Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Thursday, November 28, 2013

Factory Data Reset ချရင် ဖြစ်တတ်တဲ့ problem

ဒီပို့စ်ကတော့ Android Users များအတွက် ရည်ရွယ်ပါတယ်  ... ဆရာကြီးတွေအတွက်က ရယ်စရာပါ  ...
ဖုန်းကို Factory Data Reset ချလိုက်ရင် ဖြစ်လေ့ရှိတဲ့ အကြောင်းအရာလေးပါ  ... အကြောင်းအမျိုးမျိုး ကြောင့် သင့်တို့ရဲ့ဖုန်းကို Factory Data Reset ချလိုက်ပီဆိုပါတော့  ...

{Factory Data Reset လုပ်မည့်သူများ သတိပြုရန် -
1/ သင်တို့ရဲ့ contacts, sms, data & apps အားလုံးကို backup ဆော့ဝဲလ်တွေနဲ့ Backup ယူထားပါ  ...
2/ သင်တို့ဖုန်းရဲ့ အင်တာနက် Setting [APN-Access Point Names] ထဲကိုသွားပီ ဖြည့်ထားတဲ့ အချက်တွေအားလုံးကို  တစ်နေရာရာမှာ ရေးမှတ်ထားပေးပါ  ...}

[Factory Data Reset လုပ်တယ်ဆိုတာက ဖုန်းကို သင်ဆိုင်က ဝယ်စဉ်ကအတိုင်း/စက်ရုံထုတ်အတိုင်း ပြန်လုပ်တာပါ  ... အလွယ်ပြောရရင် မိမိတို့ ထည့်သွင်းထားတဲ့ ဆော့ဝဲလ်တွေ [Third party apps] အားလုံးကို Delete (erases all data) လုပ်လိုက်တာပါ  ... ဖုန်းမှာတင်ထားတဲ့ Firmware မှာပါတဲ့ ဆော့ဝဲလ်တွေဘဲကျန်မှာပါ  ...]

Factory Data Reset ချလိုက်ပီဆိုရင် ဖုန်း OS တစ်ခုလုံး စက်ရုံထုတ်အတိုင်း ဖြစ်သွားပါပီ  ...
ဥပမာ - Huawei ဆိုရင် ဖုန်း OS တစ်ခုလုံး တရုတ်လိုတွေပေါ့  ... Samsung ဆိုရင်လည်း ဖုန်းသွင်း လာတဲ့နိုင်ငံရဲ့ Language အတိုင်း ဖြစ်သွားပါမယ်  ... အဲ့မှာ users တော်တော်များများက မလုပ်တတ် ကြတော့ပါ  ... တစ်ချို့ဆိုရင်မြန်မာစာပါ ပျောက်ကုန်တယ်ဆိုပီ ဆိုင်ကိုပြေးကြရပါတယ်  ...တကယ်တော့ အဲ့ problem လေးက မခက်ပါဘူးဗျ  ... Factory Reset ချလို့ မြန်မာစာမပျောက်၊ Root မပျောက်ပါ  ... မြန်မာကီးဘုတ်ကတော့ သာမန် install ထားတယ်ဆိုရင်တော့ ပြန်ထည့်ပေးရပါမယ်  ... System ထဲသွင်းထားရင်မပျောက်ပါ  ...

ပထမအချက်  -
Setting ထဲကိုဝင်ပါ  ... ပီရင် ဖုန်း Setting ရဲ့အောက်ပိုင်းလောက်မှာ အင်္ဂလိပ်အက္ခရာ A ဆိုတဲ့ စာလုံးလေးနဲ့အကွက်လေး တွေ့ပါလိမ့်မယ် .. ဝင်ပါ  ... ပီရင်အပေါ်ဆုံးအကွက်ကို ဝင်ပေးပါ  ...  Huawei သမားတွေက English ကို ကလစ်လိုက်ရင် OK ပီ  ... Samsung သမားတွေက English (United States) ကိုရှာပီ ကလစ်ရင် OK ပါပီ  ...

ဒုတိယအချက် -
အင်တာနက် setting [APN] ပြန်ချိန်းရပါမယ်  ...

ဒီလောက်ဆိုရင် users များ  ဒီပို့စ်ကို ဖတ်ပီ အဆင်ပြေပြေ လုပ်နိုင်ပါလိမ့်မယ်ဗျ  ... Factory Reset ချပီ ဆိုင်ပြေးစရာမလိုတော့ပါ  ... ကျွန်တော်ရေးတဲ့ စာတစ်ကြောင်းက အခြားသူ တစ်ဦး-တစ်ယောက်ကို အကျိုးရှိပီ အသုံးဝင်သွားတယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်ဗျ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget