Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Sunday, September 22, 2013

Huawei ဖုန်းတွေ Testing လုပ်မယ်

Huawei ဖုန်း ကိုင်တဲ့ user များ သင့်ဖုန်း ဟာ့ဝဲလ်ပိုင်းတွေကို ကောင်း/မကောင်း စမ်းသပ်နိုင်မယ့် နည်းလမ်းလေး ပြန်ရှယ်ပါမယ်...ပထမဆုံး Dailer ကနေ *#*#2846579#*#*# ကုဒ်ကိုရိုက်ပီ testing ကိုခေါ်ပါ...


ဒါလေးကိုတော့ သိကြမယ်လို့ထင်ပါတယ်...အများစုက ဘယ်လိုအသုံးပြုရမှန်း မသိလို့တာ မသုံးဖြစ်ကြတာပါ...အခုဒီပို့စ်ဖတ်ပီး သိသွားပီဆိုရင်တော့ အသုံးပြုနိုင်ပါလိမ့်မယ်...သင့်ဖုန်းကို test လုပ်တာဖြစ်တဲ့အတွက် ဘာအန္တရာယ်မှ မရှိပါခင်ဗျာ...

အခုရေးသားချက်များက HuaweI U8825D နဲ့စမ်းသပ်ထားတဲ့ ရေးသားချက်ပါ....Huawei U8825D မှာအဆင့် (22)ဆင့်ပါ....ဖုန်းတစ်လုံးနဲ့တစ်လုံး အဆင့်တွေ ကွဲလွဲမှုရှိနိုင်ပါတယ်...testing box ထဲမှာ MMITest_II ,ProjectMenu ဆိုတဲ့ စာကြောင်းတွေ့ပါမယ်...MMITest ထဲကို ၀င်ပါ...ပုံမှာပြထားတဲ့ အတိုင်း MMI Test II box လေးပွင့်လာပါမယ်...အဲ့ထဲမှာ Start MMI test ဆိုတဲ့ စာတမ်းလေး တွေ့ပါလိမ့်မယ်...ဒါဆိုရင် testing စလုပ်လို့၇ပါပီခင်ဗျာ ...



အဆင့် တဆင့်ချင်းစီကို သွားဖို့အတွက် volume down (volume -) ကိုနှိပ်ပီ သွားရပါမယ်... အဆင့် တစ်ဆင့်ကနေ နောက်တစ်ဆင့်ကိုသွားဖို့ အတွက် တစ်ဆင့်ချင်းစီမှာ test complete ဖြစ်မှ နောက်တစ်ဆင့်ကို volume(-) နဲ့ သွားလို့ရမှာပါ...
စလိုက်ရအောင်ဗျ...


MMI test II box ဖွင့်ထားပြီရင်တော့ volume (-) ကို တစ်ချက်နှိပ်ပါ...
1/ Sim Card test
ဒီအဆင့်က sim card ကို test လုပ်တဲ့အပိုင်းပါ..

2/battery test
ဒါက battery test လုပ်တဲ့အပိုင်းပါ..

3/keypad test
ဒီအပိုင်းမှာက သင့်ဖုန်းရဲ့ back key,home key, menu key, volume(+,-), power key စတာတွေကို test လုပ်ဖို့ကို ပုံနဲ့ပြထားပါတယ်..ဖုန်းက back key ကိုနှိပ်ရင် ပုံထဲမှာလည်း back key နေရာလေးမှာ မီးလင်းနေပါမယ်...

4/LCD white/black
ဒါကတော့ LCD ကို test လုပ်တာပါ...lcd ကောင်းရင် screen အပြည့်ပေါ်ပါမယ်...

5/LCD red/green/blue
အဆင့် (4) နဲ့ အတူတူပါ...

6/LCD backlight test

7/keypad LED test

8/flashlight test
flash မီး လင်း-မလင်း test လုပ်တာပါ...

9/front camera test
ရှေ့ ကင်မရာကို test လုပ်တာပါ...

10/touch scrren test
touch ကောင်းမကောင်း test လုပ်တာပါ...အနားသတ်ဘောင်ကို လက်နဲ့ ဆွဲရင် အရောင်လေးတွေ တက်လာပါမယ်...

11/approach test

12/environment light test

13/vibrator test
တုန်ခါမှုကို test လုပ်တာပါ...

14/speaker test
ဖုန်း speaker ကို test လုပ်တာပါ...

15/Mobile phone mic loopback test
အသံသွင်းတာကို test လုပ်တာပါ...

16/ Mobile phone headset loopback test
earphone နဲ့အသံကို test လုပ်တာပါ...

17/FM test
FM ရေဒီယိုကို test လုပ်တာပါ...

18/headset wire control test
earphone ကြိုး အဖြုတ်-အတတ်ကို test လုပ်တာပါ...

19/bluetooth test
bluetooth ကို test လုပ်တာပါ...

20/gravity sensitive test

21/wifi test
wifi ကို test လုပ်တာပါ...

22/display test

ဒီလောက်ဆိုရင်တော့ သင့်တို့ရဲ့ ဖုန်းကို ဟာ့ဒ်ဝဲလ်ပိုင်း ဘယ်နေရာချွတ်ယွင်းနေလည်းဆိုတာသင်ကိုယ်တိုင် စမ်းသပ်နိုင်ပါပီခင်ဗျာ....
မသိသေးသူများအတွက် ရည်ရွယ်ပါတယ်ဗျ...

Brother တို့အားလုံး စက်ရုပ်နဲ့ပတ်သက်ပီ နည်းပညာများ တိုးတက်ကြပါစေဗျ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget