Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Saturday, September 28, 2013

IDM နဲ့ဒေါင်းတဲ့အခါ error link တွေကို ဒီနည်းနဲ့ resum ပြန်ဒေါင်းမယ်

အခုရေးမယ့်နည်းလေးကတော့ ဖိုင်ဆိုဒ်ကြီးတွေကို IDM နဲ့ဒေါင်းရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ error လေး တစ်ချို့ကို ကျွန်တော်ဖြေရှင်းတဲ့ နည်းလေးရေးပါမယ်...

ကိုလိုချင်တဲ့ဆော့ဝဲတစ်ခုကို ဒေါင်းယူပြီ ဆိုပါတော့ ... ကျွန်တော်ပုံမှ Puffin Web Browser ဒေါင်းထားတဲ့ ပုံလေးနဲ့ နမူနာပြထားပါတယ်...အကြောင်းတစ်ခုခုနဲ့ Error ဖြစ်သွားရင်ဖြစ်ဖြစ် ....ပုံမှာပြထားတဲ့အတိုင်း connecting ပဲလုပ်နေပီ Transfer rate မှာ 0 Bytes/sec မှပဲရပ်နေပီ ဆက်မသွားတော့ဘူးဆိုရင်တော့ ကျွန်တော်ဒီလိုလေး လုပ်လိုက်ပါတယ်....


Internet Download Manager ကို ဖွင့်လိုက်ပါ ...ခုနက Puffin Web Browser ရဲ့အပေါ်မှာ Right Click ထောက်ပီ Property ထဲကိုဝင်ပါ....




File Property box လေးပွင့်လာရင် Address ထဲက Link လေးကို အကုန်လုံး Copy လုပ်ပီတော့ Browser address bar ထဲမှာ paste ချပီ ဖွင့်ပေးပါ....File Property box ကိုမပိတ်ပါနဲ့....

Software ဒေါင်းဖို့အတွက် Page ကိုရောက်ပါမယ်... ပုံမှန်အတိုင်းပဲ download ကိုနှိပ်ပါ....
အဲ့မှာ ဒေါင်းဖို့အတွက် IDM တက်လာပါမယ်.... Start Download ကိုမနှိပ်ပါနဲ့....
ပုံမှာပြထားတဲ့အတိုင်း IDM box ထဲက URL အကွက်ထဲက Link ကို Copy ယူပီ Download File Info box ကို cancel နဲ့ပိတ်လိုက်ပါ.... 


ပီရင်ခုနက File Property box ထဲက Address လေးထဲမှာ နဂိုရှိတဲ့ Link ကိုဖျက်ပီ Copy လုပ်လာတဲ့ Link ကို paste ချလိုက်ပေးပီ OK လုပ်ပါ.....


ပီရင် ပုံမှာပြထားတဲ့အတိုင်း ခုနက error ဖြစ်နေတဲ့ puffin web browser ပေါ်မှာ right click ထောက်ပီ Resume Download ကိုနှိပ်ပေးလိုက်ပါ....


ဒါဆိုရင်တော့ ခုနက ဒေါင်းထားတဲ့ connecting ပဲဖြစ်နေတဲ့ Puffin web browser လေးဟာ ပုံမှန် အတိုင်းလေးပဲ ရောက်နေတဲ့ % ကနေပီဆက်လက်ဒေါင်းနေပါပီခင်ဗျာ....သင်ဒေါင်းနေတဲ့ ဖိုင်ရဲ့ Link ကို Refresh လုပ်ပေးလိုက်တာပါ.....


ဒီနည်းလေးအတိုင်း Resume မရတဲ့ Link တွေ....Time out ဖြစ်လို့ error တက်နေတဲ့ broken download link တွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်..... အားလုံးတော့မရနိုင်ဘူးလို့ထင်ပါတယ်..... Time out ဖြစ်တဲ့ Broken download link တွေတော့ ကျွန်တော်မစမ်းကြည့်ရသေးပါ.... ကျွန်တော်စမ်းထားပီသားကတော့ connecting ဖြစ်နေပီ transfer rate 0 ကနေဆက်မတက်တော့တဲ့ error link တွေကိုတော့ မူလဒေါင်းထားတဲ့နေရာကနေပီ အဆင်ပြေပြေနဲ့ ပြန်ဒေါင်းနိုင်ပါတယ်.... ကျွန်တော်ကိုယ်တိုင် အဲ့လိုဖြစ်သွားတဲ့ link တွေကို ဒီနည်းအတိုင်းပြန်ဒေါင်းပါတယ်ဗျ....

ကဲ Brother တို့လည်း အဲ့လိုဒေါင်းနေရင်နဲ့ error ဖြစ်နေတဲ့အခါကြရင် အဆင်ပြေပြေနဲ့ ပြန်ဒေါင်းနိုင် အောင်လို့ ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ နည်းလေးကို ရှယ်ပေးလိုက်ပါတယ်.... တစ်ခါတစ်လေ 90% ကျော်ကျော်လောက်ရောက်နေပီမှ အဲ့လိုတွေ error တွေဖြစ်သွားရင် တစ်ကယ်ကိုစိတ်ညစ်ရ ပါတယ်.... အခုတော့ ဒီနည်းလေးအတိုင်း ပြုလုပ်ကြည့်လိုက်ကြပါတော့ခင်ဗျာ.....

ကျွန်တော်ရေးလိုက်တဲ့ စာတစ်ကြောင်းက Brother တို့အတွက် အသုံးဝင်/အသုံးတည့်သွားတယ်ဆိုရင် ကျွန်တော်ရေးရကြိုးနပ်ပါတယ်ဗျ.... Brother တို့ ဒီနည်းလေးအတိုင်း error လင့်တွေကိုစမ်းကြည့်လို့ ပုံမှန် နေရာကနေပီ ဒေါင်းလို့ရတယ်ဆိုရင်တော့ ကျွန်တော်ကိုမမေ့နဲ့ပေါ့ဗျာ.....

အဆင်ပြေကြပါစေခင်ဗျ....


2 comments:

  1. အကို
    puffin broswer က huawei g610 မှာသုံးလို့မရဘူး။ install လုပ်လို့ ရတယ်။
    ဘယ်လိုလုပ်ရမလဲဗျာ ။ ကူညီပါ

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ဗျ ... install လုပ်ပီသုံးလို့ရရင်လည်း မြန်မာစာအသုံးပြုလို့မရပါ ...
      Puffin web browser က zawgyi ကို support မလုပ်ဘူးဗျ ...
      UC Browser လေးသုံးကြည့်ပါဗျ ... english version လေးပါ ...
      http://www.9apps.mobi/apk/414/en-us/9999x9999/0.0.1/app/com.UCMobile.intl/detail/?f=6_1_0_0_0&uc_param_str=dnfrpfvesscpmintnisieilanwcugi

      Delete

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget