Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Saturday, September 28, 2013

IDM နဲ့ဒေါင်းတဲ့အခါ error link တွေကို ဒီနည်းနဲ့ resum ပြန်ဒေါင်းမယ်

အခုရေးမယ့်နည်းလေးကတော့ ဖိုင်ဆိုဒ်ကြီးတွေကို IDM နဲ့ဒေါင်းရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ error လေး တစ်ချို့ကို ကျွန်တော်ဖြေရှင်းတဲ့ နည်းလေးရေးပါမယ်...

ကိုလိုချင်တဲ့ဆော့ဝဲတစ်ခုကို ဒေါင်းယူပြီ ဆိုပါတော့ ... ကျွန်တော်ပုံမှ Puffin Web Browser ဒေါင်းထားတဲ့ ပုံလေးနဲ့ နမူနာပြထားပါတယ်...အကြောင်းတစ်ခုခုနဲ့ Error ဖြစ်သွားရင်ဖြစ်ဖြစ် ....ပုံမှာပြထားတဲ့အတိုင်း connecting ပဲလုပ်နေပီ Transfer rate မှာ 0 Bytes/sec မှပဲရပ်နေပီ ဆက်မသွားတော့ဘူးဆိုရင်တော့ ကျွန်တော်ဒီလိုလေး လုပ်လိုက်ပါတယ်....


Internet Download Manager ကို ဖွင့်လိုက်ပါ ...ခုနက Puffin Web Browser ရဲ့အပေါ်မှာ Right Click ထောက်ပီ Property ထဲကိုဝင်ပါ....

Friday, September 27, 2013

သင့် Android ဖုန်း လုံခြုံရဲ့လား ??

၊=========================၊
၊==     သင့် Android ဖုန်း လုံခြုံရဲ့လား ??     ==၊
၊=========================၊

Smart Phones တွေရဲ့ အမျိုးမျိုးသော မလုံခြုံတဲ့ Security တွေကို ရှောင်လွှဲနိုင်ရန်အတွက် မိမိဖုန်းကို သာမာန်ထက်ပိုတဲ့ ဂရုစိုက်မှုမျိုးကိုထားရှိရပါမယ်... မိမိဖုန်း အခိုးခံရတာပဲ ဖြစ်ဖြစ် Data တွေ Hack ခံရ တာပဲဖြစ်ဖြစ်ပေါ့... သင်ဂရုမစိုက်လို့ သင့်ဖုန်းပျောက်သွားတာနဲ့ Phone Noumbers နဲ့ Contacts တွေ ပျောက်တာထက်ဆိုးတဲ့ ရလဒ်ကိုခံစားရမှာပါ.. ကျွန်တော်ဆိုလိုတာက  သင့်ရဲ့အရေးကြီး Message တွေ၊ Mail တွေ၊ ဓါတ်ပုံတွေ ၊ အရေးကြီးဖိုင်တွေနဲ့ သင့်ရဲ့တကိုယ်ရည်သုံး Password တွေပေါ့.. သင်က ကြိုတင် ကာကွယ်မှုတွေ မလုပ်ထားဖူးဆိုရင် သင်ရဲ့ Imformation တွေကို World Wide Web ကနေပြီး လွယ်လွယ်ကူကူပဲ Trace လုပ်လို့ရပါတယ်..

ဖုန်းမှာ Dafult ပါတဲ့ Email ကို မိမိ Gmail Account ဖြင့်အသုံးပြုနည်း

မင်္ဂလာပါခင်ဗျာ....


ဒီနေ့အတွက်တော့ ဖုန်းမှာပါတဲ့ Dafult Email ဆော့ဝဲလ်ကို မိမိ Gmail Account ဖြင့် အသုံးပြုနိုင်မယ့် နည်းလမ်းလေးရေးပါမယ်....တစ်ချို့ဖုန်းတွေက Email ဆော့ဝဲလ်ကို Gmail Account နဲ့ ၀င်ရင် အဆင်ပြေပေမယ့်....တစ်ချို့ အလုံးတွေကြတော့ Email ကို Gmail နဲ့ဝင်ရင် မရတာမျိုးရှိပါတယ်....[Huawei ဖုန်းတွေ မရတာများပါတယ်...]
အဲ့လိုဝင်လို့မရတဲ့ဖုန်းတွေ အခုကျွန်တော်အောက်မှာရေးထားတဲ့ Instruction လေးအတိုင်း လုပ်ကြည့် လိုက်ပါဗျ.....အဆင်ပြေအောင်လို့ ကျွန်တော်ပုံနဲ့တကွ ရေးပြထားပါတယ်ဗျ....

Thursday, September 26, 2013

CWM မရှိတဲ့ Huawei တွေ Gapp သွင်းမယ်


Clockworkmod recovery(CWM) မရှိတဲ့ Huawei တွေမှာ Play Store, Gmail , Gtalk တွေသွင်းဖို့
အနည်းနဲ့ အများဆိုသလို အခက်အခဲရှိနေတတ်ပါတယ်...
ဒီ Tool လေးကတော့  root လုပ်ထားပြီးတဲ့ Huawei တွေမှာ goolge sevice တွေကို အခက်အခဲမရှိ လျှင်လျှင်မြန်မြန် သွင်းနိုင်ပါတယ်ဗျ....ဆိုင်သမားတွေ အတွက် အရမ်းအဆင်ပြေတဲ့ Tool လေးပါ...

လိုအပ်ချက် -
၁. root လုပ်ပြီးဖြစ်ရပါမယ်...
၂. system partition မှာ အနည်းဆုံး 10MB နေရာလွတ်ရှိရပါမယ်..[ဒီအချက်အရေးကြီးပါတယ်....]
[မှတ်ချက် - system partition အရမ်းနည်းနေရင် မလိုအပ်တဲ့ Chinese app တွေကို system app remover ဆော့ဝဲလ်လေးသုံးပီဖြုတ်ပြစ်ပါ... ]

Android မှာဆော့ဖို့ PES 2012 EXE ဖိုင်

မင်္ဂလာပါခင်ဗျာ -
ကျွန်တော်ဘလော့မှာ ဂိမ်းမတင်ဖြစ်တာတောင် တော်တော်ကြာသွားပီဗျ.....
ဒီနေ့တော့ ဘောလုံး creazy တွေအတွက် PES 2012 ဂိမ်းလေးတစ်ခု ရှယ်ပေးမယ်.... ထွက်ထား တာတော့ကြာပါပီဗျ....ဒီ PES 2012 ဂိမ်းလေးကတော့ အားလုံးပဲသိကြမယ်ထင်ပါတယ်... ဖုန်းတိုင်းနဲ့ လည်း အဆင်ပြေပြေထည့်သွင်း ဆော့နိုင်မှာဖြစ်ပါတယ်...
PES 2012 v.1.0.4 [Android version 1.6 and up...]

Wednesday, September 25, 2013

Service သမားများအတွက် Firmwares များ ပို့ပေးမည်..


Service သမားတွေအလိုရှိနေတဲ့ Android နဲ့ iOS Firmware တွေကို စုစည်းထားတာတွေရှိပါတယ်..
Android အတွက် Official Firmware တွေအပြင် Custom တွေကိုပါ ရနိုင်မှာဖြစ်ပါတယ်.. အဓိက အားဖြင့် နယ်က Service သမားတွေ ပိုလိုအပ်လိမ့်မယ်လို့ ထင်ပါတယ်..

သိကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာ့အင်တာနက်က ဘယ်လောက် Bandwidth မြှင့်မယ်.. ဘာညာနဲ့ ပြောနေတာ.. မြှင့်မယ် ပြောတိုင်း လိုင်းက တစ်ခါကျတယ်.. ခုဆို CDMA 800 သမားတွေလောက်ပဲ နည်းနည်း အဆင်ပြေပြီး WCDMA , GSM သမားတွေ အဆင်မပြေပါဘူး.. WCDMA ဆို GSM လိုင်းမှာ ဆင်းပြီး အင်တာနက်သုံးရတာ တစ်မိနစ် ၂ ကျပ်တန်ကို ၄ ကျပ်ပေးသုံးနေရာတာပါ.. ဒီလောက် လိုင်းအားနဲ့ အနည်းဆုံး 200 MB ကျော်တဲ့ Firmware တွေကို ဘယ်လိုဒေါင်းမလဲ.. P6 ဆို 600 MB ကျော်တယ်လေ..

Android Lessons (2)

စက်ရုပ်အတွက် သင်ခန်းစာ (၂)
Android Phone တစ်လုံးမှာ Mode (၅)မျိုးရှိပါတယ်...
အဲဒီ (၅) မျိုးကတော့ - 
(၁) Power mode
(၂) Charging mode
(၃) Recovery mode
(၄) Bootloader mode(or)Downloading mode(or)fastboot mode
(၅) Adb mode တို့ဘဲ ဖြစ်ကြပါတယ်...

Huawei ICS တွေအတွက် Dafult ပါတဲ့ Applications update လေးတွေပါ


Huawei ICS တွေအတွက် Dafult ပါတဲ့ File Manager.apk Update လေးပါ... အခု File Manager version 4.3.50 မှာ Show hidden files ဆိုတဲ့ function လေး ပါဝင်လာပါတယ်.... အဲ့အတွက် SD ထဲမှာ hide ဖြစ်နေတဲ့ ဖိုင်တွေကို တွေ့ရမှာဖြစ်ပါတယ်.... ပုံမှန် Install လုပ်ပေးရုံပါ...Replace မေးရင် Ok ပေးပီ...Install လိုက်ရင်ရပါပီဗျ....

Phone တစ်လုံးရဲ့ Details ကိုသိရှိနိုင်မယ့် .apk

မင်္ဂလာပါခင်ဗျာ....
ဒီနေ့တော့ ဖုန်းတစ်လုံးရဲ့ အချက်အလက်အသေးစိတ်ကို Details ကြည့်နိုင်မယ့် ဆော့ဝဲလ်အလန်းလေး တစ်ခုရှယ်ပေးမယ်....

ဒီဆော့ဝဲလ်လေးဟာဆိုရင် ဖုန်းတစ်လုံးကို အသစ်ဝယ်မည့်သူများနဲ့ ဘယ်ဖုန်းကိုရွေးချယ်ရမလည်း အခက်တွေ့နေသူများအတွက်အဆင်ပြေနိုင်ပါတယ်....

Tuesday, September 24, 2013

Mobile phone Internet Speed တိုးရအောင် ( Tip & Trip )


ဒီနည်းအတိုင်း ပြုလုပ်မယ်ဆိုရင် သင့်ဖုန်းဟာ Root လုပ်ထားဖို့လိုအပ်ပါတယ်...ဒီနည်းလေးကို Myanmar IT Helper မှရထားတာပါ....

ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပီ အဆင်ပြေလို့ ပြန်ရှယ်လိုက်ပါပီဗျ...
ကျွန်တော် huawei u8825d နဲ့ စမ်းပြထားပါတယ်...
scriptmanager version ကိုနှစ်မျိုး တင်ပေးထားပါတယ်ဗျ...
u8825d မှာ Scriptmanager v.2.5.3.1 နဲ့ အလုပ်မလုပ်ပါ..ဖွင့်လိုက်တာနဲ့ Unfortunately, SManager has stopped. ဆိုပီဖွင့်မရပါ...pro နဲ့မှရပါတယ်...
ဒါ့ကြောင့် scriptmanager(2)မျိုး ထည့်ပေးထားပါတယ်...

လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း? နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ? သိသင့်သောအရာများ

လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း?
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း)တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ)တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

Monday, September 23, 2013

Android အတွက် Downloader အလန်းလေး (ရှယ်လန်းတာပါ..)

ဒီနေ့တော့ Android ဖုန်းကနေပီ apps & games ကြီးတွေကိုဒေါင်းချင်သူများအတွက် Downloader အလန်းလေးရှယ်ပါမယ်ဗျ.....ရှယ်လန်းတာပါ....

ကျွန်တော်ပုံမှာ Angry Birds Star War II game ကိုဒေါင်းထားတာလေးပါ...(41 MB) လောက်ရှိတဲ့ဂိမ်း ကို downloading speed (64 kB/s) လောက်နဲ့ဆွဲနေတာပါ...(နေ့ခင်းဘက်ဒေါင်းတာပါ...)


ထိပ်တန်း Android Application Download ၀က်ဆိုဒ် (10)ခု


Android Device တွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် Application တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ရယူနိုင်မယ့် ၀က်ဆိုဒ်တွေပါ.... အခမဲ့ရယူနိုင်တဲ့ ၀က်ဆိုဒ်တွေအများကြီးရှိတဲ့ထဲက ထိပ်တန်း ၀က်ဆိုဒ် (10)ခုကို ညွှန်းပေးလိုက်ပါတယ်....

1/ 1mobile

2/ Approb

3/ Androidfreeware

4/ Androidapps

5/ Androidgamesroom

6/ Playandroid

7/ Bestandroiddownloads

8/ Appsapk

9/ Androidsoftwaredownload

10/ Appdoll

ကဲအပေါ်က၀က်ဆိုဒ် (10)ခုဟာဆိုရင် သင့်ရဲ့ Android အတွက် အကောင်းဆုံး ဆိုဒ် (10)ခုပါခင်ဗျာ....
ကျွန်တော်ကတော့ ကိုယ်လိုအပ်တဲ့ apps & games တွေကို အဲ့ဆိုဒ်တွေမှာရှာပီဒေါင်းပါတယ်.... တစ်ဆိုဒ်မှာ မရှိရင် တစ်ဆိုဒ်မှာရှိပါတယ်ဗျ.....အဲ့ဆိုဒ်တွေကနေပီ Brothers တို့လိုအပ်မယ့် Apps & Games တွေကို စိတ်ကြိုက်ရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်.....

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.....


Sunday, September 22, 2013

Huawei ဖုန်းတွေ Testing လုပ်မယ်

Huawei ဖုန်း ကိုင်တဲ့ user များ သင့်ဖုန်း ဟာ့ဝဲလ်ပိုင်းတွေကို ကောင်း/မကောင်း စမ်းသပ်နိုင်မယ့် နည်းလမ်းလေး ပြန်ရှယ်ပါမယ်...ပထမဆုံး Dailer ကနေ *#*#2846579#*#*# ကုဒ်ကိုရိုက်ပီ testing ကိုခေါ်ပါ...


ဒါလေးကိုတော့ သိကြမယ်လို့ထင်ပါတယ်...အများစုက ဘယ်လိုအသုံးပြုရမှန်း မသိလို့တာ မသုံးဖြစ်ကြတာပါ...အခုဒီပို့စ်ဖတ်ပီး သိသွားပီဆိုရင်တော့ အသုံးပြုနိုင်ပါလိမ့်မယ်...သင့်ဖုန်းကို test လုပ်တာဖြစ်တဲ့အတွက် ဘာအန္တရာယ်မှ မရှိပါခင်ဗျာ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget