Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Sunday, June 30, 2013

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း


သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123# ဖြစ်သည်။
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်သည်ဟု သိရှိရပါသည်။
၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Credit to: MMSD




No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget