Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, December 31, 2013

Photo{ဓါတ်ပုံ} တွေကို Apk ပြုလုပ်နည်း

မင်္ဂလာပါခင်ဗျာ ...
Smart Phone တစ်လုံးမှာ Contact, Sms, app, Data တွေဟာအရေးကြီးသလိုပဲ သင့်တို့ရဲ့ Smart phone camera နဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေဟာလည်း အရေးကြီးတယ်ဆိုတဲ့အချက်ကို အားလုံးလိုလို မေ့နေတတ်ကြပါတယ် ... အဲ့အတွက် ကျွန်တော်ကဒီနေ့ သင့်တို့ရဲ့ အဖိုးတန်တဲ့ ဓါတ်ပုံတွေကို မပျောက်မပျက်အောင် APK ပြုလုပ်ပြီး သိမ်းထားနိုင်တဲ့နည်းလေးရေးပါမယ် ... [သိသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ  ..]

Friday, December 27, 2013

Keygen, Crack and Serial key ဖိုင်တွေမလို့တဲ့ PC အတွက် IDM 7.1 လိုင်စင် Version

မင်္ဂလာပါခင်ဗျာ ...
ကွန်ပျူတာအတွက် Internet Download Manager 7.1 လိုင်စင်ဗားရှင်းလေးတင်ပေးလိုက်ပါတယ် ...
Keygen, Crack and Serial key ဖိုင်တွေ .. ဘာဆိုဘာမှမလိုပါခင်ဗျာ ... Setup ဖိုင်လေးကို Double Click နှိပ်ရုံနဲ့ လိုင်စင်ဗားရှင်းဖြစ်ပါတယ် ...



==> Download Here <==
အဆင်ပြေပါစေခင်ဗျာ ...


Wednesday, December 25, 2013

PC မှာ IDM ရဲ့ Fake Serial Number ဆိုတဲ့ Error ကိုရှင်းလင်းခြင်း

မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာ Internet Download Manager (IDM) ရဲ့ အခုနောက်ပိုင်း ဗားရှင်း တွေမှာ Full Version ဖြစ်အောင် Patch ဖိုင်တွေနဲ့ ထည့်ထားသော်လည်း ဒီအောက်ကပုံလို့ Fake Serical Number ဆိုတဲ့ box လေး ခဏခဏတက်တက်လာပါတယ် ...


အဲ့ error ကိုဒီလိုလေးဖြေရှင်းပါမယ် ...
ကွန်ပျူတာပေါ်က IDM icon မှာ Right Click ထောက်ပီ Open file location ကိုရွေးပါ ...
XP သမားများက Right click >> Properties >> Shourcut ထဲက Find Target ကိုဝင်ပါ ...
(ဒါမှမဟုတ်)
C >> Program Files >> Internet Download Manager ဖိုဒါထဲကိုဝင်ရပါမယ် ...

ပီရင် IDMGrHlp ဖိုင် name နဲ့ ဖိုင်လေးကို Delete လုပ်ပေးလိုက်ပါ ...
ဒါဆိုရင်အဆင်ပြေသွားပါပီဗျ ...



ကွန်ပျူတာစစဖွင့်တဲ့အချိန်ပဲ အောက်ကပုံလိုလေးပေါ်ပါမယ် ... ဘာမှမဖြစ်ပါ .. Ok လုပ်ပေးလိုက်ပါ ...


အဆင်ပြေပါစေဗျ ...


Tuesday, December 24, 2013

Huawei Firmware များစုစည်းရာ [Huawei Big Collection]

မင်္ဂလာပါခင်ဗျာ ...

Huawei ဖုန်းများအတွက် Firmware များစုစည်းထားတဲ့ ဖိုရမ်လေးတစ်ခုညွှန်းပေးမယ် ... GSM-Forum ပါ ... ဒီဖိုရမ်ကို အားလုံးသိကြမယ်လို့ထင်ပါတယ် ... မသိသေးသူများလည်း သွားကြည့်လိုက်ပါခင်ဗျာ ...
Firmware တွေစုံစုံလင်လင် တင်ပေးထားတွေ့ရပါတယ် ... ဖုန်းနဲ့ပတ်သက်ပီ အခြားတန်ဖိုးရှိတဲ့ ပို့စ်တွေလည်းအများကြီးရှိပါတယ် ... Register ပြုလုပ်ပီ ဖိုရမ်ထဲမှာ သင်တို့လည်း Discuss လုပ်နိုင်ပါတယ် ... သွားရောက်လေ့လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်ခင်ဗျာ ...

==> Click Here <==

rapidshare မှာဒေါင်းလော့လုပ်နည်းမသိသူများ ဒီအောက်မှာကြည့်ပါ -
ပုံထဲကအတိုင်း to download ကိုနှိပ်ပါ ...

ပီရင် မျှားပြထားတဲ့ Download ကိုနှိပ်ပါ ...

အဆင်ပြေပါစေဗျ ...


Friday, December 20, 2013

PC Software တွေကို Full/ Crack with Serial Key တွေပါ ဒေါင်းနိုင်ပါပီဗျ

မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်ဒီနေ့တော့ PC ဆော့ဝဲလ်တွေကို Full Version တွေဒေါင်းနိုင်မယ့် ဆော့ဝဲလ်လေးတစ်ခု ရှယ်ပါမယ်ဗျ ... Go For Files လို့ခေါ်တဲ့ Smart Downloader ဆော့ဝဲလ်လေးပါ ... ကျွန်တော်ပေးတဲ့ rar ကိုဖြည်ပီ Installer လေးကို Double Click ခေါက်လိုက်ပါ ... ပုံမှာပြထားတဲ့အတိုင်း Search အကွက်ထဲ မှာ မိမိတို့လိုချင်တဲ့ဆော့ဝဲလ်ကို ရိုက်ထည့်ပီ Search ကိုနှိပ်ပါ ... ဒါဆိုရင်တော့ Full Version နဲ့ရော Crack ဖိုင် with Serial key ပါတာတွေပါ စသဖြင့် ကြိုက်ရာကိုဒေါင်းယူနိုင်ပါတယ်ခင်ဗျာ ...

Screenshot




==> Download Here <==
(OR)
==> Download Here <==

==> Official Website Link <==

အဆင်ပြေပါစေဗျ ...


Wednesday, December 18, 2013

ခရစ်စမတ်လက်ဆောင်

ဘလော့ကိုလာလည်တဲ့ ညီအကိုများအတွက် ခရစ်စမတ်လက်ဆောင်လေးတွေပါ ...

(25-12-2013)ခရစ်စမတ်နေ့အထိ ဆော့ဝဲလ်အလန်းလေးတွေကို ဒီပို့စ်မှာထပ်ဖြည့်ပီတင်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ ...
ဒါကြောင့် Brother တို့ ဒီပို့စ်လေးကို တစ်နေ့တစ်ခေါက်ဝင်ကြည့်ပီ အားပေးလိုက်ကြပါအုံးခင်ဗျာ ...

1/ Funkytone
ဖုန်းအ၀င် call ကို Animation ပုံလေးတွေနဲ့ ဖလမ်းဖလမ်းထအောင်လန်းနိုင်မယ့် ဆော့ဝဲလ်လေးပါ ...
Animation လေးတွေကိုလည်း ကွန်နက်ရှင်ဖွင့်ပီ ဒေါင်းနိုင်ပါတယ်ဗျ ... Free ပေးတာတွေရှိသလို ပိုက်ပိုက်ပေးရတာတွေလည်းပါပါတယ် ... ကျွန်တော်နောက်မှ ပိုက်ပိုက်နဲ့ဝယ်ရတဲ့ Animation တွေကို ဟက်နည်းလေးရေးပြပါမယ် ... အခုတော့ အချိန်ကလည်းမရ၊ လိုင်းကလည်းမကောင်းဆိုတော့ ဒီဆော့ဝဲလ်လေးယူပီ Free Animation လေးတွေဒေါင်းလိုက်ကြပါအုံးဗျ ...

Thursday, December 12, 2013

PTC ၀င်ငွေရှာဆိုဒ်များမှာ Register လုပ်မရတဲ့သူများအတွက်

ဘလော့ကို လာလည်ကြတဲ့ ညီအကိုများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ဗျ ...

အွန်းလိုင်းမှာ ကြော်ငြာကလစ်ပီ ငွေရှာချင်တဲ့သူများအတွက် ရည်ရွယ်ပီ ဒီ Tutorial လေးရေးလိုက်ပါ တယ်ခင်ဗျာ ... ငွေရှာဆိုဒ်တော်တော်များများမယ် ကျွန်တော်တို့နိုင်ငံကနေပီ Register လုပ်ရင် Sorry IP is already used by other member ဆိုတဲ့အတိုင်းဖြစ်နေပါတယ် ...


အခု အဲ့လိုဝင်မရတဲ့ ၀င်ငွေရှာဆိုဒ်တော်တော်များများကို ဖုန်းကနေ IP Change ပီ Register လုပ်ပါမယ် .. IP Change ဖို့အတွက် ဖုန်းဆော့ဝဲလ်ကို ဒီမှာကလစ်ပီ  ဒေါင်းပေးပါ ... ဒီပို့စ်လေးရဲ့ အဓိကရည်ရွယ်တာ ကတော့ ငွေရှာဆိုဒ်တော်တော်များများ (NerdBux နဲ့အခြားဆိုဒ်နှစ်ခုသုံးခုကလွဲရင်) ကို Register ပြုလုပ် နိုင်တာရယ် .. ပီတော့ ကျွန်တော့်ရဲ့ YGP YOUGETPROFIT ရဲ့ DR Link လေးမှာ Brother တို့ Member ၀င်ပေးစေချင်တဲ့အတွက်ကြောင့်ရယ် ရေးလိုက်ပါတယ်ဗျ ...

နည်းပညာဘလော့တွေမှာလည်း အွန်လိုင်းမှာ ငွေရှာနည်းဆိုဒ်များကိုလည်း Promotion တွေပေးပီ ကြောငြာကြတာ တွေ့မိကြမယ်ထင်ပါတယ် ... ကြော်ငြာကလစ်ခြင်းလုပ်ငန်းနဲ့ ငွေရှာနိုင်တဲ့ဆိုဒ်တွေ ကလည်း အများကြီးကိုရှိပါတယ် ... တစ်ချို့ဆိုဒ်တွေက အတုအယောင်တွေရှိသလို အမှန်တကယ်ငွေ ပေးတဲ့ဆိုဒ်တွေကလည်းအများကြီးပါ ... အခုကျွန်တော်ရေးမယ့် Tutorial ကတော့ PTC လို့ခေါ်တဲ့ ကြော်ငြာကလစ်ဝင်ငွေရှာဆိုဒ်တွေမှာ ကျွန်တော်တို့နိုင်ငံကနေ Register လုပ်မရတဲ့အခါ (100%) ဖြေရှင်းနိုင်တဲ့နည်းလေးပါ ...

YOUGETPROFIT အကြောင်းနဲ့ EgoPay အကောင့်ပြုလုပ်နည်းနဲ့ YGP မှရတဲ့ငွေတွေကို EgoPay သို့ ထုတ်နည်း၊ DR Link ထုပ်နည်း စတဲ့စတဲ့ အသေးစိတ်ကို ပြည့်ပြည့်စုံသိချင်ရင်တော့ မူရင်း ဒီလင့် (OR) ဒီလင့် မှာကြည့်ပေးကြပါခင်ဗျာ .... ဒီပို့စ်ကိုတော မူရင်းလင့်ထဲကနေပီ အချို့ရေးသားချက်များကို ကူးယူ ဖော်ပြထားပါတယ်ဗျ ... မူရင်းလင့်တွေမှာ IP Change ပီ Register လုပ်မရြုဖစ်နေသူများ ဒီနည်းလမ်း လေးနဲ့ဖွင့်ပါခင်ဗျာ ....

မူရင်းပို့စ်ထဲက ကို aungsan ရဲ့ DR Link မှာလည်း Member ၀င်နိုင်သလို .... ကျွန်တော်ပေးထားတဲ့ DR Link မှာလည်း Member ၀င်ပေးပါလို့ မေတာရပ်ခံအပ်ပါတယ်ခင်ဗျာ ... ကို aungsan စီမှာ Member ၀င်ရင်တော့ ကို aungsan ပိုက်ဆံရမှာပါ ... ကျွန်တော် DR Link မယ် Member ၀င်ပေးရင်တော့ ကျွန်တော်လည်းရ .. ကို aungsan လည်းရပေါ့နော် ...

DR အကြောင်းလေးနည်းနည်းရှင်းပါမယ် ... Brother က ကျွန်တော့်ပေးထားတဲ့ DR Link မှာ မာန်ဘာ ၀င်လိုက်ပီဆိုရင် ... Brother ဟာ ကျနော့်ရဲ့ မာန်ဘာဖြစ်သွားပီ .... ကျွန်တော့်ရဲ့ Sponser ဖြစ်တဲ့ ကို aungsan မှာ Member တစ်ယောက်အလိုလိုတိုးပါတယ် ... ဒါဆိုရင်ကျွန်တော့်မယ် မာန်ဘာ တစ်ယောက် ရပြီပေါ့နော် ...  ဟုတ်ပီ.. Brother က ကိုယ့်ဘာသာ မာန်ဘာတွေကိုထပ်ရှာမယ်..ဆိုပါစို့ .. Brother ထဲကို နောက်ထပ် လူအသစ်တစ်ယောက်က မာန်ဘာဝင်လာတာနဲ့ ... Brother ထဲကို ၀င်လာတဲ့မာန်ဘာ သည် ကျွန်တော့်စီမှာရော ကျွန်တော့်ရဲ့ Sponsor ဖြစ်တဲ့ ကို aungsan မှာပါ မာန်ဘာ အလိုလို ၀င်ပီးသား ဖြစ်သွားပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော့်ထဲမှာ Brother ကမာန်ဘာ ၀င်ထားတာဖြစ်လို့ပါ.... ကျွန်တော့်ကလည်း Sponser ကို aungsan စီမှာ Member မို့လို့ပါ ... Brother လဲ Brother ရှာထားတဲ့ မာန်ဘာဆီက ပိုက်ဆံရ .. ကျွန်တော်လဲ ပိုက်ဆံရ .. ကျွန်တော့်ရဲ့ Sponser လည်းပိုက်ဆံရပေါ့ဗျာ ... အဲလို သဘောတရားပါ ... ဒါပေမယ့် ဘယ်သူ့ကိုမှမထိခိုက်ဘူးနော် ... YGP က သူ့ဘာသာ Member Referral Level ကို 2 ဆင့်သတ်မှတ်ပေးထားလို့ရတာပါ.... ဒါ D R Link အသုံးပြုပြီး ပိုက်ဆံ မြန်မြန်ရ အောင်ရှာတဲ့နည်းပါ... Brother တို့အနေနဲ့လည်း အကောင့်ဖွင့်ပီ DR Link လေးထုတ်ကာ ဘလော့၊ ၀က်ဆိုဒ်၊ facebook page တွေမှာ ဒီလိုပဲရှင်းပြပီ Member ၀င်ခိုင်းမယ်ဆိုရင် Brother တို့လည်းရရှိမှာ ဖြစ်ပါတယ်ဗျ ...

ရေးရင်းနဲ့ အကြောင်းအရာက လိုရင်းမရောက်တော့ဘူး ဟီးဟီး :):) ...
yougetprofit အကောင့်လုပ်ဖို့အတွက် စလိုက်ရအောင်ပါ ...
[မှတ်ချက် - မည်သည့်ငွေရှာဆိုဒ်ကိုမဆို ဖုန်းကနေ အသုံးပြုခြင်းရှောင်ကြဉ်ရပါမယ်ဗျ ...ကွန်ပျူတာကနေ အသုံးပြုရမှာဖြစါပတယ် ...] ဖုန်းမှာ IP Change ဖို့အတွက် ကျွန်တော့်ရဲ့လက်ဆွဲတော်ပေါ့ဗျာ ... အပေါ် မှာ လင့်ပေးထားပါတယ် ဒေါင်းပြီးလောက်ပီလို့ထင်ပါတယ်ဗျ ... Tunnel Bear ဆော့ဝဲလ်လေး ကိုဖွင့်ပါ ... Tunnel Bear အကောင့် မရှိသေးရင်လည်း Register လုပ်လိုက်ပါ ... အကောင့်ရှိသူများ Login ၀င်ပေးပါ ... ပီရင် ပုံမှာပြထားတဲ့ အတိုင်း နိုင်ငံမှာ De ကိုရွေးပီ On ပေးပါ [ မှတ်ချက် - နိုင်ငံ (6)နိုင်ငံပါပါတယ် ... ကြိုက်တာရွေးပီ On ပါ ...] Noti မှာ သော့ပုံလေးပေါ်ရင်တော့ IP Change ပီပါပီ ... ပီရင်ဖုန်းကို ကွန်ပျူတာနဲ့ Network ချိတ်လိုက်ပါ ...


YGP အကောင့်လုပ်ဖို့အတွက် ဒီမှာ https://www.yougetprofit.com/?ref=zawmyooo  ကလစ်ပါ ... ကျွန်တော့ရဲ့ YGP YOUGETPROFIT ရဲ့ DR Link ပါခင်ဗျာ ... ပီရင်ပုံမှာပြထားတဲ့အတိုင်း Signup ကိုနှိပ်ပါ ... အချက်အလက်တွေအားလုံးဖြည့်ရပါမယ် ... Payment Account မှာတော့ Paypal ရှိရင် Paypal ပေါ့ ... EgoPay နဲ့ဆိုလည်း Egopay အကောင့်ကိုထည့်ပေးရပါမယ် ... {Egopay အကောင့် အသစ်ဖွင့်မည့်သူများ အပေါ်ကမူရင်းလင့်မယ် ၀င်ရောက်ကြည့်ရှုပီ အလွယ်တကူ ဖွင့်နိုင်ပါတယ်ခင်ဗျာ ...ကျွန်တော်ရေးပြရင် စာတွေအရမ်းရှည်သွားပါမို့လို့ပါဗျ ...} ပီရင် I have read, and agree to abide by the YOUGETPROFIT.com rules. စာသားရဲ့ရှေ့မှာ အမှန်ခြစ်ထည့်ပေးပီ Register ပေါ့ဗျာ ...



ဒီမယ် ကျွန်တော်တစ်ခုပြောချင်တာက ကျွန်တော်အသုံးပြုနေတဲ့ ဖုန်း network ကို Tunnel Bear ဆော့ဝဲလ်နဲ့ IP Cange ထားလို့ Register လုပ်နိုင်တာပါ ... ပုံမှန်အတိုင်း Register လုပ်တယ်ဆိုရင် Sorry IP is already used by other member ဆိုပီပြပါမယ် ... ပီရင် Tunnel Bear ကို Off လုပ်လို့ရပါပီ ...
Gmail ကိုဖွင့် ပုံမှာမျှားပြထားတဲ့စာသားကိုကလစ်ပေးပါ .... ပီရင် Send ဆိုတာကိုနှိပ်လိုက်ပါက သင့်ဟာ YGP မှာ ငွေရှာခြင်းလုပ်ငန်း စလုပ်နိုင်ပါပီခင်ဗျာ ....




Login ကိုနှိပ်ပါ ... User Name နဲ့ Password နဲ့ စာလိမ်အမှန်တွေကို ဖြည့်ပေးပီ YGP ကို ၀င်ရောက် အသုံးပြုနိုင်ပါပီခင်ဗျာ .... [ဒီမယ် ကျွန်တော်တစ်ခုပြောအုံးမယ်ဗျ .... Login ၀င်ရောက်တဲ့အခါ မှာလည်း ဒီအောက်ကပုံလို့ error ပြတယ်ဆိုရင်လည်းမစိုးရိမ်ပါနဲ့ .... Tunnel Bear ကိုဖွင့်ပီ On ... သော့ပုံလေး ပေါ်ရင် Login နှိပ်ကြည့်လိုက်ပါ ... Error လေးပျောက်ပီ သင့်ရဲ့အကောင့်ကို ၀င်ရောက်အသုံးပြုနိုင် ပါလိမ့်မယ်ဗျ ...] ကျွန်တော်တို့နိုင်ငံကနေဖွင့်မရတဲ့ ငွေရှာဆိုဒ်တော်တော်များများကို ဒီနည်းလမ်းလေးနဲ့ Register လုပ်နိုင်ပါတယ်ခင်ဗျာ ... ကျွန်တော်လက်ရှိ ငွေရှာဆိုဒ် (၄/၅)ခုမှာ ကြောငြာကလစ်ခြင်း လုပ်နေပါတယ်ဗျ ...


အားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ ...


Saturday, December 07, 2013

PIN-Patten-Passwords unlock Flashable zip

မင်္ဂလာပါခင်ဗျာ ...
ကျွန်တော့်ဘလော့ကို လာလည်ကြတဲ့ ညီအကိုများအားလုံးအတွက် လက်ဆောင်လေးပါ ...
 အဲ့ဒါဘာလည်းဆိုရင်တော့ သင့်တို့ရဲ့ဖုန်းမှာ Pin, Patten & Password lock တွေကို ကွန်ပျူတာမလို၊ USB Debugging မလို၊ CWM Recovery ရှိရုံနဲ့ Unlock လုပ်ပေးနိုင်တဲ့ Flashable zip လေးပါ ... Pin, Patten & Password တွေကို ဖျက်နိုင်တဲ့ ကွန်ပျူတာ Tools တွေကလည်း အများကြီးရှိပါတယ် ... တစ်ချို့လည်း USB Debugging ကို On ပေးဖို့လိုသလို - USB Debugging မ On ထားလည်း ဖြုတ်နိုင်တဲ့ Tools တွေရှိပါတယ် ...

အခုကျွန်တော်ပေးမယ့် Flashable zip လေးကတော့ ကွန်ပျူတာရှိရန် မလို၊ USB Debugging On ထားရန်မလိုပါ ... CWM Recovery ရှိရုံနဲ့ Lock တွေကို ဖြုတ်ပေးပါလိမ့်မယ်ဗျ ... Root ပီးသားဖုန်း မှန်သမျှ CWM Recovery သွင်းထားမယ်လို့ ကျွန်တော်ယူဆပါတယ်ဗျ ...

Yandex.Mail မေးလ်ဆားဗစ်အသစ် မိတ်ဆက်ခြင်း

မင်္ဂလာပါခင်ဗျာ  ...
ကျွန်တော်ဒီနေ့ မေးလ်ဆားဗစ်အသစ်လေးနဲ့ မိတ်ဆက်ပေးပါမယ်ဗျ  ... ဒီမေးလ်ဆားဗစ်အသစ်လေးကို MMUG မှ ကိုဇော်သွင်ရဲ့ပို့စ်မှတွေ့တာပါ  ... ကျွန်တော်ကိုယ်တိုင် အသုံးပြုကြည့်ပီ အရမ်းအဆင်ပြေလို့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျ  ...

အကောင့်ပြုလုပ်ရာမှာလည်း အရမ်းလွယ်ကူပါတယ်ဗျ  ... အသုံးပြုရတာလည်း ဂျီမေးလ်အတိုင်းပါ  ... Pc နဲ့ရော Ph နဲ့ပါ လွယ်ကူစွာအကောင့်ပြုလုပ်နိုင်ပါတယ်ဗျ  ...  free mail လုပ်လို့ရတယ်ဆိုပြီးအထင်မသေး လိုက်နဲ့နော်  ...အကောင့်ပြုလုပ်ရရှိပြီးရင် အဲ့ဒိအကောင့်ကို ရာသက်ပန် အသုံးပြုလို့ရစေတာပါပဲ ... Google Mail လိုပါပဲ ... တစ်ခြားလုပ်ဆောင်ချက် features တွေကလည်း gmail လိုပါပဲ  ...အတူတူပဲ  ... တော်တော်များများ services တွေလက်ခံပေးပါတယ်  ... ၁။ google ၂။ twitter ၃။ dropbx ၄။ microsoft account services နဲ့တော်တော်များများ supported လုပ်ပေးနိုင်ပါတယ် ...

Sunday, December 01, 2013

SAMSUNG LATEST OFFICIAL FIRMWARES

Samsung galaxy official firmware တွေကို တနေရာတည်းကနေဒေါင်းရအောင်..
ပုံမှာပြထားတဲ့အတိုင်း  ကိုယ်လိုချင်တဲ့ ဖုန်းအမျိုးအစားနဲ့ ဗားရှင်းကို ရွေးပြီး download ကိုနှိပ်လိုက်ပါ  ...
ပုံမှာပါတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်  ...


ကျနော်တို့မှာ firmware တင်ဖို့  kernel and Odin  မရှိသေးဘူးဆိုရင် အစိမ်းရောင်ပြထားတာကို နှိပ်ပြီးဒေါင်းပါ  ... ရှိတယ်ဆိုရင်တော့ အ၀ါရောင်ကိုနှိပ်ပီ firmware ကိုဒေါင်းပါ  ...


ဒေါင်းလုတ်လင့် ရောက်ရင် Free (or) Regular download ကိုရွေးပါ  ... premium account ရှိတဲ့ သူကတော့ premium နဲ့ဒေါင်းပေါ့  ... (30) seconds စောင့်  ... ပီရင် click here to download စာသား ကိုကလစ်ပီ ဒေါင်းနိုင်ပါပီခင်ဗျာ  ... ko chan nyein ဆိုဒ်ကနေတွေ့လို့ ပြန်ရှယ်ပေးလိုက်ပါတယ်  ...



==>> Click Here  <<==

အဆင်ပြေပါစေဗျ  ...


Saturday, November 30, 2013

Phone lock screen မှာ စိတ်ကြိုက်စာရေးမယ်

ဖုန်း lock screen မှာ မိမိစိတ်ကြိုက်စာတွေရေးပီ  မလန်းချင်ဘူးလားဗျ  ... လန်းချင်ရင်လွယ်ပါတယ်  ...



Friday, November 29, 2013

27 Sea Games Official Mobile app link [ ပန်းသီး + စက်ရုပ် ]


ထွေထွေထူးထူးမရေးတော့ပါဘူး  ... လိုင်းကလည်းမကောင်းလို့. ... 27 Sea Games 2013 အတွက် ပြီးပြည့်စုံတဲ့ ဆော့ဝဲလ်လေးပါ  ... ဒီပို့စ်ကိုဖုန်းကနေ တင်ပေးခြင်းဖြစ်တဲ့အတွက် အများကြီး မရေးပေး နိုင်တာ ခွင့်လွှတ်ပေးကြပါဗျ  ... ပန်းသီးအတွက်ရော စင်ရုပ်အတွက်ရော ဒေါင်းနိုင်ပါတယ်  ... Official Website ပါခင်ဗျာ  ... 27 Sea Games 2013 Official Mobile app link  ညွှန်းလိုက်ပါတယ်ဗျ  ...


အဆင်ပြေကြပါစေဗျ  ...


SuperSu v.1.8.0 for Android


မင်္ဂလာပါဗျ  ...
Root လုပ်ထားတဲ့ သင်တို့ရဲ့ဖုန်းမှ SuperSu ကို Version Update မလုပ်ချင်ဘူးလားဗျ  ... Update လုပ်ချင်တယ်ဆိုရင် အခုတင်ပေးတဲ့ eu.chainfire.supersu_1.8.0.apk လေးသာ ဒေါင်းလိုက်ပါဗျ  ... ၂၇-၁၁-၂၀၁၃ ရက်နေ့ထွက် V.1.8.0 Update လေးပါခင်ဗျာ  ...


အဆင်ပြေပါစေဗျ  ...


Thursday, November 28, 2013

Factory Data Reset ချရင် ဖြစ်တတ်တဲ့ problem

ဒီပို့စ်ကတော့ Android Users များအတွက် ရည်ရွယ်ပါတယ်  ... ဆရာကြီးတွေအတွက်က ရယ်စရာပါ  ...
ဖုန်းကို Factory Data Reset ချလိုက်ရင် ဖြစ်လေ့ရှိတဲ့ အကြောင်းအရာလေးပါ  ... အကြောင်းအမျိုးမျိုး ကြောင့် သင့်တို့ရဲ့ဖုန်းကို Factory Data Reset ချလိုက်ပီဆိုပါတော့  ...

{Factory Data Reset လုပ်မည့်သူများ သတိပြုရန် -
1/ သင်တို့ရဲ့ contacts, sms, data & apps အားလုံးကို backup ဆော့ဝဲလ်တွေနဲ့ Backup ယူထားပါ  ...
2/ သင်တို့ဖုန်းရဲ့ အင်တာနက် Setting [APN-Access Point Names] ထဲကိုသွားပီ ဖြည့်ထားတဲ့ အချက်တွေအားလုံးကို  တစ်နေရာရာမှာ ရေးမှတ်ထားပေးပါ  ...}

Monday, November 25, 2013

XDA Assistant v.2.2.4 For Android

မင်္ဂလာပါဗျ ...
ကျွန်တော် ဒီနေ့တော့ Android အတွက် အလန်းစားဆော့ဝဲလ်လေးတစ်ခု တင်ပေးလိုက်ပါတယ် ...
XDA Assistant v.2.2.4 ဆိုတဲ့ ဆော့ဝဲလ်လေးပါ ... ဘာတွေလုပ်နိုင်လည်းဆိုရင် အများကြီးပါ ...
Screenshot လေးပဲကြည့်လိုက်ကြပါခင်ဗျာ ... Android 1.6+ , ဖိုင်ဆိုဒ် (2.86 MB) ...




အဆင်ပြေပါစေခင်ဗျာ ...


Root apk အသစ် BaiduRoot.apk

Root apk အသစ်ပါ ...တရုတ် Root ပါ ... သူ Root နိုင်တာတွေကတော့အများကြီးပါ ... Baidu ကဖုန်းကို Root ဖို့အတွက် apk ရော exe ရောထွက်ပါတယ် ... ကွန်ပျူတာအတွက်ကတော့ နံမည်ကြီး Vroot ရှိတော့ မတင်ပေးတော့ပါဘူး ... ဖုန်းထဲကနေ Root နိုင်တဲ့ apk လေးပဲတင်ပေးလိုက်ပါတယ်ခင်ဗျာ ... rar ဖိုင်ထဲမှာ Baidu Root.apk ရော သူက Root နိုင်တဲ့ Device lists ကိုပါ ထည့်ပေးထားပါတယ် ... root လုပ်ပေးနိုင်တဲ့ Device lists ကများလို့ Notepad လေးနဲ့တင်ပေးလိုက်ပါတယ် ... Android version 2.2 နဲ့အထက်ဆိုရင် သုံးလို့ရပါပီဗျ ...

     ==> Baidu Root.apk & Baidu Root.apk Supported Device Lists Notepad.rar <==    

အဆင်ပြေပါစေခင်ဗျာ ....


Thursday, November 21, 2013

Facebook က ဖုန်းနံပါတ်တောင်းပီ Confirmation Code ပြန်မပို့လို့ တိုင်ပတ်နေသူများ Confirmation Code ပြန်ပို့အောင်လုပ်ကြည့်ရအောင်ဗျ ...

မင်္ဂလာပါခင်ဗျာ ...

ကျွန်တော်ဒီနေ့ရေးမဲ့အကြောင်းအရာကတော့ Facebook အကောင့်တစ်ခုကိုဖွင့်လို့ ဖုန်းနံပါတ်တောင်းပီ Verification code ပြန်မပို့လို့ ဖွင့်မရတဲ့အကောင့်ကို Verification code ရအောင်တောင်းပီ ဖွင့်ပြမှာဖြစ် ပါတယ် ... Verify လုပ်မရလို့ အဲ့ Mail လိပ်စာနဲ့ နောက်ထပ် facebook အကောင့် ထပ်ဖွင့်လည်း ရမှာ မဟုတ်ပါ ... အဲ့ဒါကြောင့် အောက်ကနည်းလေးနဲ့ သင့်တို့ရဲ့ ဖုန်းနံပါတ်နဲ့ Verify Code တောင်းနေတဲ့ facebook အကောင့်ကို Code တောင်းပီ အသုံးပြုလို့ရအောင် ပြုလုပ်ပြမှာဖြစ်ပါတယ်ဗျ ...

ပြုလုပ်နည်းကတော့ သူငယ်ချင်းတစ်ယောက်ပေးတဲ့ နည်းလေးရယ် ကျွန်တော်ရဲ့လက်တွေ့ စမ်းသပ်ချက် လေးနဲ့ပေါင်းပီ ပြည့်ပြည့်စုံစုံရေးသားထားပါတယ်ခင်ဗျာ ... Code တောင်းဖို့အတွက် လိုအပ်မယ့်ဆော့ဝဲလ် (2)ခုတော့ ဖုန်းမှာသွင်းထားရပါမယ် ... ရေးပြထားတဲ့ Instruction လေးအတိုင်းလုပ်ပါ ... အမှန်တကယ် အကောင့်ပေါက်ပါတယ် ... ကျွန်တော်က Free Call ဆော့ဝဲလ်လေးတစ်ချို့နဲ့ facebook ကို Fake လုပ်ပီ Verification Code (Confirmation Code)ကို ရအောင်ယူပြမှာ ဖြစ်ပါတယ်ခင်ဗျာ ... အခုပေးတဲ့ ဆော့ဝဲလ်လေး (2)ခုကို Android Version 2.2 နဲ့အထက်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ ...

Wednesday, November 20, 2013

မြန်မာစာ100% မှန်အောင်ဖတ်နိုင်တဲ့ UCBrowser Chinese [For Android]

မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်အခု မြန်မာစာကို ၁၀၀% မှန်အောင် ဖတ်ရှုနိုင်မယ့် UC Browser Chinese ဗားရှင်းလေးနဲ့ မိတ်ဆက်ပေးပါမယ် ... ICS Version တွေမှာ Zawgyi Changer တွေနဲ့ မြန်မာဖောင့်ထည့်ပီ မြန်မာစာ မှန်ကန်အောင်ရေးနိုင်သော်လည်း အင်တာနက်အသုံးပြုပီ Web page နဲ့ အခြားမြန်မာဆိုဒ်တွေကို ကြည့် တဲ့အခါမှာတော့ မြန်မာစာမှန်ကန်အောင် မဖတ်နိုင်ပါ ... စာလုံးအမှန်ကိုမဖတ်နိုင်လို့ စိတ်အနှောက် အယှက်ဖြစ်တဲ့ ကိုကိုမမများ မြန်မာစာကို ၁၀၀% မှန်အောင်ဖတ်နိုင်မယ့် UC Browser Chinese ဗားရှင်း လေး ရှယ်ပေးလိုက်ပါတယ်ဗျ ... အဓိကက ICS Version ပေါ့ဗျာ ... အခြား Android Version တွေ လည်း မြန်မာစာကို အမှန်ဖတ်နိုင်မယ်လို့ထင်ပါတယ် ... ကျွန်တော်က ICS နဲ့အောက် Version တွေဘဲ စမ်းထားရသေးလို့ပါ ... အောက်ကပုံထဲမှာ Default Browser နဲ့ မြန်မာစာ ၁၀၀% မှန်တဲ့ UC Browser Chinese ပုံလေးနှစ်ခုကို ယှဉ်ပြထားပါတယ်ခင်ဗျာ ... သတ်ပုံမှားတဲ့ စာလုံးလေးတွေကိုလည်း ကျွန်တော် အနီတွေနဲ့ ၀ိုင်းပြထားပါတယ်ခင်ဗျာ ...


မြန်မာစာကိုမှန်အောင်ဖတ်ရှုနိုင်မဲ့အပြင် အခြား Browser တွေထက်လည်း Webpage တွေကို အမြန်ဆန် ဆုံးကြည့်ရှုနိုင်မှာဖြစ်ပါတယ် ... အမှန်ကန်ဆုံးနဲ့ အမြန်ဆန်ဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျ ...



အဆင်ပြေပါစေခင်ဗျာ ...


Monday, November 18, 2013

ဖုန်းမှ Facebook Account အသစ်ဖွင့်မယ် ... [Very Easy နော်]


မင်္ဂလာပါ Brother တို့ရေ ...
အခုရက်ပိုင်းအတွင် Facebook အကောင့်အသစ်ဖွင့်ရင် ဖုန်းနံပါတ်တောင်းတာတို့ ဖွင့်မရတာတို့ကို တွေ့နေရပါတယ်ဗျ ... ကျွန်တော်ရဲ့ Mail ထဲကိုလည်း ဖွင့်မရလို့ အကူအညီတောင်းထားတွေလည်း တွေ့ရတာနဲ့ ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ ... ကျွန်တော်ဖုန်းကနေ Facebook ဖွင့်နည်း ပထမ ပို့စ်တုံးက OpenVPN ဆော့ဝဲလ်နဲ့ ဖွင့်လို့ အဆင်မပြေတဲ့သူများလည်း ယခုနည်းနဲ့ဖွင့်ပါ ...

Sunday, November 17, 2013

Emergency Battery Code (*3370#) ကုဒ်လေးအကြောင်း


မိုဘိုင်းဖုန်းတွေ အခြေခံလျှို့ဝှက်ချက်တွေထဲက ဖုန်းဘတ္ထရီအားအပိုစောင်းထုတ်နိုင်တဲ့ *3370# ဆိုတဲ့ ကုဒ်လေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ... အခု အဲ့ *3370# ကုဒ်လေးအကြောင်းကို ရေးချင် ပါတယ်ခင်ဗျာ ... သိသူများကျော်သွားပေးပါခင်ဗျာ ...

မိမိတို့ဖုန်းဟာ အသုံးပြုတာများသွားလို့ ဘတ္ထရီရာခိုင်နှုန်းနည်းနေပီ အားကလည်းပြန်မသွင်းနိုင်သေးရင်
အရေးပေါ်ဘတ္ထရီထုတ်သုံးနိုင်မယ့် ဒီ *3370# လေးကို အားလုံးအသုံးပြုဖူးကြလိမ့်မယ်လို့ထင်ပါတယ် ...
အဲ့ကုဒ်ရိုက်ပီတဲ့အချိန်မှာ ဘတ္ထရီရာခိုင်နှုန်း ဘာမှမထူးခြားတာကိုလည်း အားလုံးတွေ့ကြမယ်လို့ ထင် ပါတယ် ... အဲ့ဒါဘာကြောင့်လည်း ... WHY ?

ကျွန်တော်လေ့လာမိသလောက် သိသလောက်လေးကို Brother တို့သိချင်မလားလို့ပါ ... အခုကျွန်တော် အဲ့အကြောင်းလေးကို ပြည့်ပြည့်စုံရေးပြပါမယ်ဗျ ...

Outgoing, Incoming, Missed Calls & SMS များကို အလန်လေးကလိကြည့်ရအောင်ဗျ

မင်္ဂလာပါဗျ ...
သင့်တို့ရဲ့ဖုန်းမှာ အ၀င် call, အထွက် call, missed call, SMS များကို ပုံထဲကအတိုင်းလေး မသုံးချင် ဘူးလားဗျ ... လန်းတယ်နော် ...


သုံးချင်တယ်ဆိုရင် လွယ်ပါတယ် ... အားလုံးသိပီးသာ ဆော့ဝဲလ်လေးနဲ့လုပ်ပြမှာပါ ... ဒါလေးဒေါင်းလိုက် ... Pro ဗားရှင်းနော် ... ပီရင် ဖုန်းထဲမှာ အင်စတောပီ အောက်ကပုံတွေထဲကအတိုင်းလေး Setting မှာ ၀င်ချိန်းပေးလိုက်ရင်ရပီဗျ ... ကျန်တဲ့အပိုင်းတွေကိုတော့ မိမိစိတ်ကြိုက်ကလိ ကြည့်လိုက်ကြပါခင်ဗျာ ...




ဒီဆော့ဝဲလ်နဲ့ ဒီလိုအသုံးပြုနည်းကိုတော့ ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)ဘလော့ကတွေ့လို့ ပြန်ရှယ်ပေး လိုက်ပါတယ်ဗျ ...
အဆင်ပြေပါစေဗျ ...


Friday, November 15, 2013

MTK ဖုန်းတွေ IMEI ပြန်ရေးနိုင်မယ့် ZOPO_IMEI.apk

MTK Device တွေမှာ IMEI ပြန်ရေးနိုင်မယ့် apk လေးတွေ့လို့ပြန်ရှယ်လိုက်ပါတယ် ... မူရင်းကတော့ IPA Cracker ပါ ... ဒီ apk ကို MTK အတွက်လို့ရေးထားပါတယ် ... အခြား china ဖုန်းတွေလည်း စမ်းချင်ရင်စမ်းကြည့်ပေါ့ ... ပုံမှာပြထားတာကတော့ ကျွန်တော့်ရဲ့ ဘက်စုံသုံးဖုန်းလေး Huawei U8825D နဲ့ပြထားပါတယ်ဗျ ... [မှတ်ချက် - ကျွန်တော်မစမ်းရသေးပါ ... ]


Android 2.1 + ...

အဆင်ပြေပါစေ ...


Huawei, MTK တရုတ်ဖုန်းတွေ IMEI ပြန်ရေးနိုင်မယ့် IMEI_SN_Writer_V1.1 [PC Tool]

တရုတ်ဖုန်း Huawei တွေ MTK တွေကို Box သုံးစရာမလိုပဲ IMEI ပြန်ရေးနိုင်မယ့် Tool လေးပါ ...
စမ်းသပ်ချင်သူများ အောက်မှာဒေါင်းယူထားလိုက်ပါခင်ဗျာ ....



မူရင်းက Credit : IPA Cracker ပါ ...
အဆင်ပြေပါစေ ....


Bejeweled 2 game for Android


မင်္ဂလာပါခင်ဗျာ ...
ဒီဂိမ်းလေးကတော့ PC မှာ မဆော့ဘူးတဲ့သူ မရှိလောက်ဘူးလို့ထင်ပါတယ် ...
အခု Android အတွက် တွေ့လို့ရှယ်လိုက်ပါတယ် ... Android 1.5 +, ဖိုင်ဆိုဒ် (43.6 MB) ...


<<< Bejeweled 2 >>>

အဆင်ပြေကြပါစေခင်ဗျာ ...



Thursday, November 14, 2013

PC အတွက် Download Manager အလန်းလေးပါ


မင်္ဂလာပါ Brother တို့  ...
ကျွန်တော်ပုံမှာပြထားတဲ့ Speed နဲ့ PC မှာ ဖိုင်တွေကို မဒေါင်းချင်ကြဘူးလားဗျ ... IDM မှာ Speed နှေး နေချိန်မှာ ဒီ Downloader လေးရဲ့ Speed က ဒီလောက်နဲ့ ဆွဲနေပါတယ် ... Portable Version လေးပါ ..


XDM is Free and Portable

အသေးစိတ်ကိုတော့ အောက်မှာဖတ်ကြည့်လိုက်ပါခင်ဗျာ ...
Publisher's Description

Xtreme Download Manager is a free download manager that increases download speeds,
captures FLV videos, and schedules downloads. Xtreme Download Manager uses sophisticated dynamic segmentation algorithm, data compression and connection reuse to speed up the download process. It supports HTTP, HTTPS and FTP protocols, firewalls, proxy servers, file redirects, cookies, authorization, etc.

Xtreme Download Manager also seamlessly integrates with Firefox, Chrome, IE, Opera, Safari or any other web browser. Xtreme Download Manager does not require installation and runs on any OS with Java SE 6.

Xtreme Download Manager is a powerful tool to increase download speed up-to 500%, resume broken/dead downloads, capture FLV videos from any site and schedule downloads.
Xtreme Download Manager uses sophisticated dynamic segmentation algorithm, data compression and connection reuse to speed up the download process. Xtreme Download Manager supports HTTP, HTTPS and FTP protocols, firewalls, proxy servers, file redirects, cookies, authorization etc. Xtreme Download Manager integrates with any browser to handle downloads automatically using Advanced browser integration. Xtreme Download Manager is entirely written in Java, so it runs on any Operating System without even being installed.

Official Link ==> http://xdman.sourceforge.net/index.html


Android မှာTask Killer တွေမသုံးသင့်တဲ့ အကြောင်းအရင်းများ



Android Phone တွေမှာ Task Killer App မရှိတဲ့ဖုန်းဆိုတာ မရှိသလောက်ရှားပါးတာသေချာပါတယ်။Task Killer တွေက Background မှာ Run နေတဲ့ App တွေကို ပိတ်ခြင်းအားဖြင့် ဖုန်းရဲ့  Performance နဲ့ Battery Life ကိုကောင်းမွန်စေပါတယ် လို့ အများစုကထင်ကြပါတယ်။တကယ်တော့ Task Killer တွေဟာ ဖုန်းရဲ့ Performance နဲ့ Battery Life ကိုကျဆင်းစေပါတယ်။ဒီလိုပြောရင်ယုံကြည်မယ့်သူမရှိဘူး လို့ထင်ပါ တယ်။ Task Killer တွေမသုံးသင့်တဲ့အကြောင်းကို နိုင်ငံခြားနည်းပညာ ဆိုက်တွေမှာတွင်တွင်ကျယ်ကျယ် ရေးသားနေကြလို့  ကောင်းမွန်တဲ့ နည်းကိုရွေးချယ်နိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။ 

Task Killer တွေဟာ Background မှာ Run နေတဲ့ Apps တွေကို Force Close လုပ်ပါတယ်။ Memory ကနေ App တွေကိုဖယ်ထုတ်လိုက်ပါတယ်။တစ်ချို့ Task Killer တွေက အလိုလို ပြုလုပ်ပေးတတ်ပါ သေး တယ်။ ဒါပေမယ့် Android က Processes တွေကို သူ့ ဘာသာ Manage လုပ်နိုင်ပါတယ်။ အဲဒီအတွက် Task Killer တွေမလိုအပ်ပါဘူး။

Wednesday, November 13, 2013

မြန်မာစာထည့်သွင်းလာတဲ့ formart factory [For PC]


format factory ဆိုရင်လူတိုင်းသိမှာပါနော် ..... မိမိတို့  လိုချင်တဲ့ ဖိုင်တွေကို အမျိုးမျိုး ကို formart တွေ ပြောင်းပေးလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ ဒီနေ့ထွက်လာတဲ့  version လေးမှာတော့ မြန်မာလိုပါလာတာကို တွေ့ရတယ်ဗျာ ..... ဘာပဲပြောပြော မိခင်ဘာသာစကား ကိုသုံးဆွဲရမယ်ဆိုတော့ လုံးဝလန်းတယ်ဗျာ။ မြန်မာလိုအသုံးပြချင်သူတွေအတွက်ကတော့  language မှာ မြန်မာဘာသာကို ရွေးချယ် ပေးလိုက်ရင် setting တစ်ခုလုံးကိုမြန်မာလို မြင်ရပါပြီ။ OS အားလုံးမှာအသုံးပြု့ လို့ ရပါတယ်ခင်ဗျာ အောက်မှာ screenshoot လေးကိုကြည့်လိုက်ပါ။


DOWNLOAD - Zippyshare  , tusfiles  , solidfiles

From : Ye-U Thar


Google Play Store & Apk Downloader 2 in 1 apk For Android {Home Made လေးပါ ...}


Brother တို့အားလုံး မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်ဒီနေ့တော့ Google Play Store & Apk Downloader 2 in 1 apk လေးရှယ်ပါမယ် ... ဒီဆော့ဝဲလ်လးကို ကျွန်တော်အသုံးပြုဖို့အတွက် လက်ဆော့ထားတာပါ ... {Home Made လေးပါ ...} Play Store ကနေပီ apps, games တွေကို market နဲ့ဒေါင်း ရတာ နှေးတယ်လို့ ထင်တဲ့သူများ ဒီ 2 in 1 apk လေးအသုံးပြုပီ Downloader နဲ့ ဒေါင်းနိုင်ပါပီခင်ဗျာ ... ဆော့ဝဲလ်လေးကိုဖန်တီးရတဲ့ရည်ရွယ်ချက်က Play Store Market မှာ ဆော့ဝဲလ်ရှာ.... ပီရင် Browser မှာ Apk Downloader page ကိုဖွင့်ပီဒေါင်းနဲ့ အလုပ်မရှုပ်အောင်လို့ ဒီ apk လေးဖန်တီးဖြစ်သွားတာပါ ... ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူးဗျ ... Play Store ရယ် Apk Downloader ရယ် website page နှစ်ခုကို Apk ဖန်တီးလိုက်တာပါ ... ပုံမှာ ကြည့်ပါခင်ဗျာ ...



Tuesday, November 12, 2013

Mobogenie PC Suite & Mobogenie Android Market

Smart ဖုန်း အသုံးပြုတဲ့သူတိုင်း PC နဲ့ Phone မှာ ဆောင်ထားသင့်တဲ့ဆော့ဝဲလ်တွေပါ ...

Mobogenie PC Suite [For PC]


ကျွန်တော် PC Suite တွေအများကြီးသုံးဖူးပါတယ် ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget