Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, July 26, 2013

မြန်မာ့အင်တာနက် တစ်လနှေးမည်


မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခုဖြစ်သည့် ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက် အမြန်နှုန်းများ တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါက ဖိုင်ဘာ ဆက်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီတွင် ချို့ယွင်းခဲ့သဖြင့် အင်တာနက်နှင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ကုန်းတွင်း နယ်စပ် ဖြတ်ကျော် ဖိုင်ဘာ ဆက်ကြောင်း များသို့ ပြောင်းလဲ ချိတ်ဆက်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သည်။

“စင်ကာပူက အဖွဲ့နဲ့ ပြင်ဖို့ ညှိနေတယ်။ တစ်လလောက် ကြာမှာဆိုတော့ အဲဒီအချိန်အတွင်း အင်တာနက်တော့ နှေးမှာပဲ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် ချိတ်ဆက်ထားသည့် အဆိုပါ SE-ME-WE 3 ဆက်ကြောင်း ၏ မြန်မာနိုင်ငံတွင်း လမ်းကြောင်း တစ်လျှောက်ကို စစ်ဆေးရာ ပင်လယ်အတွင်း ၁၃ ကီလိုမီတာ ဝန်းကျင် တွင် ပြတ်တောက်နေသည်ကို တွေ့ရပြီး စင်ကာပူနိုင်ငံမှ ပင်လယ်ရေအောက် ကေဘယ် ပြုပြင်ရေး အဖွဲ့ကို ခေါ်ယူ ပြင်ဆင် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အဓိက အင်တာနက် ဆက်ကြောင်းမှာ တစ်ခုတည်းသာ ရှိနေသေးပြီး ယခုအတိုင်း ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပွားပါက စီးပွားရေး လုပ်ငန်းများအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် ကြောင်း မြန်မာ အင်တာနက် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ MIDO မှ ကိုညီညီ (သံလွင်) က ပြောကြားသည်။
ယင်းသို့ ဆုံးရှုံးမှုများကို ကာကွယ်ရန် ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ များ ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
သက်တမ်း နှစ် ၃၀ သတ်မှတ်ထားသည့် SE-ME-WE 3 ကေဘယ်လ် ကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ချိတ်ဆက် အသုံးပြုနေပြီး လက်ရှိ သက်တမ်း နှစ် ၂၀ ရှိပြီဖြစ်၍ မကြာခဏ ပြတ်တောက်မှု များ ဖြစ်ပွားလေ့ ရှိသဖြင့် SE-ME-WE 5 ဆက်ကြောင်းသစ်နှင့် ချိတ်ဆက် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။
Ref :အေးချမ်းမွန်

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget