Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, July 17, 2013

Iphone 5 ကြောင့် ဓာတ်လိုက်သေဆုံးရသော တရုတ်မလေးနှင့်နောက်ဆက်တွဲသတင်း


 Iphone 5 ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသောတရုတ်မလေး သတင်းကို တင်ပေးလိုက်ပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ်လူမှု ကွန်ယက်များကလည်း Apple ကုမ္ပဏီ အပေါ်အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။

သေဆုံးသွားသူ Ma Ailun သည် China Southern Airlines တွင်တာဝန်ထမ်းဆောင်နေသည့် လေယာဉ်မယ်တစ်ဦးဖြစ်ပြီး သတင်းများအရ မကြာမီလက်ထပ်မည့်သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
မင်္ဂလာကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေဆုံး ရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက် တွင်လည်း ဓာတ်လိုက်မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။

အဆိုပါဖြစ်ရပ်အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။

MMT

Ref & Credit: The Golden Fresh Land Daily Newspaper

Computer မှာ APK icon မြင်အောင်လုပ်နိုင်တဲ့အပြင် ကွန်ပျူတာမှ ဖုန်း SD သို့လဲ ကွန်ပျူတာကနေပီ တိုက်ရိုက် install လုပ်မယ်.....

မင်္ဂလာပါဗျ......ဒီနေ့တင်ပေးမယ့်ဟာလေးကတော့ Android ဆော့ဝဲလ်တွေနဲ့ game တွေကို
မိမိတို့ရဲ့ ကွန်ပျူတာမှာ ဖုန်းထဲကအတိုင်း icon တွေမြင်နိုင်အောင် ကျွန်တော်အခုတင်ပေးတဲ့
ဆော့ဝဲလ်လေးသွင်းထားလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်ဗျ......

ဒီဆော့ဝဲလ်လေးကိုတော့ အားလုံးသိပီးသားဖြစ်မှာပါ.....
ကျွန်တော်ဒီပို့စ်လေးကို တင်ပေးရတဲ့အကြောင်းက Muzhiwan ဆော့ဝဲလ်က china version မလို့ အဆင်မပြေဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်ဗျ....
သိပီသောသူများကျော်သွားလိုက်ပါဗျ.....

ဒီဆော့ဝဲလ်လေးကနေပီ မိမိတို့သွင်းလိုတဲ့ apk/game တွေကို internal memory (or) Sd card ထဲသို့ မိမိတို့စိတ်ကြိုက် တိုက်ရိုက် install လုပ်လို့ရပါတယ်.....[ကွန်ပျူတာမှာ ဖုန်း driver သွင်းထားရပါမယ်ဗျ...]
ဒီကောင်လေးက china version လေးမလို့ ကျွန်တော် အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်......

Android အတွက် မြန်မာကီးဘုတ်လေး(၂)ခု

ဒီနေ့တော့ စက်ရုပ်သမားများအတွက် မြန်မာကီးဘုတ်လေး (၂)ခု share လိုက်ပါတယ်.....
Frozen ကီးဘုတ်ကတော့ လူတောတောများသိပီးသားပါ...
အခုကျွန်တော်တင်ပေးတဲ့ ကီးဘုတ်နှစ်ခုကလဲ frozen ထက်တော့မညံ့ပါဘူးဗျ...

myankey v.1.2 (RC3) 'D ကောင်လေးကတော့ ကိုသူရိန် ဖန်တီးထားတာပါ.....
မြန်မာကီးဘုတ်

အဆင်ပြေကြပါစေဗျ......

Tuesday, July 16, 2013

U8825D B-972 အတွက် custom rom အလန်းလေး(11-7-2013)

မင်္ဂလာပါဗျ .....


U8825D ရဲ့ နောက်ဆုံး Version Build-972 အတွက် HTC Sense 5.0 style custom rom (version.4.0.4) လေးကို Share လိုက်ပါတယ်ဗျ.....(11-7-2013) ရက်နေ့ထွက်ပါ.....ဖိုင်ဆိုဒ်က (295 MB)ရှိပါတယ်ခင်ဗျာ ...

မူရင်းလင့်ကိုတင်ပေးထားပါတယ်.....ကျွန်တော် အခု ဒီ custom rom လေးတင်ထားပါတယ်....
လန်းမလန်းကတော့ ကျွန်တော်တင်ပေးထားတဲ့ပုံလေးတွေကိုကြည့်လိုက်ကြပါဗျ...error မရှိပါဘူးခင်ဗျာ.....ကျွန်တော်စမ်းသပ်ပီမှ Share လိုက်တာပါ.....[No Error] (100% OK)

Samsung S5830 / B / C / D / I / L / M / T / V / Z / S 5839I Galaxy Ace Firmwares link

Samsung S5830 / B / C / D / I / L / M / T / V / Z / S5839I Galaxy Ace Firmwares ဆိုဒ်ကိုတင်ပေးလိုက်ပါတယ်....မိမိဖုန်းနှင့် သက်ဆိုင်တဲ့ firmware ကို ကလစ်ပီဒေါင်းနိုင်ပါတယ်....

Firmware တင်နည်းကို  myanmarmobileapp.com မှာကြည့်နိုင်ပါတယ်....credit to that naing soe (mmas)


အားလုံးအဆင်ပြေပါစေဗျ...





china tablet တွေနဲ. china phone တွေအတွက် firmware အစုံလင်ဆုံး နေရာလေးပါ...

china tablet တွေနဲ. china phone တွေအတွက် firmware အစုံလင်ဆုံး နေရာလေးပါ။

အခုနောက်ပိုင်းထွက်ရှိလာတဲ့ china tablet နဲ့ ဖုန်းတွေဟာဈေးနှုန်းလဲသက်သာပီ version မှာလည်း 4.0 အထက်တွေထုတ်လုပ်လာကြပါတယ်....china tablet နဲ့ ဖုန်းတွေက နံမည်မျိုးစုံ၊ Brand မျိုးစုံဆိုတော့  root လုပ်ဖို့တို့ firmware တင်ဖို့တို့အတွက် ရှာဖွေရတာ ခေါင်းစားကြရပါတယ်....

အဓိကက frimware ကျလို့ firmware ရှာရတဲ့အခက်အခဲက မသေးလှပါဘူး.....
အခု ကျွန်တော်ပေးတဲ့ link လေးမှာရှာကြည့်ပါဗျ......အားလုံးအဆင်ပြေသွားပါလိမ့်မယ်...

ဒီလင့်လေးပါဗျ.......

english language နဲ. ဖတ်ရှုနိုင်မှာဖြစ်ပါတယ်.....သွားရောက်လေ့လာကြည့်နိုင်ပါတယ်ဗျ.......

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ....




CWM ကို Apk နဲ့ အလွယ်သွင်းမယ် ....

အရင်ဆုံးမိမိဖုန်းနဲု့ ဆိုင်တဲ့  cwm တွေကို

ဒီမှာကြည့်ပါ >>>  myanmarmobileapp.com<< (credit: thet naing soe)

မိမိဖုန်းနဲ့ ဆိုင်တဲ့ cwm ရရင် zip ဖြည်ပီး  recovery.img ကိုရှာပါ.......
ဖြည်လို့ရလာတဲ့ ဖိုင်ထဲကနေ recovery.img ကို copy လုပ်ပီး sd card ရဲ့ external storage မှာ past ပါ ......(မှတ်ချက်..recovery.img ကတခြား name ဆို recovery.img ပြန်ပြောင်းလိုက်ပါ)

Jailbreaking ဆိုတာဘာလဲ? What is jailbreaking?

Jailbreaking ဆိုတာဘာလဲ?
What is jailbreaking?
{သိစေချင်လို့ပါဗျ}

Apple ရဲ့ IOS က Unix ပေါ်မှာအခြေခံထားတဲ့ Operating System တစ်ခုဖြစ်ပါသည်။Jailbreaking ဆိုတာက Apple ရဲ့ IOS ကို root access တစ်နည်းအားဖြင့် Administrator ခွင့်ပြုချက်ရအောင် လုပ်တာကိုဆိုလိုပါတယ်။Jailbreaking ကခွင့်ပြုချက်မရသော application(Cydia=3rd party application,tweaks,extensions အစရှိတဲ့ Apple app store မှာမရရှိနိုင်သော apps များရရှိနိုင်သော app) ကဲသို့သော application များကိုသွင်းနိုင်ပါတယ်။Jailbreaking သည်သင်၏ Apple Device ကို apple ရဲ့ကန့်သတ်ချက်များကိုဖယ်ရှား၍ သင်အလိုရှိသော App များကိုသွင်းနိုင်မှာဖြစ်ပါတယ်။Jailbreaking သည် crack app များကိုဖောဖောသီသီသွင်းနိုင်မည်ဖြစ်သည်။ Jailbreaking တွင် Tethered jailbreak နှင့် Untethered jailbreak ဟူ၍နှစ်မျိုးရှိသည်......

Tethered Jailbreak

Tethered Jailbreak သည် Boot တက်ရန်အတွက် computer connection လိုအပ်ပေသည်။eg. သင်၏ IOS 4.2.1 ကို resn0w နဲု့ jailbreak လုပ်ထားလျှင် သင်၏ IOS boot တက်ရန်

What is Root? Root လုပ်သင့် မလုပ်သင့် (သိထားသင့်တယ်ထင်လို့ပါ)

ကျွန်တော် သည်အကြောင်းရာလေးကို တင်ပေးရတဲ့ ရည်ရွယ်ချက်က ROOT ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူများအတွက်နဲ့..root လုပ်လိုက်ခြင်းအတွက် ဘာအကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတာကို သိထားသင့်တယ်ထင်လို့ ဒီပို့စ်လေးရေးလိုက်ပါတယ်ဗျ.......

Root ဆိုတာ ဘာလဲ

Root လုပ်ထားပါက မမြင်တွေ့နိုင်တဲ့  System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင်  ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root  ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။  Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။

Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။  ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။

Move To SD ဖြင့်ရွှေ့မရတဲ့ apk, game တွေကို Link2SD နဲ့ရွေ့မယ်....

version 2.2 နှင့်အထက်ဖုန်းတွေမှာ ဖုန်းထဲကနေပီ SD card ကို ရွှေ့နိုင်တဲ့ function ပါလာပါတယ်ဗျ....
အခုကျွန်တော်ရေးမယ့်အကြောင်းအရာလေးကတော့ Dafult ပါတဲ့ Move To SD ဖြင့်ရွှေ့မရတဲ့ apk, game တွေကို အခုပေးတဲ့ဆော့ဝဲလ်လေးက အလွယ်တကူရွှေ့ပေးပါလိမ့်မယ်ဗျ.....

လိုအပ်မယ်ဆိုရင်တော့
ဒီမှာယူပါ......
Link2SD.apk


အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ....




အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget