Smart Phone တစ်လုံးမှာ Contact, Sms, app, Data တွေဟာအရေးကြီးသလိုပဲ သင့်တို့ရဲ့ Smart phone camera နဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေဟာလည်း အရေးကြီးတယ်ဆိုတဲ့အချက်ကို အားလုံးလိုလို မေ့နေတတ်ကြပါတယ် ... အဲ့အတွက် ကျွန်တော်ကဒီနေ့ သင့်တို့ရဲ့ အဖိုးတန်တဲ့ ဓါတ်ပုံတွေကို မပျောက်မပျက်အောင် APK ပြုလုပ်ပြီး သိမ်းထားနိုင်တဲ့နည်းလေးရေးပါမယ် ... [သိသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ ..]
မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အမှတ်တရရိုက်ထားတဲ့ မိတ်ဆွေတို့ရဲ့တန်ဖိုးရှိတဲ့ဓါတ်ပုံတွေကို မပျောက်မပျက်အောင်သိမ်းထားချင်သူများနဲ့ photo ကို apk ဖန်တီးပီ သိမ်းထားချင်သူများအတွက် ရည်ရွယ်ပီ ဒီနည်းလမ်းလေးရှယ်လိုက်ပါတယ်ဗျ ... ko htet zaw ရဲ့ apk ကို မြန်မာမှုပြုနိုင်တဲ့ PDF ဖိုင်ထဲကနည်းလေးအတိုင်း ကျွန်တော်ပြုလုပ်ပြမှာဖြစ်ပါတယ် ... [ko htet zaw နဲ့ သက်ဆိုင်သူများအားလုံးကို Credit ပေးပါတယ်ဗျ ...]
Apk ပြင်ဖို့နဲ့ မြန်မာလိုပြောင်းဖို့အတွက် မိတ်ဆွေတို့ရဲ့ စက်မှာ Notepad++ နဲ့ Java သွင်းထားရပါမယ် ... ပီရင် EasyApkDisassembler.V1.3.2 ကိုလည်းဒေါင်းရပါမယ် ...
Notepad++ Download
Java Download
EasyApkDisassembler
လိုအပ်တဲ့ [Wallpaper.apk] အားဒေါင်းရန် ... {ဒီ Wallpaper.apk က မေသက်ခိုင်ဆိုတဲ့ apk လေးကို ကျွန်တော်ပြန်ပြင်ထားတာပါ ...}
စရအောင်ဗျ -
- Notepad++ နဲ့ Java ကိုသင့်စက်မှာ Install လုပ်ပါ ...
- EasyApkDisassembler.V.1.3.2.zip ဖိုင်ကို Desktop ပေါ်မှာ zip ဖြည်ထားပါ ...
- ပီရင် အပေါ်မယ်ဒေါင်းထားတဲ့ Wallpaper.apk ကို zip ဖြည်ထားတဲ့ EasyApkDisassembler.V.1.3.2 ဖိုဒါထဲကို ထည့်ပေးပါ ... ပီရင် အဲ့ဖိုဒါထဲမှာ EasyApkDisassembler.EN bat ဖိုင်လေးကို Double click နဲ့ run ပေးပါ ...
- အောက်ပုံထဲကအတိုင်းတွေ့ပါမယ် ... ကီးဘုတ်က (၀) ကိုနှိပ်ပီ Enter ခေါက်ပါ ...
- ဒီအောက်ကအတိုင်းတွေ့မယ် ... အဲ့ဒါဆိုရင် ခုနက EasyApkDisassembler ဖိုဒါထဲမှာ ပြင်ဖို့ထည့်ထား တဲ့ Wallpaper.apk လို့ ရိုက်ပေးပီ Enter ခေါက်ရပါမယ် ...
- ဒါဆိုရင် အောက်ကပုံအတိုင်းအလုပ်လုပ်နေပါလိမ့်မယ်ဗျ ... Press any key to continue ... ဆိုပီ ပေါ်လာရင်ရပါပီ ... CMD ကို ခဏပိတ်ထားလိုက်ပါ ...
- EasyApkDisassembler ဖိုင်ထဲမှာ dis_Wallpaper.apk ဆိုတဲ့ ဖိုင်တစ်ဖိုင်ရောက်နေပါမယ် ...
ဒါဆိုရင်မိတ်ဆွေတို့ ထည့်ချင်တဲ့ photo တွေကို ထည့်လို့ရပါမယ် ... dis_Wallpaper.apk >> res >> drawable ထဲမှာ ကျွန်တော်ထည့်ထားတဲ့ပုံတွေပါ ... အဲ့ drawable ဖိုဒါထဲမှာရှိတဲ့ ပုံတွေရဲ့ ဖိုင် name အတိုင်း မိတ်ဆွေတို့ထည့်ချင်တဲ့ Photo တွေကို ဖိုင် name ပြောင်းပေးရပါမယ် ...{ပုံ (50)ထည့်နိုင် ပါတယ် ...} [ဖိုင် format က JPEG ပါ ...] {ပုံ a0 ကနေ a50 အထိပါပါတယ် ... ဥပမာ - သင်က a0 နေရာမယ် ထည့်မယ်ဆိုရင် သင်ထည့်မယ့်ပုံကို a0 လို့ပြောင်းရပါမယ် ... ico ဆိုတဲ့ပုံကိုလည်း သင့်စိတ်ကြိုက် icon ပြောင်းပေးနိုင်ပါတယ် ... (ico format က png ပါဗျ ...)}
သင့်တို့ပြောင်းချင်တဲ့ Photo တွေကို name ပြောင်းပီရင်တော့ Copy ယူပီ drawable ဖိုဒါထဲမယ် Paste လုပ်လိုက်ပါ ... Replace တောင်းရင် OK ပေါ့ ... ဒါဆိုင်ရင်တော့ Apk ဖိုင်ထဲမှာ မိတ်ဆွေတို့ရဲ့ Photo တွေထည့်ပီသွားပါပီ ...
- နောက်တစ်ဆင့်အနေနဲ့ apk ကို မြန်မာလိုထပ်ပြင်ချင်သေးတယ်ဆိုရင်တော့ dis_Wallpaper.apk >> res >> values ဖိုဒါထဲက strings.xml ဆိုတဲ့ဖိုင်လေးကို Edit with Notepad++ နဲ့ဖွင့်ပြင်နိုင်ပါတယ် ...
မြန်မာလိုပြင်နည်း အသေးစိတ်ကိုတော့ PDF ဖိုင်ထဲမယ်ကြည့်ပါခင်ဗျာ ...
- ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ပုံတွေထည့်ထားတဲ့ apk ဖိုဒါကို apk ဖြစ်ဖို့အတွက် Signed လုပ်ပါမယ် ...
EasyApkDisassembler.EN bat ကိုပြန် Run ပါမယ် ... ကီးဘုတ်က (1)ကိုရိုက်ပီ Enter ခေါက်ပါ ...
- အောက်ကပုံအတိုင်းပေါ်ရင် apk ကို sign လုပ်ဖို့အတွက် dis_Wallpaper.apk လို့ရိုက်ပီ Enter ခေါက်ပါ ...
သူဟာသူ apk ကို Building လုပ်နေပါမယ် ... Press any key to continue .... လို့ပေါ်ရင်တော့ ပီးသွားပါပီခင်ဗျာ ...
မိတ်ဆွေတို့ Signed လုပ်လိုက်တဲ့ apk က dis_Wallpaper.apk >> dist ဖိုဒါထဲမှာ signed ...ဆိုတဲ့ name နဲ့တွေ့ပါလိမ့်မယ် ...
သင့်တို့ရဲ့ဖုန်းထဲကို Install လုပ်ကြည့်လိုက်ပါ ...
အဆင်ပြေကြပါစေခင်ဗျာ ...
No comments:
Post a Comment
davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....
သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...