မင်္ဂလာပါဗျ ...
Android အတွက် နည်းပညာလေးတစ်ခုပါ ... ကျွန်တော်ဒီနည်းလေးကို အခုမှသိတာဆိုတော့ အသစ်ပေါ့ နော် .... ဒီနည်း ကို သိပီးသားသူများလည်းရှိကြမှာပါ ... သိပီးသားသူများကလည်း ကျွန်တော်ကိုခွင့်လွှတ် ကြပါအုံးဗျ ...
အခုနည်းပညာလေးကတော့ ဖုန်းပြောဖို့အတွက် သင့်မှာ Sim Card လိုင်းကဒ်ရှိစရာမလိုပါဘူး ... အတန် အသင့်ရှိတဲ့ Android ဖုန်းတစ်လုံး ရှိဖို့ပဲလိုပါတယ်
{အတန်အသင့်ဆိုပေမယ့် Android 2.2 + လောက်ရှိမှ အဆင်ပြေပါမယ် ... ဆော့ဝဲလ်နှစ်ခုလုံးက Android 2.2 + မှ သုံးလို့ရမှာမို့ပါဗျ ...} ... Wifi မိတဲ့ မည်သည့်နေရာကမဆို အခုနည်းလေးနဲ့ ဖုန်း Sim Card လိုင်းကဒ် မရှိဘဲ Viber နဲ့ ဖုန်းခေါ်နိုင်/လက်ခံနိုင်မှာဖြစ်ပါတယ်ဗျ ...
ဖုန်းလိုင်းကဒ်တွေ ဒီလောက်ပေါပေါများများချထားပေးတာ ဒီနည်းလမ်းဘာလုပ်ရမှာလည်းလို့ အပြစ် မပြောကြပါနဲ့အုံးဗျ .... ကျွန်တော်တို့ဘက်မှာဆိုရင် ခုချိန်ထိ ဖုန်းလိုင်းကဒ်မရသေးတဲ့သူတွေ အများကြီး ရှိပါတယ် ... တစ်ချို့ဆိုရင် ၁၅၀၀ိ/- ကဒ်မဲပေါက်မှ ဟန်းဆက်ဝယ်ပီးကိုင်ကြတဲ့သူတွေရှိသလို ... တစ်ချို့ သူများကတော့ မဲမပေါက်သေးပေမဲ့ တရုတ် ဟန်းဆက် Huawei တွေ ကြိုတင်ဝယ်ထားပြီးဟန်းဆက်ချည်း ပဲ ကိုင်နေတဲ့သူတွေရှိပါတယ်ဗျ ... {အပြင်ကနေ လိုင်းကဒ် ဈေးကြီးပေးပြီး မ၀ယ်နိုင်သေးတဲ့သူများ အတွက်} အဲ့လိုလူမျိုးတွေအတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးရှယ်လိုက် ပါတယ်ခင်ဗျာ ...
အခြားနိုင်ငံတစ်ခုရဲ့ ဖုန်းနံပါတ်ကိုယူ ... Viber ကို Activated လုပ်ပြီး အသုံးပြုမှာဖြစ်ပါတယ်ဗျ ...
{မှတ်ချက် - Wifi network မိနေဖို့လိုပါတယ် ...}