Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, September 06, 2013

JellyBean တွေမှာ မြန်မာစာ ရေးတာ၊ဖတ်တာမှန်အောင်လုပ်ပေးမယ့် app နှစ်ခု

JellyBean တွေမှာ မြန်မာစာ ရေးတာဖတ်တာမှန်ဖို့ မလွယ်သေးပါဘူး။ အဲဒီထဲကမှ 
ဒီဆော့ဝဲလေးနှစ်ခုသုံးရုံနှင့် Facebook နှင့် အခြား Web Site တွေကို ကြည့်ရှုရာမှာ
စာလုံးပေါင်းတွေ ကို ဖတ်တာရော၊ရေးတာပါ မှန်လာခဲ့ပါပြီ။ သိပြီးသားသူတွေ ကျနော့်ကို မဆဲကြပါနှင့်
ကျော်သွားလိုက်ပါနော်။ဟီးးးးးးးး။
ကဲဖတ်တာမှန်ဖို့အတွက်ကတော့ အားလုံးသိကြတဲ့ ONE Browser ကိုသုံးလိုက်ပါ။Facebook နှင့် အခြား web site များကို မြန်မာစာမှန်အောင်ဖတ်နိုင်ပါတယ်။
ဒါကတော့ ဆေးမစားမီပုံ ၊အဲမှားလို့ ONE Browser မသုံးထားတဲ့ပုံပါ။

မြန်မာစာဖတ်ရတာ အဆင်မပြေပါဘူး။
အောက်ကပုံကိုကြည့်လိုက်ပါ။ဒါကတော့ ဆေးစားပြီးပုံ အဲ ONE Browser သုံးထားတဲ့ပုံပါ။

မြန်မာစာဖတ်ရတာ အဆင်ပြေလာပါတယ်။
ဒီ Browser လေးဟာပေါ့ပါးပါတယ်။ ဖိုင်ဆိုဒ်လည်းသေးပါတယ်။ အပြင်ဆင်က အရမ်းလန်းပါတယ်။
သုံးကြည့်လိုက်ပါ။
One Browser အားဒေါင်းရန်

အောက်မှာပေးမယ့် APP ကတော့ မြန်မာစာရေးတာမှန်စေမယ့် Keyboard လေးပါ။
အားလုံးသိပြီးဖြစ်တဲ့ BaganKeyboard Pro V1.6.9 နောက်ဆုံးဗားရှင်းလေးပါ။
ကဲ jelly bean မှာ မြန်မာစာရေးတာဖတ်တာမမှန်လို့ စိတ်ညစ်နေသူတွေအတွက် လာပါပြီ။ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ထွက်လာပါပြီ။ သဝေထိုးတွေ ရှေ့နောက် မရောက်အောာင်  Auto ခြားပေးခြင်း၊အသတ်များ ရှေ့နောက်မရောအောင် Auto ခြားပေးခြင်းတွေ ကိုဖြည့်စွက်ထားပါတယ်။
ဘာတွေလုပ်နိုင်သေးလဲဆိုတာ အောက်မှာ ကြည့်လိုက်ပါ။

1.version (1.6.7) ကစပြီး keyboard ရဲ့ height ကို လိုအပ်သလို ပြင်ယူလို့ရပါပြီ။ setting မှာAdjust Key Height မှတဆင့် မိမိစိတ်ကြိုက် ပြုပြင်ယူနိုင်ပါတယ်။
2.Facebook မှာ ရေးတဲ့အခါ မှန်ဖို့အတွက် Android Jelly Bean ကို သုံးထားတယ်ဆိုရင် Keyboard Setting(Long press ENTER)မှာ Jelly Bean Fix ကို On ပေးပါ။ ရေးတဲ့အခါရော ပြန်ဖတ်တဲ့အခါမှာပါ မှန်ကန်ဖို့အတွက် ဆိုရင်တော့ Facebook Fix ကိုပါ ထပ် On ပေးပါ။
3.(1.6.7) မှာ (.) crash ပြသနာကို ဖြေရှင်းပေးထားပါတယ်။
 4.အသတ်ရိုက်လိုက်ရင် (င် တ် )ဒီလိုဖြစ်နေသူတွေအတွက် setting မှာ type as unicode ကို ပြန် off ပေးပါ.. unicode ရိုက်ဖို့လိုအပ်မှသာ ပြန် on ပေးပါ။
5.ဂ ငယ်နှစ်လုံးဆင့်ပေါ်ရန် အလည်မှာပါတဲ့ S် ကို သုံးပြီး (ဂ+S်+ဂ )လို့ရိုက် ကြည့်လိုက်ပါ။
6။V1.6.8 မှာ (နိုင်)လို့ရေးရင်၊(ရှင်း)လို့ရေးရင်(နိုင်န)နှင့်(ရှင်းရ)ဖြစ်သွားတဲ့ ပြသနာကို လည်းရှင်းပေးထားပါတယ်။

ကြိုက်တယ်ဆိုအောက်မှာဒေါင်းသွားလိုက်ပါ။

 Bagan Keyboard Pro V1.6.9 အားဒေါင်းရန်


Posted by IT SuBoo


Huawei C8950D/U8950D အတွက် Official Firmware Link


Huawei C8950D/U8950D ဖုန်း model နှစ်မျိုးအတွက် Huawei Chinese ဆိုဒ်ရဲ့ Official Firmware လင့်လေးတွေ တင်ပေးလိုက်ပါတယ်ဗျ....

C8950D Build 955
华为荣耀+固件(C8950D,Android 4.0,V100R001C92B955,中国电信)

U8950D Build 956
华为荣耀+固件(U8950D,Android 4.0,V100R001C17B956,中国联通)

ဆိုဒ်ထဲရောက်သွားရင် ပုံမှာဝိုင်းပြထားတဲ့အတိုင်း အနီရောင် box လေးကိုနှိပ်ပါ.....
ဒေါင်းလော့လင့်ကျလာပါမယ်.......



အဆင်ပြေကြပါစေဗျ......


ပိုက်ဆံမကုန်ဘဲ ဖုန်းပြောနိုင်တဲ့ WIFI TALKIE

ပျော်ရွှင်စရာ Android ကမ္ဘာ  မှ ပို့စ်ဖြစ်ပါသည်......

WiFi ကို အသုံးပြုပြီး တစ်ဦးတစ်ဦး Walkie Talkie ပြောလို့ရမယ့် App ပါ............
အင်တာနက်မလိုပါဘူး...........
ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စကားပြောဖို့ငွေမကုန်ပါဘူး.......... Battery ပဲ အားကုန်ပါမယ်........
ဖုန်းတစ်လုံးနဲ့ တစ်လုံး WiFi ချိတ်ကာ ပြောနိုင်ပါတယ်......ကျွန်တော်စမ်းကြည့်တာ ပေ(၁၀၀)ပတ်ချာလည်လောက် ကောင်းကောင်း ကြားရပါတယ်.......
ပိုက်ဆုံမကုန်ဘဲ အပြန်အလှန် တော်ကီတွေ ပွားနိုင်တယ်ဗျာ။

Thursday, September 05, 2013

** ဖုန်းနံပါတ် (Contacts) တွေကို ကောင်းကင်ပေါ်မှာ သိမ်းထားကြပါစို့ **

ကျွန်တော်တို့တွေရဲ့ ဖုန်းတွင် အရေးပါတဲ့ ကဏ္ဍနေရာမှာ Contacts တွေလဲ ပါဝင်ပါတယ်.....
ဖုန်းပျောက်သွားလို့ (သို့) ပျက်စီးသွားရင် အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်....
တစ်ချို့က ဒီလိုမဖြစ်ရအောင် ကွန်ပျူတာမှာ PC Suite Software တွေနဲ့ Contacts တွေကို backup လုပ်ထားကြပါတယ်......တစ်ခုခုဖြစ်ရင် ဖုန်းနံပါတ်တွေ မပျောက်အောင် ပြန်ထည့်နိုင်ဖို့ ကြိုတင် ကာကွယ်ထားကြပါတယ်။ ဘော်ဒါရော လုပ်ထားလား......

တကယ်လို့ မလုပ်ထားမိသေးဘူးဆိုရင် အခု ကျွန်တော်ပြောမယ့် နည်းလမ်းလေးကို စမ်းကြည့်စေချင်ပါတယ်...... ကွန်ပျူတာမလိုပါဘူး.....

ဖုန်းနဲ့ပတ်သက်လို့ UNLOCK CODE ယူဖို့ ၀က်ဆိုဒ်ကောင်းလေးတစ်ခု

ဖုန်းနဲ့ပတ်သက်လို့ unlock code ယူဖို့
ဝက်ဆိုဒ်ကောင်းလေးတစ်ခု


အောက်ကလင့်ကိုသွားလိုက်ပါ.... အံသြဖို့ကောင်းပါလိမ့်မယ်ဗျာ...


==> Click Here <==
Credit ဆေးရိုးသည်

အဆင်ပြေပါစေဗျ.......


Mega Downloader For [PC & Android]


Mega Downloader လေးပါခင်ဗျာ.....
PC အတွက်ရော Android အတွက်ရောတင်ပေးလိုက်ပါတယ်ဗျ.....
တစ်ချို့နည်းပညာဆိုဒ်တွေက Firmware တွေကို တင်ပေးရင် Mega နဲ့တင်ပါတယ်......
Mega ကဖိုင်တွေကို Website ကနေဒေါင်းလို့ရပါတယ်.....Downloader နဲ့ဒေါင်းလော့ချချင်သူများအတွက် တင်ပေးလိုက်ပါတယ်ဗျ.....
Mega နဲ့ဒေါင်းဖူးတဲ့သူများကတော့သိပီသားဖြစ်မှာပါ......

>>> Mega Downloader for PC <<<


>>> Mega for Android <<<


RAR Password >>> mm-mpxteam <<<



အဆင်ပြေကြပါစေဗျ........


Wednesday, September 04, 2013

Internet Download Manager ကို download speed မြှင့်မယ် [ဆော့ဝဲလ်မသုံးပါ]


မင်္ဂလာပါခင်ဗျာ......
အခုကျွန်တော်ရေးမှာကတော့ Internet Download Manager ကို Optimizer လိုဆော့ဝဲလ်မသုံးဘဲနဲ့ Speed မြှင့်နည်းလေးရေးပါမယ်.....IDM ကို Speed မြှင့်တဲ့နည်းတွေထဲက တစ်ခုကိုပြောပြပါမယ်ဗျ.....

Registry ထဲကနေမြှင့်တဲ့နည်းလေးပါ ... သိပီသားသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ.......
ကျွန်တော်ရေးထားတဲ့အတိုင်းလေးမြှင့်ပီသုံးကြည့်ပါဗျ.......တကယ်ကို သိသိသာသာ Download Speed မြင့်လာပါလိမ့်မယ်ဗျ....

Smart Zawgyi Installer V1.1 Developer By Phyo Chan (MMSD)


အရင် version v1.0 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။
Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့ Restart ချပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်. . .

Cmd ပိတ်ထားတဲ့စက်များမှာ cmd ကို bat ဖိုင်နဲ့ဖွင့်မယ်

ကျွန်တော်အခုပြောမှာကတော့ cmd ကိုဖွင့်မရအောင် ပိတ်ထားတဲ့ ကွန်ပျူတာတွေမှာ ကိုယ်ဖွင့်ချင်ရင်ဖွင့်လို့ရအောင်လုပ်တဲ့နည်းလေးပါ......အများသောအားဖြင့် အင်တာနက်ဆိုင်တွေမှာ Cmd ကိုဖွင့်မရအောင်လုပ်ထားတတ်ပါတယ်.....အခုပေးတဲ့အတိုင်းလေး လုပ်ကြည့်ပါဗျ......
ကျွန်တော်သိထားတာလေးကို ဗဟုသုတအနေနဲ့ share လိုက်ပါတယ်ဗျ.....

.bat ဖိုင်လေးနဲ့ဖွင့်တဲ့နည်းလေးပါ....

အောက်မှာ ပေးထားတဲ့ စာတွေကို Text file တစ်ခုခုမှာ ရိုက်ထည့်ပီ
File name: နေရာမှာ .bat  နဲ့ Save as Type: မှာ All File ကိုရွေးပီ Save လုပ်ပါ.....

@echo off
Command
@echo on

ဒါဆိုရင်တော့ အဲ့ bat file လေးကို Double Click လေးလုပ်လိုက်တာနဲ့ Cmd တက်လာပါပီဗျ.....

အဆင်ပြေပါစေဗျ......
Credit to: သူရိန်မင်းခန့်

Samsung Galaxy S4 Usb debugging mode ၀င်နည်း


 Samsung Galaxy S4 ကိုကွန်ပြူတာမှာ ကြိုးထိုးလိုက်ရင် driver သိဖို့အတွက် Usb debugging လေးကို အမှန်ခြစ်ပေးဖို့လိုတယ်မဟုတ်လား....အခုပြောမှာကတော့ အဲဒီအကြောင်းလေးပါဘဲ ခင်ဗျာ ဒါလေးသိသွားရင် အားလုံးအဆင်ပြေပြီလေ.....4.2.2 မှာ အားလုံး ဒီလို ပုံစံလေးပါဘဲခင်ဗျာ..........

Photo, Movie & personal File များကို ဆော့ဝဲလ်မသုံးဘဲ Hide လုပ်နည်း [For Android]

ဒီနည်းလေးကတော့ကြာပါပီ.....မသိသေးသူများအတွက်ရည်ရွယ်ပါတယ်.......

မနေ့က သူငယ်ချင်းတစ်ယောက်က ဆော့ဝဲလ်မသုံးဘဲ ဖိုင်တွေကိုဖွက်ထားချင်တယ်ဆိုပီမေးတာနဲ့ သတိရလို့ ရှယ်လိုက်ပါတယ်ဗျ.....ဖိုင်တွေကို Lock/Hide ပြုလုပ်နိုင်တဲ့ဆော့ဝဲလ်တွေကတော့ အများကြီးပါ.....ဖိုင်တွေကို Lock/Hide ပြုလုပ်ချင်ရင် password နဲ့အသုံးပြုရပါတယ်....
အဲ့မှာ မေ့တတ်တဲ့ User များအတွက်က အဆင်မပြေနိုင်ပါဘူး.....
ဒီနည်းလေးကိုပြန်ရှယ်ရတာက မေ့တတ်တဲ့ User များအတွက် အဆင်ပြေနိုင်ပါတယ်......

ခက်ခက်ခဲခဲမဟုတ်ပါဘူး....
ကိုယ် Hide လုပ်ချင်တဲ့ ဖိုင်ကို File name ပြောင်းပေးလိုက်ရုံလေးပါဗျ.......

Monday, September 02, 2013

Myandroid v1.4 (Myanmar Android Service Tool) [Developer By Phyo Chan]

Myandroid v1.4 ကို Free Share ပေးလိုက်ပါတယ်…
ဒီ Tool လေးကနေ လုပ်ဆောင်နိုင်တဲ့ Function တွေကတော့ -

- Zawgyi မြန်မာစာသွင်းနိုင်ခြင်း
- စံမြန်မာစာ သွင်းနိုင်ခြင်း
- Smart Zawgyi မြန်မာစာသွင်းနိုင်ခြင်း
- Android 4.0 Google App သွင်းနိုင်ခြင်း
- Android 4.1 Google App သွင်းနိုင်ခြင်း
-Andriud 4.2 Google App သွင်းနိုင်ခြင်း
- Pattern & Password ဖြတ်နိုင်ခြင်း
-Factory Reset လုပ်နိုင်ခြင်း
- Recovery Mode ၀င်ရောက်နိုင်ခြင်း
- Download Mode ၀င်ရောက်နိုင်ခြင်း
- Fastboot Mode ၀င်ရောက်နိုင်ခြင်း
- Adb Error များကို ဖြေရှင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါတယ်။

နောက် Version အသစ်ထွက်ရင်လဲ သတိပေးနိုင်မဲ့စနစ်များပါထည့်သွင်းထားပါတယ်။
ဒီ Tool လေးကိုတော့ ၂လ ကျော် အချိန်ယူရေးဆွဲထားပါတယ်။
ဒီ Tool ကိုအသုံးပြုဖို့ .Net 4.0 လိုအပ်ပါတယ်
မရှိသေးသူများ ဒီမှာဒေါင်းပါ။

http://www.4shared.com/zip/BaBn3HOg/Dot_NET_Framework_40__Offline_.htm

Myandroid v1.3 ထက်ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။
Icon Design ကိုတော့ ကို Bo Sunny Lwin က ရေးဆွဲပေးထားပါတယ်…
Zawgyi Font,San Myanmar Font, Smar zawgyi Font နဲ့ Keyboard Developer များကို Credit ပေးပါတယ်…



ဒီ Tool ကို ဒီ မှာဒေါင်းပါ။

http://www.mediafire.com/download/4dyp5gb6608zg5u/Mandroid_v1.4.rar

မူရင်းလင့် - Post By ဖြိုးချမ်း(Admin At MMSD)

အဆင်ပြေကြပါစေခင်ဗျာ.....


Huawei U8661 တွေမှာ live wallpaper လေးထည့်သုံးမယ်

ဒီ apk နှစ်ခုက ကျွန်တော်မှာရှိတာကြာပါပီဗျ......
ခုမှသတိရလို့တင်ပေးလိုက်ပါတယ်ဗျ........

Huawei U8661 ဖုန်းမော်ဒယ်တွေမှာ dafult အနေနဲ့ live wallpaper မပါဘူးဗျ......
သူများတွေကတော့ Live Wallpaper တွေနဲ့လန်းနေတာတွေ့ရင် U8661 ကိုင်ထားတဲ့ user များလဲ Live Wallpaper လေးတွေထည့်သုံးချင်ကြမှာပါ.....ဒါပေမယ့် Dafult မှာ Live Wallpaper ကမပါတော့ အသုံးပြုလို့မရကြပါဘူး......

အခုတော့ ကျွန်တော်ပေးတဲ့ zip ဖိုင်ထဲမှာပါတဲ့ apk လေးနှစ်ခုကို ဖုန်းမှာ install လုပ်လိုက်ရင် Live Wallpaper ကိုအသုံးပြုနိုင်ကြပါပီဗျ......
U8661 ကိုင်တဲ့ user များလဲ သူများတွေလို live wallpaper လေးတွေနဲ့ လန်းနိုင်ပါပီဗျ.....
ဒေါင်းထားတဲ့ zip ကိုဖြည်လိုက်ရင် apk နှစ်ခုပါပါတယ်....

အားပေးလိုက်ကြပါအုံးဗျ.....
အဆင်ပြေကြပါစေခင်ဗျာ.....


Boot Animation zip တွေ download ရနိုင်မယ့် Website

Boot Animation အလန်းလေးတွေရှိတဲ့ site တစ်ခုကို ညွှန်းပေးပါမယ်ဗျ.....
Android ဖုန်းကိုင်ဆောင်တဲ့ User များ မိမိတို့ဖုန်း Power ဖွင့်ရင် Boot တက်တဲ့ ပုံတွေကို ငြီးငွေ့ နေသူများ အခုကျွန်တော်ပေးတဲ့ site ထဲမှာ မိမိတို့ကြိုက်ရာကိုဒေါင်းပီပြောင်းနိုင်ပါတယ်ဗျ....
အဲလိုပြောင်းဖို့အတွက်တော့ မိမိတို့ရဲ့ဖုန်းဟာ Root လုပ်ထားပီဖြစ်ရပါမယ်ဗျ......

Huawei G610-U00 [custom (english & chinese) recovery.img FlashTool.apk ]

မင်္ဂလာပါခင်ဗျာ......

ကျွန်တော်ဆိုဒ်ရဲ့ ပထမဆုံးပို့စ်လေးအဖြစ် Huawei G610-U00 Custom Recovery လေးနှစ်ခု တင်ပေး လိုက်ပါတယ်ဗျ.....

Huawei G610-U00 အတွက် Custom recovery လေးနှစ်ခု တင်ပေးလိုက်ပါတယ်ဗျ......
China version နဲ့ English version နှစ်မျိုးပါ......Flash Tool.apk လေးနဲ့ Flash ရမှာပါ.......

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget