Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, July 31, 2013

Box & Dropbox accounts 50 GB Free Upgrade [FOR ANDROID DEVICE]


Box & Dropbox အသုံးပြုကြတဲ့သူများ Free ပေးတဲ့ space နဲ့မလောက်လို့ စိတ်မညစ်ကြပါနဲ့ခင်ဗျာ......
50 GB Free ရအောင်လုပ်နည်းလေးလာပါပီဗျ......စက်ရုပ်တွေအတွက်နော်........
အခုနည်းတွေနဲ့ 50GB Free Upgrade ပြုလုပ်ဖို့က Android ဖုန်းနဲ့ မှရပါမယ်ခင်ဗျာ......
ပထမဆုံး လိုအပ်တာတွေကိုဒေါင်းပါဗျ....
Box account 50 GB Upgrade
Dropbox account 48 GB Upgrade

ပထမဆုံး Box Account ကို အရင်ပြောပါမယ်...
box account 50 GB Free zip ဖိုင်ကို zip ဖြည်ပါ.... box.apk နဲ့ Free 50 GB Box.com.apk နှစ်ခုကို ဖုန်းမှာ install လုပ်ပါ.....Free 50 GB Box.com.apk ကိုဖွင့်ပီ မိမိတို့ရဲ့ box account ကိုထည့်ပီ Upgrade to 50 GB ဆိုတာလေးနှိပ်ပါ....ခဏလောက်နေရင် you have successfully upgrade to 50GB Free ဆိုပီစာတမ်းလေးပေါ်လာရင်ရပါပီ.....back နဲ့ပြန်ထွက်ပါ.....မိမိရဲ့ mail ထဲကို 50 GB Free ရကြောင်း စာပို့ထားပါမယ်.....Box.apk ကိုဖွင့်ပီ မိမိတို့ရဲ့ Account ကိုဝင်ပီ setting ထဲကို ကြည့်လိုက်ပါ.....အံသြော်ဖွယ်ရာ 50 GB ဖြစ်နေတာကိုတွေ့ရပါမယ်ဗျ.....


အခု Dropbox Account ကိုပြောပါမယ်....  [Credit to: Soy Zay Ya] [Need to Root Access]
ဒီနည်းအတိုင်းလုပ်ဖို့အတွက်ဆိုရင် မိမိတို့ရဲ့ဖုန်းဟာ Root ထားရပါမယ်.....ပီရင် မိမိဖုန်းတွင် dropbox.apk သွင်းထားပီသားရှိပါက clear data, force stop and Unistall လုပ်ပစ်လိုက်ပါ... အောက်အဆင့်တွေလုပ်ပီမှာ install ပြန်လုပ်ပါ....install ပြန်လုပ်ဖို့အတွက်အောက်မှာ dropbox.apk အတွက်လင့်ပေးထားပါတယ်ခင်ဗျာ......ပထမဆုံးကျွန်တော်ပြောချင်တာက အခုနည်းဟာ မိမိတို့ရဲ့ Dropbox account ကို ဟက်တဲ့ပုံစံဖြစ်တာကြောင့် အကောင့်အသစ်ဖောက်ပီးစမ်းပါလို့ အကြံပြုချင်ပါတယ်.....

ကျွန်တော်ကတော့ ဖြစ်ချင်တာဖြစ်ဆိုပီ အနော်ရဲ့ account နဲ့ပဲ လုပ်လိုက်ပါတယ်........အခု 48 GB ရနေပါပီခင်ဗျာ......

အပေါ်မှာဒေါင်းထားတဲ့ Dropbox Account 48 GB Free zip ဖိုင်ကို zip ဖြည်လိုက်ရင် ဖိုင်သုံးဖိုင်ထွက်လာပါမယ်....

ဖိုင်သုံးဖိုင်ထဲက Dropbox.apk (287.69) နဲ့ DropboxOOBE.apk ဖိုင်နှစ်ခုကို System >> app ဖိုဒါထဲမှာ ထည့်ရပါမယ်....ပီရင် ဖိုင်နှစ်ခုလုံးကို rw-r-r- ဆိုပီ Permissions ပြောင်းပေးပါ......

ပီရင် ခုနက ဖိုင်တွေထဲက com.dropboxpartner.jar ဖိုင်လေးကို System >> framework ဖိုဒါထဲကိုထည့်ပေးရပါမယ်.....Permissions ကို rw-r-r- ပြောင်းပေးပါ.....

Dropbox.apk (5.59 MB) ကို ဒေါင်းပီ zip ဖြည်ကာ ပုံမှန်အတိုင်းပဲ install လုပ်ပါ.....
ဒါဆိုရင်တော့ ရပါပီ.....ဖုန်းကို restart ချလိုက်ပါ.....

ဖုန်းပြန်တက်လာရင် Dropbox.apk ကိုဖွင့်ပီ မိမိတို့ account နဲ့ပဲဖြစ်ဖြစ် အကောင့်အသစ်နဲပဲဖြစ်ဖြစ်ဝင်လိုက်ပါ....email ထဲကို 48 GB Free ရမည်ဖြစ်ကြောင်း mail ပို့ဖို့ကို ပုံမှန်ဆိုရင် ၁၀ မိနစ်လောက်ကြာပါတယ်....ကျွန်တော်လုပ်တုံးကတော့ ချက်ချင်းပြန်ပို့ပါတယ်.....

ဒီဆိုရင်တော့ မိမိတို့ရဲ့ Dropbox Account ဟာ 48 GB Free ရရှိသွားပါပီခင်ဗျာ....


ကျွန်တော်စမ်းပီးသားပုံလေးတွေလဲတင်ပေးထားပါတယ်.....
အပေါ်ကနည်းတွေဟာ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပီ 100% ok လို့ ပြန်တင်ပေးတာပါ.....

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ.......

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget