Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday, February 28, 2014

WinRAR ဖြင့် ဖိုင် ချုံ့/ဖြည်ခြင်း၊ part-1-2 စသဖြင့်အပိုင်းများခွဲပီး ချုံ့/ဖြည်ခြင်း


မင်္ဂလာပါ ...
ကျွန်တော် မေးလ်ကို မေးလာတဲ့သူရှိလို့ ဒီပို့စ်လေးရေးလိုက်ပါတယ် ... အခြားမသိသေးတဲ့ညီအကိုများ လည်း သိနိုင်ရန်အတွက်ပါ ... ဗဟုသုတပေါ့ဗျာ ...

WinRaR ဖြင့် ဖိုင်တွေ ချုံ့/ဖြည်ခြင်းနဲ့ part (1-2-3-4- ....)စသဖြင့် အပိုင်းများခွဲပီး .rar ဖိုင်ပြုလုပ်ခြင်းကို ရှင်းပြပါမယ်ဗျ ...

WinRar ကတော့ အားလုံးသိကြမှာပါ ... ဖိုင်တွေဆော့ဝဲလ်တွေ Sharing လုပ်ကြတဲ့အခါမယ် Rar ဖြင့် ချုံ့ပီး Upload တင်ကာ Sharing လုပ်ကြပါတယ် ... ချုံ့ထားတဲ့ဖိုင်တွေကိုလည်း ဒီ WinRAR နဲ့ပဲ ဖြည်ကြ ရပါတယ်ဗျ ...

Wednesday, January 08, 2014

သင် အ သုံး ပြု နေ တဲ့ I P ကို သိ ချင် ပါ သ လား ?

မ င်္ဂ လာ ပါ . . .
သင် တို့ အ သုံး ပြု နေ တဲ့  I P  ကို သိ ချင် ပါ သ လား ?  W h a t  I s  M y  I P ?
အ ထူး အ ဆန်း တော့ မ ဟုတ် ပါ ဘူး . . . သင် တို့ တွေ ဟာ တစ် ခါ တစ် ရံ မယ်  { A c c o u n t များ ဖွင့် တဲ့ အ ခါ }  I P  C h a n g e  ပီ အ သုံး ပြု ရ ပါ တယ် . . . မိ မိ  C h a n g e လိုက် တဲ့  I P  အ မှန် တ ကယ် ပြောင်း မ ပြောင်း ကို အ လွယ် တ ကူ သိ နိုင် ရန် အ တွက် အ ခု ပေး တဲ့  W e b s i t e မယ်  I P  စစ် နိုင် ပါ တယ် ဗျ . . .

Thursday, December 12, 2013

PTC ၀င်ငွေရှာဆိုဒ်များမှာ Register လုပ်မရတဲ့သူများအတွက်

ဘလော့ကို လာလည်ကြတဲ့ ညီအကိုများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ဗျ ...

အွန်းလိုင်းမှာ ကြော်ငြာကလစ်ပီ ငွေရှာချင်တဲ့သူများအတွက် ရည်ရွယ်ပီ ဒီ Tutorial လေးရေးလိုက်ပါ တယ်ခင်ဗျာ ... ငွေရှာဆိုဒ်တော်တော်များများမယ် ကျွန်တော်တို့နိုင်ငံကနေပီ Register လုပ်ရင် Sorry IP is already used by other member ဆိုတဲ့အတိုင်းဖြစ်နေပါတယ် ...


အခု အဲ့လိုဝင်မရတဲ့ ၀င်ငွေရှာဆိုဒ်တော်တော်များများကို ဖုန်းကနေ IP Change ပီ Register လုပ်ပါမယ် .. IP Change ဖို့အတွက် ဖုန်းဆော့ဝဲလ်ကို ဒီမှာကလစ်ပီ  ဒေါင်းပေးပါ ... ဒီပို့စ်လေးရဲ့ အဓိကရည်ရွယ်တာ ကတော့ ငွေရှာဆိုဒ်တော်တော်များများ (NerdBux နဲ့အခြားဆိုဒ်နှစ်ခုသုံးခုကလွဲရင်) ကို Register ပြုလုပ် နိုင်တာရယ် .. ပီတော့ ကျွန်တော့်ရဲ့ YGP YOUGETPROFIT ရဲ့ DR Link လေးမှာ Brother တို့ Member ၀င်ပေးစေချင်တဲ့အတွက်ကြောင့်ရယ် ရေးလိုက်ပါတယ်ဗျ ...

နည်းပညာဘလော့တွေမှာလည်း အွန်လိုင်းမှာ ငွေရှာနည်းဆိုဒ်များကိုလည်း Promotion တွေပေးပီ ကြောငြာကြတာ တွေ့မိကြမယ်ထင်ပါတယ် ... ကြော်ငြာကလစ်ခြင်းလုပ်ငန်းနဲ့ ငွေရှာနိုင်တဲ့ဆိုဒ်တွေ ကလည်း အများကြီးကိုရှိပါတယ် ... တစ်ချို့ဆိုဒ်တွေက အတုအယောင်တွေရှိသလို အမှန်တကယ်ငွေ ပေးတဲ့ဆိုဒ်တွေကလည်းအများကြီးပါ ... အခုကျွန်တော်ရေးမယ့် Tutorial ကတော့ PTC လို့ခေါ်တဲ့ ကြော်ငြာကလစ်ဝင်ငွေရှာဆိုဒ်တွေမှာ ကျွန်တော်တို့နိုင်ငံကနေ Register လုပ်မရတဲ့အခါ (100%) ဖြေရှင်းနိုင်တဲ့နည်းလေးပါ ...

YOUGETPROFIT အကြောင်းနဲ့ EgoPay အကောင့်ပြုလုပ်နည်းနဲ့ YGP မှရတဲ့ငွေတွေကို EgoPay သို့ ထုတ်နည်း၊ DR Link ထုပ်နည်း စတဲ့စတဲ့ အသေးစိတ်ကို ပြည့်ပြည့်စုံသိချင်ရင်တော့ မူရင်း ဒီလင့် (OR) ဒီလင့် မှာကြည့်ပေးကြပါခင်ဗျာ .... ဒီပို့စ်ကိုတော မူရင်းလင့်ထဲကနေပီ အချို့ရေးသားချက်များကို ကူးယူ ဖော်ပြထားပါတယ်ဗျ ... မူရင်းလင့်တွေမှာ IP Change ပီ Register လုပ်မရြုဖစ်နေသူများ ဒီနည်းလမ်း လေးနဲ့ဖွင့်ပါခင်ဗျာ ....

မူရင်းပို့စ်ထဲက ကို aungsan ရဲ့ DR Link မှာလည်း Member ၀င်နိုင်သလို .... ကျွန်တော်ပေးထားတဲ့ DR Link မှာလည်း Member ၀င်ပေးပါလို့ မေတာရပ်ခံအပ်ပါတယ်ခင်ဗျာ ... ကို aungsan စီမှာ Member ၀င်ရင်တော့ ကို aungsan ပိုက်ဆံရမှာပါ ... ကျွန်တော် DR Link မယ် Member ၀င်ပေးရင်တော့ ကျွန်တော်လည်းရ .. ကို aungsan လည်းရပေါ့နော် ...

DR အကြောင်းလေးနည်းနည်းရှင်းပါမယ် ... Brother က ကျွန်တော့်ပေးထားတဲ့ DR Link မှာ မာန်ဘာ ၀င်လိုက်ပီဆိုရင် ... Brother ဟာ ကျနော့်ရဲ့ မာန်ဘာဖြစ်သွားပီ .... ကျွန်တော့်ရဲ့ Sponser ဖြစ်တဲ့ ကို aungsan မှာ Member တစ်ယောက်အလိုလိုတိုးပါတယ် ... ဒါဆိုရင်ကျွန်တော့်မယ် မာန်ဘာ တစ်ယောက် ရပြီပေါ့နော် ...  ဟုတ်ပီ.. Brother က ကိုယ့်ဘာသာ မာန်ဘာတွေကိုထပ်ရှာမယ်..ဆိုပါစို့ .. Brother ထဲကို နောက်ထပ် လူအသစ်တစ်ယောက်က မာန်ဘာဝင်လာတာနဲ့ ... Brother ထဲကို ၀င်လာတဲ့မာန်ဘာ သည် ကျွန်တော့်စီမှာရော ကျွန်တော့်ရဲ့ Sponsor ဖြစ်တဲ့ ကို aungsan မှာပါ မာန်ဘာ အလိုလို ၀င်ပီးသား ဖြစ်သွားပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော့်ထဲမှာ Brother ကမာန်ဘာ ၀င်ထားတာဖြစ်လို့ပါ.... ကျွန်တော့်ကလည်း Sponser ကို aungsan စီမှာ Member မို့လို့ပါ ... Brother လဲ Brother ရှာထားတဲ့ မာန်ဘာဆီက ပိုက်ဆံရ .. ကျွန်တော်လဲ ပိုက်ဆံရ .. ကျွန်တော့်ရဲ့ Sponser လည်းပိုက်ဆံရပေါ့ဗျာ ... အဲလို သဘောတရားပါ ... ဒါပေမယ့် ဘယ်သူ့ကိုမှမထိခိုက်ဘူးနော် ... YGP က သူ့ဘာသာ Member Referral Level ကို 2 ဆင့်သတ်မှတ်ပေးထားလို့ရတာပါ.... ဒါ D R Link အသုံးပြုပြီး ပိုက်ဆံ မြန်မြန်ရ အောင်ရှာတဲ့နည်းပါ... Brother တို့အနေနဲ့လည်း အကောင့်ဖွင့်ပီ DR Link လေးထုတ်ကာ ဘလော့၊ ၀က်ဆိုဒ်၊ facebook page တွေမှာ ဒီလိုပဲရှင်းပြပီ Member ၀င်ခိုင်းမယ်ဆိုရင် Brother တို့လည်းရရှိမှာ ဖြစ်ပါတယ်ဗျ ...

ရေးရင်းနဲ့ အကြောင်းအရာက လိုရင်းမရောက်တော့ဘူး ဟီးဟီး :):) ...
yougetprofit အကောင့်လုပ်ဖို့အတွက် စလိုက်ရအောင်ပါ ...
[မှတ်ချက် - မည်သည့်ငွေရှာဆိုဒ်ကိုမဆို ဖုန်းကနေ အသုံးပြုခြင်းရှောင်ကြဉ်ရပါမယ်ဗျ ...ကွန်ပျူတာကနေ အသုံးပြုရမှာဖြစါပတယ် ...] ဖုန်းမှာ IP Change ဖို့အတွက် ကျွန်တော့်ရဲ့လက်ဆွဲတော်ပေါ့ဗျာ ... အပေါ် မှာ လင့်ပေးထားပါတယ် ဒေါင်းပြီးလောက်ပီလို့ထင်ပါတယ်ဗျ ... Tunnel Bear ဆော့ဝဲလ်လေး ကိုဖွင့်ပါ ... Tunnel Bear အကောင့် မရှိသေးရင်လည်း Register လုပ်လိုက်ပါ ... အကောင့်ရှိသူများ Login ၀င်ပေးပါ ... ပီရင် ပုံမှာပြထားတဲ့ အတိုင်း နိုင်ငံမှာ De ကိုရွေးပီ On ပေးပါ [ မှတ်ချက် - နိုင်ငံ (6)နိုင်ငံပါပါတယ် ... ကြိုက်တာရွေးပီ On ပါ ...] Noti မှာ သော့ပုံလေးပေါ်ရင်တော့ IP Change ပီပါပီ ... ပီရင်ဖုန်းကို ကွန်ပျူတာနဲ့ Network ချိတ်လိုက်ပါ ...


YGP အကောင့်လုပ်ဖို့အတွက် ဒီမှာ https://www.yougetprofit.com/?ref=zawmyooo  ကလစ်ပါ ... ကျွန်တော့ရဲ့ YGP YOUGETPROFIT ရဲ့ DR Link ပါခင်ဗျာ ... ပီရင်ပုံမှာပြထားတဲ့အတိုင်း Signup ကိုနှိပ်ပါ ... အချက်အလက်တွေအားလုံးဖြည့်ရပါမယ် ... Payment Account မှာတော့ Paypal ရှိရင် Paypal ပေါ့ ... EgoPay နဲ့ဆိုလည်း Egopay အကောင့်ကိုထည့်ပေးရပါမယ် ... {Egopay အကောင့် အသစ်ဖွင့်မည့်သူများ အပေါ်ကမူရင်းလင့်မယ် ၀င်ရောက်ကြည့်ရှုပီ အလွယ်တကူ ဖွင့်နိုင်ပါတယ်ခင်ဗျာ ...ကျွန်တော်ရေးပြရင် စာတွေအရမ်းရှည်သွားပါမို့လို့ပါဗျ ...} ပီရင် I have read, and agree to abide by the YOUGETPROFIT.com rules. စာသားရဲ့ရှေ့မှာ အမှန်ခြစ်ထည့်ပေးပီ Register ပေါ့ဗျာ ...



ဒီမယ် ကျွန်တော်တစ်ခုပြောချင်တာက ကျွန်တော်အသုံးပြုနေတဲ့ ဖုန်း network ကို Tunnel Bear ဆော့ဝဲလ်နဲ့ IP Cange ထားလို့ Register လုပ်နိုင်တာပါ ... ပုံမှန်အတိုင်း Register လုပ်တယ်ဆိုရင် Sorry IP is already used by other member ဆိုပီပြပါမယ် ... ပီရင် Tunnel Bear ကို Off လုပ်လို့ရပါပီ ...
Gmail ကိုဖွင့် ပုံမှာမျှားပြထားတဲ့စာသားကိုကလစ်ပေးပါ .... ပီရင် Send ဆိုတာကိုနှိပ်လိုက်ပါက သင့်ဟာ YGP မှာ ငွေရှာခြင်းလုပ်ငန်း စလုပ်နိုင်ပါပီခင်ဗျာ ....




Login ကိုနှိပ်ပါ ... User Name နဲ့ Password နဲ့ စာလိမ်အမှန်တွေကို ဖြည့်ပေးပီ YGP ကို ၀င်ရောက် အသုံးပြုနိုင်ပါပီခင်ဗျာ .... [ဒီမယ် ကျွန်တော်တစ်ခုပြောအုံးမယ်ဗျ .... Login ၀င်ရောက်တဲ့အခါ မှာလည်း ဒီအောက်ကပုံလို့ error ပြတယ်ဆိုရင်လည်းမစိုးရိမ်ပါနဲ့ .... Tunnel Bear ကိုဖွင့်ပီ On ... သော့ပုံလေး ပေါ်ရင် Login နှိပ်ကြည့်လိုက်ပါ ... Error လေးပျောက်ပီ သင့်ရဲ့အကောင့်ကို ၀င်ရောက်အသုံးပြုနိုင် ပါလိမ့်မယ်ဗျ ...] ကျွန်တော်တို့နိုင်ငံကနေဖွင့်မရတဲ့ ငွေရှာဆိုဒ်တော်တော်များများကို ဒီနည်းလမ်းလေးနဲ့ Register လုပ်နိုင်ပါတယ်ခင်ဗျာ ... ကျွန်တော်လက်ရှိ ငွေရှာဆိုဒ် (၄/၅)ခုမှာ ကြောငြာကလစ်ခြင်း လုပ်နေပါတယ်ဗျ ...


အားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ ...


Sunday, October 20, 2013

Play Store က Free ရတဲ့ app & games တွေကို အလွယ်ကူဆုံးဒေါင်းမယ် [For PC]

Play Store က Free ဆော့ဝဲလ်နဲ့ ဂိမ်းတွေကို PC မှာ ဘာဆော့ဝဲလ်, ဘာဒေါင်းလုပ်ဒါမှ
install လုပ်စရာ မလိုဘဲ ဒေါင်းနိုင်မယ့်နည်းလေးရှယ်ပါမယ် ...
ပထမဆုံး https://play.google.com/store မှာ မိမိဒေါင်းချင်တဲ့ ဆော့ဝဲလ်နဲ့ ဂိမ်းကိုရှာပါ ...
တွေ့ပီဆိုရင် Browser Address bar ကလင့်ကို Copy ယူပါ ...


Package name or Google Play URL အောက် Box ထဲမှာcopy ယူလာတဲ့ link ကို paste လုပ်ပေးပါ ...
ပီရင် Generate Download Link ကို ကလစ်ပါ ...  Generating လုပ်နေပါမယ် ... ခဏစောင့်ပေးပါ ...

Wednesday, October 16, 2013

Laptop နဲ့ Smart Phone တွေရဲ့ဘက်ထရီအတွက်သိသင့်တဲ့အချက်များ


Laptop ဘက်ထရီအစားသက်သာမဲ့ဆော့ဖ်ဝဲတောင်းထားတဲ့အကိုရေ အခုအချိန်ထိ အဲဒီဆော့ဖ်ဝဲကို ကျွန်တော်ရှာမတွေ့သေးပါဘူးခင်ဗျာ.. ကျွန်တော်က Blogger အသစ်ဆိုတော့ ကျွန်တော်ကပဲညံ့လို့ နေမှာပါဗျာ.. တွေ့ရင် တွေ့တဲ့အချိန်တင်ပေးလိုက်ပါမယ်ခင်ဗျာ.. အခုတော့ ကျွန်တော် Laptop ကျွန်ပျူတာက ဘက်ထရီကိုချွေတာတဲ့နည်းလေးကို ကျွန်တော်သိသမျှလေးနဲ့အကြံပြုပေးပါရစေနော်.. ကျွန်တော်လဲ Laptop နဲ့ပဲသုံးနေတာမို့ မီးပျက်သွားတဲ့အခါမှာ ဒီနည်းလေးကိုအသုံးပြုပြီးသုံးနေပါတယ်..

Resume ရပီ Timeout ဖြစ်သွားတဲ့ လင့်တွေကို ရောက်နေတဲ့ % ကနေပီပြန်ဒေါင်းနိုင်အောင်ပြုလုပ်နည်း

panbaidu.com and Other website ကနေ Rom တစ်ခုခုကို IDM နဲ့ ဒေါင်းနေရင်း timeout error လင့်ဖြစ်သွားတဲ့ link ဆိုပါတော့ ...

1/ connecting ပဲပြနေပီ transfer rate မှာလည်း 0 kb/sec ကနေ လုံးဝဆက်မတက်တော့ဘူးဆိုရင် .... Pause ကိုနှိပ်ပေးပါ ... [ဒီအဆင့်မှာ Resume ရပေမယ့် timeout ဖြစ်သွားတဲ့အတွက် Resume ကိုနှိပ်လိုက်ရင် Password, username တွေတောင်းပါလိမ့်မယ် ... ဘယ်လိုမှဒေါင်းမရပါ ...]




Sunday, October 06, 2013

PC Firefox အား မြန်ဆန်အောင်အသုံးပြုနည်း Part-3

post-image

PC Firefox ကို မြန်ဆန်သွက်လက်အောင်အသုံးပြုနည်း part-1, part-2 တင်ပေးပြီးပါပီ ...
part-3 မှာတော့ software လေးတစ်ခုသုံးပီ firefox ကို မြန်ဆန်အောင်အသုံးမှာပါ ...
လိုအပ်တဲ့ဆော့ဝဲလ်လေးကို အောက်မှာဒေါင်းပါဗျ ...

Friday, October 04, 2013

ကွန်ပျူတာမှာ အင်တာနက် Upload Speed ကို ဒီလိုမြှင့်မယ်


အင်တာနက်အသုံးပြုနေကြတဲ့သူများအတွက် စိတ်အ၀င်စားဆုံးအချက်ထဲမှာ Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ...

အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေဖြစ်တဲ့ ကျွန်တော်တို့လို Blogger ဘလော့ပိုင်ရှင်တွေအဖို့ Upload Speed မြှင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန် တကယ်ထိရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်ဗျ ... ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ...

Window မှာ အဖွင့်/ အပိတ်ကို ကိုယ်ပိုင်သီးချင်းလေးနဲ့ လန်းမယ်

ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ နည်းပညာလေးတွေတင်ပေးပါမယ် ... နည်းပညာနဲ့ ပတ်သက်ပီ ၀ါသနာပါတဲ့သူ ကလိချင်သူများအတွက် window အဖွင့်/ အပိတ်မှာ မိမိနှစ်သက်ရာ သီးချင်းလေးနဲ့ ဖွင့်နိုင်/ ပိတ်နိုင်တဲ့ နည်းလေးပေးမယ် ... ကွန်ပျူတာအဖွင့်/အပိတ်ကို သီးချင်းလေးနဲ့ လန်းချင်သူများ ကျွန်တော်ကလိသလို လိုက်ကလိကြည့်လိုက်ပါဗျ ...
သိသောသူများ ကျော်ဖတ်သွားပါ ... မသိသေးသူများအတွက်ရည်ရွယ်ပါတယ် ...

လိုအပ်ချက် -
ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ် ... MP3 သီးချင်းဖိုင်ကို Format Factory ဆော့ဝဲလ်သုံးပီတော့ wav ဖိုင်ပြောင်းပေးထားပါ ... ကျွန်တော်ကတော့ wav ပြောင်းထားတဲ့ သီးချင်းဖိုင်ကို Local Disk (C:) >> WINDOWS >> Media ထဲမှာ စိတ်ကြိုက် name နဲ့ထည့်ထားလိုက်ပါတယ် ...

PC မှာ Firefox ကို မြန်အောင်လုပ်နည်း Part-2 [Using Add-on]

post-image

မင်္ဂလာပါဗျာ..
PC Firefox Browser ကို မြန်နှုန်းမြှင့်နည်းနောက်တစ်နည်းပါ ...
ပထမနည်းကိုကြည့်ချင်ရင်တော့ ဒီမှာကလစ်ပါ ...
ပထမနည်းလို မဟုတ်ပါ ... Add-on လေးတစ်ခုကို အသုံးပြုပီ မြှင့်မှာပါ ...

ကွန်ပြူတာနာရီလေးရဲ့နောက်မှာ မိမိစိတ်ကြိုက် Name လေးထည့်ကြည့်မယ်



ကွန်ပျူတာရဲ့ နာရီလေးရဲ့နောက်မှာ သင့်နာမည် ဒါမှမဟုတ် သင့်စိတ်ကြိုက်နာမည်လေးနဲ့ ပြောင်းနိုင် ပါတယ်:D  ... ခက်ခက်ခဲခဲကြီးလည်းမဟုတ်ပါ :P ... ကိုယ့်နာမည်လေးနဲ့ဆိုတော့ ဘာရယ် မဟုတ်ဘူး လူရှိန်တာပေါ့နော် :) :)

Control Panel >> Date, Time, Lauguage, and Regional Options >> Reginal and Lauguage Options ထဲကိုသွားပေးပါ ...



ဒါဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း Reginal and Lauguage Options box လေးတက်လာပါမယ် ...
Regional Option tab ထဲက Customize... ကိုနှိပ်ပါ ...


ပုံမှာပြထားတဲ့ Time tab ကိုဝင်ပါ .. အဲ့မှာ AM Symbol: နဲ့ PM Symbol: ဆိုတဲ့အကွက်ထဲမှာ မိမိပြောင်းချင်တဲ့ name ကိုထည့်ပီ apply နဲ့ Ok လုပ်ပေးလိုက်ပါ ...



ဒါဆိုရင်တော့ သင်တို့ရဲ့ကွန်ပျူတာမှာ အချိန်ဖော်ပြပေးတဲ့ နာရီလေးရဲ့နောက်မှာ သင်ပြောင်းလိုက်တဲ့ Name လေးတွေ့နေရပါပီခင်ဗျာ ...

ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံးလုပ်ရတဲ့အဆင့်မှာ ကွဲလွဲမှုရှိနိုင်ပါတယ် ...
အပေါ်ကရေးသားချက်က window xp ရဲ့ setting ပါ ...

အဆင်ပြေကြပါစေခင်ဗျာ ....


Thursday, October 03, 2013

PC မှာ Firefox ကို မြန်ဆန်သွက်လက်အောင်အသုံးပြုနည်း

post-image


အခုရေးတဲ့ပို့စ်လေးကတော့ ဖုန်းနဲ့မဆိုင်ပါဘူးခင်ဗျာ ...ကျွန်တော်က အင်တာနက်သုံးပီ web page တွေကိုကြည့်တဲ့အခါမှာ Firefox Browser နဲ့ အသုံးပြုပါတယ် ... Firefox က ၀င်းဒိုးအမြင့်တွေမှာ tab 3/4 ခုတပြိုင်တည်းအသုံးပြုရင် အဆင်ပြေပေမယ့် ... ကျွန်တော်က window xp စက်အနိမ့်လေးသုံးတာ ဆိုတော့ tab 3/4 ခုလောက်ဖွင့်လိုက်ရင် ဟန်းပီလေးသွားပါတယ် .... အဲ့ဒါနဲ့ Firefox ကို မြန်နိုင်မယ့် နည်းလမ်းတွေ လိုက်ရှာရင်းနဲ့ ဒီနည်းလေးကိုတွေ့လို့ အသုံးပြုကြည့်လိုက်တာ အရင်ထက်ပိုအဆင်ပြေသွား ပါတယ် ... ဒါကြောင့်မို့ Brother တို့လည်း စမ်းသပ်နိုင်ရန်အတွက် ကျွန်တော်ပုံနဲ့တကွ ရှယ်ပေးလိုက် ပါတယ်ဗျ ...အောက်က Instruction လေးအတိုင်း ပြင်ဆင်မှုပြီးပီဆိုရင်တော့ Brother တို့ရဲ့ Firefox ဟာ တကယ်ကိုမြန်ဆန်သွက်လက်လာတာကို တွေ့ရမှာပါဗျ .. ဒီနည်းအတိုင်း Mozilla Firefox တစ်မျိုးတည်းပဲ ပြုလုပ်လို့ရပါမယ်ဗျ ..

Saturday, September 28, 2013

IDM နဲ့ဒေါင်းတဲ့အခါ error link တွေကို ဒီနည်းနဲ့ resum ပြန်ဒေါင်းမယ်

အခုရေးမယ့်နည်းလေးကတော့ ဖိုင်ဆိုဒ်ကြီးတွေကို IDM နဲ့ဒေါင်းရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ error လေး တစ်ချို့ကို ကျွန်တော်ဖြေရှင်းတဲ့ နည်းလေးရေးပါမယ်...

ကိုလိုချင်တဲ့ဆော့ဝဲတစ်ခုကို ဒေါင်းယူပြီ ဆိုပါတော့ ... ကျွန်တော်ပုံမှ Puffin Web Browser ဒေါင်းထားတဲ့ ပုံလေးနဲ့ နမူနာပြထားပါတယ်...အကြောင်းတစ်ခုခုနဲ့ Error ဖြစ်သွားရင်ဖြစ်ဖြစ် ....ပုံမှာပြထားတဲ့အတိုင်း connecting ပဲလုပ်နေပီ Transfer rate မှာ 0 Bytes/sec မှပဲရပ်နေပီ ဆက်မသွားတော့ဘူးဆိုရင်တော့ ကျွန်တော်ဒီလိုလေး လုပ်လိုက်ပါတယ်....


Internet Download Manager ကို ဖွင့်လိုက်ပါ ...ခုနက Puffin Web Browser ရဲ့အပေါ်မှာ Right Click ထောက်ပီ Property ထဲကိုဝင်ပါ....

Thursday, September 19, 2013

မိမိ Mail အကောင့်ထဲသို့ ပို့တဲ့ Facebook မှ Notifications များကိုပိတ်ခြင်း

မင်္ဂလာပါခင်ဗျာ.....
အခုတင်ပေးမယ့်ပို့စ်လေးကတော့ -
သင်ရဲ့ Mail ထဲကို Facebook ကနေ comment ပေးတဲ့ Notifications တွေများနေလို့ စိတ်ညစ်နေသူများ Noti တွေကို ပိတ်နိုင်တဲ့နည်းလေး ပြန်ရှယ်ပေးပါမယ်..... သင် Mail ထဲကို မ၀င်စေချင်တဲ့ မေးလ်တွေကို မ၀င်အောင်ပြုလုပ်နည်း ပို့စ်ကိုတော့ ဒီလင့်လေးမှာ တင်ထားပေးပြီးပါပီ....

အဲ့လို Noti comment တွေများလာတဲ့အတွက် အရေးကြီးတဲ့ Mail တွေကို ရှာရတာအခက်အခဲဖြစ်စေ ပါတယ်......Facebook ကနေပီ Noti တွေမပို့အောင်လို့ အခုကျွန်တော်ပြောတဲ့နည်းလေးအတိုင်း လုပ်ကြည့်လိုက်ပါ.....

Monday, September 09, 2013

မိမိတို့ရဲ့ Gmail မှာ မ၀င်စေချင်တဲ့ မေးလ်တွေကို နောက်ထပ်မ၀င်အောင်လုပ်နည်း


သိပီးသူများဆိုရင်လဲ ကျော်ဖတ်သွားလိုက်ပါခင်ဗျာ.......
မသိသေးသူများအတွက်က တန်ဖိုးရှိပါတယ်ဗျ.....
တစ်နေ့ပေါ့ဗျာ ကျွန်တော်ရဲ့ Gmail account ကိုမစစ်တာကြာလို့ Mail စစ်အုံးမယ်ဆိုပီ ဖွင့်ကြည့်လိုက်တာ ကျွန်တော် မေးလ်မှာ စာတွေ ၂၀၀၀ ကျော်လောက်ရှိနေပါတယ်....
ကျွန်တော်က အခြားနည်းပညာဆိုဒ်တွေမှာ mail အပ်ထားတော့ ဆိုဒ်တွေကမေးလ်တွေက တောက်လျှောက်ကိုဝင်နေတာပေါ့.....အဲဒါဘယ်လိုလုပ်ရမှန်းမသိတာနဲ့ လိုက်ရှာရင်းဖွေရင်းနဲ့ ဒီနည်းလမ်းလေးကိုတွေ့လို့ ကျွန်တော်ဘလော့မှာ တင်ပေးလိုက်ပါတယ်ဗျ....
Gmail မှာ Filter ခံတဲ့နည်းလေးပါ.....Filter ခံထားတဲ့အတွက် မိမိတို့ မနှစ်သက်၊ မလိုချင်တဲ့ မေးလ်တွေကို auto delete လုပ်ပေးမှာဖြစ်ပါတယ်ဗျ.....

Wednesday, September 04, 2013

Internet Download Manager ကို download speed မြှင့်မယ် [ဆော့ဝဲလ်မသုံးပါ]


မင်္ဂလာပါခင်ဗျာ......
အခုကျွန်တော်ရေးမှာကတော့ Internet Download Manager ကို Optimizer လိုဆော့ဝဲလ်မသုံးဘဲနဲ့ Speed မြှင့်နည်းလေးရေးပါမယ်.....IDM ကို Speed မြှင့်တဲ့နည်းတွေထဲက တစ်ခုကိုပြောပြပါမယ်ဗျ.....

Registry ထဲကနေမြှင့်တဲ့နည်းလေးပါ ... သိပီသားသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ.......
ကျွန်တော်ရေးထားတဲ့အတိုင်းလေးမြှင့်ပီသုံးကြည့်ပါဗျ.......တကယ်ကို သိသိသာသာ Download Speed မြင့်လာပါလိမ့်မယ်ဗျ....

Cmd ပိတ်ထားတဲ့စက်များမှာ cmd ကို bat ဖိုင်နဲ့ဖွင့်မယ်

ကျွန်တော်အခုပြောမှာကတော့ cmd ကိုဖွင့်မရအောင် ပိတ်ထားတဲ့ ကွန်ပျူတာတွေမှာ ကိုယ်ဖွင့်ချင်ရင်ဖွင့်လို့ရအောင်လုပ်တဲ့နည်းလေးပါ......အများသောအားဖြင့် အင်တာနက်ဆိုင်တွေမှာ Cmd ကိုဖွင့်မရအောင်လုပ်ထားတတ်ပါတယ်.....အခုပေးတဲ့အတိုင်းလေး လုပ်ကြည့်ပါဗျ......
ကျွန်တော်သိထားတာလေးကို ဗဟုသုတအနေနဲ့ share လိုက်ပါတယ်ဗျ.....

.bat ဖိုင်လေးနဲ့ဖွင့်တဲ့နည်းလေးပါ....

အောက်မှာ ပေးထားတဲ့ စာတွေကို Text file တစ်ခုခုမှာ ရိုက်ထည့်ပီ
File name: နေရာမှာ .bat  နဲ့ Save as Type: မှာ All File ကိုရွေးပီ Save လုပ်ပါ.....

@echo off
Command
@echo on

ဒါဆိုရင်တော့ အဲ့ bat file လေးကို Double Click လေးလုပ်လိုက်တာနဲ့ Cmd တက်လာပါပီဗျ.....

အဆင်ပြေပါစေဗျ......
Credit to: သူရိန်မင်းခန့်

Friday, August 02, 2013

Mobile Go PC suite မှာ မြန်မာလိုမပေါ်တဲ့ problem ကိုဖြေရှင်းနည်း.....

သိပီသူများကျာ်သွားလိုက်ပါခင်ဗျာ........

Android OS  ဖုန်းကိုကိုင်ဆောင်ထားကြတဲ့ user များ မိမိတို့ရဲ့ ဖုန်းထဲကို apk & game တွေ install လုပ်ရင်ပဲဖြစ်ဖြစ်......Contact တွေ Photo တွေကို ကွန်ပျူတာကနေ manage လုပ်ချင်ရင်ပဲဖြစ်ဖြစ် PC Suite တွေကိုအသုံးပြုကြပါတယ်.......

Wednesday, July 31, 2013

Computer တွင် Play Store မှ apk တွေကို IDM ဖြင့်ဒေါင်းကြမယ်.....


post-image



သိသောသူများ အတွက်မထူးဆန်းပေမယ်...မသိသေးသူများအတွက် တန်ဖိုးရှိပါတယ်...... သိသောသူများကျော်သွားလိုက်ပါ.....

အခုပို့စ်လေးမှာ အနော်ရေးချင်တာက Play Store က apk တွေကို IDM နဲ့ ဒေါင်းလို့ရတဲ့နည်းနဲ့ IDM နဲ့ ဒေါင်းလိုက်တဲ့ apk တွေဟာ apk အတိုင်းမပေါ်တဲ့ problem လေးကိုရေးမှာပါ.....

Wednesday, July 17, 2013

Torrent ဖိုင်ကို IDM ဖြင့်ဒေါင်းနည်း

Torrent ဖိုင်ကို IDM ဖြင့်ဒေါင်းနည်း

http://zbigz.com/

အပေါ်ကလင့်လေးကိုသွားပါ....
အကောင့်မရှိသေးရင် မိမိ email နဲ့ Register လုပ်ပါ...ရှိပီသားသူများက login ၀င်ပါ....
upload .torrent file ကိုနှိပ်ပါ..... ဒေါင်းထားတဲ့ .torrent ကိုရွေးပါ.....Go ကိုနှိပ်ပါ...


နောက် page တစ်ခုတက်လာရင် Free ကိုရွေးပါ.....
အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget