Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, October 04, 2013

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)



တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေ လုပ်နေတယ်လို့ facebook က ယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ် ... နိုင်ငံခြားမှာ ရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေ့ရှိတယ် ... ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ ... ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ ...

အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့ facebook ကို မျက်လှည့်ပြလိုက် ရုံဘဲလေ ...(သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို) အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)

ဖုန်းကနေ Gmail အကောင့်လုပ်နည်း မသိသေးသူများကတော့ ကျွန်တော်ရဲ့ဘလော့ထဲမှာ တင်ထားပီ သားပါ ... ကလစ်ပါ ...

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီအောက်က ဆော့ဝဲလ်နှစ်ခုကိုဒေါင်းပြီး အင်စတော့လုပ်လိုက်ပါ ...
a/ EasyOvpn
b/ OpenVPNConnect
ဆော့ဝဲလ် (၂)ခုလုံးကို အင်စတောလုပ်ပေးရပါမယ် ...

2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရပါမယ် ... အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ ...
တကယ်လို့ Japan ကိုရှာမတွေ့ဘူးဆိုရင် ပုံမှာဝိုင်းပြထားတဲ့နေရာမှာရှာပါ ...
ပီရင် UDP (182.171.131.193) ကိုရွေးပါ ... ဒီ IP နဲ့က တစ်ခါတည်းနဲ့ connected ဖြစ်ပါတယ် ... အခြားနိုင်ငံတွေနဲ့လည်းရပါတယ် ...
ပီရင်ပုံထဲမှာ ပြထားတဲ့အတိုင်း Accept ကိုနှိပ်ပါ ...


4. အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ ... ၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ ... ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ ... ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့ မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ ...


5. အောက်ကပုံမှာလို Open VPN Connected ဖြစ်သွားပါပီ ... Noti bar မှာ သော့ပုံလေးပေါ်နေပါလိမ့် မယ်ဗျ.... ဒါဆိုရင်တော့ facebook က ကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီလို့ ထင်သွားပါပြီ ... အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက်လုပ်လို့ရပါပြီး ... ကျွန်တော် ကတော့ UC browser ကိုသုံးပါတယ် ... ဖြည့်ရမယ့်အချက်တွေကိုဖြည့်ပီ Sing Up ကိုနှိပ်ပါ ...
ဒီအောက်ကအဆင့်တွေမှာအချက်အလက်တွေဖြည့်ပေး၇ပါမယ်... ကျန်တော်က နမူနာပြထားတာမို့လို့  Next နဲ့သွားတာပါ ...




7. အောက်ကပုံလေးအတိုင်းတွေ့ရပီဆိုရင်တော့ facebook ကနေပီ သင့် Gmail ထဲကို confirmation code ပို့ထားကြောင့်စာလေးတွေ့ရပါမယ် ... ပုံမှာပြထားတဲ့အတိုင်း Gmail ကိုဖွင့် ... facebook ကပို့ ထားတဲ့ မေးလ်ထဲမှာ Confirm Your Account ဆိုတာလေးကို နှိပ်ပေးလိုက်ပါခင်ဗျာ ... ဒါမှမဟုတ် အဲ့စာသားရဲ့အောင်မှာ code (6)လုံးကိုယူပီ ခုနက facebook code တောင်းတဲ့ box မှာရိုက်ထည့်လိုက် လည်းရပါတယ် ... ဒါဆိုရင်တော့ ဖုန်းကနေပီ facebook အကောင့်အသစ်ဖွင့်ခြင်း ပြီးဆုံးပါပီခင်ဗျာ ...


လုလင်ပျို (http://androidlulin.blogspot.com/2013/10/android-300.html) ရဲ့ရေးသားချက်ကို ကျွန်တော်စမ်းသပ်အဆင်ပြေထားတဲ့ ပြုလုပ်နည်းလေးအတိုင်း ဖြည့်စွက်ပီရေးလိုက်ပါတယ်ဗျ ...
အားလုံးအဆင်ပြေချောမွေ့ကြပါစေ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget