Pages

Monday, February 24, 2014

Viber Animated Message ရယူခြင်း



Viber Animated Message သည် Android ရော IOS အတွက်ရော ရယူလို့ရပါတယ်။ Viber animated message ဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။ Viber ကို update လုပ်ပေမဲ့ new version မှာဘာလို့ Animated Message မပါဘာတာလဲ ? ဆိုတာလေးကိုပြောပြချင်တာပါ။ အမှန် တစ်ကယ်တော့ Viber New Version 4.2.1 မှာ Animated Message ဆိုတဲ့ Feature မပါဝင်ပါဘူး။ Viber က သပ်သပ် Zoobe – 3D animated messages သပ်သပ်ပါ။ Viber သွင်းထားပြီးသား ဖုန်းမှာ Zoobe – 3D Animated Message Application ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့် Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။ Zoobe – 3D Animated Message Application ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး တခြား Tango, Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ Viber မှာတော့ သူက icon တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။ Zoobe – 3D Animated Message Application ဟာ google play storeမှာ အခမဲ့ရယူနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ လူကြိုက်အများဆုံး စာရင်းမှာ 5 stars ပေးခြင်းကိုခံခဲ့ရပါတယ်။ Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ Zoobe
Application တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။ ပြုလုပ်နည်း အဆင့်ဆင့်ကိုအောက်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် …

Requirements
Viber Animated Message ဖြစ်ဖို့အတွက် Viber version 4.2.1 ရှိနေရပါမယ်။
မရှိရင် http://www.mediafire.com/download/e5h22gya6q2ga7k/Viber_[v4.2.1.1].apk ဒီမှာဒေါင်းပါ …

Zoobe – 3D Animated Message Application လဲရှိနေရပါမယ်။
မရှိရင် http://www.mediafire.com/download/fya94uee72wu9d3/com.zoobe.zoobecam.apk ဒီမှာဒေါင်းပါ …
ကျနော် MMUG မှာ သူများတွေကို Animated Message ဖြန့်ဝေ ပေးခဲ့တယ်ဆိုတာက ကျနော့်မှာ Zoobe Application ရှိနေပြီး တစ်ဖက်လူမှာ Zoobe Application မရှိလို့ပဲဖြစ်ပါတယ်။

User Guide
Viber Animated Message ရယူခြင်းတွင် မိမိဖုန်းတွင် Wifi Connection သို့မဟုတ် Mobile Data Connection ရရှိရန်လိုအပ်ပါသည်။

1 – Viber နဲ့ Zoobe ကို ဖုန်းမှာ Install လုပ်ပါ။ Viber ကတော့ users တိုင်းလိုလိုအကောင့်ဖွင့်ပြီးသားမို့ ထွေထွေထူးထူးမပြောတော့ပါဘူး။

2 – မိမိဖုန်းမှာ Zoobe ကို Install လုပ်ပါ။ Zoobe ကို install မလုပ်ချင်ဘူးဆိုရင်တော့ Viber က Viber Animated Message ရှိသူထံမှာ Animated Message တစ်ခုကို ပို့ခိုင်းမှရပါလိမ့်မယ်။ Install တာပဲဖြစ်ဖြစ် သူများဆီက ပို့လာတဲ့ Animated Message ပဲဖြစ်ဖြစ် အရုပ်ပုံလေးကိုတစ်ချက်နှိပ်ပြီး ဖွင့်ရမှာဖြစ်ပါတယ်။ တစ်ချက်နှိပ်လိုက်တာနဲ့ Zoobe ကို Install တန်းလုပ်ပေးသွားမျာဖြစ်ပါတယ်။ Loading ဆိုပြီး install လုပ်နေပါလိမ့်မယ် … အဲ့မှာ No Google Play Account ဆိုတဲ့ Error box တစ်ခုကြလာတက်ပါတယ်။ Ok ပေးလိုက်ပြီး Loading ပြီးတဲ့ထိခဏစောင့်လိုက်ပါ။ မစောင့်နိုင်လျှင် ဖုန်းမှ Back key နှိပ်လျှင်လဲ ရပါသည်။

3 – Viber message ပို့တဲ့ Box နားက + လေးကိုနှိပ်ပါ။ Animated Message ကိုသွားပါ ပထမဦးစွာ အကြိုက်ဆုံး အကောင်နဲ့ကို့ရဲ့စိတ်ခံစားမှုကိုရွေးချယ်လိုက်ပါ။

4 – မိမိပေးပို့ချင်သော အကြောင်းအရာကို Voice recording ပြုလုပ်ရန် Record botton အနီရောင်လေး ကို တစ်ချက်နှိပ်ပြီး ပေးပို့လိုသော အကြာင်းအရာကို ပြောခြင်းဖြင့် record ပြုလုပ်ထားလိုက်ပါ။ Recording ကို ရပ်ရန် အနီရောင် ခလုပ်လေးကိုပဲပြန်နှိပ်ပါ။

5 – Recording ပြီးပါက Continue ကိုနှိပ်ပါ။ Creating Animation လုပ်နေပါလိမ့်မယ်။ ပြီးရင် သရုပ်ဆောင်တဲ့အကောင်လေးက မိမိအသံနှင့်တူ တခါထဲ သရုပ်ဆောင်ပေးထားပုံကို ကြည့်လို့ရပါပြီ။ စိတ်ကျေနပ်မှုရှိပါက Send ကိုနှိပ်ပြီး ပေးပို့နိုင်မှာဖြစ်ပါတယ်။

Posted By ssai2865 mm-mpxteam.


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

Twitter Bird Gadget