Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, September 27, 2013

သင့် Android ဖုန်း လုံခြုံရဲ့လား ??

၊=========================၊
၊==     သင့် Android ဖုန်း လုံခြုံရဲ့လား ??     ==၊
၊=========================၊

Smart Phones တွေရဲ့ အမျိုးမျိုးသော မလုံခြုံတဲ့ Security တွေကို ရှောင်လွှဲနိုင်ရန်အတွက် မိမိဖုန်းကို သာမာန်ထက်ပိုတဲ့ ဂရုစိုက်မှုမျိုးကိုထားရှိရပါမယ်... မိမိဖုန်း အခိုးခံရတာပဲ ဖြစ်ဖြစ် Data တွေ Hack ခံရ တာပဲဖြစ်ဖြစ်ပေါ့... သင်ဂရုမစိုက်လို့ သင့်ဖုန်းပျောက်သွားတာနဲ့ Phone Noumbers နဲ့ Contacts တွေ ပျောက်တာထက်ဆိုးတဲ့ ရလဒ်ကိုခံစားရမှာပါ.. ကျွန်တော်ဆိုလိုတာက  သင့်ရဲ့အရေးကြီး Message တွေ၊ Mail တွေ၊ ဓါတ်ပုံတွေ ၊ အရေးကြီးဖိုင်တွေနဲ့ သင့်ရဲ့တကိုယ်ရည်သုံး Password တွေပေါ့.. သင်က ကြိုတင် ကာကွယ်မှုတွေ မလုပ်ထားဖူးဆိုရင် သင်ရဲ့ Imformation တွေကို World Wide Web ကနေပြီး လွယ်လွယ်ကူကူပဲ Trace လုပ်လို့ရပါတယ်..

=========================
Android Built-In Security ကို အသုံးပြုပါ..
=========================
Android User တော်တော်များများက သူတို့ရဲ့ Password တွေ Bank Account တွေ အရေးကြီးဓါတ်ပုံ တွေကို Android ဖုန်းထဲမှာပဲလွယ်လွယ်ကူကူ မှတ်ထားလေ့ရှိကြတယ်.. ဆိုးကျိုးကတော့ သင့်ဖုန်းကို Hacker တွေက ဖောက်တာပဲဖြစ်ဖြစ် ဖုန်းကျပျောက်တာပဲ ဖြစ်ဖြစ်ေ ခါင်းမီးတောက်ရပြီပေါ့.. သင့်ဖုန်းက Jelly Bean အသုံးပြုထားတယ်ဆိုရင်တော့ အဲ့ဒီ့ System မှာ ပါရှိတဲ့ Security တွေက လုံခြုံမှုပေး နိုင်ပါတယ်..
e.g - Face Unlock, Pattern, Pin, Password အစရှိတာတွေပေါ့...

======================
Application တွေကို Lock ချထားပါ...
======================
သင့်အနေနဲ့ အရေးကြီးတယ်လို့ထင်ရတဲ့ Application တွေကို Lock ချထားပါ.. အကုန်လုံးမဟုတ် တောင်မှ တစ်ခုတစ်လေတော့ Lock ချထားပါ.. G-mail, Facebook အစရှိတာတွေကိုပေါ့.. Lock ချတဲ့ Apk တွေကိုတော့ Play Store ကနေ လွယ်လွယ်ကူကူပဲ Download ဆွဲနိုင်ပါတယ်..
e.g - App Lock Premium Features တွေနဲ့မှ သုံးချင်တယ်ဆိုရင်တော့ Google မှတဆင့် Paid Application တွေကို ရှာပြီး Download ဆွဲနိုင်ပါတယ်..

==============================
Mobile Security Application တစ်ခုခုကို အသုံးပြုပါ..
==============================
သင်ဟာ Android ဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့သူဆိုရင် ဒီအချက်ဟာ အရမ်းအရေးကြီးတဲ့အချက် တစ်ခုပါ.. အများသုံး Wifi Zone မှာ အင်တာနက်သုံးမယ်ဆိုရင်တော့ ပိုလို့တောင်သတိထားရမယ့် အချက်ပါပဲ.. သင့်စက်လေးလံမှာကို မကြောက်ပဲ Mobile Security Application တစ်ခုကို ထည့်သွင်း ထားပေးပါ.. နာမည်ကျော် Antivirus ကုမ္ပဏီအချို့ကလည်း Mobile ဖုန်းတွေအတွက် Security Application တွေ ထုတ်လုပ်ထားပါတယ်...
e.g- Avast! Mobile Security, Dr-Web , Kaspersky

======================
Data တွေကို Back Up ပြုလုပ်ထားပါ..
======================
သင့်ဖုန်းပျောက်ရင် ပြန်ဝယ်လို့ရနိုင်ပေမယ့် ဖုန်းထဲက Data တွေကတော့ သင့်အပေါ်မူတည်ပြီး တန်ဖိုးရှိ ပါတယ်.. အကောင်းဆုံးကတော့ Photo တွေကို Flash Drive ဒါမှမဟုတ် Computer ထဲမှာ ပုံမှန် သိမ်းဆည်းပေးပါ... Contacts တွေ Call Logs တွေကိုတော့ Uploading Site တွေနဲ့ ချိတ်ဆက်ပြီး Online Storage အနေနဲ့ သိမ်းဆည်းထားနိုင်ပါတယ်.. အကြောင်းတစ်ခုခုကြောင့် သင့်ဖုန်းထဲက Data အချို့ ပျက်စီးသွားရင်ပဲဖြစ်ဖြစ် Back Up လုပ်ထားတာကြောင့် အလွယ်တကူပြန်ယူသုံးနိုင်မှာပါ.. Back Up Application အချို့ကိုလည်း Play Store ကနေ Download ဆွဲနိုင်ပါတယ်...

Credit to <Myanmar IT Group>
အဆင်ပြေကြပါစေခင်ဗျာ....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget