Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, July 03, 2013

09-402xxxxxx, 09-430xxxxxx, 09-440xxxxxx ဖုန်းနံပါတ်တွေအတွက် ringtone တောင်းတဲ့ဆော့ဝဲလ်

09-402xxxxxx
09-430xxxxxx
09-440xxxxxx  စတဲ့ ဖုန်းနံပါတ်တွေအတွက် ringtone တောင်းတဲ့ဆော့ဝဲလ်လေးပါဗျ ....

မိမိဖုန်းကို အခြားတစ်ဖက်ကခေါ်ရင် သီချင်းသံလေးတွေကြားရအောင်လို့ ringtone တောင်းတဲ့ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်ဗျ....

Tuesday, July 02, 2013

1500 တန် CDMA 800MHz ဖုန်းများ မြန်မာကျပ်ငွေဖြင့် Overseas Call ခေါ်ဆိုနိုင်ခဲ့ခြင်းမှာ Network Operator က မှားဖွင့်ခဲ့ခြင်းကြောင့် ဖြစ်


လွန်ခဲ့သော ရက်ပိုင်းများအတွင်းက 1500 တန် CDMA ဖုန်းများ မြန်မာကျပ်ငွေဖြင့် Overseas Call များ ခေါ်ဆိုနိုင်ခဲ့ခြင်းမှာ Network Operator က မှားဖွင့်ခဲ့ခြင်းကြောင့်ဟု Myanmar Telecommunication and Technology Services Co.,Ltd. ၏ Marketing Public Relation Manager ကိုသက်ဇင်မှ ပြောကြားခဲ့သည်။ ၎င်းမှ ဆက်လက်ပြောကြားရာတွင် “တစ်ရက်လောက် Overseas Call ကို မှားဖွင့်မိသွားတာပါ။ MEC ရဲ့ SEAGAME Promotion ဆိုတာ မဟုတ်ပါဘူး။ အဲ့လိုမှားပြီး ဖွင့်မိတုန်းက သိတဲ့သူတွေက မြန်မာကျပ်ငွေထည့်ပြီး ခေါ်ခဲ့ပါတယ်။ အခုတော့ ခေါ်လို့ မရတော့ပါဘူး။ CDMA 800MHz အတွက် FEC ၁၀ တန်၊ ၂၀ တန် ငွေဖြည့်ကတ်တွေ ဖြည့်ပြီးမှသာ ခေါ်ဆိုလို့ ရမှာ ဖြစ်ပါတယ်။ ခေါ်ဆိုခ နှုန်းထားတွေကတော့ အရင်အတိုင်းပါပဲ” ဟု ပြောကြားခဲ့သည်။

ကဒ်မချိုးရသေးတဲ့ ၁၅၀၀ တန် SIM Card ကို ကဒ်ချိုးစရာမလိုဘဲ ၁၅ ရက်ထက်ပိုပြီးခံအောင်ပြုလုပ်ပေးနေသည်ဟုဆို



ဒီနေ့ ညနေပိုင်းမှာ (OK 2000) စတိုးယာဉ်ထိန်းတဲ ဘေးနားက လျှပ်စစ်ပစ္စည်းဆိုင်မှာ(၁၉လမ်း – ၆၂ ထောင့်က ) ဆိုင်မှာ တွေ့ခဲ့တဲ့ MEC ဖုန်းကဒ်ကို စတင်ကဒ်ထုတ်ရက် (၂၁-၆-၂၀၁၃) ဖြစ်ပေမဲ့ …အက်တီဗိတ်ဖြစ်အောင် လုပ်ထားတာက (၁၆-၇- ၂၀၁၃) ထိကု (၃၀၀) ကျံ မက်ဆေ့ခ်ျဖက်ပြီးကဒ်မချိုးထားဘဲ ကဒ်ကို အက်တစ်ဖြစ်နေအောင် လုပ်တဲ့စက်လေး တွေ့ခဲ့တယ်…ဖုန်းသမားတွေ အတွက် မထူးဆန်းပေမဲ့ ကိုယ်လို အရည်ကျို ကားသမားအတွက် ထူးဆန်းတော့ တစ်ခြားမသိတဲ့ မန်ဘာတွေ လဲ သိချင်မလားလို့ တင်ပေးလိုက်တာပါ။ အက်တစ်ဖြစ်အောင် လုပ်ခက (၅၀၀) ပါတဲ့ ခင်ဗျာ။
(ချစ်ခြင်းများစွာဖြင့်)
အရည်ကြို
Ref & Credit: အရည်ကြို ၊ မန္တလေး သတင်းပုံရိပ်များ

မှတ်ချက် - MMAS မှ ကိုသက်နိုင်စိုးပို့စ်ကိုကူးယူဖော်ပြပါသည်။

ကျွန်တော်တို့မြန်မာလူမျိုးတွေ အထင်မသေးနဲ့နော်...အကုန်လုပ်တတ်ကြတယ်ဟီးဟီး....

Team Viewer [Coumputer PC & Android]ကွန်ပျူတာနှင့် ဖုန်းအတွက်....

post-image


post-image


ဒီနေ့တော့ Team Viewer ဆော့ဝဲလ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်......
ဒီကောင်လေးကိုတော့ လူတိုင်းသိကြမှာပါ....မသိသေးသူများလဲ ဒီဆော့ဝဲလ်လေးရဲ့ အသုံးဝင်ပုံလေးရှင်းပြချင်ပါတယ်ဗျ....D' ဆော့ဝဲလ်လေးသာ မိမိကွန်ပျူတာထဲမှာရှိရင် မည်သည့်ကွန်ပျူတာကိုမဆို ၀င်ရောက်မွှေနှောက်လို့ရပါတယ်ဗျ....ဆော့ဝဲလ်လေးကို သုံးပီ ကွန်ပျူတာ တစ်လုံးကနေ နောက်တစ်လုံးကို လှမ်းပီအသုံးပြုလို့ရပါတယ်ဗျ...ဥပမာဗျာ..သူများကွန်ပျူတာ တစ်ခုခုဖြစ်လို့ ကိုယ်ကို့အကူအညီလှမ်းတောင်းရင် 'D ဆော့ဝဲလ်လေးသုံးပီတော့ အဝေးကနေ control လုပ်နိုင်ပါတယ်ဗျ.....

တစ်ခုတော့ရှိတယ်ဗျ....နှစ်ဖက်စလုံးမှာ ဒီဆော့ဝဲလ်လေးရှိရပါမယ်.....နောက်ပီ Internet Connection ရှိဖို့လဲလိုပါတယ်ဗျ...

မူရင်းလင့်  မှာလေ့လာကြည့်ပါဗျ......

Next Launcher v1.38build69.apk (5.87 MB) (July 1 ရက်နေ့ထွက် update) လေးပါ

post-image

Next Launcher ကို အသုံးပြုတဲ့ user များအတွက် July 1 ရက်နေ့ထွက် update လေးတင်ပေးလိုက်ပါတယ်......ဒီ Launcher လေးကိုသုံးဖို့ဆိုရင်တော့ Android 2.2 နှင့်အထက် ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်......



အသေးစိတ်ကိုတော့ Play Store လင့်လေးမှာ လေ့လာလိုက်ပါဗျ.....


ဒီမှာလဲဒေါင်းနိုင်ပါတယ်ဗျ......
Next Launcher v1.38build69.apk

အဆင်ပြေပါစေဗျ......




Google ကြီးရဲ့ Play Store ကို ကျော်/ခွ ပီဝင်ကြည့်မယ်.... (For Root User Only)

Google ကြီးရဲ့ Play Store ကို ကျော်/ခွ ပီဝင်ကြည့်မယ်.... (For Root User Only)

post-image

ဒီနည်းလမ်းလေးကို ပြုလုပ်ဖို့ဆိုရင် တော့ မိမိဖုန်းမှာ Root Access ရှိရပါမယ်ဗျ.....
အားလုံးအဆင်ပြေစေရန်အတွက် အဆင့်ဆင့်ပြုလုပ်နည်းကို ပုံတွေနဲ့ တင်ပေးထား ပါတယ်ဗျ.... ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ....သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ....

D' နည်းလမ်းလေးကတော့ မြန်မာနိုင်ငံက play store ကို ၀င်လို့မရခင်က အသုံးပြုခဲ့တဲ့နည်းလမ်းလေးပါ.....play store ကို ၀င်တဲ့နည်းတွေ အများကြီးရှိပါတယ်..... ဒီနည်းလမ်းလေးကလဲ ရိုးရှင်းပီ အဆင်ပြေပါတယ်....ကျွန်တော်အခု ဒီနည်းလေးကို ပြန်တင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ရဲ့ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊
ဒေါင်းလုပ်ဆွဲချင်ရင်ဘဲဖြစ်ဖြစ် Market ကို အသုံးပြုရပါတယ်.....အချို့ ဆော့ဝဲလ်တွေကို upgrade လုပ်ရင် Market တောင်းပါတယ်.....မိမိ upgrade လုပ်မယ့် ဆော့ဝဲလ်ကို play store market မှာ မြန်မာနိုင်ငံက ၀င်မရတဲ့ ဆော့ဝဲတွေရှိပါတယ်...This item isn't available in your country. ပြနေပါလိမ့်မယ်ဗျ..

လိုချင်တဲ့အခါကျတော့ play store ကို ကျော်ရပြန်ပါတယ်.....အဲဒီ့အခါမှာ အဆင်ပြေအောင်လို့ ဒီနည်းလေးကို ပြန် Share ပေးလိုက်ပါတယ်ဗျ..

သိပီသူများ Sorry ပါဗျ......မသိသေးသူများအတွက် ရည်ရွယ်ပါတယ်.....

ကဲလိုအပ်ချက်ကတော့ -

Facebook, G-talk, Yahoo,....etc စသည့် အကောင့်အားလုံးကို eBuddy.apk သုံးပီဖွင့်မယ်...



D' ကောင်လေးကတော့ Facebook, Yahoo!, MySpace, Gtalk (Orkut), ICQ, AIM (AOL) and Hyves စတဲ့ အကောင့်တွေကို apk တစ်ခုတည်းနဲ့ အဆင်ပြေပြေအသုံးပြုနိုင်ပါလိမ့်မယ်ဗျ....
အထူးသဖြင့် Huawei ဖုန်းအချို့မှာ Official Google service မပါပါဘူး....အဲဒီ့အတွက် 'D ကောင်လေးကိုသုံးရင် G-talk ကို အဆင်ပြေစွာအသုံးပြုနိုင်ပါလိမ့်မယ်ဗျ...စသုံးမယ်ဆိုရင် eBuddy အကောင့်ဖွင့်ပေးရပါမယ်ဗျ.....

Android ဖုန်းထဲကနေပီ facebook အသုံးပြုတဲ့ user များအတွက် facebook ဆော့ဝဲလ်များ

Fast For Facebook (Beta) (may 20, 2013)


'D ဆော့ဝဲလ်လေးကတော့ facebook ကို မိမိတို့ရဲ့ဖုန်းကနေပီ အလျင်မြန်ဆုံးနဲ့ ၀င်ရောက်အသုံးပြုနိုင်ပါတယ်......


အသေးစိတ်ကိုတော့ Google Play Store လင့် မှာလေ့လာလိုက်ပါဗျ....

Monday, July 01, 2013

ဘလော့ဂါသမားများအတွက် ဖုန်းထဲကပို့စ်ရေးတင်နိုင်မယ့် blogger.v.2.1.apk

ဘလော့ဂါသမားများအတွက် ဖုန်းထဲကပို့စ်ရေးတင်နိုင်မယ့် blogger.v.2.1.apk
ကိုယ်ပိုင် ဘလော့ထောင်ထားတဲ့သူများ ဖုန်းထဲကနေပီ ပို့စ်တွေရေးတင်နိုင်တဲ့ apk လေးပါခင်ဗျာ.....အခုတင်တဲ့ blogger.apk ပို့စ်ကိုလဲ ဒီ apk နဲ့တင်ထားတာပါဗျ.....
blogger.apk လေးကို လိုချင်တဲ့သူများ ဒီမှာဒေါင်းပါဗျ....

Download here.....
blogger.v.2.1.apk (3.1 MB)


အဆင်ပြေပါစေဗျ....

Android အတွက် ဘက်စုံသုံး ZDbox (Root Task Killer)

ZDbox v.3.9.296 (Root Task Killer) for Android


မင်္ဂလာပါခင်ဗျာ....ဒီနေ့တော့ စက်ရုပ်သမားများအတွက် ဆော့ဝဲလ်ကောင်းလေးတစ်ခု မိတ်ဆက်ပေး ချင်ပါတယ်.......ZD Box ဆိုတဲ့ ဆော့ဝဲလ်လေးပါဗျ...update လေးပါဗျ....ဒီ application လေးက all in one လို့ဆိုရလောက် တစ်ခုတည်းနဲ့ ပြည်စုံပါတယ်...ဘာတွေပါလဲဆိုရင် Battery Saver, Mobile data traffic, App Lcok, Task Killer, Uninstaller, App To SD, System Cleaner စတဲ့ function တွေတော်တော်လေးစုံတဲ့ apk လေးပါဗျ....

Sunday, June 30, 2013

Google ကနေငွေလွှဲပြောင်းနိုင်ပြီ

Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။


သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့်

3D Mini Golf Challenge (39 MB) for Android


ဂေါက်ရိုက်ဂိမ်းလေးပါ.....3D ဂိမ်းလေးဆိုတော့ ရုပ်ထွက်ကတော့ပြောစရာမလိုပါဘူး.....
screenshot လေးတွေကြည့်ပါ....




Test your mini golf skills!!!

        Fore! Test your mini golf skills to see just how many hole-in-ones, pars, or birdies you can get in 3D Mini Golf Challenge.

        Play the best casual sports game in amazing 3D graphics. Play 4 different challenge types with 100 unique tracks in the original 3D Mini Golf Challenge.

        Now you can also play on Sonyericsson Xperia Play.

        3D MINI GOLF CHALLENGE:

Smart Tools for Android




စက်ရုပ်အတွက် အသုံးဝင် Smart Tools လေးပါ.......
ပါဝင်တဲ့ features တွေကတော့ ---

Measure length, angle, distance, height, direction and sound with your phone.
Smart Tools is a complete package of 5 app sets. It includes 5 Pro sets for a total of 15 tools. In a word, All-in-One.

Set 1: Length, Angle, Slope, Level, Thread - Smart Ruler Pro
Set 2: Distance, Height, Width, Area - Smart Measure Pro
Set 3: Compass, Metal detector, GPS - Smart Compass Pro
Set 4: Sound level meter, Vibrometer - Sound Meter Pro
Set 5: Flashlight - Smart Light Pro

Play Store Link လေးမှာလဲ လေ့လာလို့ရပါတယ်.....



PES-2012-Pro-Evolution-Soccer-v1.0.5 (game + data) for Android


ဘောလုံးဝါသနာပါတဲ့သူငယ်ချင်များအတွက် PES 2012 ဂိမ်းလေးတင်ပေးလိုက်ပါတယ်......apk အတွက်ရော data ရော အတွက်ရော လင့်တွေပေးထားပါတယ်ဗျ....apk ကိုဒေါင်းပီ data ဖိုင်ကို ဘယ်မှာရှာရမှန်း မဖြစ်ရအောင်လို့  data လင့်တွေပါတင်ပေးလိုက်ပါတယ်......ဒေါင်းလို့ရတဲ့ apk ကတော့ install လုပ်ပီ done ကိုနှိပ်ပီထွက်ပါ....data ဖိုင်ကို zip ဖြည်ပီ sd card >> Android >> data ဖိုင်ထဲမှာ ဒေါင်းလို့ရတဲ့ ဖိုင်ကို paste ချလိုက်ရင်ရပါပီဗျ....အခုဆိုရင် apk ကိုဖွင့်ပီ play လို့ရပါပီခင်ဗျာ...




Blackmart Marketv.0.99.2.42 (2.12 MB) For Android

'D market လေးကတော့ အခြား market တွေနဲ့မတူဘူးဗျ......တစ်ခြား market မှာ ပိုက်ပိုက်ပေးဝယ်ရတဲ့ apk နဲ့ game တွေကို free ဒေါင်းလို့ရပါတယ်ဗျ...

မိမိဒေါင်းချင်တဲ့ apk (or) game ကို search box တွင် ရိုက်ပီရှာပါ....ပေါ်လာရင် ဒေါင်းလုပ်ဆွဲကြည့်ပါ....အမှန်တကယ်ကို free ဆွဲလို့ရပါတယ်.....
screenshot လေးတင်ထားပါတယ်.... ကျွန်တော် ပိုက်ဆံနဲ့ပြထားတဲ့ root explorer လေးကို ဒေါင်းလုပ်ဆွဲနေတဲ့ ပုံလေးကို တင်ပေးထားပါတယ်ဗျ...




1500 တန် internet setting ထည့်နည်း


1500 တန် internet setting. ထည့်နည်းပါ...
ထောင့်ငါးရာတန်တွေ အင်တာနက်ဆက်တင် ချိန်တာ အရင် CMDA တွေနဲ့မတူပါဘူး နည်းနည်းကွဲတယ်ဗျ

Name    mectel
APN    #777
Proxy   
Port    
Username    (mectel)card@c800.mm
Password     (0000)card
Server   
MMSC   
MMS proxy   
MMS port   
MMC                  414
MNC                    01
Authentication type    PAP or CHAP
APN type                     *
Data bearer    Package Data__________
Prompt password    #777  ________________
APN protocol    IPv4

user name နဲ့ password မှာ card ကရေးကြီးတယ် သူကို နာမည်မပြောင်းပါနဲ့
၁၅၀၀ တန်ဖုန်းကိုင်ဆောင်သူများအဆင်ပြေကြပါစေဗျ.....

Emotion Ui Rom သုံး huawei တွေအတွက် font ပါပြီး theme များ

Emotion Ui သုံး huawei တွေအတွက် font ပါပြီး theme တွေပါ
ပါဝင်တဲ့ Theme တွေကတော့
1. Affection Of Ya An
2. Breeze
3. Red Cloud2
4. S4 Themes By MMSD
5. Taste
6. The Love Season
7. Vivid
အဲဒါတွေပါပါတယ်
(4) s4 theme ကိုတော့ ကိုဖြိုးချမ်း MMSD မှ ပြုလုပ်ပေးထားတာဖြစ်ပါတယ် ...

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း


သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123# ဖြစ်သည်။
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်သည်ဟု သိရှိရပါသည်။
၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Credit to: MMSD




Blogger ဘ၀ နှင့် စေတနာ

      ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ် ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~`
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net 
၂၆.၆.၂၀၁၃  
ကျွန်တော်၏အမြင်လေးကိုလည်း ဖြည့်စွက်ထားပါတယ်...
ကျွန်တော်ဘလော့မှာတင်ထားတဲ့ပို့စ်တွေဟာလဲ copy တွေပါပါတယ်ဗျ....copy ပို့စ်ဆိုရင်လဲ မူရင်းပို့စ်ရေးသားသူကို Credit ပေးကြဖို့ ပြောချင်ပါတယ်.....ကျွန်တော်ဘလော့မှာ တင်ထားတဲ့ copy ပို့စ်တွေကိုလည်း မူရင်းရေးသားသူကို Credit ပေးထားပါတယ်ခင်ဗျ....ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ကျွန်တော်ကိုယ်ပိုင်ရေးတဲ့ပို့စ်တွေကိုပဲ တင်နိုင်အောင်ကြိုးစားပါမယ့်.....အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ....
ဇော်မျိုးဦး

ဒီပို့စ်ကို အောင်ကျော်ခိုင် (ပုသိမ်)မှကူးယူဖော်ပြထားပါတယ်ဗျ.....


အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget