ် ... ဖိုင်ဆိုဒ်သေးသွားတော့ Upload တင်လို့ လွယ်တာပေါ့နော် ... ဖိုင်တစ်ဖိုင်ရဲ့ ဆိုဒ်က (60 MB)ဆိုတဲ့ size က မြန်မာပြည်ကွန်လိုင်းနဲ့တောင်း တော်တော် Upload တင်ယူရအုံးမှာပါ :P :P :P ... :D :D :D


================
WinRAR နဲ့ ဖိုင်ဖြည်နည်း -
================
ဖြည်ချင်တဲ့ RAR ဖိုင်ပေါ်မယ် Right Click နှိပ်ပီ WinRAR ပေါ်မယ်မောက်စ်တင်လိုက်ရင် အောက်ကပုံလို့တွေ့ပါမယ် ...
Extract files...
Extract Here
Extract to multilang-U8825D_B972_V6_SuperCharger\
စသဖြင့်တွေ့ပါမယ် ...


Extract files... ဆိုတဲ့ အပေါ်ကစာကြောင်းကိုရွေးရင် မိမိ Extract လုပ်မယ့်ဖိုင်ကို အသေးစိတ်ပြင်ပီး ဖြည်နိုင်မှာဖြစ်ပါတယ် ... ဒီစာကြောင်းကို ကျွန်တော်ကမသုံးပါဘူးဗျ ...


Extract Here ဆိုတဲ့ စာကြောင်းကိုရွေးရင်  ဖြည်မယ့် RAR ဖိုင်ကို တန်းဖြည်ပေးမှာဖြစ်ပါတယ် ...
အထဲမှာ နှစ်ဖိုင်ရှိရင် နှစ်ဖိုင်၊ သုံးဖိုင်ရှိရင် သုံးဖိုင်လုံး ထွက်လာမှာဖြစ်ပါတယ် ...

Extract to multilang-U8825D_B972_V6_SuperCharger\ စာကြောင်းနဲ့ကတော့ မိမိဖြည်မဲ့ ဖိုင်ရဲ့ Name အတိုင်း Folder အနေနဲ့ ဖြည်ပေးမှာဖြစ်ပါတယ် ... RAR ဖိုင်ထဲမယ် နှစ်ဖိုင်ရှိရင် နှစ်ဖိုင်၊ သုံးဖိုင်ရှိ သုံးဖိုင်လုံးကို Folder တစ်ခုအနေနဲ့ဖြည်ပေးမှာပါ ... ဒီစာကြောင်းမှာ Part-1, Part-2, Part-3 ... စသဖြင့် အပိုင်းတွေခွဲထားတဲ့ ဖိုင်ဆိုဒ်အကြီးကြီးတွေကို ဖြည်တဲ့နေရာမယ်အသုံးပြုရပါမယ် ...

အောက်ကပုံမှာ အပိုင်းတွေခွဲထားတဲ့ Firmware တစ်ဖိုင်ကို နမူနာပြထားပါတယ် ... အပိုင်းတွေခွဲထားတဲ့ .rar ဖိုင်တွေဆိုရင် Part-1, 2, 3.rar တစ်ဖိုင်ဖိုင်ပေါ်မှာ Right Click နှိပ်ပီ WinRAR ပေါ်မောက်စ်တင် ကာ Extract to multilang-H8825D_B972\ ကိုရွေးပေးလိုက်ပါ ... ဒါဆိုရင် ဖိုင်ဖြည်ပေးနေပါပီဗျ ...



ပီရင် multilang-U8825D_B972 ဖိုဒါတစ်ခုတွေ့ပါမယ် ... ဖွင့်လိုက်ပါ ...


ဒီအောက်ပုံလေးအတိုင်း Firmware.zip ဖိုင်လေးကိုတွေ့ပါမယ် ... CWM Recovery ကနဲ့ Flash ရမယ့် Firmware ဖိုင်လေးရပါပီဗျ ...


ကျွန်တော် အရင်တုန်းက WinRAR နဲ့ ချုံ့/ဖြည်နည်းနဲ့ ဖိုင်တွေကို အပိုင်းတွေခွဲပြီး ချုံ့/ဖြည်နည်းကိုမသိလို့ နည်းပညာဆိုဒ်တွေမှာ မေးခဲ့ဖူးပါတယ် ... ပြန်ဖြေပေးမယ့်သူမရှိခဲ့ပါဘူးဗျ ... အခုဒီပို့စ်ထဲကရေးထားတဲ့ အကြောင်းအရာများက ကျွန်တော်ကိုယ်တိုင် လေ့လာရင်း ကလိရင်းနဲ့ သိလာခဲ့တဲ့ နည်းပညာတွေပါခင်ဗျာ ... Brother တို့လည်း ကျွန်တော်လို မသိမဖြစ်ရအောင်လို့ WinRAR နဲ့ပတ်သက်ပြီး ကျွန်တော်သိသ လောက်လေး အသေးစိတ်ရေးပြထားပါတယ်ခင်ဗျာ ... လိုအပ်ချက်များရှိရင်လည်း ဖြည့်ဖတ်ပေးကြပါအုံးဗျ ...

အဆင်ပြေကြပါစေခင်ဗျာ ....


1 comment:

  1. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

    ReplyDelete

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

Twitter Bird Gadget