Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, July 02, 2013

Google ကြီးရဲ့ Play Store ကို ကျော်/ခွ ပီဝင်ကြည့်မယ်.... (For Root User Only)

Google ကြီးရဲ့ Play Store ကို ကျော်/ခွ ပီဝင်ကြည့်မယ်.... (For Root User Only)

post-image

ဒီနည်းလမ်းလေးကို ပြုလုပ်ဖို့ဆိုရင် တော့ မိမိဖုန်းမှာ Root Access ရှိရပါမယ်ဗျ.....
အားလုံးအဆင်ပြေစေရန်အတွက် အဆင့်ဆင့်ပြုလုပ်နည်းကို ပုံတွေနဲ့ တင်ပေးထား ပါတယ်ဗျ.... ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ....သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ....

D' နည်းလမ်းလေးကတော့ မြန်မာနိုင်ငံက play store ကို ၀င်လို့မရခင်က အသုံးပြုခဲ့တဲ့နည်းလမ်းလေးပါ.....play store ကို ၀င်တဲ့နည်းတွေ အများကြီးရှိပါတယ်..... ဒီနည်းလမ်းလေးကလဲ ရိုးရှင်းပီ အဆင်ပြေပါတယ်....ကျွန်တော်အခု ဒီနည်းလေးကို ပြန်တင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ရဲ့ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊
ဒေါင်းလုပ်ဆွဲချင်ရင်ဘဲဖြစ်ဖြစ် Market ကို အသုံးပြုရပါတယ်.....အချို့ ဆော့ဝဲလ်တွေကို upgrade လုပ်ရင် Market တောင်းပါတယ်.....မိမိ upgrade လုပ်မယ့် ဆော့ဝဲလ်ကို play store market မှာ မြန်မာနိုင်ငံက ၀င်မရတဲ့ ဆော့ဝဲတွေရှိပါတယ်...This item isn't available in your country. ပြနေပါလိမ့်မယ်ဗျ..

လိုချင်တဲ့အခါကျတော့ play store ကို ကျော်ရပြန်ပါတယ်.....အဲဒီ့အခါမှာ အဆင်ပြေအောင်လို့ ဒီနည်းလေးကို ပြန် Share ပေးလိုက်ပါတယ်ဗျ..

သိပီသူများ Sorry ပါဗျ......မသိသေးသူများအတွက် ရည်ရွယ်ပါတယ်.....

ကဲလိုအပ်ချက်ကတော့ -

၁/ မိမိတို့ရဲ့ဖုန်းက Root လုပ်ထားရပါမယ်ဗျ....
၂/ မိမိဖုန်းမှာ Google Play Store Market ရှိရပါမယ်..... (play store market ကတော့ဖုန်းထဲမှာရှိကြမှာပါ... မရှိသေးသူများ ကျွန်တော် နောက်ပိုင်းအချိန်ရရင် တင်ပေးသွားပါမယ်..)
၃/ Market Unlocker ရှိရပါမယ်....
၎/ TunnelBear ရှိရပါမယ်....

အပေါ်က (၄)ခုလုံး မိမိဖုန်းထဲမှာရှိပီဆိုရင်တော့ စမယ်ဗျ......
- Market Unlocker ကို ဖုန်းတွင် install လုပ်ပါ....
- TunnelBear ကို install ပါ......

- Market Unlocker ကို ဖွင့်ပါ.... Home ဆိုတဲ့ အကွက်ရဲ့အောက်မှာ Enable Unlocker ရဲ့ဘေးမှခလုတ်လေးကို ON လုပ်ပေးလိုက်ပါ.....Superuser request တောင်းလာပါလိမ့်မယ် allow နှိပ်ပေးလိုက်ပါဗျ.....


အခုကျွန်တော်တို့က play store ကို verizon (USA)ကနေ၀င်ရောက်မှာဖြစ်ပါတယ်ဗျ.....ပီရင်ပြန်ထွက်လိုက်ပါ...
 
- TunnelBear ကိုဖွင့်ပါ....အဲဒီမှာ မိမိ gmail အကောင့်နဲ့ sing up လုပ်ပေးရပါမယ်....Sing Up လုပ်ဖို့အတွက် Create a free account ဆိုတဲ့စာသားလေးကိုနှိပ်ပေးပါ....
  ဖြည့်ရမယ့်အချက်အလက်တွေကိုဖြည့်ပီရင် Create Free Account ဆိုတာလေးကို နှိပ်လိုက်ပါဗျ.....ဒါဆိုရင်တော့ မိမိ gmail ထဲကို TunnelBear ကနေ Activate လုပ်ဖို့အတွက် mail ပို့ပါလိမ့်မယ်.....


မိမိတို့ရဲ့mail ထဲကိုဝင်ပီ activate လုပ်ပေးလိုက်ပါ.....ဒါဆိုရင် free account ဖွင့်ပီပါပီ....login ၀င်ပါ.....အောက်က ပုံလေးအတိုင်းပေါ်လာရင် On/Off မှာ ON ကိုရွေးလိုက်ပါ....attention တစ်ခုတက်လာရင် I trust this application ရှေ့မှာအမှန်ချစ်ပေးပီ ok နှိပ်ပါ...
  connected လို့ noti ဘားမှာ သော့ပုံလေး ပေါ်ရင် ညာဘက်အပေါ်ထောင့်မှာခလုတ်လေးကိုနှိပ်ပီ Account ဘေးမှာ Done ကိုနှိပ်ပေးလိုက်ပါ.... ဒါဆိုရင် ရပါပီ


- play store ကိုမဖွင့်ပါနဲ့အုံး..  clear data နဲ့ force stop လုပ်ပေးရပါမယ်....အဲဒီ့အတွက် ဖုန်းမှာ Setting >> manage app >> Google Play Store ကိုဝင်ပီ Clear data နဲ့ Force Stop ကိုလုပ်ပေးပါ....ပီရင်တော့ Play Store ကိုဖွင့်....မိမိ gmail နဲ့ဝင်ပါ....Accept နှိပ်ပါ.... ဒါဆိုရင်တော့ play store ကို Verizon (USA) ကနေ၀င်ရောက်နေပါပီဗျ.....အောက်ကပုံလေးက USA Server ကနေ၀င်ထားတဲ့ပုံလေးပါ.....


ခုနက ၀င်လို့မရတဲ့ ဆော့ဝဲလ်ကို play store မှာ ၀င်ရောက်ဒေါင်းနိုင်ပါပီခင်ဗျာ......အောက်ကပုံလေးကိုကြည့် ခုနက This item isn't available in your country စာတမ်းလေးမပြတော့ပါဗျ...installl ကိုနှိပ်ပီ ဒေါင်းလို့ရနေပါပီဗျ.....


အာလုံး လိုတိုင်း တပီ ရနိုင်ကြပါစေဗျ....
Market Unlocker ထဲမှာ USA တင်မဟုတ်ဘူး....မိမိတို့ ကြိုက်တဲ့နိုင်ငံကနေလဲဝင်လို့ရပါတယ်ဗျ.....
ကျွန်တော်ကတော့ play store ကို အခြားနိုင်ငံတွေကပဲဝင်တယ်ဗျ....
apk နဲ့ game တွေကိုဒေါင်းရင် ကျွန်တော်တို့နိုင်ငံကဆွဲရင်အဆင်မပြေဘူးဗျ....သိတယ်မို့လား ကျွန်တော်တို့ရဲ့ ကွန်နက်ရှင်...ဟီးဟီး....
ဒါကြောင့်မို့ တခြားနိုင်ငံကပဲဝင်ပီ ကျွန်တော်ကတော့ဒေါင်းတယ်ဗျ.....

အဆင်ပြေကြပါစေ......
အဆင်မပြေတာများရှိခဲ့ရင်လဲ comment box တွင် မန့်ခဲ့ကြပါဗျ.....

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget