Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Sunday, September 29, 2013

Android Lessons (3)

Android အတွက် သင်ခန်းစာ(၃)

ဒီသင်ခန်းစာမှာဆိုရင်တော့ အဓိကအခြေခံဖြစ်တဲ့ what is recovery? အကြောင်းလေးကို ရှင်းပြပေးမှာ ဖြစ်ပါတယ်.....

what is recovery?
Recovery ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေရမှာ မဟုတ်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က key တွေနဲ့ ပေါင်းစပ်ထားတာပါ...ဖုန်းတစ်မျိုးစီရဲ့ သက်ဆိုင်ရာ key တွေကို တွဲနှိပ်မှ တက်လာတာပါ... အများစုကတော့ (volume up + power) ပါ...
Huawei မှာဆိုရင်တော့ (volume up + power) ဖြစ်ပါတယ်...
Samsumg မှာဆိုရင်တော့ (volume up+Home+powerr) ဖြစ်ပါတယ်...
Sony မှာဆိုရင်တော့ recovery partation မပါပါဘူး...
HTC မှာဆိုရင်လည်း recovery partation က သက်သက်မပါပါဘူး... သက်ဆိုရာ Key နှိပ်မှ တက်လာပါ လိမ့်မည်... recovery ၀င်တာကတော့ တစ်မှတ်တည်း သတ်မှတ်လို့မရပါဘူး... အပြောင်းအလဲတွေရှိတတ် ပါတယ်...

Recovery မှာ (၂)မျိုးရှိပါတယ် -
(၁) Android System Recovery (or) Stock recovry
(၂) Clock work mod recovery (or) Custom recovery ဟူ၍ နှစ်မျိုးရှိပါတယ်...

(၁) Android System Recovery (or) Stock recovry ဆိုတာကတော့ ဖုန်းမှာ စ၀ယ်ကတည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာနဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ပါနေပါ လိမ့်မည်... အဲဒါကို Stock recovery လို့ခေါ်ပါသည်...
Stock recovery မှာဆိုရင် -
- reboot system now
- apply update from external storage
- wipe data/factory reset
- wipe cache partition
- apply update from cache... အဲဒါတွေ အများစုပါပါတယ်...


တစ်ချို့တလေကတော့ နည်းနည်းကွဲလွဲပါတယ်... Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip တွေလောက်ဘဲ အသုံးဝင်ပါတယ်... Factory reset လုပ်တာကတော့ ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝယ်စဉ်ကအတိုင်း ပြန်ဖြစ်အောင် လုပ်တာပေါ့... အထဲက ကိုယ့်သွင်း ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာဖြစ်ပါတယ်...
update.zip ကတော ကိုယ့်လိုချင်တဲ့ဖိုင်လေးတွေဆောက်ပြီးတော့ သူရဲ့ system ထဲကို တစ်ခါတည်း ထည့်သွင်းတဲ့သဘောပါ... wipe cache လုပ်တာကတော့ အနောက်က run နေတဲ့ကောင်တွေကို ရှင်းပေးတဲ့သဘောပါ...
ဥပမာ စက်နည်းနည်းလေးနေရင် wipe cache လေးလုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွား တယ်ပေါ့... အဲဒီသဘောမျိုးပါ... wipe cache လုပ်ပေးလိုက်ရင် အထဲက data တွေ ဘာမှမပျက်ပါဘူး...

(၂) Clock work mod recovery (or) Custom recovery (CWM)ကတော့ နဂိုပါတဲ့ Stock recovery နဲ့ နည်းနည်းကွဲလွဲသွားပါတယ်...ပြောရမယ်ဆိုရင်တော့ Hacker တွေ ထွင်ထားတာကို သုံးထားတဲ့ သဘောပေါ့... နဂိုတည်းက Android က open source ဖြစ်တဲ့အတွက်ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့သဘောပေါ့... ကျွန်တော်က cwm လည်း မထွင်တတ်ဘူး... ဒါပေမဲ့ သူများ လုပ်ထားတာတော့ သုံးတယ်... ဒီကောင်လေးကတော့ Stock recovery ထက် အများကြီးလုပ်ဆောင်နိုင်ပါတယ်... သူ့ထဲမှာ ဘာတွေပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်တွေအပြင် တစ်ခြားထူးခြားကောင်းမွန်လှတဲ့ လုပ်ဆောင်ချက်တွေလည်း ပါပါတယ်...
Clockworkmod recovery မှာ ဘာတွေပါလဲဆိုရင် -
- reboot system now
- apply sdcard:update.zip
- wipe data/factory reset
- wip cache partation
- install zip from sdcard
- backup and restore
- mounts and storage
- advanced..... အဲဒီအချက်တွေအပြင် ဒီပြင်အချက်တွေလည်း ပါပါတယ်...


ကျွန်တော်က အများစုကို ရှင်းပြပေးထား တာပါ...Clockworkmod recovery ကို လူအများစုက cwm လို့ သုံးကြပါတယ်... အတိုကောက်ပေါ့... cwm ရဲ့လုပ်ဆောင်ချက်တွေကတော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်... ပြောရမယ်ဆိုရင်တော့ အထဲက system file တွေကို ဆွဲထုတ်ပြီးတော့ sd card ထဲမှာ သိမ်းထားတဲ့သဘောပေါ့... တကယ်လို့ အထဲက system ကို ကိုယ်က ကလိလိုက်လို့ တစ်ခုခုဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်လို့ရတာပေါ့... cwm ကနေပြီးတော့လည်း root, မြန်မစာတွေ သွင်းနိုင် ပါတယ်...
ဥပမာအနေနဲ့ပြောရရင် ကျွန်တော်တို့ huawei ဖုန်းတစ်လုံးကို cwm ထည့်တယ်... ပြီးတော့ cwm ကနေပြီးတော့ root.zip ဆိုတဲ့ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ...အဲဒါက cwm ထည့်ထားလို့ hacker တွေထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ...အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင်ထွင်တတ်နေကြပါပြီ...Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေးတယ်...

ဒီနေရာမှာ custom rom ဆိုတာလေးကို ရှင်းပြပေးချင်ပါတယ်... custom rom ဆိုတာကတော့ လက်ရှိ သုံးနေတဲ့ official rom(official firmware)ကို Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ... တစ်ချို့ ဖုန်းတွေမှာ ဆိုရင် official firmware တင်လို့မရတဲ့ ဖုန်းတွေရှိပါတယ်... အဲဒီအခါကျရင် Heacker တွေထွင်ထားတဲ့ custom rom တွေကို သုံးကြပါတယ်...ဒါပေမဲ့လည်း custom rom မှာက အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ်... ကင်မရာ error, blutooth error အဖြစ်များပါတယ်...အဲဒီအတွက် ကြောင့်မို့လို့ custom rom တင်မယ်ဆိုရင် error ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာ များပါတယ်...custom rom မှာ ဘာနဲ့လာလဲဆိုရင်တော့ zip ဖိုင်နဲ့ လာတာများပါတယ်... ဒီကောင်လေး ကလည်း cwm ရှိမှဘဲ သွင်းလို့ရမှာဖြစ်ပါတယ်...custom rom သွင်းမယ်ဆိုရင် format ချထားတဲ့ memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့ install sd card ကနေသွားပြီးတော့ သွင်းပေးရမှာဖြစ်ပါတယ်... ပြီးတော့ အထဲက system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်...factory reset တွေလည်း ပြုလုပ်နိုင်ပါတယ်... ဒါပေမဲ့ Huawei ဖုန်းတွေမှာဆိုရင်တော့ တစ်ချို့ဖုန်းတွေမှာဆိုရင် cwm တင်ထားတဲ့အတွက် official rom (official firmware) ပြန်တင်လို့မရတာတွေလည်း ရှိတတ်ပါတယ်... အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့ official firmware ကို ပြန်တင်ပေးရပါတယ်... ကျန်တဲ့ဖုန်းတွေမှာကတော့ အဆင်ပြေ သလို ကြည့်လုပ်လို့ရပါတယ်...CWM Recovery တွေကို ဘယ်ကနေသွင်းလဲဆိုရင်တော့ ကိုယ့်ရဲ့ဖုန်း အမျိုးအစား တစ်ခုချင်းစီအလိုက် Online ကနေ recovery image(.img) ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်းမှာဖြစ်ပါတယ်... Fastboot mode ၀င်နည်းကိုတော့ သင်ခန်းစာ (၂) မှာ ရှင်းပြပြီး သားပါ... နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်... အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာထည့်ပြီး အဲဒီ ROM Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်...Fastboot သုံးနည်းနဲ့ adb သုံးနည်းကိုတော့ နောက်သင်ခန်းစာမှာ ဆက်လက်ရှင်းပြပေး သွားပါမည်... မသိသေးသော သူများအတွက်သာ ကျေးဇူးတင်ပါသည်...

CREDIT TO ANUG MIN HAN

Android Lessons (2) အားဖတ်ရန်
Android Lesson (1) အားဖတ်ရန်

အဆင်ပြေကြပါစေခင်ဗျာ.....



No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget