Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, July 12, 2013

Android မှာ game တွေကို မိမိတို့စိတ်ကြိုက် Hack ကြမယ် [FOR ROOT USER ONLY]


ဂိမ်းတွေမှာ ပိုက်ပိုက်တွေ hack တဲ့ ဆော့ဝဲလ်ကောင်းလေးပါဗျ....'D ဆော့ဝဲလ်လေးကတော့ တော်တော်များများဂိမ်းတွေကို hack နိုင်ပါတယ်ဗျ....ကျွန်တော်ဂိမ်းတော်တော်များများကို စမ်းသပ်ပီ အဆင်ပြေလို့ တင်ပေးလိုက်တာပါ....

အရင်ဦးဆုံး ဒီကောင်လေးကို ဒေါင်းလိုက်ပါ....

Thursday, July 11, 2013

Telenor ဆင်းကဒ်တစ်မိနစ် ဖုန်းခေါ်ခ ၂၅ ကျပ်၊ Ooredoo ဆင်းကဒ် တစ်မိနစ် ၄၅ ကျပ်ကျမည်


တင်ဒါအောင်ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့က ၎င်းတို့၏ ဝန်ဆောင်မှုပေးမည့် တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားများကို ဇူလိုင် လ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ကုမ္ပဏီနှစ်ခုလုံးက ဆင်းကတ် တစ်ကတ်လျှင် ၁၅၀၀ ကျပ် သတ်မှတ်လိုက်ပြီး တစ်မိနစ် ဖုန်းခေါ်ခများကို တယ်လီနောက ၂၅ ကျပ်နှင့်အော်ရီဒူးက ၄၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။ 

တင်ဒါအောင်ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

Samsung Galaxy SIII ပေါက်ကွဲပြီး (၁၈) နှစ်အရွယ် မိန်းကလေး ဒဏ်ရာရ


ဆဲလ်ဖုန်း ပေါက်ကွဲတယ် ဆိုတာ ရယ်စရာ တစ်ခု မဟုတ် ပါဘူး။ အခုလည်း Samsung Galaxy SIII ဟာ Fanny Schlatter အမည်ရှိ အသက် (၁၈) နှစ် အရွယ် မိန်းကလေးရဲ့ ဘောင်းဘီ ထဲမှာ ပေါက်ကွဲ ခဲ့ပါတယ်။ ပေါင်မှာတောင်ထိခိုက်မှုတော်တော်များတဲ့အတွက် ဟမ်းဆက်မှာ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။ အခုဆိုရင် ဖုန်းတွေဟာ ဘယ်နေရာမှာမဆိုပေါက်ကွဲနိုင်တယ်ဆိုတာ သတိထား မိကြမှာပါ။

အတိ အကျတော့ မသိရ သေးပေမယ့် မိန်းကလေးဟာ တခြားထိခိုက်မှုတွေ ထပ်မဖြစ်ဖို့အတွက် အရေပြား အပေါ်လွှာကိုဖြတ်ထုတ်ခဲ့ရပါတယ်။ ဒီပေါက်ကွဲမှုဟာ မိန်းကလေးအလုပ်ခွင်မှာ အလုပ်လုပ်နေတုန်း ဖြစ်ပြီး ဆွစ်ဇာလန်မှာရှိတဲ့ Samsung ကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိရဖို့ ကိုရီးယားကို ဖုန်း ပြန်ပို့ပြီး စစ်ဆေး မယ်လို့ ပြောခဲ့ပါတယ်။

Posted by: သက်နိုင်စိုး (MMAS)
Ref & Credit: credowave.com

Samsung Galaxy S4 ကို ဖုန်းအားသွင်းရာမှအပူလွန်ကဲပြီး မီးလောင်



ဖုန်းတွေ အပူရှိန်မြှင့်လာတာ ၊ အပူလွန်ကဲတတ်တာဟာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း အပူလွန်ကဲမှု အမြင့်ဆုံးဖြစ်သွားပြီဆိုရင်တော့ အသုံးပြုသူကို အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်လာပြီး စိုးရိမ်ရတဲ့ အနေအထားတစ်ရပ်ဖြစ်နေပါပြီ ။ UAE နိုင်ငံမှ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ယောက်ဟာ သူ့ရဲ့ Samsung Galaxy S4 ကို တစ်ညလုံးအားသွင်းထားလိုက်တာ ဖုန်းကအပူရှိန်လွန်ကဲပြီး မနက်မိုးလင်းတော့ ပုံမှာပြ ထားတဲ့အတိုင်း ဖုန်း USB အားသွင်းကြိုး ၊ ဖုန်းရဲ့ Charger ပေါက်နေရာနဲ့ ဖုန်းအောက်ခြမ်း တစ်ခုလုံး နီးပါး လုံးဝကိုမီးကျွမ်းသွားပါတယ်။ ဒီကိစ္စကို Samsung Showroom ကို ပြသခဲ့အခါ Samsung က Samsung Galaxy S4 တစ်လုံးနဲ့ပြန်လည် လဲလှယ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ Online မှာရော အပြင်မှာပါအတော်လေးပျံ့နှံ့နေပြီး ဝေဖန်သုံးသပ်သူတွေကလည်း “Samsung S3 ရဲ့ hardware ကိုယ်ထည်ပိုင်းထက်SamsungGalaxyS4ကဘာမှပိုထူးခြားမလာတဲ့အပြင် နောက်ဘက်ပလတ်စတစ်ခြမ်းက ပါးလွန်းလို့ သာမန်ဖုန်းပြောရာမှာတောင် ခဏနဲ့ပူလာတယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။ “နာမည်ကြီး Brand တစ်ခုအနေနဲ့ သူ့ရဲ့အသုံးပြုသူတွေကို ဒီပစ္စည်းသုံးစွဲတဲ့အတွက် ပစ္စည်းရဲ့ quality နဲ့စိတ်ချရမှုအပိုင်းကို အာမခံချက်အပြည့်အ၀ပေးနိုင်ဖို့လိုပါတယ်” လို့မိုဘိုင်းဖုန်းဆိုင်ရာလေ့လာ ဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Posted byး သက်နိုင်စိုး (MMAS)
Ref : SamMobile

Monday, July 08, 2013

Window 7 contact for Android (20-6-2013)

post-image


post-image

မိမိတို့ရဲ့ Dafult ပါတဲ့ ဖုန်း contact နဲ့ Dailer တွေကို ရိုးအီနေကြသူများ အမြင်ဆန်းလေးနဲ့ အသုံးပြုရတာလွယ်ကူပါတယ်....ဖိုင်ဆိုဒ်က 826.71 kb ပဲရှိတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်ပါတယ်ဗျ.....June 20 ရက်နေ့ကထွက်ထားတာလေးပါဗျ ....

Parking Challenges 3D For Android (6-7-2013)

post-image


post-image

'D ဂိမ်းလေးကတော့ Racing ဂိမ်းလေးပါ.......ကားပါကင်ထိုးတဲ့ဂိမ်းလေးပါဗျ....3D ဆိုတော့ ရုပ်ထွက်ကို ပြောစရာမလိုဘူးထင်ပါတယ်....အောက်မှာ screenshot လေးတွေကြည့်ပီ..... ကြိုက်ရင်တော့ အောက်မှာဒေါင်းနိုင်ပါတယ်.....

Battery Indicator Pro for Android (7-7-2013)

post-image


post-image


Battery Indicator Pro အသုံးပြုတဲ့ User များအတွက် July 7 ရက်နေ့ထွက် update လေးကို တင်ပေးလိုက်ပါတယ်ဗျ....ဒီကောင်လေးကတော့ မိမိတို့ဖုန်းရဲ့ battery percentage ကို Notification  bar မှာ ဖော်ပြပေးနိုင်ပါတယ်ဗျ....

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget