Tuesday, September 09, 2025
Wednesday, May 20, 2015
မဂ်လာပါ
ကျွန်တော့် ဘလော့ မိတ်ဆွေများအားလုံး မဂ်လာပါဗျ ....
ကျွန်တော့်ဘလော့ကို ပြစ်ထားတာ တော်တော်ကြာသွားပီး .... အလုပ်တစ်ဖက်နဲ့မို့ အချိန်မပေးနိုင်တာကြောင့်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘလော့ကို ပြစ်ထားခဲ့ပါတယ် ....
အခုနောက်ပိုင်း ဘလော့ကို အချိန်ပေးပီး တစ်ပတ်ကို ပို့စ်တစ်ခုတော့ တင်ဖြစ်အောင် ကျွန်တော် ကြိုးစားပါမယ် ...
နည်းပညာရော ဂိမ်းပါတင်ပါမယ် ...
ကျွန်တော့်ရဲ့ မိတ်ဆွေများ အားပေးကြပါအုံးဗျ ...
.(ဇော်မျိုးဦး^_^)
အကြောင်းအရာ :
မိတ်ဆက်
Sunday, August 31, 2014
Nay Htet Aung ( Mobile )Huawei G730-U00,Buildnumber 151, မြန်မာစာ ပါပြီးသား Flashtool Firmware
===================================================
Nay Htet Aung ( Mobile )Huawei G730-U00,Buildnumber 151,
မြန်မာစာ ပါပြီးသား Flashtool Firmware
===================================================
Huawei G730-U00 ကို SD Card နဲ့ တင်တဲ့အခါမှာ Recovery Partition ပျက်နေပြီး Firmware တင်လို့မရတဲ့ အခြေအနေမျိုး ၊ Buildnumber အနိမ့်ဖြစ်နေရင် ပေးမတင်
တာမျိုး၊ဒီကောင်လေးကတော့ နောက်ဆုံး Buildnumber ဖြစ်ပါတယ်။ Official Firmware ပြန်ရေးပြီးရင်လည်း OneClick Tools နဲ့ Root ဖောက်လို့မရတဲ့ အခါမျိုး၊ နောက်တစ်ခေါက် Root ပေါက်ဖို့အတွက် Flashtool ပြန်သုံးနေရတာမျိုး၊
မဖြစ်ရအောင် ဒီကောင်လေးက ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာစာ ပါပြီးသား Flashtool Firmware လေးကို တင်ပေးလိုက်ပါတယ်။ Firmware
ကောင်းနေတဲ့ အလုံးကိုလည်းစမ်းသပ်လို့ ရပါတယ်။ ဘာ Error မှ မရှိပါဘူးခင်ဗျာ။ ကိုယ့်တိုင် စမ်းသပ်ပြီးလို့ တင်ပေးလိုက်တာဖြစ်ပါတယ်။
ကိုထက်အောင်မိုးရဲ့ facebook page ကနေပြန်ရှယ်တာပါဗျ ...
Credit to kohtetaungmoe
Download Here >>
Flashtool Firmware >> http://www.mediafire.com/download/348us2beyhrj4c2/(MGTC),G730-U00,Build-151,Myanmar_Flashtool_Firmware.zip <<
Flashtool >> http://www.mediafire.com/downloa ... lash_Tool_5.1343.01(MGTC).zip <<
Password >> aungminhan
Credit to ko htet aung moe
https://m.facebook.com/htetaung.moe.1?fref=nf
https://m.facebook.com/story.php?story_fbid=687019654719981&id=100002358583079
အဆင်ပြေပါစေဗျ ...
အကြောင်းအရာ :
Android Firmware Flashing & Tool
Friday, August 29, 2014
Balance.apk မြန်မာမှု
ကျွန်တော် လက်ဆော့ထားတာလေးပါ ...
ငွေစစ်ဖို့အတွက် balance ဆော့ဝဲလ်လေးကို မြန်မာမှုပြုထားပါတယ် ... အသုံးလိုတဲ့သူ Reply ရေးပီးယူပါ ... မလိုတဲ့သူ ကျော်သွားပါဗျ ...
Download Here >> https://app.box.com/s/zxf871uw1stvyqwhyzql
အဆင်ပြေပါစေဗျ ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Monday, August 11, 2014
Huawei G730 & Honer 3c တွေအတွက် Flash Alerts Pro
Huawei Device နှစ်မျိုးဖြစ်တဲ့ G730 & Honer 3c ဖုန်းတွေမှာ ဖုန်းလာရင် Flash မီးမလင်းဘူးဆိုသူများ အတွက် Flash Alerts Pro ဆော့ဝဲလ်လေးပါ ...
ထွေထွေထူးထူးမပြောတော့ဘူး ... အဲ့ Device နှစ်မျိုးအတွက် အဆင်ပြေတဲ့ Version ပါ ... Updated version မဟုတ်ပါ ...
Flash Alerts Pro Upload By ZawMyoOo.zip (354.61 KB, Downloads: 0)
အဆင်ပြေပါစေဗျ ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Tuesday, August 05, 2014
Facebook Acc သစ်ဖွင့်ခြင်းနဲ့ မသုံးတော့တဲ့ Facebook ကို အပြီးဖျက်ခြင်း
မင်္ဂလာပါဗျ ...
ကျွန်တော်ဒီနေ့ Facebook နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေတင်ပါမယ် ...
အခုရေးမယ့်အကြောင်းအရာကတော့ Facebook အကောင့်အသစ်ဖွင့်ခြင်းနဲ့ မိမိတို့မသုံးတော့တဲ့ Facebook အကောင့်ကို အပြီးအပိုင်ဖျက်ခြင်းဆိုတဲ့ နည်းလမ်းလေးတွေပါ ...
ပထမဆုံး Facebook အကောင့်အသစ်ဖွင့်ခြင်းကို အရင်ဆုံးရေးပါမယ် ...
ဖုန်းနံပါတ်တောင်းလို့၊ Activate code ပြန်မပို့လို့ Facebook အကောင့်အသစ် ဖွင့်မရသူများအတွက် Mail Service အသစ်တစ်ခုနဲ့ ဖုန်းနံပါတ်ဖြည့်စရာမလို၊ Activated လည်းဖြစ်တဲ့ Facebook အကောင့်သစ် အလွယ်ကူဆုံးဖွင့်နည်းလေး [Very Easy] နော် ...
Facebook အကောင့်အသစ်တစ်ခုကို Gmail, yandex , etc,... စတာတွေနဲ့ဖွင့်ရင် ဖုန်းနံပါတ် တောင်းတာ၊ code ပြန်မပို့တာတွေရှိတော့ VPN တွေသုံး Proxy တွေကျော်ဖွင့်နဲ့ အလုပ်ရှုပ်ရပါတယ် ...
အခုကျွန်တော်က ကုလားနိုင်ငံရဲ့ mail service တစ်ခုနဲ့ ဖုန်းကနေပီး Facebook အကောင့်သစ် ဖောက်ပြမှာဖြစ်ပါတယ် ... အရမ်းလွယ်ကူပါတယ် ... [နည်းပညာဘလော့တွေမှာ ဖေ့ဘုတ်ဖွင့်တဲ့နည်းတွေ ... နည်းတွေ အများကြီးရှိတဲ့ထဲက အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းလေးပါ ...]
ကျွန်တော်အခု ဖုန်းကနေ ဖွင့်ပြထားပါတယ် ...
အကြောင်းအရာ :
Android နည်းပညာ
Monday, July 28, 2014
Huawei G730-U00 Myanmar Font အမှန် (G730 Users တွေအတွက် အိမ်မက်တွေ တစ်ကယ်ဖြစ်လာပြီ)
ဘလော့ကိုလာလည်တဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါဗျ ...
လိုင်းတွေမကောင်းလို့ စိတ်နာနာနဲ့ ကျွန်တော့်ဘလော့လေးကို ပစ်ထားတာ တော်တော်ကြာသွားပီဗျ ...
အခုတော့ Ooredoo ကဒ်တွေ လာပီးဆိုတော့ ကျွန်တော့်ဘလော့မှာ ပို့စ်တွေပုံမှန်ပြန်တင်ပေးသွားပါမယ် ...
ဒီပို့စ်လေးကတော့ အောင်သီဟ အဓိပတိ ရဲ့ပို့စ်လေးပါ ...
ကျွန်တော့် G730 U00 မှာ မြန်မာစာပြသာနာ အဆင်ပြေသွားလို့ ကျွန်တော်ဘလော့ကိုလာလည်တဲ့ Brother တို့အတွက် ပြန်ရှယ်ပါတယ်ဗျ ... တကယ်ကောင်းတဲ့ Bat ဖိုင်လေးပါ ... ကျွန်တော်စမ်းသပ်ပြီးပါပီခင်ဗျာ ... မြန်မာလို လုံးဝအိုကေသွားပါပီ ...
မြန်မာဆော့ဝဲလ်တွေကိုလည်း မြန်မာလိုအကုန်မြင်ရပါပီခင်ဗျာ ...

Android Rooting & Tool
Sunday, April 06, 2014
Myanmar ZawGyi Pad & Myanmer UniCode Pad [For Android]
Android ဖုန်းတွေမှာ [မြန်မာစာ အရေး - အဖတ်ဘဲ သုံးမဲ့သူများ] Root မလုပ်ချင်တဲ့သူများအတွက်
မြန်မာဇော်ဂျီ Pad နဲ့ မြန်မာယူနီကုဒ် Pad ...
Root မလုပ်ချင်တဲ့ဖုန်းတွေ ... မြန်မာစာသွင်းမရတဲ့ဖုန်းတွေမှာ မြန်မာစာကို ရေးနိုင် / ဖတ်နိုင်အောင် ဒီ Pad လေးနှစ်ခုက ကူညီပေးပါလိမ့်မယ် ...
မြန်မာစာမထည့်ထားတဲ့အတွက် တစ်ခြားဖုန်းက မြန်မာလိုပို့လိုက်တဲ့ မက်ဆေ့ခ်ျတွေ .. ဇော်ဂျီ / ယူနီကုဒ် ဖောင့်သုံးထားတဲ့ မြန်မာဝက်ဆိုဒ်တွေမှာ လေးထောင့်တုံးတွေဖြစ်နေပါလိမ့်မယ် ... အဲ့ မြန်မာစာ လေးထောင့်တွေကို အခု Pad နှစ်ခုထဲမှာ Copy - Paste လုပ်ပီ မြန်မာစာကို ရေးနိုင် / ဖတ်နိုင်မှာ ဖြစ်ပါတယ် ...
ZawGyi Pad (or) UniCode Pad ထဲမှာလည်း ကြိုက်နှစ်သက်ရာ မြန်မာကီးဘုတ်နဲ့တွဲပီ စာရေးနိုင် ပါတယ် ...
Zawgyi သုံးထားတဲ့ဆိုဒ်တွေက စာတွေကို Myanmar ZawGyi Pad ထဲ Copy - Paste လုပ်ပီ ဖတ်နိုင် သလို ...
MMZG Pad v.1.0 {Android 1.6+} [434.86 KB]
MM UniPad v.1.0 {Android 1.6+} [338.17 KB]
အကြောင်းအရာ :
Android ဆော့ဝဲလ်
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ အထူးအစီအစဉ်
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း တယ်လီဖုန်းသုံးစွဲသူ မိဘပြည်သူများအတွက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ အထူးအစီအစဉ် အဖြစ် သင်္ကြန်ရုံးပိတ်ရက်များတွင် အပိုငွေထပ်ဆောင်းဖြည့်စွက်ပေးရန် အစီအစဉ်ပြုလုပ်ထားပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်
၁။ မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ (၁၂.၄.၂၀၁၄) နေ့မှ (၂၁.၄.၂၀၁၄) နေ့အတွင်း ကြိုတင် ငွေဖြည့်သော (GSM / WCDMA / CDMA ) မိုဘိုင်းတယ်လီဖုန်းများအတွက် ငွေဖြည့်ကတ်တန်ဖိုး၏ (၂၀%) ကို လက်ဆောင် (Bonus) အဖြစ် ထပ်ဆောင်းဖြည့်ပေးမည်ဖြစ်ပါသည်။
၂။ မိုဘိုင်းဖုန်းသုံးစွဲသူအတွက် ရရှိသော (Bonus) ငွေပမာဏကို Bonus Account တစ်ခု ထပ်မံ ဖွင့်လှစ် ထိန်းသိမ်းပေးသွားမည်ဖြစ်ပြီး အဆိုပါ Account ရှိငွေများကို နောက်ဆုံးငွေဖြည့်သည့်ရက်မှစ၍ နောက်ထပ် (၁၀)ရက် အတွင်း ပြည်တွင်း Call ခေါ်ဆိုမှုများအတွက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။
၃။ ထို့ကြောင့် နောက်အကျဆုံး (၂၁.၄.၂၀၁၄) ရက်နေ့တွင် ငွေဖြည့်သော မိုဘိုင်းဖုန်းများ၏ Bonus Account ရှိ Balance ငွေကို (၃၀.၄.၂၀၁၄) ရက်နေ့ (၂၄:၀၀) နာရီအထိ သုံးစွဲနိုင်မည်ဖြစ်ပြီး ကျန်ရှိသော Bonus Account Balance ငွေလက်ကျန်များသည် (၁.၅.၂၀၁၄) ရက်နေ့တွင် ပိတ်သိမ်းသွားမည်ဖြစ် ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
From : MMAS
Source: http://www.mcit.gov.mm
အကြောင်းအရာ :
ကြော်ငြာ
Saturday, April 05, 2014
English-Myanmar-English Dictionary မှာ မြန်မာလိုရှာရင် ဖြစ်တဲ့ Problem
မင်္ဂလာပါဗျ ...
English-Myanmar-English Dictionary တွေမှာ English လိုရှာရာမှာပြသာနာမရှိပေးမယ့်
Myanmar လိုရှာရာမယ် (် ) မပျောက်တဲ့ပြသာနာပါ ...
မြန်မာဝေါဟာရ စာလုံးတစ်လုံးကိုရှာပြီး နောက်ထပ်ဝေါဟာရတစ်ခုကိုထပ်ရှာရင် (် ) အသတ်တစ်ခု မပျောက်တဲ့ ပြသာနာလေးပါ ... အဲ့ (် ) မပျောက်တဲ့အတွက် နောက်ဝေါဟာရတွေကို ရှာလို့ရမှာ မဟုတ်ပါ ... မေးလာတဲ့သူရှိလို့ အားလုံးသိနိုင်ရန် ဒီပို့စ်လေး ရေးလိုက်ပါတယ်ဗျ ...

Android Tip & Trip
Friday, April 04, 2014
စက်ရုပ်အတွက် Market ကောင်းလေးတစ်ခု
စက်ရုပ်ဖုန်းတွေအတွက် Applications & Games တွေကို ဒေါင်းယူဖို့အတွက် Market ကောင်းလေးတစ်ခု ညွှန်းပေးလိုက်ပါတယ် ...
ဒီကိုကလစ်ပီသွားပါဗျ ...
ဝက်ဆိုဒ်ကို ဖုန်းထဲမှာ apk နဲ့အသုံးပြုချင်ရင် ဒီမှာကလစ်ပါ ...
ဒီ Market လေးရဲ့ ထူးခြားချက်က ဆော့ဝဲလ်တစ်ခုကို
Updated ဗားရှင်းကနေ အရင်ထွက်ထားတဲ့ ဗားရှင်းအဟောင်းတွေကိုဖော်ပြထားတဲ့အတွက် မိမိဖုန်းဗားရှင်းနဲ့အဆင်ပြေရာကို ဒေါင်းယူနိုင်ပါတယ်ဗျ ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Korea ဖုန်းများ ဘာမှမသုံးရဘဲနှင့် အလိုလိုနေရင်း ငွေကုန်နေသူများအတွက်
Korea ပြည်တွင်းသုံး Samsung တွေ မြန်မာနိုင်ငံမှာသုံးရင် internet မဖွင့်ပဲ ပိုက်ဆံအလိုလိုစားနေတာကို ဖြေရှင်းဖို့ပါ။
Dial pad မှာ 319712358 ကို နှိပ်ပေးပါ ...
password တောင်းရင် -
SKT--- 996412 KT----774632 LG U 0821
တစ်ခုခုနှိပ်လိုက်ပါ ...
network mode မှာ မြန်မာက network operator ကို ပြောင်းပေးပါ (e.g: MM900 )
# I don't testing. #
credit to Come On! Mobile
အကြောင်းအရာ :
Android နည်းပညာ
Wednesday, March 26, 2014
သီချင်းဖိုင် Mp3 ဖိုင်တွေ ဖြတ်နိုင် ၊ ပြန်ပေါင်းနိုင်တဲ့ Apk [Mp3 Cutter & Merger]
မင်္ဂလာပါဗျ ...
သင်္ကြန်အတွက် music သီချင်းတွေကို အလမ်းဆုံးကလိနိုင်မယ့် apk အလမ်းလေးတွေ ကျွန်တော် လက်ဆောင်ပေးမယ်ဗျ ...
သီချင်းဖိုင်တွေကို မိမိကြိုက်တဲ့ အပိုင်းလေးတွေကို ဖြတ်ဖို့ (cutting)နဲ့ ဖြတ်ထားတဲ့အပိုင်းလေးတွေကို တစ်ဖိုင်တည်းဖြစ်အောင်ပြန်ပေါင်းဖို့ (Merger)လုပ်နိုင်တဲ့ ဆော့ဝဲလ်အလမ်းလေးတွေပါ ...
သီချင်းဖိုင်အများကြီးကိုလည်း တစ်ပုဒ်တည်းဖြစ်အောင်လည်း NonStop ပြုလုပ်နိုင်ပါတယ် ...
အရမ်းလမ်းတယ်ဗျ ... လမ်းတာမှ နိုင်း (၉) လောက်ရှိတယ်ဂျ ....

Monday, March 24, 2014
Klyph Pro V.1.2.6 For Facebook [Android]
Facebook သုံးတဲ့ ဆော့ဝဲလ်ပါ ...
လိုင်းမကောင်းတဲ့အချိန်တွေမှာတောင် Facebook ကို မြန်မြန်ဆန်ဆန်အသုံးပြုနိုင်ပါတယ် ...
Pro Version Latest လေးပါ ... [Android 4.0 +] (3.65 MB)
အလိုရှိသူများ ဒီမှာဒေါင်းပါ ....
အဆင်ပြေပါစေဗျ ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Wifi talkie.apk (free call, free message & file sharing) [FOR ANDROID]
File Sharing လုပ်ဖို့အတွက် Zapya ကိုတော့ လူတိုင်းအသုံးပြုကြပါတယ် ... နောက်ပိုင်းထွက်တဲ့ Zapya ဗားရှင်းတွေမှာ ဖုန်းတိုင်းနဲ့အဆင်မပြေပါဘူးဗျ ... [Zapya (US) မှာအဖြစ်များပါတယ် ...]
ပို့နေရင်း error တက်တာတို့ ... Data On လိုက်ရင် Wifi ပွင့်လာတာတို့ ... အခြား Problem လေး တွေရှိပါတယ် ...
အဲ့အတွက် Wifi Talkie ဆိုတဲ့ ဆော့ဝဲလ်လေးနဲ့မိတ်ဆက်ပေးမယ်ဗျ ... Wifi Talki ဆော့ဝဲလ်ကလည်း Zapya လိုပဲ Wifi ချိတ်ပီး File Sharing ပြုလုပ်နိုင်ပါတယ် ... [မှတ်ချက် - Zapya လိုဘဲ အသုံးပြုလိုတဲ့ ဖုန်းနှစ်လုံးမှာ ဒီဆော့ဝဲလ်ရှိရပါမယ် ...]

Wifi ချိတ်ပီး Internet မလို ဖုန်းခေါ်နိုင်၊
မက်ဆေ့ခ်ျပို့နိုင်၊ ဖိုင်/ဖိုဒါတွေ apk တွေ ပို့နိုင်မှာဖြစ်ပါတယ် ...
" Wi-Fi Talkie is an application for voice chatting, file transferring and messaging within your local Wi-Fi netword. The application doesn't need the Internet or a cellular network connetion. "
အကြောင်းအရာ :
Android ဆော့ဝဲလ်
Apks & Games တွေ Install လုပ်ရင် Out of Space ပြသာနာ
မင်္ဂလာပါဗျ ...
အခုရက်ပိုင်း လိုင်းတွေကျနေလို့ ကျွန်တော်ဘဘော့ထဲမှာ နည်းပညာနဲ့ ပတ်သက်တာတွေပဲ တင်ဖြစ်တာ များပါတယ် ... အခုလည်း ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာလေးတစ်ခုရေးပါမယ် ... သင်တို့ရဲ့ဖုန်းမှာ Apks & Games တွေ အရင်တုန်းကသွင်းလို့ရပီ နောက်ပိုင်းပြန်သုံးချင်လို့ Install လုပ်ရင် Out of Space ဆိုပီ ပေါ်တဲ့ပြသာနာလေးပါ ...
သင့်ဖုန်းမှာ မန်မိုရီလည်း အများကြီးကျန်သေးတယ်။ Install လုပ်ရင် Out of Space ဆိုပီပေါ်တယ် .... အဲ့ဒါဘာကြောင့်လည်း?
Rooted လုပ်ပီးသားစက်တွေမှာ ဖြစ်ပါတယ် ... အဲ့လိုဖြစ်ရတဲ့အကြောင်းက Apks & Games တွေကို Lucky Patcher နဲ့ Patched လုပ်ပီး အသုံးပြုထားတဲ့စက်တွေမှာ အဖြစ်များပါတယ် ...
မသိသေးတဲ့သူများအတွက် အောက်မှာ Apks & Games တွေကို Lucky Patcher နဲ့ Patch ထည့်တာက အစ Install လုပ်ရင် Odex ဖိုင်ရှိနေလို့ Out of Space ဖြစ်ရတဲ့အကြောင်း စတဲ့အသေးစိတ်ကို ရေးပြ ထားပါတယ် ...
ဒီနည်းလမ်းက ကျွန်တော်ကိုယ်တိုင် ရှာဖွေ/ စမ်းသပ်/ ကလိရင်းတွေ့လို့ ပြန်ရှယ်ပေးခြင်းပါ ...
မည်သူတစ်ဦးတစ်ယောက်ရဲ့ပို့စ်ကိုမှ ကူးယူဖော်ပြခြင်းမဟုတ်ပါခင်ဗျာ ...

Viber ကနေ code ပြန်မပို့ရင်
နောက်ပိုင်းထွက်တဲ့ Viber ဆော့ဝဲလ်တွေကို မိမိဖုန်းနံပါတ်နဲ့ Activate လုပ်ရင် Code တောင်းရပါတယ် ... သင့်ဖုန်းကို Viber ကနေ Code မက်ဆေ့စ်ပြန်မပို့လို့ရှိရင် ဒီလိုလေးဖြေရှင်းနိုင်ပါတယ် ... လွယ်ပါတယ် ...
Auto Code ဖြည့်ပေးတဲ့ Viber နဲ့ သင့်ဖုန်းနံပါတ်ကို အရင် Activate လုပ်ပေးပါ ...
Auto Code ဖြည့်ပေးတဲ့ Viber လိုရင် ဒီမှာယူပါဗျ ... mpxteam က ကိုနေနိုင်ရဲ့ upload link ပါ ...
ပီရင် နောက်ဆုံးထွက် Viber ကို Install လုပ်ပါမယ် ...
သင့်ဖုန်းမှာ Viber ရှိပီးသားဖြစ်သဖြင့် Replace တောင်းပါမယ် ... Ok ပေးပီ Install လုပ်ပါ ...
ဒါဆိုရင်တော့ Activate လုပ်ပီသား Viber update နဲ့ သင့်ဖုန်းမှာ အသုံးပြုနိုင်ပါပီခင်ဗျာ ...
အခုနောက်ဆုံးထွက် Viber 4.3.0.705 က Auto Code ဖြည့်ပေးပါတယ် ...
အဆင်ပြေပါစေဗျ ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Wednesday, March 12, 2014
Android မှာ မိမိလက်ရေးနဲ့ စာရိုက်နိုင်မယ့် Sanmyanmar Keyboard
မင်္ဂလာပါဗျ ...
Root လုပ်ပီ စက်ရုပ်ဖုန်းတွေမှာ စာလုံးတွေကိုလက်ကွက်နဲ့မရိုက်ဘဲ လက်ရေးနဲ့ရိုက်နိုင်မယ့် ကီးဘုတ် လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် ... Sanmyanmar Keyboard ဆော့ဝဲလ်လေးပါ ... ကီးဘုတ်လေး ကိုအသုံးပြုမယ်ဆိုရင် Sanpya.ttf {HTC ဖောင့်လေးပါ ...}ဖောင့်လေးပါ လိုပါမယ် ...
Root လုပ်ပီ စက်ရုပ်ဖုန်းတွေမှာ စာလုံးတွေကိုလက်ကွက်နဲ့မရိုက်ဘဲ လက်ရေးနဲ့ရိုက်နိုင်မယ့် ကီးဘုတ် လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် ... Sanmyanmar Keyboard ဆော့ဝဲလ်လေးပါ ... ကီးဘုတ်လေး ကိုအသုံးပြုမယ်ဆိုရင် Sanpya.ttf {HTC ဖောင့်လေးပါ ...}ဖောင့်လေးပါ လိုပါမယ် ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Tuesday, March 11, 2014
Root APK များစုစည်းခြင်း
မင်္ဂလာပါ ...
စက်ရုပ်ကို Root ဖို့ ကွန်ပျူတာမလိုဘဲ ဖုန်းထဲမှာပင် APK နဲ့ Root နိုင်ရန် ကျွန်တော်မှာရှိတဲ့ Root APK လေးတွေ ဒီပို့စ်မှာစုစည်းပေးထားပါတယ် ... နောက်အသစ်ထွက် Root APK များကိုလည်း ဒီပို့စ်မှာ ထပ်ဖြည့်ပေးသွားပါမယ် ...
1/ Vroot_RootMaster_1.0.5.1 [Android 2.0+] (1.31 MB)
2/ Pro Myanmar Root_1.3.6 [Android 2.2+] (2.65 MB)
3/ Framaroot-v1.9.1 [Android 1.5+] (1.03 MB)
4/ z4root_1.3.0 [Android 1.6+] (955.48 KB)
5/ Baidu Easy Root( En Version )_V2.3.7 [Android 2.2+] (3.14 MB)
6/ BaiduRoot V2.3.4 [Android 2.2+] (3.22 MB)
7/ SuBoo ROOT Pro_2.1 [Android 2.1+] (1.80 MB)
8. 360超级ROOT_1.1 (1.66 MB) New
Root APK တွေကို Developed လုပ်ထားတဲ့ အကိုများကိုလည်း ဒီပို့စ်ကနေ Credit ပေးပါတယ်ဗျ ...
လင့်များအားလုံး ကျွန်တော့်ကိုယ်ပိုင်လင့်တွေပါဗျ ...
Root ဖောက်ပီးဖုန်းများ APK နဲ့ မြန်မာစာသွင်းချင်တယ်ဆိုရင်လည်း ဒီကိုကလစ်ပါ ...
အဲ့လင့်ထဲမယ် မြန်မာစာပြောင်းတဲ့ APK တွေစုစည်းပေးထားပါတယ် ...
အဆင်ပြေကြပါစေဗျ ...
အကြောင်းအရာ :
Android ဆော့ဝဲလ်
Friday, February 28, 2014
WinRAR ဖြင့် ဖိုင် ချုံ့/ဖြည်ခြင်း၊ part-1-2 စသဖြင့်အပိုင်းများခွဲပီး ချုံ့/ဖြည်ခြင်း
ကျွန်တော် မေးလ်ကို မေးလာတဲ့သူရှိလို့ ဒီပို့စ်လေးရေးလိုက်ပါတယ် ... အခြားမသိသေးတဲ့ညီအကိုများ လည်း သိနိုင်ရန်အတွက်ပါ ... ဗဟုသုတပေါ့ဗျာ ...
WinRaR ဖြင့် ဖိုင်တွေ ချုံ့/ဖြည်ခြင်းနဲ့ part (1-2-3-4- ....)စသဖြင့် အပိုင်းများခွဲပီး .rar ဖိုင်ပြုလုပ်ခြင်းကို ရှင်းပြပါမယ်ဗျ ...
WinRar ကတော့ အားလုံးသိကြမှာပါ ... ဖိုင်တွေဆော့ဝဲလ်တွေ Sharing လုပ်ကြတဲ့အခါမယ် Rar ဖြင့် ချုံ့ပီး Upload တင်ကာ Sharing လုပ်ကြပါတယ် ... ချုံ့ထားတဲ့ဖိုင်တွေကိုလည်း ဒီ WinRAR နဲ့ပဲ ဖြည်ကြ ရပါတယ်ဗျ ...
အကြောင်းအရာ :
နည်းပညာ
Subscribe to:
Posts (Atom)