Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Thursday, July 11, 2013

Samsung Galaxy S4 ကို ဖုန်းအားသွင်းရာမှအပူလွန်ကဲပြီး မီးလောင်



ဖုန်းတွေ အပူရှိန်မြှင့်လာတာ ၊ အပူလွန်ကဲတတ်တာဟာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း အပူလွန်ကဲမှု အမြင့်ဆုံးဖြစ်သွားပြီဆိုရင်တော့ အသုံးပြုသူကို အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်လာပြီး စိုးရိမ်ရတဲ့ အနေအထားတစ်ရပ်ဖြစ်နေပါပြီ ။ UAE နိုင်ငံမှ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ယောက်ဟာ သူ့ရဲ့ Samsung Galaxy S4 ကို တစ်ညလုံးအားသွင်းထားလိုက်တာ ဖုန်းကအပူရှိန်လွန်ကဲပြီး မနက်မိုးလင်းတော့ ပုံမှာပြ ထားတဲ့အတိုင်း ဖုန်း USB အားသွင်းကြိုး ၊ ဖုန်းရဲ့ Charger ပေါက်နေရာနဲ့ ဖုန်းအောက်ခြမ်း တစ်ခုလုံး နီးပါး လုံးဝကိုမီးကျွမ်းသွားပါတယ်။ ဒီကိစ္စကို Samsung Showroom ကို ပြသခဲ့အခါ Samsung က Samsung Galaxy S4 တစ်လုံးနဲ့ပြန်လည် လဲလှယ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ Online မှာရော အပြင်မှာပါအတော်လေးပျံ့နှံ့နေပြီး ဝေဖန်သုံးသပ်သူတွေကလည်း “Samsung S3 ရဲ့ hardware ကိုယ်ထည်ပိုင်းထက်SamsungGalaxyS4ကဘာမှပိုထူးခြားမလာတဲ့အပြင် နောက်ဘက်ပလတ်စတစ်ခြမ်းက ပါးလွန်းလို့ သာမန်ဖုန်းပြောရာမှာတောင် ခဏနဲ့ပူလာတယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။ “နာမည်ကြီး Brand တစ်ခုအနေနဲ့ သူ့ရဲ့အသုံးပြုသူတွေကို ဒီပစ္စည်းသုံးစွဲတဲ့အတွက် ပစ္စည်းရဲ့ quality နဲ့စိတ်ချရမှုအပိုင်းကို အာမခံချက်အပြည့်အ၀ပေးနိုင်ဖို့လိုပါတယ်” လို့မိုဘိုင်းဖုန်းဆိုင်ရာလေ့လာ ဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Posted byး သက်နိုင်စိုး (MMAS)
Ref : SamMobile

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget