Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Saturday, July 27, 2013

ONLINE FREE CALL FROM FreePP.apk FOR ANDROID


အင်တာနက်သုံးပီ Free Call, Free SMS,MMS  ပြုလုပ်နိုင်တဲ့ဆော့ဝဲလ်ကောင်းလေးပါ.....
Viber ထက်လိုင်းပိုကောင်းတာကတော့ FreePP အသုံးပြုနေတဲ့ user များကသိပီသားဖြစ်မှာပါ.....
အခု version လေးက code တောင်းစရာမလိုပါ.....update လေးပါခင်ဗျာ....
Andorid Version 2.2 and up.......

Friday, July 26, 2013

Baidu Root Tool V.3.3.0 update



Baidu ဆိုတဲ့နံမည်လေးကိုတော့ကြားဖူးကြမယ်ထင်ပါတယ်.....Baidu ကနေပီ android ဖုန်းအတွက် ထုတ်ထားတဲ့ ဆော့ဝဲလ်တွေကအများကြီးပါ.....အခုဆော့ဝဲလ်လေးကတော့ Baidu RootTool 3.3.0 (15.74 MB)လေးပါ..... နောက်ဆုံးထွက်ထားတဲ့ update လေးပါဗျ......

Riptide GP2 Game for Android [46.23 MB]


ဒီနေ့တော့ Android အတွက် ဂိမ်းအလန်းလေး share လိုက်ပါတယ်ဗျ.....
ရေပေါ်မှာ မော်တော်ဘုတ်မောင်းပြိုင်ရမယ့်ဂိမ်းလေးပါဗျ.....Racing game အမျိုးအစားပါ.....

Android အားလုံးအတွက် Shortcut Key

စက်ရုပ်အားလုံးအတွက် Shortcut key လေးတစ်ခုပြောပြပါမယ်....
မသိသေးသူများအတွက် Share တာပါ....သိသူများကျော်သွားပါ......

မိမိတို့ရဲ့ဖုန်းမှာ ဆော့ဝဲလ်တစ်ခုကနေပီ အခြားနောက်ဆော့ဝဲလ်တစ်ခုကို
အလွယ်တကူ ကူးနိုင်တဲ့ Shortcut key လေးတစ်ခုပါ....

မြန်မာ့အင်တာနက် တစ်လနှေးမည်


မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခုဖြစ်သည့် ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက် အမြန်နှုန်းများ တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါက ဖိုင်ဘာ ဆက်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီတွင် ချို့ယွင်းခဲ့သဖြင့် အင်တာနက်နှင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ကုန်းတွင်း နယ်စပ် ဖြတ်ကျော် ဖိုင်ဘာ ဆက်ကြောင်း များသို့ ပြောင်းလဲ ချိတ်ဆက်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သည်။

Thursday, July 25, 2013

### Android Phone ကို ကွန်ပျူတာ Web Browser မှ Manage လုပ်ခြင်း ###

Android Phone ကိုင်တဲ့ user အားလုံး မိမိတို့ရဲ့ဖုန်းတွေကို ကွန်ပျူတာကနေပီ အပြည့်အ၀ manage လုပ်နိုင်မယ့် နည်းလမ်းလေး Share လိုက်ပါတယ်......

ဒီနည်းလေးအတိုင်းပြုလုပ်ဖို့အတွက်က မိမိတို့ရဲ့ဖုန်းမှာ AirDroid apk ကို install လုပ်ရန်လိုပီ ကွန်ပျူတာမှာ install လုပ်ရန်မလိုအပ်ပါ.....
နှစ်ဖက်လုံးမှာ intenet connection ရှိရပါမယ်ဗျ...
usb ကြိုးတပ်ထားပေးရန်မလိုပါ......
မိမိတို့ချိတ်ဆက်မည့်ဖုန်းသည် ဘယ်နေရာမှာပဲရှိရှိ ချိတ်ဆက်ပေးနိုင်ပါတယ်.....
မည်သည့် window နဲ့မဆိုအသုံးပြုနိုင်ပါတယ်....

Galaxy S4 v.1.6.1 custom rom for Huawei U8825D

### Huawei U8825D အတွက် Galaxy S4 Custom Rom ပါ... ###
(22-7-2013)ရက်နေ့ကထွက်ထားတာပါ.....Version 4.0.4 ပါ....


CWM ကနေတင်ရမှာပါ.....
custom rom တင်နည်းမသိသေးသူများက ဒီလင့်မှာ ကြည့်ပါဗျ.....

Wednesday, July 24, 2013

HTC Butterfly မှာ ဆော့ဝဲလ်မသုံးဘဲ Screenshot ဖမ်းနည်း.......


HTC Butterfly မှာ Screenshot ကို နည်းလမ်းသုံးမျိုးနဲ့ လုပ်လို့ရပါတယ်... ပထမနည်းက Power button နဲ့ volume down button ကို တစ်ပြိုင်တည်းနှိပ်ပီ နှစ်စကန့်လောက်ဖိထားရင်ရပါတယ်.....

ဒုတိယနည်းက Power button နဲ့ home button ကို တစ်ပြိုင်တည်းနှိပ်ပီး နှစ်စကန့်လောက် ဖိထားရင်ရပါတယ် .....

တတိယနည်းလမ်းကတော့ Motion နဲ့လုပ်နိုင်ပါတယ်.....Menu >> Setting >> Motion ကိုသွားပီ... Hand Motion ရဲ့အောက်မှာ Plam swipe to Capture ကို အမှန်ခြစ်ရွေးပါ....ပီရင်လက်ဖ၀ါးကို screen မှာတင်ပီ ညာမှ ဘယ်သို့ swipe လုပ်ပါ.... Screen ပေါ်မှာ အဖြူရောင်လိုင်းပေါ်လာပီ shutter အသံ ပေါ်လာရင် screenshot ဖမ်းပြီးပါပီ......

Ref: အင်တာနက်ဂျာနယ်

အဆင်ပြေကြပါစေဗျ..............
ကြိုးစားပါအုံးမည်.......

Tuesday, July 23, 2013

Dafult Ringtone change problem for Huawei all device (need root)

ကျွန်တော်အခုရေးမယ့်ပို့စ်လေးကတော့ Huawei Device တွေမှာ ကွန်ပျူတာနဲ့ ချိတ်ရင်ပဲဖြစ်ဖြစ်..... ဖုန်းကို ပါဝါပိတ်ပီ ပြန်ဖွင့်လိုက်ရင်ပဲဖြစ်ဖြစ်....မိမိပြောင်းထားတဲ့ Ringtone ကနေပီ Dafult Ringtone ပြောင်းသွားတဲ့ problem လေးကို Huawei ကိုင်ဆောင်တဲ့ User များကြုံဖူးကြမှာပါ.... အခု ဒီ problem လေးကိုဖြေရှင်းနည်းလေးပါဗျ.....

ဖိုရမ်ထဲမှာ Boot တက်ရင်မြည်တဲ့အသံကိုပြောင်းနည်းလေးဖတ်ဖူးပါတယ်.....Bootanimation sound ကိုပြောင်းလို့ရရင်....Ringtone ကိုလည်း မိမိကြိုက်တဲ့ ringtone တွေကို System Dafult အနေနဲ့ သွင်းလို့ရမှာပဲဆိုပီ ကျွန်တော် စမ်းသပ်ကြည့်တာအမှန်တကယ်ပြောင်းလို့ရပါတယ်ဗျ..... တစ်ခုသတိထား ရမှာက မိမိတို့ရဲ့ဖုန်းမှာ System storage နည်းနေရင်တော့ ringtone တွေအများကြီး မထည့်ပါနဲ့ဗျ..... စက်လေးသွားနိုင်ပါတယ်....မိမိပြောင်းချင်တဲ့ ringtone ကို 10 second/ 15 seconds လောက်ပဲ ထားပေါ့ဗျ......

လိုအပ်ချက်ကတော့ -
၁/ မိမိတို့ဖုန်းက Root လုပ်ထားရပါမယ်....
၂/ Format Factory လိုဆော့ဝဲရှိရပါမယ်....
၃/ Root Explorer

အပေါ်က (3)ခု ရှိပီဆိုရင်စမယ်ဗျ.......
ပထမဦးဆုံး မိမိတို့ပြောင်းချင်တဲ့ ringtone ကို format factory ဆော့ဝဲလ်နဲ့ .ogg format ပြောင်းပေးလိုက်ပါဗျ....[10 seconds, 15 seconds လောက်ပဲထားပါ....]

format ပြောင်းထားတဲ့ .ogg ဖိုင်ကို root explorer ကိုသုံးပီ system ဖိုင်ထဲကိုထည့်ပါမယ်..... root explorer ကိုဖွင့်ပီ မိမိခုနကပြောင်းထားတဲ့ ringtone.ogg ဖိုင်စီကိုသွားပီ copy ယူပါ..... ပီရင် back နဲ့ ပြန်သွားပီ.....
system >> media >> audio >> ringtone ထိ အဆင်ဆင့်သွားပါ...
အပ်ါမှာ Mount R/W ဖြစ်နေရင် R/O ပြောင်းပေးပီ ခုနက copy လုပ်ထားတဲ့ ringtone.ogg ဖိုင်ကို paste ချလိုက်ပါ.... Permissions ကို rw-r-r ပြောင်းပီရင်ဖုန်းကို restart ချလိုက်ပါ.....

ဖုန်းပြန်တက် လာရင်တော့ မိမိတို့ပြောင်းချင်တဲ့ ringtone လေးကိုပြောင်းလို့ရပါပီ......
ဒါဆိုရင်တော့ မိမိတို့ရဲ့ ဖုန်းဟာ ကွန်ပျူတာနဲ့ချိတ်ရင်ဖြစ်ဖြစ်....Restart ချရင်ပဲဖြစ်ဖြစ် Ringtone ဟာ မိမိတို့ ပြောင်းထားတဲ့ Ringtone လေးအတိုင်းပဲမပြောင်းတော့ပါဘူးခင်ဗျာ.....

Ringtone တင်မဟုတ်ပါ.....မိမိကြိုက်တဲ့ အသံတွေကို .ogg ပြောင်းပီ alarm, notification တွေမှာ ထည့်လို့ရပါတယ်ဗျ.....ui ဆိုတဲ့ ဖိုင်ထဲမှာတော့ system ရဲ့ လုပ်ဆောင်နိုင်တဲ့ အသံတွေပါ......ui ဖိုင်က အသံတွေကိုပြောင်းချင်ရင်တော့ မိမိပြောင်းမယ့်အသံဖိုင်ကို နဂိုဖိုင်ဆိုဒ်အတိုင်း... နဂိုဖိုင် name အတိုင်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်ဗျ....

ဥပမာ- Lock.ogg ဖိုင်ကို မိမိစိတ်ကြိုက်အသံနဲ့ပြောင်းချင်တယ်ဆိုရင် မိမိပြောင်းမယ့်အသံကို မူရင်း name အတိုင်း Lock.ogg လို့ပြောင်းပီ အသုံးပြုနိုင်ပါတယ်..... [original .ogg ဖိုင်တွေကိုတော့ backup ယူထားပါ....ပြန်အသုံးပြုချင်ရင်အဆင်ပြေအောင်ပါ.....]

Huawei User အားလုံးအဆင်ပြေကြပါစေဗျ......


Window phone တွေမှာ font ထည့်နည်း


Window phone အသုံးပြုတဲ့သူတွေအတွက် Windows Phone မှာ Font တွေထည့်သွင်းချင်တဲ့အခါ မိမိဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Windows Phone မှာသင်ထည့်သွင်းချင်တဲ့ Font ကိုထည့်သွင်းဖို့အတွက်ဆိုရင် အဆင့်ငါးဆင့်ပဲရှိမှာ ဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ Font ကို WindowsPhoneOS မှာထည့်သွင်းဖို့အတွက် ကွန်ပျူတာ ရှိဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာ ချိတ်ဆက်ပြီး ထည့်သွင်းရမှာဖြစ်တဲ့အတွက် ထည့်သွင်းဖို့ဆိုရင်အလွယ်တကူ ရှင်းလင်းစွာနဲ့ ထည့်သွင်း အသုံးပြုနိုင် မှာဖြစ်ပါတယ်။

WindowsPhone ထဲကို Font ထည့်သွင်းဖို့အတွက်ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။ အချက်တွေကို အောက်ပါအဆင့်အတိုင်းလုပ်ဆောင်ပေးပါကအလွယ်တကူနဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

၁။ သင့်ရဲ့ WindowsPhoneOSအ သုံးပြုထားတဲ့ Handset ကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကိုဖွင့်ပေးလိုက်ပါ။

၂။ သင့်PCအတွင်းမှာရှိတဲ့ C:\WindowsFonts ဆိုတဲ့လမ်းကြောင်းအတိုင်း FontsFolder ထဲကိုရောက် အောင်သွားရပါမယ်။

၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device Folder ကိုသင့် PC ထဲကနေ ဖွင့်ရမှာဖြစ်ပါတယ်။ Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ  အဆင့်အတိုင်း လုပ်ရပါမယ်။

၎။ ဒီအဆင့်ကတော့ WindowPhoneOS အသုံးပြုတဲ့Handsetအတွင်းမှာရှိတဲ့ FontFolder ကိုသွားရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့\Windows\Fonts\ ဖြစ်ပါတယ်။

၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီအဆင့်ကတော့ Windows  စနစ်အောက်က FontsFolder ရှိတဲ့ သင်ထည့်သွင်းချင်တဲ့ဖိုင်ကို MobileDeviceရဲ့Windows\Fonts\ အောက်ကိုသင်ထည့်သွင်းချင်တဲ့ Font ကို Move လုပ်ပေးလိုက်တယ်ဆိုရင် WindowsPhoneOS အသုံးပြုထားတဲ့ Handset ထဲကိုသင် ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။

ဒီအဆင့်တွေပြီးသွားပြီဆိုရင်တော့ WindowsPhoneOS ရဲ့MobileWords ထဲကိုသွားရပါမယ်။ပြီးရင်တော့
Menu >> Format >> Font ကိုသွားရပါမယ်။ dropbox မှာရှာကြည့်လိုက်တယ်ဆိုရင် သင်ထည့်သွင်း ထားတဲ့ Font ကိုအဲဒီအောက်က FontList မှာ တွေ့ရမှာဖြစ်ပါတယ်။

Ref : internet journal (www.myanmarinternetjournal.com)

ဆိုင်သူများကို credit ပေးပါတယ်...


အဆင်ပြေပါစေဗျ.....

Sunday, July 21, 2013

Call Recorder v.1.4.3 for android (19-07-2013)


ကျွန်တော်အခုတင်ပေးတဲ့ apk လေးကတော့ မိမိတို့ရဲ့ ဖုန်းမှာ အ၀င်/အထွက် call တွေကို အသံသွင်းချင်တဲ့ ကိုကို မမ များအတွက်  အသုံးဝင်မယ့် apk လေးပါ..... update လေးတွေ့လို့ Share လိုက်ပါတယ်ဗျ.....
အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget