Android ဖုန်းကိုင်ဆောင်တဲ့ User များ မိမိတို့ဖုန်း Power ဖွင့်ရင် Boot တက်တဲ့ ပုံတွေကို ငြီးငွေ့ နေသူများ အခုကျွန်တော်ပေးတဲ့ site ထဲမှာ မိမိတို့ကြိုက်ရာကိုဒေါင်းပီပြောင်းနိုင်ပါတယ်ဗျ....
အဲလိုပြောင်းဖို့အတွက်တော့ မိမိတို့ရဲ့ဖုန်းဟာ Root လုပ်ထားပီဖြစ်ရပါမယ်ဗျ......
Boot Animation အလန်းလေးတွေ အများကြီးရှိပါတယ်......မိမိတို့ ဖုန်းရဲ့ Resolution အတိုင်း ရွေးချယ်ဒေါင်းနိုင်ပါတယ်ဗျ.....
ဒီလင့်လေးပါ.....
Boot Animation ပြောင်းတဲ့နည်းလေးကတော့ သိကြမယ်ထင်ပါတယ်.......
မသိသေးသူများအတွက်ကျွန်တော်အောက်မှာရေးပြထားပါတယ်ဗျ......
ပထမဆုံး Original bootanimation.zip ဖိုင်လေးကို Copy ယူပီ SD Card ထဲမှာ Backup ယူထားပါဗျ.... ပြန်အသုံးပြုချင်ရင်အဆင်ပြေအောင်ပါ.....
ပထမဆုံး ကျွန်တော်အပေါ်ကပေးထားတဲ့ site လင့်ထဲမှာ မိမိတို့ဖုန်းရဲ့ Resolution နဲ့အဆင်ပြေမယ့် bootanimation.zip လေးတွေကိုဒေါင်းရပါမယ်.....
ပီရင်တော့ ဒေါင်းထားတဲ့ bootanimation.zip လေးကို SD ကဒ်ထဲကိုထည့်ထားပါ......
ဒီနေရာမှာ ကျွန်တော်တစ်ခုပြောပါမယ်.....
မိမိတို့ပြောင်းလဲအစားထိုးမယ့် bootanimation.zip ဖိုင်ဟာ တခြား name ဖြစ်နေရင်လဲ bootanimation.zip ဆိုပီပြောင်းပေးရပါမယ်....ဒါအရေးကြီးလို့ပါ.....
ပီရင် Root Explorer ကိုဖွင့်ပါ....အပေါ်မှာ Mount R/W ကို R/O ပြောင်းပေးပါ......
ပီရင်ခုနက SD ကဒ်ထဲထည့်ထားတဲ့ bootanimation.zip လေးရှိရာကိုသွားပီ copy လုပ်ပါ.....
ပီရင် cust >> unicom >> cn >> media ဖိုဒါထဲကိုအဆင့်ဆင့်သွားပီ paste ချပါ....
Overwrite တောင်းတဲ့ Warning box လေးတက်လာပါမယ်...Yes လုပ်ပေးပါ.....
ပီရင် bootanimation.zip ရဲ့ Permissions ကို rw-r-r- ပြောင်းပေးပါ.....
ပီရင် ဖုန်း reboot ချလိုက်ပါ......ပါဝါပြန်တက်လာရင်တော့ ခုနကပြောင်းထားတဲ့ boot လေးနဲ့ တက်လာမှာဖြစ်ပါတယ်ဗျ.......
Boot Animation.apk နဲ့အသုံးပြုချင်သူများလဲ apk ဖိုင်ပါတင်ပေးလိုက်ပါတယ်.....
apk ကိုဖွင့်...မိမိဒေါင်းထားတဲ့ bootanimation.zip လေးဆီကိုသွားပီတစ်ချက် click ပါ...... supersu တက်လာပါမယ်...allow (or) grand လုပ်ပေးပါ.....
ပေါ်လာတဲ့ box လေးထဲမှာ install ဆိုတာကိုနှိပ်လိုက်ရင် installing လုပ်နေပါပီ install complete ဖြစ်ရင်ရပါပီ....ဖုန်းကို reboot ချပေးလိုက်ပါ......
ကျွန်တော်စမ်းကြည့်တာ boot တက်လာတော့ မပြောင်းပါဘူးဗျ.... ကျွန်တော်လုပ်တာပဲလိုနေလို့လာတော့မသိဘူး......
ဒါကြောင့် ကျွန်တော်က Root Explorer ကနေသွင်းတဲ့နည်းလေးအတိုင်း ပြောင်းပါတယ်ဗျ.......
Boot Animations.apk အားဒေါင်းရန်
custom boot animation link နဲ့ boot animations.apk ရဲ့မူရင်းက ဆေးရိုးသည်ပါဗျ.....
အဆင်ပြေကြပါစေခင်ဗျာ.....
cust >> unicom >> cn >> media ဆိုတာ ဘယ်နားမှာလဲဗျ..မတွေ့ဘူး ...လုပ်ပါဦး..
ReplyDelete