Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, October 04, 2013

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)



တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေ လုပ်နေတယ်လို့ facebook က ယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ် ... နိုင်ငံခြားမှာ ရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေ့ရှိတယ် ... ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ ... ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ ...

အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့ facebook ကို မျက်လှည့်ပြလိုက် ရုံဘဲလေ ...(သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို) အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)

ဖုန်းကနေ Gmail အကောင့်လုပ်နည်း မသိသေးသူများကတော့ ကျွန်တော်ရဲ့ဘလော့ထဲမှာ တင်ထားပီ သားပါ ... ကလစ်ပါ ...

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီအောက်က ဆော့ဝဲလ်နှစ်ခုကိုဒေါင်းပြီး အင်စတော့လုပ်လိုက်ပါ ...
a/ EasyOvpn
b/ OpenVPNConnect
ဆော့ဝဲလ် (၂)ခုလုံးကို အင်စတောလုပ်ပေးရပါမယ် ...

2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရပါမယ် ... အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ ...
တကယ်လို့ Japan ကိုရှာမတွေ့ဘူးဆိုရင် ပုံမှာဝိုင်းပြထားတဲ့နေရာမှာရှာပါ ...
ပီရင် UDP (182.171.131.193) ကိုရွေးပါ ... ဒီ IP နဲ့က တစ်ခါတည်းနဲ့ connected ဖြစ်ပါတယ် ... အခြားနိုင်ငံတွေနဲ့လည်းရပါတယ် ...
ပီရင်ပုံထဲမှာ ပြထားတဲ့အတိုင်း Accept ကိုနှိပ်ပါ ...


4. အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ ... ၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ ... ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ ... ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့ မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ ...


5. အောက်ကပုံမှာလို Open VPN Connected ဖြစ်သွားပါပီ ... Noti bar မှာ သော့ပုံလေးပေါ်နေပါလိမ့် မယ်ဗျ.... ဒါဆိုရင်တော့ facebook က ကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီလို့ ထင်သွားပါပြီ ... အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက်လုပ်လို့ရပါပြီး ... ကျွန်တော် ကတော့ UC browser ကိုသုံးပါတယ် ... ဖြည့်ရမယ့်အချက်တွေကိုဖြည့်ပီ Sing Up ကိုနှိပ်ပါ ...
ဒီအောက်ကအဆင့်တွေမှာအချက်အလက်တွေဖြည့်ပေး၇ပါမယ်... ကျန်တော်က နမူနာပြထားတာမို့လို့  Next နဲ့သွားတာပါ ...




7. အောက်ကပုံလေးအတိုင်းတွေ့ရပီဆိုရင်တော့ facebook ကနေပီ သင့် Gmail ထဲကို confirmation code ပို့ထားကြောင့်စာလေးတွေ့ရပါမယ် ... ပုံမှာပြထားတဲ့အတိုင်း Gmail ကိုဖွင့် ... facebook ကပို့ ထားတဲ့ မေးလ်ထဲမှာ Confirm Your Account ဆိုတာလေးကို နှိပ်ပေးလိုက်ပါခင်ဗျာ ... ဒါမှမဟုတ် အဲ့စာသားရဲ့အောင်မှာ code (6)လုံးကိုယူပီ ခုနက facebook code တောင်းတဲ့ box မှာရိုက်ထည့်လိုက် လည်းရပါတယ် ... ဒါဆိုရင်တော့ ဖုန်းကနေပီ facebook အကောင့်အသစ်ဖွင့်ခြင်း ပြီးဆုံးပါပီခင်ဗျာ ...


လုလင်ပျို (http://androidlulin.blogspot.com/2013/10/android-300.html) ရဲ့ရေးသားချက်ကို ကျွန်တော်စမ်းသပ်အဆင်ပြေထားတဲ့ ပြုလုပ်နည်းလေးအတိုင်း ဖြည့်စွက်ပီရေးလိုက်ပါတယ်ဗျ ...
အားလုံးအဆင်ပြေချောမွေ့ကြပါစေ ...


ကွန်ပျူတာမှာ အင်တာနက် Upload Speed ကို ဒီလိုမြှင့်မယ်


အင်တာနက်အသုံးပြုနေကြတဲ့သူများအတွက် စိတ်အ၀င်စားဆုံးအချက်ထဲမှာ Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ...

အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေဖြစ်တဲ့ ကျွန်တော်တို့လို Blogger ဘလော့ပိုင်ရှင်တွေအဖို့ Upload Speed မြှင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန် တကယ်ထိရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်ဗျ ... ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ...

Window မှာ အဖွင့်/ အပိတ်ကို ကိုယ်ပိုင်သီးချင်းလေးနဲ့ လန်းမယ်

ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ နည်းပညာလေးတွေတင်ပေးပါမယ် ... နည်းပညာနဲ့ ပတ်သက်ပီ ၀ါသနာပါတဲ့သူ ကလိချင်သူများအတွက် window အဖွင့်/ အပိတ်မှာ မိမိနှစ်သက်ရာ သီးချင်းလေးနဲ့ ဖွင့်နိုင်/ ပိတ်နိုင်တဲ့ နည်းလေးပေးမယ် ... ကွန်ပျူတာအဖွင့်/အပိတ်ကို သီးချင်းလေးနဲ့ လန်းချင်သူများ ကျွန်တော်ကလိသလို လိုက်ကလိကြည့်လိုက်ပါဗျ ...
သိသောသူများ ကျော်ဖတ်သွားပါ ... မသိသေးသူများအတွက်ရည်ရွယ်ပါတယ် ...

လိုအပ်ချက် -
ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ် ... MP3 သီးချင်းဖိုင်ကို Format Factory ဆော့ဝဲလ်သုံးပီတော့ wav ဖိုင်ပြောင်းပေးထားပါ ... ကျွန်တော်ကတော့ wav ပြောင်းထားတဲ့ သီးချင်းဖိုင်ကို Local Disk (C:) >> WINDOWS >> Media ထဲမှာ စိတ်ကြိုက် name နဲ့ထည့်ထားလိုက်ပါတယ် ...

PC မှာ Firefox ကို မြန်အောင်လုပ်နည်း Part-2 [Using Add-on]

post-image

မင်္ဂလာပါဗျာ..
PC Firefox Browser ကို မြန်နှုန်းမြှင့်နည်းနောက်တစ်နည်းပါ ...
ပထမနည်းကိုကြည့်ချင်ရင်တော့ ဒီမှာကလစ်ပါ ...
ပထမနည်းလို မဟုတ်ပါ ... Add-on လေးတစ်ခုကို အသုံးပြုပီ မြှင့်မှာပါ ...

ကွန်ပြူတာနာရီလေးရဲ့နောက်မှာ မိမိစိတ်ကြိုက် Name လေးထည့်ကြည့်မယ်



ကွန်ပျူတာရဲ့ နာရီလေးရဲ့နောက်မှာ သင့်နာမည် ဒါမှမဟုတ် သင့်စိတ်ကြိုက်နာမည်လေးနဲ့ ပြောင်းနိုင် ပါတယ်:D  ... ခက်ခက်ခဲခဲကြီးလည်းမဟုတ်ပါ :P ... ကိုယ့်နာမည်လေးနဲ့ဆိုတော့ ဘာရယ် မဟုတ်ဘူး လူရှိန်တာပေါ့နော် :) :)

Control Panel >> Date, Time, Lauguage, and Regional Options >> Reginal and Lauguage Options ထဲကိုသွားပေးပါ ...



ဒါဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း Reginal and Lauguage Options box လေးတက်လာပါမယ် ...
Regional Option tab ထဲက Customize... ကိုနှိပ်ပါ ...


ပုံမှာပြထားတဲ့ Time tab ကိုဝင်ပါ .. အဲ့မှာ AM Symbol: နဲ့ PM Symbol: ဆိုတဲ့အကွက်ထဲမှာ မိမိပြောင်းချင်တဲ့ name ကိုထည့်ပီ apply နဲ့ Ok လုပ်ပေးလိုက်ပါ ...



ဒါဆိုရင်တော့ သင်တို့ရဲ့ကွန်ပျူတာမှာ အချိန်ဖော်ပြပေးတဲ့ နာရီလေးရဲ့နောက်မှာ သင်ပြောင်းလိုက်တဲ့ Name လေးတွေ့နေရပါပီခင်ဗျာ ...

ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံးလုပ်ရတဲ့အဆင့်မှာ ကွဲလွဲမှုရှိနိုင်ပါတယ် ...
အပေါ်ကရေးသားချက်က window xp ရဲ့ setting ပါ ...

အဆင်ပြေကြပါစေခင်ဗျာ ....


Thursday, October 03, 2013

PC မှာ Firefox ကို မြန်ဆန်သွက်လက်အောင်အသုံးပြုနည်း

post-image


အခုရေးတဲ့ပို့စ်လေးကတော့ ဖုန်းနဲ့မဆိုင်ပါဘူးခင်ဗျာ ...ကျွန်တော်က အင်တာနက်သုံးပီ web page တွေကိုကြည့်တဲ့အခါမှာ Firefox Browser နဲ့ အသုံးပြုပါတယ် ... Firefox က ၀င်းဒိုးအမြင့်တွေမှာ tab 3/4 ခုတပြိုင်တည်းအသုံးပြုရင် အဆင်ပြေပေမယ့် ... ကျွန်တော်က window xp စက်အနိမ့်လေးသုံးတာ ဆိုတော့ tab 3/4 ခုလောက်ဖွင့်လိုက်ရင် ဟန်းပီလေးသွားပါတယ် .... အဲ့ဒါနဲ့ Firefox ကို မြန်နိုင်မယ့် နည်းလမ်းတွေ လိုက်ရှာရင်းနဲ့ ဒီနည်းလေးကိုတွေ့လို့ အသုံးပြုကြည့်လိုက်တာ အရင်ထက်ပိုအဆင်ပြေသွား ပါတယ် ... ဒါကြောင့်မို့ Brother တို့လည်း စမ်းသပ်နိုင်ရန်အတွက် ကျွန်တော်ပုံနဲ့တကွ ရှယ်ပေးလိုက် ပါတယ်ဗျ ...အောက်က Instruction လေးအတိုင်း ပြင်ဆင်မှုပြီးပီဆိုရင်တော့ Brother တို့ရဲ့ Firefox ဟာ တကယ်ကိုမြန်ဆန်သွက်လက်လာတာကို တွေ့ရမှာပါဗျ .. ဒီနည်းအတိုင်း Mozilla Firefox တစ်မျိုးတည်းပဲ ပြုလုပ်လို့ရပါမယ်ဗျ ..

MIUI Home Launcher for Android

Rom တွေ ထဲမှာတော့ MIUI Rom က လူကြိုက်များတယ်ဆိုတာ Custom Rom သုံးတဲ့ User များ အားလုံးသိပီသားဖြစ်မှာပါ ... MIUI ရဲ့အသွင်အပြင်ကိုနှစ်သက်ကြတဲ့ User များအတွက် MIUI Rom ကို တင်စရာမလိုဘဲ သင့်ရဲ့ဖုန်းကို MIUI စတိုင်အတိုင်း အသုံးပြုနိုင်မယ့် Launcher လေးတင်ပေးလိုက် ပါတယ်ဗျ ... ဒီ MIUI Launcher ထဲမှာ Locker ပါတစ်ခါတည်းပါပါတယ် ... လန်းမလန်းကတော့ Screenshot လေးတွေသာ ကြည့်လိုက်ကြပါခင်ဗျာ ...




သင့်ရဲ့ဖုန်းအသွင်အပြင်ကို MIUI အသွင်အပြင်အတိုင်း အပြည့်အ၀အသုံးပြုနိုင်ပါတယ်ဗျ ...
Android version 2.3.1 and up ... ဖိုင်ဆိုဒ် (5.74 MB) ...

Download Here ==>> MIUI Home Launcher

အဆင်ပြေကြပါစေဗျ ...


Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။



အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ် ... Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ် ... Sony တွေမှာလဲအသုံးပြုနိုင်ပါတယ် ... လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ ... Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေ ရေးနိုင်ဖတ်နိုင်ပါတယ် ... iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ် ...
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ် ... Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ် ...
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ် ...

Wednesday, October 02, 2013

Recovery နှင့် Stock Rom, Custom Rom ဆိုတာဘာလဲ?

ကျွန်တော်ဒီနေ့တော့ Recovery (CWM)အကြောင်းနဲ့ Stock Rom, Custom တွေအကြောင်းကို ကျွန်တော်သိသ လောက်လေးရေးပါမယ်....ကျွန်တော်တတ်သိသလောက် ရေးထားတာဖြစ်တဲ့အတွက် လိုအပ်ချက်များ အမှားများပါရင်ခွင့်လွှတ်ပီ ဖြည့်တွေးပေးကြပါခင်ဗျာ...

ကျွန်တော်အခု Recovery ဆိုတဲ့ အကြောင်းလေးကိုအရင်ပြောပါမယ်...
Recovery မှာ နှစ်မျိုးရှိပါတယ်....
(၁) Stock Recovery
(၂) Custom Recovery (CWM)

Huawei Y511 Firmware



Huawei Y511 အတွက် Firmware လေးတွေ့လို့တင်ပေးလိုက်ပါတယ်ခင်ဗျာ...

>>> Click Here <<<


အဆင်ပြေကြပါစေခင်ဗျာ....


Smart Zawgyi Installer -2 {Y511 & Other Device} [Developer ko kyaw swar twin]

Android ဖုန်းများ မြန်မာဖောင့်ထည့်သွင်းပေးမယ့် Smart Zawgyi Installer -2 လေးထွက်လာပါပီဗျ.....
ဒီ Installer လေးကိုဖန်တီးသူကတော့ ko kyaw swar twin ပါ.... Smart Zawgyi Installer - 2 မှာဆိုရင် အခုနောက်ပိုင်းမှာ မြန်မာ့ဖောင့် ထည့်ရခက်သည်ဟု နာမည်ကြီးနေသည့် Y511 ကို မြန်မာစာမှန်ကန်အောင် ထည့်သွင်းနိုင်သည်ဟုဆိုထားပါတယ်ဗျ...

ပထမထွက်ထားတဲ့ Smart Zawgyi တုန်းက G610 တွေအတွက် မြန်မာစာအဆင်ပြေအောင် ဖန်တီးထားပါတယ်....
အခုထွက်တဲ့ Smart Zawgyi ကတော့ Y511 ကိုအဓိကထားပီ ဖန်တီးထားပါတယ်ဗျ... အခြား Android ဖုန်းတွေလည်း မြန်မာစာကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်....

Tuesday, October 01, 2013

Huawei Y511-U00 အတွက် CWM-recovery.img

Huawei Y511 အတွက် CWM recovery.img ဖိုင်ပါ.... ရှာရင်းနဲ့တွေ့လို့ တင်ပေးလိုက်ပါတယ်ဗျ....
လိုရမယ်ရ ဒေါင်းထားလိုက်ကြပါအုံးဗျ....
[recovery.img ဖိုင်ကို flash.apk နဲ့ flash မယ်ဆိုရင် Rename ပြောင်းလိုက်အုံးနော်.... သိကြမယ် ထင်ပါတယ်...]
ကျွန်တော် upload တင်ထားတဲ့ အခြား img ဖိုင်တွေနဲ့ရောမှာစိုးလို့ရှေ့မှာ model ထည့်ရေးထားတာပါ...

Download Here...
>>> y511 recovery.img <<<
                   (or)
>>> y511 recovery.img <<<

အဆင်ပြေကြပါစေခင်ဗျာ.....


Tank 1990 Game for Android

ဂိမ်းနာမည်လေးမြင်တာနဲ့ ဒီကောင်လေးကိုရင်နှီးကြမယ်ထင်ပါတယ်.... ကျွန်တော်တို့တွေ ငယ်ငယ်တုန်း က family game စက်တွေမှာ ဆော့ခဲ့ကြတဲ့ဂိမ်းလေးတစ်ခုပါ... အခု Android ပေါ်မှာဆော့လို့ရ ပါပီခင်ဗျာ.... Bluetooth ဖြင့် Multi Player နဲ့လည်း ဆော့နိုင်မှာဖြစ်ပါတယ်... ပုံလေးတွေကြည့်ပီ အသုံး ပြုချင်တယ်ဆိုရင်အောင်မှာဒေါင်းပါဗျ.....
Android version 2.2 and up..... ဖိုင်ဆိုဒ် (1.97 MB)...





Tank 1990 Game အားဒေါင်းရန်
>>> Click Here <<<

အဆင်ပြေကြပါစေခင်ဗျာ...


Construction City Game for Android


ပေါ့ပေါ့ပါးပါးဂိမ်းတွေဆော့ကြတဲ့ Brother တို့အတွက် Puzzle ဂိမ်းအလန်လေးပါ.... ကရိန်းကားတွေကို မောင်းပီတော့ ပစည်းတွေကို နေရာရွှေ့ပေးရမှာပါ.... ရုပ်ထွက်ကလည်းပုံမှာ မြင်တဲ့အတိုင်း လန်းပါတယ် ဗျ.... အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလိုက်ကြပါခင်ဗျာ....
Android version 2.3.3 and up ....  ဖိုင်ဆိုဒ် (5.87 MB) ...

အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုအချိန်နဲ့တပြေးညီ သိရှိနိုင်မယ့်ဆော့ဝဲလ် [For Android]

အိမ်ခြံမြေနဲ့ပတ်သက်ပီ သတင်းတွေကိုဖုန်းကနေပီ အင်တာနက်ဖွင့်ပေးရုံနဲ့ သိရှိနိုင်မယ့်ဆော့ဝဲလ်လေးပါ.. ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လို့ထင်ပါတယ်....
ဒီဆော့ဝဲလ်လေးကနေ သိရှိနိုင်တဲ့အကြောင်းအရာများက -
- နောက်ဆုံးရအိမ်ခြံမြေများ
- အိမ်ခြံမြေရှာရန်
- New Home (ကြိုပွိုင့်)
- အကျိုးဆောင်များ
- အိမ်ခြံမြေသတင်းများ ...... စတဲ့ အကြောင်းအရာအချက်အလက်များကို သိရှိနိုင်ပါတယ်....
Android version 2.2 နဲ့အထက် ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ်.... ဖိုင်ဆိုဒ် (2.15 MB)...

Monday, September 30, 2013

အောက်တိုဘာ ၂၉ မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဖုန်းပြောင်းလဲမှု့ကြီးတစ်ခု ဖြစ်ပေါ်လာတော့မည်


ခင်ဗျားတို့တွေ အခုသုံးနေတဲ့ ဆမ်ဆောင်းဖုန်းတွေ၊ အိုင်ဖုန်းတွေကိုမေ့လိုက်တော့...
Tuesday, September 24, 2013

အောက်တိုဘာ ၂၉ မှာ ကမ္ဘာလုံးပြောင်းလဲမှုကြီးဖြစ်လာမယ့် Phone Blok. ကိုယ့်ဖုန်းပျက်တာ ကိုယ့်ဟာ ကို ပြင်ဆင်နိုင်တော့မယ်။ ကင်မရာကောင်းတာ လိုချင်သလား ပြောင်းပြီးတပ်လိုက်ရုံပဲ။ အသုံးပြုရလွယ်ပြီး ကိုယ်နှစ်သက်သလို အသုံးပြုနိုင်ပြီး ကြာရှည်အခံဆုံးဖြစ်လာမယ့်ဖုန်း....







ဒီမှာကလစ်နှိပ်ပီး ဗီဒီယို ကိုကြည့်ရှုနိုင်ပါတယ်
http://www.youtube.com/watch?feature=player_embedded&v=oDAw7vW7H0c

မှာကြည့်ဖြစ်အောင်ကြည့်လိုက်နော်
အသေးစိတ်ရှင်းပြထားတယ်။
www.PHONEBLOCKS.com

မောင်စိုင်း
(ကနောင်)
Scientist Myanmar

From ရွှေနဒီနည်းပညာ


Call Popout.apk

ဒီကောင်လေးကတော့ call head လိုပုံစံမျိုးပါ....
phone call ၀င်လာရင် သင်အသုံးပြုနေတဲ့ နေရာကနေပီ ဖုန်းကိုင်နိုင်မှာဖြစ်ပါတယ်....
Call Popout.apk ရဲ့ မူရင်းကတော့ နာမည်ကြီး xda Developers ပါ...
အသေးစိတ်ကိုတော့အောက်မှာလေ့လာပါခင်ဗျာ....

Android မှာ နာမည်ကြီး TV Channel တွေကိုကြည့်မယ်

ဒီနေ့တော့ Brother တို့အတွက် နာမည်ကြီး TV Channel တွေကိုကြည့်နိုင်တဲ့ ဆော့ဝဲလ်လေးတစ်ခု ရှယ်ပေးမယ်....ဒီဆော့ဝဲလ်လေးနဲ့ ကြည့်နိုင်တဲ့ TV Channel တွေကတော့အများကြီးကို ပါဝင်ပါတယ်...
ကျွန်တော် Online အသုံးပြုပီ ကြည့်နိုင်တဲ့ TV Channel ဆော့ဝဲလ်တွေ အများကြီးသုံးဖူးပါတယ်...
ဒီဆော့ဝဲလ်လေးက ပိုပြီးမိုက်ပါတယ်.... နာမည်ကြီး TV Channel တွေပါပါတယ်....မိမိတို့ ကြည့်ချင်တဲ့ Channel line ကို ဆော့ဝဲလ်ရဲ့ Setting ထဲကိုဝင်ပီ အမှန်ခြစ်လေးတွေ ပေးလိုက်ရင်ရပါပီဗျ.... လိုင်းကောင်းရင် မထစ်ပဲကြည့်ရှုနိုင်ပါတယ်.... နေ့ခင်းဘက်ဆိုရင်တော့ နည်းနည်းထစ်ပါတယ်.....
Setting ထဲက အောက်ဆုံး Channel ကတော့ ကိုကိုတွေအတွက်(မမတွေမပါဘူးဗျ...) အကြိုက်တွေ့မယ့် Channel ပါ.... ကြည့်ချင်တယ်ဆိုရင် အမှတ်ခြစ်လေးပေးလိုက်ပေါ့....

ကျွန်တော် နာမည်ကြီး Channel လိုင်းတွေကို Screenshot ရိုက်ပီတင်ပေးထားပါတယ်ဗျ.... ကြည့်ကြည့်လိုက်ပါခင်ဗျာ....




အသုံးပြုချင်တယ်ဆိုရင်တော့ -
[Android Version 2.0.1 and up....] (9.7 MB)

 Download
>>> Click Here <<<
>>> Click Here <<<

အဆင်ပြေပါစေခင်ဗျာ.....


Sunday, September 29, 2013

Android Lessons (3)

Android အတွက် သင်ခန်းစာ(၃)

ဒီသင်ခန်းစာမှာဆိုရင်တော့ အဓိကအခြေခံဖြစ်တဲ့ what is recovery? အကြောင်းလေးကို ရှင်းပြပေးမှာ ဖြစ်ပါတယ်.....

what is recovery?
Recovery ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေရမှာ မဟုတ်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က key တွေနဲ့ ပေါင်းစပ်ထားတာပါ...ဖုန်းတစ်မျိုးစီရဲ့ သက်ဆိုင်ရာ key တွေကို တွဲနှိပ်မှ တက်လာတာပါ... အများစုကတော့ (volume up + power) ပါ...
Huawei မှာဆိုရင်တော့ (volume up + power) ဖြစ်ပါတယ်...
Samsumg မှာဆိုရင်တော့ (volume up+Home+powerr) ဖြစ်ပါတယ်...
Sony မှာဆိုရင်တော့ recovery partation မပါပါဘူး...
HTC မှာဆိုရင်လည်း recovery partation က သက်သက်မပါပါဘူး... သက်ဆိုရာ Key နှိပ်မှ တက်လာပါ လိမ့်မည်... recovery ၀င်တာကတော့ တစ်မှတ်တည်း သတ်မှတ်လို့မရပါဘူး... အပြောင်းအလဲတွေရှိတတ် ပါတယ်...

GSM Bill Widget for Android


ဒီဆော့ဝဲလ်လေးကို ရေးသားသူကတော့ mpxteam မှ admin ko nay shein oo ကိုမိုးကုတ်သားပါ... ko nay shein oo ရဲ့ FB page မှာတွေ့လို့ ပြန် Sare လိုက်ပါတယ်ဗျ....

Android ဖုန်းတွေအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးတစ်ခုပါ... Home Screen ပေါ်မှာ Widget အနေနဲ့ သုံးပြီးတော့ GSM Bill စစ်ခြင်း၊ ဖြည့်ဖြင်း၊ Bill လွဲပေးခြင်းများ စသည်တို့ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်..

အသုံးတည့်မယ်လို့ မျော်လင့်ပါတယ်ဗျာ..

Download --> http://d-h.st/M8Y
Download --> http://www.mediafire.com/?3f7cqq17ej3btea

-------------------
MGKBoy@MOGOK

အဆင်ပြေပါစေခင်ဗျာ.....


အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget