Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Thursday, November 21, 2013

Facebook က ဖုန်းနံပါတ်တောင်းပီ Confirmation Code ပြန်မပို့လို့ တိုင်ပတ်နေသူများ Confirmation Code ပြန်ပို့အောင်လုပ်ကြည့်ရအောင်ဗျ ...

မင်္ဂလာပါခင်ဗျာ ...

ကျွန်တော်ဒီနေ့ရေးမဲ့အကြောင်းအရာကတော့ Facebook အကောင့်တစ်ခုကိုဖွင့်လို့ ဖုန်းနံပါတ်တောင်းပီ Verification code ပြန်မပို့လို့ ဖွင့်မရတဲ့အကောင့်ကို Verification code ရအောင်တောင်းပီ ဖွင့်ပြမှာဖြစ် ပါတယ် ... Verify လုပ်မရလို့ အဲ့ Mail လိပ်စာနဲ့ နောက်ထပ် facebook အကောင့် ထပ်ဖွင့်လည်း ရမှာ မဟုတ်ပါ ... အဲ့ဒါကြောင့် အောက်ကနည်းလေးနဲ့ သင့်တို့ရဲ့ ဖုန်းနံပါတ်နဲ့ Verify Code တောင်းနေတဲ့ facebook အကောင့်ကို Code တောင်းပီ အသုံးပြုလို့ရအောင် ပြုလုပ်ပြမှာဖြစ်ပါတယ်ဗျ ...

ပြုလုပ်နည်းကတော့ သူငယ်ချင်းတစ်ယောက်ပေးတဲ့ နည်းလေးရယ် ကျွန်တော်ရဲ့လက်တွေ့ စမ်းသပ်ချက် လေးနဲ့ပေါင်းပီ ပြည့်ပြည့်စုံစုံရေးသားထားပါတယ်ခင်ဗျာ ... Code တောင်းဖို့အတွက် လိုအပ်မယ့်ဆော့ဝဲလ် (2)ခုတော့ ဖုန်းမှာသွင်းထားရပါမယ် ... ရေးပြထားတဲ့ Instruction လေးအတိုင်းလုပ်ပါ ... အမှန်တကယ် အကောင့်ပေါက်ပါတယ် ... ကျွန်တော်က Free Call ဆော့ဝဲလ်လေးတစ်ချို့နဲ့ facebook ကို Fake လုပ်ပီ Verification Code (Confirmation Code)ကို ရအောင်ယူပြမှာ ဖြစ်ပါတယ်ခင်ဗျာ ... အခုပေးတဲ့ ဆော့ဝဲလ်လေး (2)ခုကို Android Version 2.2 နဲ့အထက်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ ...

Wednesday, November 20, 2013

မြန်မာစာ100% မှန်အောင်ဖတ်နိုင်တဲ့ UCBrowser Chinese [For Android]

မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်အခု မြန်မာစာကို ၁၀၀% မှန်အောင် ဖတ်ရှုနိုင်မယ့် UC Browser Chinese ဗားရှင်းလေးနဲ့ မိတ်ဆက်ပေးပါမယ် ... ICS Version တွေမှာ Zawgyi Changer တွေနဲ့ မြန်မာဖောင့်ထည့်ပီ မြန်မာစာ မှန်ကန်အောင်ရေးနိုင်သော်လည်း အင်တာနက်အသုံးပြုပီ Web page နဲ့ အခြားမြန်မာဆိုဒ်တွေကို ကြည့် တဲ့အခါမှာတော့ မြန်မာစာမှန်ကန်အောင် မဖတ်နိုင်ပါ ... စာလုံးအမှန်ကိုမဖတ်နိုင်လို့ စိတ်အနှောက် အယှက်ဖြစ်တဲ့ ကိုကိုမမများ မြန်မာစာကို ၁၀၀% မှန်အောင်ဖတ်နိုင်မယ့် UC Browser Chinese ဗားရှင်း လေး ရှယ်ပေးလိုက်ပါတယ်ဗျ ... အဓိကက ICS Version ပေါ့ဗျာ ... အခြား Android Version တွေ လည်း မြန်မာစာကို အမှန်ဖတ်နိုင်မယ်လို့ထင်ပါတယ် ... ကျွန်တော်က ICS နဲ့အောက် Version တွေဘဲ စမ်းထားရသေးလို့ပါ ... အောက်ကပုံထဲမှာ Default Browser နဲ့ မြန်မာစာ ၁၀၀% မှန်တဲ့ UC Browser Chinese ပုံလေးနှစ်ခုကို ယှဉ်ပြထားပါတယ်ခင်ဗျာ ... သတ်ပုံမှားတဲ့ စာလုံးလေးတွေကိုလည်း ကျွန်တော် အနီတွေနဲ့ ၀ိုင်းပြထားပါတယ်ခင်ဗျာ ...


မြန်မာစာကိုမှန်အောင်ဖတ်ရှုနိုင်မဲ့အပြင် အခြား Browser တွေထက်လည်း Webpage တွေကို အမြန်ဆန် ဆုံးကြည့်ရှုနိုင်မှာဖြစ်ပါတယ် ... အမှန်ကန်ဆုံးနဲ့ အမြန်ဆန်ဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျ ...



အဆင်ပြေပါစေခင်ဗျာ ...


Monday, November 18, 2013

ဖုန်းမှ Facebook Account အသစ်ဖွင့်မယ် ... [Very Easy နော်]


မင်္ဂလာပါ Brother တို့ရေ ...
အခုရက်ပိုင်းအတွင် Facebook အကောင့်အသစ်ဖွင့်ရင် ဖုန်းနံပါတ်တောင်းတာတို့ ဖွင့်မရတာတို့ကို တွေ့နေရပါတယ်ဗျ ... ကျွန်တော်ရဲ့ Mail ထဲကိုလည်း ဖွင့်မရလို့ အကူအညီတောင်းထားတွေလည်း တွေ့ရတာနဲ့ ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ ... ကျွန်တော်ဖုန်းကနေ Facebook ဖွင့်နည်း ပထမ ပို့စ်တုံးက OpenVPN ဆော့ဝဲလ်နဲ့ ဖွင့်လို့ အဆင်မပြေတဲ့သူများလည်း ယခုနည်းနဲ့ဖွင့်ပါ ...

Sunday, November 17, 2013

Emergency Battery Code (*3370#) ကုဒ်လေးအကြောင်း


မိုဘိုင်းဖုန်းတွေ အခြေခံလျှို့ဝှက်ချက်တွေထဲက ဖုန်းဘတ္ထရီအားအပိုစောင်းထုတ်နိုင်တဲ့ *3370# ဆိုတဲ့ ကုဒ်လေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ... အခု အဲ့ *3370# ကုဒ်လေးအကြောင်းကို ရေးချင် ပါတယ်ခင်ဗျာ ... သိသူများကျော်သွားပေးပါခင်ဗျာ ...

မိမိတို့ဖုန်းဟာ အသုံးပြုတာများသွားလို့ ဘတ္ထရီရာခိုင်နှုန်းနည်းနေပီ အားကလည်းပြန်မသွင်းနိုင်သေးရင်
အရေးပေါ်ဘတ္ထရီထုတ်သုံးနိုင်မယ့် ဒီ *3370# လေးကို အားလုံးအသုံးပြုဖူးကြလိမ့်မယ်လို့ထင်ပါတယ် ...
အဲ့ကုဒ်ရိုက်ပီတဲ့အချိန်မှာ ဘတ္ထရီရာခိုင်နှုန်း ဘာမှမထူးခြားတာကိုလည်း အားလုံးတွေ့ကြမယ်လို့ ထင် ပါတယ် ... အဲ့ဒါဘာကြောင့်လည်း ... WHY ?

ကျွန်တော်လေ့လာမိသလောက် သိသလောက်လေးကို Brother တို့သိချင်မလားလို့ပါ ... အခုကျွန်တော် အဲ့အကြောင်းလေးကို ပြည့်ပြည့်စုံရေးပြပါမယ်ဗျ ...

Outgoing, Incoming, Missed Calls & SMS များကို အလန်လေးကလိကြည့်ရအောင်ဗျ

မင်္ဂလာပါဗျ ...
သင့်တို့ရဲ့ဖုန်းမှာ အ၀င် call, အထွက် call, missed call, SMS များကို ပုံထဲကအတိုင်းလေး မသုံးချင် ဘူးလားဗျ ... လန်းတယ်နော် ...


သုံးချင်တယ်ဆိုရင် လွယ်ပါတယ် ... အားလုံးသိပီးသာ ဆော့ဝဲလ်လေးနဲ့လုပ်ပြမှာပါ ... ဒါလေးဒေါင်းလိုက် ... Pro ဗားရှင်းနော် ... ပီရင် ဖုန်းထဲမှာ အင်စတောပီ အောက်ကပုံတွေထဲကအတိုင်းလေး Setting မှာ ၀င်ချိန်းပေးလိုက်ရင်ရပီဗျ ... ကျန်တဲ့အပိုင်းတွေကိုတော့ မိမိစိတ်ကြိုက်ကလိ ကြည့်လိုက်ကြပါခင်ဗျာ ...




ဒီဆော့ဝဲလ်နဲ့ ဒီလိုအသုံးပြုနည်းကိုတော့ ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)ဘလော့ကတွေ့လို့ ပြန်ရှယ်ပေး လိုက်ပါတယ်ဗျ ...
အဆင်ပြေပါစေဗျ ...


အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget