ဒီပို့စ်ကတော့ Android Users များအတွက် ရည်ရွယ်ပါတယ် ... ဆရာကြီးတွေအတွက်က ရယ်စရာပါ ...
ဖုန်းကို Factory Data Reset ချလိုက်ရင် ဖြစ်လေ့ရှိတဲ့ အကြောင်းအရာလေးပါ ... အကြောင်းအမျိုးမျိုး ကြောင့် သင့်တို့ရဲ့ဖုန်းကို Factory Data Reset ချလိုက်ပီဆိုပါတော့ ...
{Factory Data Reset လုပ်မည့်သူများ သတိပြုရန် -
1/ သင်တို့ရဲ့ contacts, sms, data & apps အားလုံးကို backup ဆော့ဝဲလ်တွေနဲ့ Backup ယူထားပါ ...
2/ သင်တို့ဖုန်းရဲ့ အင်တာနက် Setting [APN-Access Point Names] ထဲကိုသွားပီ ဖြည့်ထားတဲ့ အချက်တွေအားလုံးကို တစ်နေရာရာမှာ ရေးမှတ်ထားပေးပါ ...}
Showing posts with label သိသင့်တဲ့အကြောင်းအရာများ. Show all posts
Showing posts with label သိသင့်တဲ့အကြောင်းအရာများ. Show all posts
Thursday, November 28, 2013
Sunday, November 17, 2013
Emergency Battery Code (*3370#) ကုဒ်လေးအကြောင်း
မိုဘိုင်းဖုန်းတွေ အခြေခံလျှို့ဝှက်ချက်တွေထဲက ဖုန်းဘတ္ထရီအားအပိုစောင်းထုတ်နိုင်တဲ့ *3370# ဆိုတဲ့ ကုဒ်လေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ... အခု အဲ့ *3370# ကုဒ်လေးအကြောင်းကို ရေးချင် ပါတယ်ခင်ဗျာ ... သိသူများကျော်သွားပေးပါခင်ဗျာ ...
မိမိတို့ဖုန်းဟာ အသုံးပြုတာများသွားလို့ ဘတ္ထရီရာခိုင်နှုန်းနည်းနေပီ အားကလည်းပြန်မသွင်းနိုင်သေးရင်
အရေးပေါ်ဘတ္ထရီထုတ်သုံးနိုင်မယ့် ဒီ *3370# လေးကို အားလုံးအသုံးပြုဖူးကြလိမ့်မယ်လို့ထင်ပါတယ် ...
အဲ့ကုဒ်ရိုက်ပီတဲ့အချိန်မှာ ဘတ္ထရီရာခိုင်နှုန်း ဘာမှမထူးခြားတာကိုလည်း အားလုံးတွေ့ကြမယ်လို့ ထင် ပါတယ် ... အဲ့ဒါဘာကြောင့်လည်း ... WHY ?
ကျွန်တော်လေ့လာမိသလောက် သိသလောက်လေးကို Brother တို့သိချင်မလားလို့ပါ ... အခုကျွန်တော် အဲ့အကြောင်းလေးကို ပြည့်ပြည့်စုံရေးပြပါမယ်ဗျ ...
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
Thursday, November 14, 2013
Android မှာTask Killer တွေမသုံးသင့်တဲ့ အကြောင်းအရင်းများ
Android Phone တွေမှာ Task Killer App မရှိတဲ့ဖုန်းဆိုတာ မရှိသလောက်ရှားပါးတာသေချာပါတယ်။Task Killer တွေက Background မှာ Run နေတဲ့ App တွေကို ပိတ်ခြင်းအားဖြင့် ဖုန်းရဲ့  Performance နဲ့ Battery Life ကိုကောင်းမွန်စေပါတယ် လို့ အများစုကထင်ကြပါတယ်။တကယ်တော့ Task Killer တွေဟာ ဖုန်းရဲ့ Performance နဲ့ Battery Life ကိုကျဆင်းစေပါတယ်။ဒီလိုပြောရင်ယုံကြည်မယ့်သူမရှိဘူး လို့ထင်ပါ တယ်။ Task Killer တွေမသုံးသင့်တဲ့အကြောင်းကို နိုင်ငံခြားနည်းပညာ ဆိုက်တွေမှာတွင်တွင်ကျယ်ကျယ် ရေးသားနေကြလို့  ကောင်းမွန်တဲ့ နည်းကိုရွေးချယ်နိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။
Task Killer တွေဟာ Background မှာ Run နေတဲ့ Apps တွေကို Force Close လုပ်ပါတယ်။ Memory ကနေ App တွေကိုဖယ်ထုတ်လိုက်ပါတယ်။တစ်ချို့ Task Killer တွေက အလိုလို ပြုလုပ်ပေးတတ်ပါ သေး တယ်။ ဒါပေမယ့် Android က Processes တွေကို သူ့ ဘာသာ Manage လုပ်နိုင်ပါတယ်။ အဲဒီအတွက် Task Killer တွေမလိုအပ်ပါဘူး။
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
Friday, September 27, 2013
သင့် Android ဖုန်း လုံခြုံရဲ့လား ??
၊=========================၊
၊== သင့် Android ဖုန်း လုံခြုံရဲ့လား ?? ==၊
၊=========================၊
Smart Phones တွေရဲ့ အမျိုးမျိုးသော မလုံခြုံတဲ့ Security တွေကို ရှောင်လွှဲနိုင်ရန်အတွက် မိမိဖုန်းကို သာမာန်ထက်ပိုတဲ့ ဂရုစိုက်မှုမျိုးကိုထားရှိရပါမယ်... မိမိဖုန်း အခိုးခံရတာပဲ ဖြစ်ဖြစ် Data တွေ Hack ခံရ တာပဲဖြစ်ဖြစ်ပေါ့... သင်ဂရုမစိုက်လို့ သင့်ဖုန်းပျောက်သွားတာနဲ့ Phone Noumbers နဲ့ Contacts တွေ ပျောက်တာထက်ဆိုးတဲ့ ရလဒ်ကိုခံစားရမှာပါ.. ကျွန်တော်ဆိုလိုတာက သင့်ရဲ့အရေးကြီး Message တွေ၊ Mail တွေ၊ ဓါတ်ပုံတွေ ၊ အရေးကြီးဖိုင်တွေနဲ့ သင့်ရဲ့တကိုယ်ရည်သုံး Password တွေပေါ့.. သင်က ကြိုတင် ကာကွယ်မှုတွေ မလုပ်ထားဖူးဆိုရင် သင်ရဲ့ Imformation တွေကို World Wide Web ကနေပြီး လွယ်လွယ်ကူကူပဲ Trace လုပ်လို့ရပါတယ်..
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
Tuesday, September 24, 2013
လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း? နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ? သိသင့်သောအရာများ
လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း?
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း)တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ)တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
Wednesday, August 28, 2013
Sim Card ရဲ့ PIN lock နဲ့ PUK lock အကြောင်းနဲ့ lock ကျရင်ဖြေရှင်းနည်း
SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုလည်း အနော်သိသလောက်လေး ပြောချင်ပါတယ်ဗျ....ပို့စ်ထပ်သွားရင်လည်း ခွင့်လွှတ်ပါခင်ဗျာ....
ဆာ့...ဆာကြီးတွေကတော့သိမှာပါ....အနော်လို beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......
Sim Card မှာ PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန် ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
ဆာ့...ဆာကြီးတွေကတော့သိမှာပါ....အနော်လို beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......
Sim Card မှာ PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန် ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
Tuesday, July 16, 2013
Jailbreaking ဆိုတာဘာလဲ? What is jailbreaking?
Jailbreaking ဆိုတာဘာလဲ?
What is jailbreaking?
{သိစေချင်လို့ပါဗျ}
Apple ရဲ့ IOS က Unix ပေါ်မှာအခြေခံထားတဲ့ Operating System တစ်ခုဖြစ်ပါသည်။Jailbreaking ဆိုတာက Apple ရဲ့ IOS ကို root access တစ်နည်းအားဖြင့် Administrator ခွင့်ပြုချက်ရအောင် လုပ်တာကိုဆိုလိုပါတယ်။Jailbreaking ကခွင့်ပြုချက်မရသော application(Cydia=3rd party application,tweaks,extensions အစရှိတဲ့ Apple app store မှာမရရှိနိုင်သော apps များရရှိနိုင်သော app) ကဲသို့သော application များကိုသွင်းနိုင်ပါတယ်။Jailbreaking သည်သင်၏ Apple Device ကို apple ရဲ့ကန့်သတ်ချက်များကိုဖယ်ရှား၍ သင်အလိုရှိသော App များကိုသွင်းနိုင်မှာဖြစ်ပါတယ်။Jailbreaking သည် crack app များကိုဖောဖောသီသီသွင်းနိုင်မည်ဖြစ်သည်။ Jailbreaking တွင် Tethered jailbreak နှင့် Untethered jailbreak ဟူ၍နှစ်မျိုးရှိသည်......
Tethered Jailbreak
Tethered Jailbreak သည် Boot တက်ရန်အတွက် computer connection လိုအပ်ပေသည်။eg. သင်၏ IOS 4.2.1 ကို resn0w နဲု့ jailbreak လုပ်ထားလျှင် သင်၏ IOS boot တက်ရန်
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
What is Root? Root လုပ်သင့် မလုပ်သင့် (သိထားသင့်တယ်ထင်လို့ပါ)
ကျွန်တော် သည်အကြောင်းရာလေးကို တင်ပေးရတဲ့ ရည်ရွယ်ချက်က ROOT ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူများအတွက်နဲ့..root လုပ်လိုက်ခြင်းအတွက် ဘာအကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတာကို သိထားသင့်တယ်ထင်လို့ ဒီပို့စ်လေးရေးလိုက်ပါတယ်ဗျ.......
Root ဆိုတာ ဘာလဲ
Root လုပ်ထားပါက မမြင်တွေ့နိုင်တဲ့ System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင် ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။ Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။
Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။
အကြောင်းအရာ :
သိသင့်တဲ့အကြောင်းအရာများ
Subscribe to:
Posts (Atom)


