Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, July 02, 2013

1500 တန် CDMA 800MHz ဖုန်းများ မြန်မာကျပ်ငွေဖြင့် Overseas Call ခေါ်ဆိုနိုင်ခဲ့ခြင်းမှာ Network Operator က မှားဖွင့်ခဲ့ခြင်းကြောင့် ဖြစ်


လွန်ခဲ့သော ရက်ပိုင်းများအတွင်းက 1500 တန် CDMA ဖုန်းများ မြန်မာကျပ်ငွေဖြင့် Overseas Call များ ခေါ်ဆိုနိုင်ခဲ့ခြင်းမှာ Network Operator က မှားဖွင့်ခဲ့ခြင်းကြောင့်ဟု Myanmar Telecommunication and Technology Services Co.,Ltd. ၏ Marketing Public Relation Manager ကိုသက်ဇင်မှ ပြောကြားခဲ့သည်။ ၎င်းမှ ဆက်လက်ပြောကြားရာတွင် “တစ်ရက်လောက် Overseas Call ကို မှားဖွင့်မိသွားတာပါ။ MEC ရဲ့ SEAGAME Promotion ဆိုတာ မဟုတ်ပါဘူး။ အဲ့လိုမှားပြီး ဖွင့်မိတုန်းက သိတဲ့သူတွေက မြန်မာကျပ်ငွေထည့်ပြီး ခေါ်ခဲ့ပါတယ်။ အခုတော့ ခေါ်လို့ မရတော့ပါဘူး။ CDMA 800MHz အတွက် FEC ၁၀ တန်၊ ၂၀ တန် ငွေဖြည့်ကတ်တွေ ဖြည့်ပြီးမှသာ ခေါ်ဆိုလို့ ရမှာ ဖြစ်ပါတယ်။ ခေါ်ဆိုခ နှုန်းထားတွေကတော့ အရင်အတိုင်းပါပဲ” ဟု ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံအတွင်း ခေါ်ဆိုလိုလျှင် Singapore 010065,—–, Malaysia 010060,—–, Thailand 010066,—–, Bronei 0100673,—–,Indonesia 010062,—-, Laos 0100856,—–, Vietnam 010084,—–, Cambodia 0100855,—–, Philippines 010063,—– အစရှိသော Code နံပါတ်များခံကာ FEC ငွေဖြည့်ကတ် ဖြည့်ပြီး ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် အခြားကမ္ဘာ့နိုင်ငံများသို့လည်း ခေါ်ဆိုနိုင်မည်ဖြစ်ပြီး MTS Connect Call Centre, Mobile VAS, Mobile Money, Telecom နှင့် System Integration စသော ဝန်ဆောင်မှုများ ပေးမည်ဖြစ်သည်။ Mobile Money ဝန်ဆောင်မှုကို နည်းပညာ စမ်းသပ် လုပ်ဆောင်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် စတင် ဝန်ဆောင်မှု ပေးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

Ref: Net Guide Journal
Credit to: သက်နိုင်စိုး (MMAS)

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget