Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Monday, November 18, 2013

ဖုန်းမှ Facebook Account အသစ်ဖွင့်မယ် ... [Very Easy နော်]


မင်္ဂလာပါ Brother တို့ရေ ...
အခုရက်ပိုင်းအတွင် Facebook အကောင့်အသစ်ဖွင့်ရင် ဖုန်းနံပါတ်တောင်းတာတို့ ဖွင့်မရတာတို့ကို တွေ့နေရပါတယ်ဗျ ... ကျွန်တော်ရဲ့ Mail ထဲကိုလည်း ဖွင့်မရလို့ အကူအညီတောင်းထားတွေလည်း တွေ့ရတာနဲ့ ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ ... ကျွန်တော်ဖုန်းကနေ Facebook ဖွင့်နည်း ပထမ ပို့စ်တုံးက OpenVPN ဆော့ဝဲလ်နဲ့ ဖွင့်လို့ အဆင်မပြေတဲ့သူများလည်း ယခုနည်းနဲ့ဖွင့်ပါ ...

အခု Facebook အကောင့်သစ်ကို Tunnel Bear [IP change ပီ တခြားနိုင်ငံကနေဖွင့်မှာပါ ...] ဆော့ဝဲလ် လေးအသုံးပြုပီ ဖွင့်ပြပါမယ် ... ပထမဆုံး Tunnel Bear ဆော့ဝဲလ်လေးကိုဒေါင်းပါ ... ပီရင် ဖုန်းမှာ Install ပီဖွင့်ပါ ... ပုံထဲကအတိုင်းလေးတွေ့ရင်တော့ အကောင့်ရှိတဲ့သူကတော့ Login ၀င်လိုက်ပေါ့ ... အကောင့် မရှိသေးတဲ့သူကတော့ New to TunnelBear? Create a free account လေးကိုနှိပ်ပီ Register လုပ်ပေးပါ ... [Register လုပ်တာလွယ်ကူလို့မရေးပြတော့ပါဘူးဗျ ... ]

အီးမေးလ်နဲ့ Login ၀င်ပီရင်တော့ ညာဘက်အပေါ်က နိုင်ငံတွေကိုရွေးရပါမယ် ... ကျွန်တော်က အပေါ်ဆုံး [ကုလားနိုင်ငံ]ကိုရွေးထားပါတယ် ... ဘယ်ဘက်အပေါ်မှာ ON/Off ခလုတ်ကိုတွေ့ပါမယ် ... On လုပ် ပေးပါ ... box တစ်ခုတက်လာရင် အမှန်ခြစ်ပေးပီ Ok လုပ်ပါ ... Noti Bar မှာ သော့ပုံလေးနဲ့ Connected ဖြစ်ပီဆိုရင်တော့ Home နဲ့ထွက်ပါ ... ဒါဆိုရင်တော့ ကျွန်တော်တို့တွေ IP ချိန်းပီပါပီ ...


ကဲဒါဆိုရင်တော့ Browser တစ်ခုခုကနေ Facebook ကိုဖွင့်ပါ ... ကျွန်တော်က UC Browser လေးနဲ့ သုံးပီ ဖွင့်ပြထားပါတယ် ... Create New Account နှိပ်ပါ ...First Name, Last Name, Email,Gender, Birthday, New Password စတာတွေဖြည့်ပီ Singup လုပ်ပါ ... ပီရင်အဆင့်လိုက်ပုံတွေမှာကြည့်လိုက်ပါ ... အချက် အလက်တွေကတော့ မထည့်လည်းရပါတယ် ... ကျွန်တော်ကတော့ဘာမှမဖြည့်ဘဲ Next တွေနဲ့ပဲသွား ထားပါတယ် ... အကောင့်ဖောက်ပီမှ Profile ကိုပြင်လို့လည်းရပါတယ်ဗျ ...



အပေါ်ပုံထဲကအတိုင်းဖြစ်ပီဆိုရင်တော့ အကောင့်ပေါက်သွားပါပီ ... Confirm Your Email ဆိုတာတွေ့ ပါမယ် ... Confirm မလုပ်ပါနဲ့အုံးဗျ ... [ဘာဖြစ်လို့လည်းဆိုရင် အပေါ်မှာ TunnelBear နဲ့ IP Change ထားတာဖြစ်တဲ့အတွက် သင့် G-Mail ကိုဖွင့်လိုက်ရင် လုံခြုံမှုအတွက် Google က Security အရ Lock လုပ်လိုက်မှာဖြစ်ပါတယ် ... အဲ့မှာအကောင့်ကို recovery လုပ်ဖို့အတွက် ဖုန်းနံပါတ်တွေ .. ဘာတွေညာတွေတောင်းနေရင် အလုပ်ရှုပ်နေပါလိမ့်မယ် ...] IP ပြန်ပြောင်းပီမှ မေးလ်ကိုဖွင့်ပီ Confirm လုပ်ပေးရပါမယ် ... အဲ့အတွက် အခုဖွင့်လိုက်တဲ့ Facebook အကောင့်ကို Logout လုပ်ပေးပါ ... ပီရင်တော့ TunnelBear ကိုဖွင့် Off လုပ်ပေးပီ ညာဘက်က MB ပြတဲ့အောက်က အတုံးလေးကိုနှိပ်လိုက် ရင် Logout ကိုတွေ့ပါမယ် ... Logout လုပ်ပေးပါ ...

ဒါဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ IP ပြန်ဖြစ်သွားပါပီ ... Browser ကနေပီ သင့်ဂျီမေးလ်ကိုဖွင့်ပေးပါ ... မေးလ်ထဲကို facebook ကနေပို့ထားတဲ့စာလေးကိုတွေ့ပါမယ် ... ဖွင့်ပီတော့ ပုံမှာဝိုင်းပြထားတဲ့အတိုင်း Confirm Your Account ဆိုတာကိုနှိပ်ပါ ... ဒါဆိုရင် Facebook Page လေးပွင့်လာရင် ခုနကအသစ် ဖွင့်ထားတဲ့ Username နဲ့ Password လေးထည့်ပီ Login ၀င်လိုက်ရင် Facebook အကောင့်အသစ်တစ်ခု အောင်မြင် စွာဖွင့်ပြီးသွားပါပီခင်ဗျာ ... ကျွန်တော်က Facebook ကို IP နှစ်မျိုးနဲ့ လှည့်စားလိုက်တာပါ :D:P


အားလုံးအဆင်ပြေကြပါစေခင်ဗျာ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget