Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, July 23, 2013

Dafult Ringtone change problem for Huawei all device (need root)

ကျွန်တော်အခုရေးမယ့်ပို့စ်လေးကတော့ Huawei Device တွေမှာ ကွန်ပျူတာနဲ့ ချိတ်ရင်ပဲဖြစ်ဖြစ်..... ဖုန်းကို ပါဝါပိတ်ပီ ပြန်ဖွင့်လိုက်ရင်ပဲဖြစ်ဖြစ်....မိမိပြောင်းထားတဲ့ Ringtone ကနေပီ Dafult Ringtone ပြောင်းသွားတဲ့ problem လေးကို Huawei ကိုင်ဆောင်တဲ့ User များကြုံဖူးကြမှာပါ.... အခု ဒီ problem လေးကိုဖြေရှင်းနည်းလေးပါဗျ.....

ဖိုရမ်ထဲမှာ Boot တက်ရင်မြည်တဲ့အသံကိုပြောင်းနည်းလေးဖတ်ဖူးပါတယ်.....Bootanimation sound ကိုပြောင်းလို့ရရင်....Ringtone ကိုလည်း မိမိကြိုက်တဲ့ ringtone တွေကို System Dafult အနေနဲ့ သွင်းလို့ရမှာပဲဆိုပီ ကျွန်တော် စမ်းသပ်ကြည့်တာအမှန်တကယ်ပြောင်းလို့ရပါတယ်ဗျ..... တစ်ခုသတိထား ရမှာက မိမိတို့ရဲ့ဖုန်းမှာ System storage နည်းနေရင်တော့ ringtone တွေအများကြီး မထည့်ပါနဲ့ဗျ..... စက်လေးသွားနိုင်ပါတယ်....မိမိပြောင်းချင်တဲ့ ringtone ကို 10 second/ 15 seconds လောက်ပဲ ထားပေါ့ဗျ......

လိုအပ်ချက်ကတော့ -
၁/ မိမိတို့ဖုန်းက Root လုပ်ထားရပါမယ်....
၂/ Format Factory လိုဆော့ဝဲရှိရပါမယ်....
၃/ Root Explorer

အပေါ်က (3)ခု ရှိပီဆိုရင်စမယ်ဗျ.......
ပထမဦးဆုံး မိမိတို့ပြောင်းချင်တဲ့ ringtone ကို format factory ဆော့ဝဲလ်နဲ့ .ogg format ပြောင်းပေးလိုက်ပါဗျ....[10 seconds, 15 seconds လောက်ပဲထားပါ....]

format ပြောင်းထားတဲ့ .ogg ဖိုင်ကို root explorer ကိုသုံးပီ system ဖိုင်ထဲကိုထည့်ပါမယ်..... root explorer ကိုဖွင့်ပီ မိမိခုနကပြောင်းထားတဲ့ ringtone.ogg ဖိုင်စီကိုသွားပီ copy ယူပါ..... ပီရင် back နဲ့ ပြန်သွားပီ.....
system >> media >> audio >> ringtone ထိ အဆင်ဆင့်သွားပါ...
အပ်ါမှာ Mount R/W ဖြစ်နေရင် R/O ပြောင်းပေးပီ ခုနက copy လုပ်ထားတဲ့ ringtone.ogg ဖိုင်ကို paste ချလိုက်ပါ.... Permissions ကို rw-r-r ပြောင်းပီရင်ဖုန်းကို restart ချလိုက်ပါ.....

ဖုန်းပြန်တက် လာရင်တော့ မိမိတို့ပြောင်းချင်တဲ့ ringtone လေးကိုပြောင်းလို့ရပါပီ......
ဒါဆိုရင်တော့ မိမိတို့ရဲ့ ဖုန်းဟာ ကွန်ပျူတာနဲ့ချိတ်ရင်ဖြစ်ဖြစ်....Restart ချရင်ပဲဖြစ်ဖြစ် Ringtone ဟာ မိမိတို့ ပြောင်းထားတဲ့ Ringtone လေးအတိုင်းပဲမပြောင်းတော့ပါဘူးခင်ဗျာ.....

Ringtone တင်မဟုတ်ပါ.....မိမိကြိုက်တဲ့ အသံတွေကို .ogg ပြောင်းပီ alarm, notification တွေမှာ ထည့်လို့ရပါတယ်ဗျ.....ui ဆိုတဲ့ ဖိုင်ထဲမှာတော့ system ရဲ့ လုပ်ဆောင်နိုင်တဲ့ အသံတွေပါ......ui ဖိုင်က အသံတွေကိုပြောင်းချင်ရင်တော့ မိမိပြောင်းမယ့်အသံဖိုင်ကို နဂိုဖိုင်ဆိုဒ်အတိုင်း... နဂိုဖိုင် name အတိုင်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်ဗျ....

ဥပမာ- Lock.ogg ဖိုင်ကို မိမိစိတ်ကြိုက်အသံနဲ့ပြောင်းချင်တယ်ဆိုရင် မိမိပြောင်းမယ့်အသံကို မူရင်း name အတိုင်း Lock.ogg လို့ပြောင်းပီ အသုံးပြုနိုင်ပါတယ်..... [original .ogg ဖိုင်တွေကိုတော့ backup ယူထားပါ....ပြန်အသုံးပြုချင်ရင်အဆင်ပြေအောင်ပါ.....]

Huawei User အားလုံးအဆင်ပြေကြပါစေဗျ......


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget