Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, March 12, 2014

Android မှာ မိမိလက်ရေးနဲ့ စာရိုက်နိုင်မယ့် Sanmyanmar Keyboard

မင်္ဂလာပါဗျ ...
Root လုပ်ပီ စက်ရုပ်ဖုန်းတွေမှာ စာလုံးတွေကိုလက်ကွက်နဲ့မရိုက်ဘဲ လက်ရေးနဲ့ရိုက်နိုင်မယ့် ကီးဘုတ် လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် ... Sanmyanmar Keyboard ဆော့ဝဲလ်လေးပါ ... ကီးဘုတ်လေး ကိုအသုံးပြုမယ်ဆိုရင် Sanpya.ttf {HTC ဖောင့်လေးပါ ...}ဖောင့်လေးပါ လိုပါမယ် ...


Full keyboard mode:


Keypad mode:


Handwriting recognition:


Other features:




ကီးဘုတ်နဲ့ ဖောင့်ထည့်သွင်းပုံအသေးစိတ်ကိုတော့ အောက်မှာ ပုံနဲ့ရေးပေးထားပါတယ် ...
လိုအပ်တဲ့ ဆော့ဝဲလ်နှစ်ခုကိုဒေါင်းပါဗျ ...
1/ Sanmyanmar Keyboard_1.0 [Android 2.3.3+] {2.80 MB}

2/ Myanmar Font_1.0 [Android 1.5+] {1.03 MB}

Sanmyanmar Keyboard ကိုဖုန်းမှာ Install လုပ်ပါ ... ဖွင့်ကြည့်မယ်ဆိုရင် အောက်ကပုံအတိုင်း တွေ့ပါ မယ် ... En မှာတော့ အမှန်အတိုင်းပါ ... MM ဘက်မှာတော့ တရုတ်လို (သို့)(လေးထောင့်တုံး) တွေပဲ ပေါ်ပါမယ် ... ဒီမှာ မိမိတို့စက်ထဲမှာ Sanpya.ttf ဖောင့်ထည့်ထားပီးသား သူများကတော့ အသုံးပြု လို့ရပါပီဗျ ...



မြန်မာလိုပေါ်ဖို့ဖောင့်ထည့်ရပါမယ် ... Myanmar Font.apk ကို Install ပီရင် ဖွင့်လိုက်ပါ ... ပုံထဲကလို တွေ့ပါမယ် ... {မှတ်ချက် - Root လုပ်ထားရန်နဲ့ Busybox သွင်းထားရန်လိုပါတယ် ...}

Android 4.x အထက်ဆိုရင် အပေါ်ဘောက်ကိုနှိပ်ပါ ...
Android 2.x Or 3.x ဆိုရင် အောက်ဘောက်လေးကိုနှိပ်ပေးပါ ...
Superuser Request တောင်းလာပါမယ် .... Allow (or) Grand လုပ်ပါ ... ပီရင် ဖုန်းကို Restart (or) Reboot လုပ်ပီ အသုံးပြုနိုင်ပါပီခင်ဗျာ ... မျှားပြထားတဲ့ စက်သွားလေးကိုနှိပ်ပီး Sanpya (or) Zawgyi ကြိုက်တဲ့ဖောင့်နဲ့ရိုက်နိုင်ပါတယ် ...



ဖောင့်ကို apk နဲ့မသွင်းချင်သူများက Sanpya.ttf ဖောင့်ကို Root Explorer ကနေသွင်းနိုင်ပါတယ် ... Root Explorer ကိုဖွင့် ... ညာဘက် SD ဘက်မှာဒေါင်းထားတဲ့ Sanpya.ttf လေးကို Copy လုပ်ပါ ...
ပီရင် Root Explorer ဘယ်ဘက်ခြမ်းက System >> Fonts ထဲမှာ Paste (or) Copy here လုပ်ပါ ...
Permission ကို r - w - r - r --- လို့ပြောင်းပီ Reboot လုပ်ပီသုံးနိုင်ပါပီ ...


လက်ရေးနဲ့ရေးချင်တဲ့သူများကတော့ အောက်ပုံထဲမှာ မျှားပြထားတဲ့ လက်ကွက်ပုံးလေးကိုကလစ်ပီ ကျွန်တော်ဝိုင်းပြထားတာလေးကိုရွေးပေးလိုက်ပါ ...




မူရင်း Chinese လေ့လာချင်ရင်ဒီမှာကလစ်ပါ ...
ဒီလင့်က Google နဲ့ Chinese ဆိုဒ်ကို Translate လုပ်ထားတဲ့လင့်ပါ ...

ကျန်တာတွေတော့ ကိုယ့်ဟာကိုယ်တာ ဆက်ကလိကြည့်ကြပါခင်ဗျာ ...
အဆင်ပြေပါစေဗျ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget