Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, September 04, 2013

Photo, Movie & personal File များကို ဆော့ဝဲလ်မသုံးဘဲ Hide လုပ်နည်း [For Android]

ဒီနည်းလေးကတော့ကြာပါပီ.....မသိသေးသူများအတွက်ရည်ရွယ်ပါတယ်.......

မနေ့က သူငယ်ချင်းတစ်ယောက်က ဆော့ဝဲလ်မသုံးဘဲ ဖိုင်တွေကိုဖွက်ထားချင်တယ်ဆိုပီမေးတာနဲ့ သတိရလို့ ရှယ်လိုက်ပါတယ်ဗျ.....ဖိုင်တွေကို Lock/Hide ပြုလုပ်နိုင်တဲ့ဆော့ဝဲလ်တွေကတော့ အများကြီးပါ.....ဖိုင်တွေကို Lock/Hide ပြုလုပ်ချင်ရင် password နဲ့အသုံးပြုရပါတယ်....
အဲ့မှာ မေ့တတ်တဲ့ User များအတွက်က အဆင်မပြေနိုင်ပါဘူး.....
ဒီနည်းလေးကိုပြန်ရှယ်ရတာက မေ့တတ်တဲ့ User များအတွက် အဆင်ပြေနိုင်ပါတယ်......

ခက်ခက်ခဲခဲမဟုတ်ပါဘူး....
ကိုယ် Hide လုပ်ချင်တဲ့ ဖိုင်ကို File name ပြောင်းပေးလိုက်ရုံလေးပါဗျ.......

ကိုယ်က Online ကနေပီ Photo, Video တွေကိုဒေါင်းထားတယ်ဆိုပါဆို့.....
ဒေါင်းထားတဲ့ photo တွေ video တွေကို ဒီအတိုင်းထားရင်တော့ Gallery/Movie ကိုဖွင့်လိုက်တာနဲ့ အဲ Photo, Movie တွေဟာ ပေါ်နေမှာပါ......

ဖိုင်ဖွက်တဲ့ ဆော့ဝဲလ်ကလဲမသုံးချင်ဘူး ဖိုင်တွေကိုလဲသူများတွေမမြင်စေချင်ဘူးဆိုရင်တော့ ဒီနည်းလေးအတိုင်းလုပ်ပါမယ်......ကိုယ် Hide လုပ်ချင်တဲ့ photo, movie & data file တွေအကုန်လုံးကို ဖိုင်ဒါတစ်ခုဆောက်ပီ တစ်စုတစ်ဝေးတည်းထည့်ထားလိုက်ပါ......

ဥပမာဗျာ.....ကျွန်တော်က Personal Files ဆိုပီဖိုဒါဆောက်ပီ ကျွန်တော်ဖွက်ချင်တဲ့ Data အားလုံးကို အဲ့ဖိုဒါထဲမှာထည့်လိုက်တယ်....ပီတော့ ကျွန်တော် file name ပေးထားတဲ့ Personal Files ဆိုတဲ့ Name ရဲ့ရှေ့မှာ (.) ဒေါ့ဆိုတာလေးထည့်ပီ [.Personal Files] ဆိုပီ Save လုပ်လိုက်တယ်.....
ဒါဆိုရင်တော့ မိမိတို့ရဲ့ Personal Files ကိုမတွေ့ရတော့ပါဘူးခင်ဗျာ....... ဖိုင်ကမပျောက်သွားပါဘူး...... Hide လုပ်လိုက်တဲ့သဘောပါ......

ကျွန်တော်ပြောဖို့မေ့လို့.......Dafult ပါတဲ့ file manager မှာ File Name ရဲ့ ရှေ့မှာ (.)ဒေါ့ထည့်ပီ Save လုပ်လို့မရပါ......အဲအတွက် Show/hide function ပါတဲ့ file manager တစ်ခုခု ဖုန်းမှာ အင်စတောလုပ်ထားရပါမယ်.....ကျွန်တော်ကတော့ Es file manager ကိုသုံးပါတယ်.......
လိုချင်ရင်တော့ ဒီလင့်လေးမှာ ယူပါဗျ......

အဲ့ Hide လုပ်လိုက်တဲ့ဖိုင်ကိုကိုယ်က ပြန်ကြည့်ချင်ရင်တော့ Es File Manager >> Setting >> Display setting ထဲမှာ Show hidden files လေးကို အမှန်ခြစ်ပေးလိုက်ပါ......
ဒါဆိုရင် ခုနက hide လုပ်လိုက်တဲ့ ဖိုင်လေးဟာ [.Personal Files]ဆိုတဲ့ Name လေးနဲ့တွေ့ပါလိမ့်မယ်ခင်ဗျာ......ဖိုင်ကို Hide လုပ်ခြင်းပီပါပီ......

တကယ် Hide ဖြစ်ရဲ့လားလို့ Gallery/Movie ကိုဝင်ကြည့်လိုက်ပါ......ကိုယ် hide လိုက်တဲ့ Photo, Movie တွေ Gallery မှာ ပေါ်မနေတော့ပါဘူးခင်ဗျာ......

ဒါလောက်ဆိုရင် Brother တို့အဆင်ပြေလောက်မယ်ထင်ပါတယ်......

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget