Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Thursday, November 21, 2013

Facebook က ဖုန်းနံပါတ်တောင်းပီ Confirmation Code ပြန်မပို့လို့ တိုင်ပတ်နေသူများ Confirmation Code ပြန်ပို့အောင်လုပ်ကြည့်ရအောင်ဗျ ...

မင်္ဂလာပါခင်ဗျာ ...

ကျွန်တော်ဒီနေ့ရေးမဲ့အကြောင်းအရာကတော့ Facebook အကောင့်တစ်ခုကိုဖွင့်လို့ ဖုန်းနံပါတ်တောင်းပီ Verification code ပြန်မပို့လို့ ဖွင့်မရတဲ့အကောင့်ကို Verification code ရအောင်တောင်းပီ ဖွင့်ပြမှာဖြစ် ပါတယ် ... Verify လုပ်မရလို့ အဲ့ Mail လိပ်စာနဲ့ နောက်ထပ် facebook အကောင့် ထပ်ဖွင့်လည်း ရမှာ မဟုတ်ပါ ... အဲ့ဒါကြောင့် အောက်ကနည်းလေးနဲ့ သင့်တို့ရဲ့ ဖုန်းနံပါတ်နဲ့ Verify Code တောင်းနေတဲ့ facebook အကောင့်ကို Code တောင်းပီ အသုံးပြုလို့ရအောင် ပြုလုပ်ပြမှာဖြစ်ပါတယ်ဗျ ...

ပြုလုပ်နည်းကတော့ သူငယ်ချင်းတစ်ယောက်ပေးတဲ့ နည်းလေးရယ် ကျွန်တော်ရဲ့လက်တွေ့ စမ်းသပ်ချက် လေးနဲ့ပေါင်းပီ ပြည့်ပြည့်စုံစုံရေးသားထားပါတယ်ခင်ဗျာ ... Code တောင်းဖို့အတွက် လိုအပ်မယ့်ဆော့ဝဲလ် (2)ခုတော့ ဖုန်းမှာသွင်းထားရပါမယ် ... ရေးပြထားတဲ့ Instruction လေးအတိုင်းလုပ်ပါ ... အမှန်တကယ် အကောင့်ပေါက်ပါတယ် ... ကျွန်တော်က Free Call ဆော့ဝဲလ်လေးတစ်ချို့နဲ့ facebook ကို Fake လုပ်ပီ Verification Code (Confirmation Code)ကို ရအောင်ယူပြမှာ ဖြစ်ပါတယ်ခင်ဗျာ ... အခုပေးတဲ့ ဆော့ဝဲလ်လေး (2)ခုကို Android Version 2.2 နဲ့အထက်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ ...

ဆော့ဝဲလ်နှစ်ခုအား rar ဖိုင်နဲ့ တင်ပေးထားပါတယ် ... RAR password ==> ZawMyoOo

စမယ်ဗျ ...
အောက်ကပုံလို ဖုန်းနံပါတ်တောင်းတဲ့ အကောင့်တစ်ခုကိုလုပ်ပြမှာဖြစ်ပါတယ် ... (ပုံ - ၁)မှာကြည့်ပါ ...


ဖုန်းနံပါတ်နဲ့ Verification code တောင်းတဲ့ facebook မှာ ဖြည့်ထားတဲ့ Mail ကိုဖွင့်ပေးပါ ... (ပုံ - ၂) မှာကြည့်ပါ ...

text+ ကိုဖွင့် Sign Up လုပ် ... Box တစ်ခုတက်လာရင် OK လုပ် ... မျှားပြထားတဲ့ Email အကွက်မှာ ခုနက ဖွင့်ထားတဲ့ Mail လိပ်စာအပြည့်အစုံဖြည့်ပေးပီ Next လုပ်ပါ ... box တစ်ခုတက်လာရင် Ok လုပ်ပါ ... (ပုံ - ၃)မှာကြည့်ပါ ...


ခုနကဖွင့်ထားတဲ့ Mail ထဲကို Text+ ကို Verify လုပ်ဖို့အတွက် Mail ရောက်နေပါမယ် ... Mail ကိုဖွင့် .. Verify Now ကိုနှိပ်ပါ ... text+ တက်လာပါမယ်... အချက်အလက်တွေဖြည့်ပီ အောက်မှာ အမှန်ခြစ်နှစ်ခု တပ်ပီ Next လုပ်ပါ ... (ပုံ - ၄)မှာကြည့်ပါ ...


(ပုံ - ၅)မှာမြင်ရတဲ့အတိုင်းပဲ I Understand ကိုနှိပ်ပါ ... ဒါဆိုရင် text+ ကို Register လုပ်ပီပါပီ ...text+ ရဲ့ Menu >> Setting >> Contact Info ထဲက textPlus Number ဆိုတဲ့ (+1) မပါ ဂဏန်း(၁၀) လုံးကို တစ်နေရာမှာ မှတ်ထားပေးပါ ... (ပုံ -၅/၆)မှာကြည့်ပါ ... ပီရင် ဖုန်းက Home ကိုနှိပ်ပီထွက်ပါ ...



yuilop ဆော့ဝဲလ်ကိုဖွင့်ပါ ... အပေါ်မှာ United States (+1)ကိုရွေးပါ ... မျှားပြထားတဲ့နေရာမှာ ခုနက မှတ်ထားတဲ့ text+ Number ဂဏန်း (10)လုံးကိုရိုက်ပေးပါ ... box တစ်ခုတက်လာရင် Yes လုပ်ပါ ... yuilop ဆော့ဝဲလ်က text+ Number ကို Verify လုပ်နေပါမယ် ...အောက်ကအရောင်တန်းလေး အားလုံး ကုန်တဲ့အထိစောင့်ပါ ... (ပုံ - ၇)မှာကြည့်ပါ ...


အောက်ကပုံလို့ Verify via SMS ဆိုတဲ့ box လေးတက်လာပါမယ် ... Verify via SMS ကိုနှိပ်ပါ ... ပုံထဲ ကလို yuilop အတွက် Verify code ကို text+ ကိုပို့ပေးပါမယ် ... အဲ့ Verify code ကို confirm လုပ်ဖို့ အတွက် မျှားပြထားတဲ့ အကွက်ထဲမှာဖြည့်ပီ Send ကိုနှိပ်ပါ ... ဒါဆိုရင် Email နဲ့ Enter full name ဖြည့်ရ မယ့် box လေးတက်လာပါမယ် ... ဖြည့်ပေးပီ Go လုပ်ပါ ... (ပုံ - ၈)မှာကြည့်ပါ ...


yuilop မှာပြတဲ့ phone number လေးကို သေချာမှတ်ပါ ... အရေးကြီးပါတယ် ... Facebook မှာ ဖုန်း နံပါတ်တောင်းတဲ့နေရာမှာ အဲ့နံပါတ်ထည့်ပေးရမှာပါ ... ပီရင် Get this number ကိုနှိပ် ... ပီရင် အချက် အလက်တွေဖြည့်ပေးပါ ... အောက်က zip code မှာ 60601 လို့ဖြည့်ပေးပါ ... ပီရင် Done လုပ်ပါ ... Congratulations! ဆိုပီပေါ်လာပီဆိုရင်တော့ yuilop ဆော့ဝဲလ်အသုံးပြုဖို့အတွက် Confirmed ဖြစ် သွားပါပီဗျ ... (ပုံ - ၉)မှာကြည့်ပါ ... ဖုန်းမှာ Home ကိုနှိပ်ပီထွက်ပါ ...


ပီရင် Browser ကနေ ဖုန်းနံပါတ်တောင်းတဲ့ Facebook ကိုဖွင့် ... Country ကို United States (+1)လို့ ပြောင်း ... ဖုန်းနံပါတ်နေရာမှာ ခုနကမှတ်ထားတဲ့ yuilop phone no (+1) မပါ နံပါတ်(၁၀)လုံးကို အဲ့မှာ ဖြည့်ပေးပီ Continue နှိပ်ပါ ... (ပုံ - ၁၀)မှာကြည့်ပါ ...


ဒါဆိုရင် ကလုန်ကလွမ် ကလုန်ကလွမ်ဆိုပီ noti လေးတက်လာပါမယ် ... yuilop ကိုဖွင့်လိုက်ပါ ... မက်ဆေ့ခ်ျလေးရောက်နေပါပီခင်ဗျာ ... အဲ့ မက်ဆေ့ခ်ျလေးဟာ ကျွန်တော်တို့ အရမ်းကိုလိုအပ်နေတဲ့ Facebook အတွက် Verification Code (confirmation code)လေးဖြစ်ပါတယ်ဗျ ... (ပုံ - ၁၁)မှာကြည့်ပါ ...

(ပုံ - ၁၂/၁၃)မှာကြည့်ပါ ... အဲ့ကုဒ်လေးကို ခုက Facebook confirmation code ဖြည့်ရမဲ့အကွက်ထဲမှာ ရိုက်ပေးပီ Confirm ကိုနှိပ်ပေးလိုက်ရင် “သကာလ” သင့်တို့ရဲ့ Confirmation Code မရတဲ့ Facebook လေးဟာ ဗွားခနဲ့ပေါ်လာပါပီခင်ဗျာ .... ဟူးးးးးးးးးး ... မောလိုက်တာဗျာ ... အမောဖြေလိုက်အုံးမယ် ...



ဒါဆိုရင်တော့ သင့်တို့ရဲ့ Confirmation Code မရတဲ့ Facebook လေးဟာ အသုံးပြုလို့ရသွားပါပီခင်ဗျာ .... အားလုံးဘဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ... အဆင်မပြေတာများရှိပါက ကျွန်တော် mail ကို မေးလ်ပို့ပီ မေးမြန်းနိုင်ပါတယ်ခင်ဗျာ ...
Email : zawmyooo401@gmail.com
           mobileitsharing@gmail.com



No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget