Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, November 08, 2013

GPK ဖိုင်တွေ ကိုယ်တိုင်ဖန်တီးကြည့်ရအောင်ဗျ


ကျွန်တော်ဘလော့ကို လာရောက်လည်ပတ်တဲ့ Brother တို့အားလုံး မင်္ဂလာပါခင်ဗျာ ...ဒီနေ့တော့ Data နဲ့ အသုံးပြုရတဲ့ ဂိမ်းတွေကို GPK ဖိုင်ပြုလုပ်နည်းလေး ရှယ်ပါမယ်ခင်ဗျာ ...ဒီနည်းလေးကို ကျွန်တော်သိထား တာကြာပါပီခင်ဗျာ ...

ကဲစလိုက်ရအောင်ဗျ ...
- GPK ဖိုင်ပြုလုပ်ဖို့အတွက် သက်ဆိုင်ရာ Game.apk ရယ် data ဖိုင်ရယ်လိုပါတယ် ...
- ပီရင် GPK ဖိုင်ပြုလုပ်မဲ့ GPK Maker PC ဆော့ဝဲလ်လိုပါမယ် ...
- GPK ဖိုင်ကို PC ကနေ ဖုန်းထဲကို Install လုပ်ဖို့ Muzhiwan PC ဆော့ဝဲလ်လိုပါမယ် ...
- GPK ဖိုင်ကို ဖုန်းထဲကနေ Install လုပ်ချင်သူများအတွက် GPK.apk လိုပါမယ် ...

- GPK Maker

- Muzhiwan.exe

- GPK安装器.apk

သင် GPK ဖိုင်လုပ်ချင်တဲ့ game.apk ရယ် data ဖိုင်ရယ်ကို Desktop ပေါ်မှာထားပါ ... ပီရင် အပေါ်မှာ ဒေါင်းထားတဲ့ GPK Maker ကို Double Click ခေါက်ပါ ... အောက်ကပုံအတိုင်းတွေ့ရပါမယ် ... နံပါတ်စဉ် အလိုက် အနီနဲ့ဝိုင်းပြထားတဲ့ အတိုင်းလေးလုပ်ဆောင်ပေးရပါမယ် ...
၁/ ခုနက desktop ပေါ်မှာ GPK လုပ်မယ့် Game.apk ဖိုင်ကိုရွေးပါ ...

၂/ ခုနက desktop ပေါ်မှာ GPK လုပ်မယ့် Game.apk ရဲ့ data ဖိုင်ကိုရွေးပေးပါ ...

၃/ ဒီအကွက်ကတော့ သက်ဆိုင်ရာ ဂိမ်းဒေတာ လမ်းကြောင်းကို ရွေးပေးရပါမယ် ...
    [ဥပမာ - GPK လုပ်မယ့် Game.apk ရဲ့ data ဖိုင်က (data ဖိုဒါလား/Obb ဖိုဒါလား) ရေးပေးရမှာပါ ...]
    ကျွန်တော်က Crazy Taxi ဂိမ်းကို GPK လုပ်ပြမှာဖြစ်တဲ့အတွက် Crazy Taxi ဂိမ်းရဲ့ data ဖိုင်က Obb     ထဲကိုထည့်ပေးရမှာပါ ...
    Android/obb/com.sega.CrazyTaxi ဆိုပီဖြစ်ရပါမယ် ...]{မှတ်ချက် - data (or) Obb ဖိုင်ရဲ့ ဖိုင်
    name အပြည့်အစုံကို ထည့်ပေးရပါမယ်ခင်ဗျာ ... }
    [သတိ - တကယ်လို့ သင်တို့ရဲ့ ဖုန်း ext sd ကဒ်ထဲမှာ sdcard/Android ဖိုဒါထဲမှာ Obb ဖိုင်မရှိရင်
    Obb ဆိုပီ file name နဲ့ဖိုင်အသစ်ဖွင့်ပေးပါ ...]

၎/ ဒီ buttom ကတော့ အခုလုပ်မယ့် GPK ဖိုင်ကို သိမ်းမယ့်လမ်းကြောင်းကိုရွေးပေးရပါမယ် ... GPK ဖိုင်
    name ကိုစိတ်ကြိုက်ပေးနိုင်ပါတယ် ... ကျွန်တော်ကတော့ Crazy Taxi ဆိုပီ Desktop မှာသိမ်းမှာမို့လို့
    Desktop ကိုရွေးထားတာပါ ...

၅/ ဒီ buttom ကိုတော့ အပေါ်ကအဆင့် (၄)အထိဖြည့်ပီရင် GPK ဖိုင်လုပ်ဖို့အတွက် နှိပ်ရပါမယ် ...
    ခဏစောင့်ပေးပါ ... မိမိ GPK ဖိုင်ပြုလုပ်တဲ့ ဖိုင်ဆိုဒ်ပေါ်မူတည်ပီ အနည်းနဲ့ အများ ကြာနိုင်ပါတယ် ...
    Yes (or) No ပေါ်လာပါမယ် Yes လုပ်ပေးပါ ... ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ GPK ဖိုင်တစ်ခုရပါပီဗျ ...
    ပုံကိုကြည့်ရတာမသည်းကွဲရင် ပုံကိုကလစ်ပီ အကြီးကြည့်နိုင်ပါတယ် ...



အခုအဲ့ GPK ဖိုင်ကို PC ကနေ ဖုန်းထဲကို Muzhiwan ဆော့ဝဲလ်လေးသုံးပီ Install ပြုလုပ်ပြမှာဖြစ်ပါ တယ်... PC မှာ ဖုန်း Driver သွင်းထားရပါမယ် ... Muzhiwan ဆော့ဝဲလ်ကို PC မှာ Install လုပ်ပါ ... Muzhiwan ဆော့ဝဲလ်ကို Install လုပ်နည်းမသိရင် ဒီမှာကလစ်ပါ ... ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ထားရပါမယ် ... ပီရင် ဖုန်းကို PC နဲ့ချိတ်ပါ ... Desktop ပေါ်မှာ ခုနက လုပ်ထားတဲ့ GPK ဖိုင်ကို Double Click ခေါက်ပါ ...


Muzhiwan တက်လာပါမယ် ... ပုံမှာဝိုင်ပြထားတဲ့အတိုင်းနှိပ်ပါ ... Step by Step သွင်းသွားပါလိမ့်မယ် ... အမှန်ခြစ်အစိမ်းလေးနဲ့ စာကြောင်းလေးပေါ်လာရင် ဂိမ်းသွင်းပီပါပီ ... PC ကနေဖုန်းကိုဖြုတ်ပီ အသုံးပြုနိုင် ပါပီခင်ဗျာ ... ကိုယ်တိုင်ပြုလုပ်ထားတဲ့GPK ဂိမ်းဖိုင်ကို PC ကနေဖုန်းထဲကိုသွင်းခြင်း ပီပါပီခင်ဗျာ ...


ကျွန်တော်ဒီအကြောင်းအရာလေးကို ရေးဖြစ်တဲ့ရည်ရွယ်ချက်က data နဲ့ဆော့ရတဲ့ဂိမ်းတွေကို သိမ်းတဲ့ အခါမှာအဆင်ပြေစေရန်အတွက်ပါ ... ကိုယ်ကဆော့ချင်လို့ပြန်ရှာရင် game.apk တော့တွေ့ပါတယ် data ဖိုင် ဘယ်မှာသိမ်းမိမှန်းမသိဖြစ်တတ်ပါတယ် ... အဲ့အတွက်ကြောင့်ပါ ...GPK လုပ်ထားလိုက်တော့ game ရော data ရော တစ်ခုတည်းဖြစ်သွားတော့ ပိုကောင်းတာပေါ့ဗျာ ... သူများကို Sharing လုပ်ရတာလည်း အဆင်ပြေတာပေါ့ ... data ဖိုင်ရဲ့ ထည့်ရမဲ့လမ်းကြောင်းသိစရာမလိုတော့ဘူးပေါ့ ... muzhiwan PC ဆော့ဝဲလ်လေးနဲ့ ကစ်လိုက်ရင် OK ပီပေါ့ဗျာ ... စာရေးတာနည်းနည်းများသွားလို့ နောက်နေ့မှပဲ GPK ဖိုင်တွေကို ဖုန်းထဲကနေပီ GPK安装器.apk ဆော့ဝဲလ်လေးနဲ့ Install လုပ်နည်းလေးကို ဒီစာသားကို ကလစ်ပီကြည့်ပါ ...

GPK ဖိုင်တွေကိုလိုချင်တယ်ဆိုရင်တော့ မူရင်း http://www.muzhiwan.com/  ဒီလင့်ထဲမှာရှာပီဒေါင်းနိုင် ပါတယ်ခင်ဗျာ ...
အဆင်ပြေကြပါစေခင်ဗျာ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget