Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Monday, September 16, 2013

Android Setting အကြောင်းကိုလေ့လာကြည့်ခြင်း

ကျွန်တော်ဒီနေ့ Android ဖုန်းမှာအရေးကြီးတဲ့ Setting တစ်ခုလုံးရဲ့ အကြောင်းကိုလေ့လာကြည့်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပို့စ်လေးရှယ်လိုက်ပါတယ်.....

ဒီပို့စ်လေးကို တင်ပေးရတဲ့ရည်ရွယ်ချက်ကတော့ -
- တစ်ချို့တစ်ချို့သောသူများက မိမိတို့ကိုင်တဲ့ဖုန်းဟာ Android Version ဘယ်လောက်တင်ထားလဲ Build No. ဘယ်လောက်လဲတောင် မသိတဲ့သူတွေရှိနေပါတယ်...
- တစ်ချို့ဆိုရင်လည်း WLAN ကဘယ်ကနေ၀င်ရမလည်းမသိသူများ၊ App & Game တွေကို SD ထဲကို ဘယ်လိုရွှေ့ရမလည်း စတဲ့စတဲ့ မသိသေးသူများအတွက် ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်.....
လေ့လာသိထားသင့်တဲ့အကြောင်းအရာလေးလို့ ကျွန်တော်မြင်ပါတယ်ဗျ...

MMSD မှ ko aungminhanat ရဲ့ရေးသားချက် မူရင်းအတိုင်းပါ....
Service သမားတစ်ယောက်ဟာ ဖုန်းတစ်လုံးကို လေ့လာမယ်ဆိုရင် သူ့ရဲ့ settings ပိုင်းကို အရင် လေ့လာတာ အကောင်းဆုံးဘဲ...အားလုံးက သူရဲ့settings ထဲမှာဘဲအကုန်ရှိပါတယ် အခုပြောပြမှာ ကတော့ android settings အကြောင်းပါခင်ဗျာ...ဒီ settings ပိုင်းကိုသိသွားရင် အားလုံးကိုယ် လုပ်ချင်တာလုပ်လို့ရပါပြီ...သင်တန်းတွေမှာ တော်တော်များများ ဒီအကြောင်းတွေကို မပြောပြပါဘူး... ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းနားလည်နေတယ် ထင်လို့ပါ မထင်ပါနဲ့...တစ်ချို့သင်တန်းသားတွေ ဆိုရင် android ဆိုတာဘာမှန်းတောင် မသိပါဘူး...settings ပိုင်းဆိုရင်လေ့လာဖို့ ပြောမနေပါနဲ့ Androoid 0s တစ်ခုလုံးကို ထိန်းချုပ်နိုင်တာကတော့ system settings အဖြစ် settings ဆိုတဲ့application တစ်ခု ထည့်သွင်းပေးထားပါတယ်... သင်တန်းသားတစ်ယောက်က android 0s ကို အသုံးပြုမယ်ဆိုရင် settings ပိုင်းဆိုင်ရာ ကို ကျွမ်းကျင်နေဖို့လိုပါတယ်...

တစ်ခုချင်း ရှင်းပြပါမယ်...
အခု ဒီဟာကလေးကတော့  version ၄.၀ အထက် settings လေးပါ..... settings ပိုင်းဆိုင်ရာက version အလိုက် ကွဲလွဲပါတယ်...
ဒါပေမဲ့ တစ်ခုနဲ့ တစ်ခုက ပုံစံတူတူပါဘဲ...
WIRELESS & NETWORKS မှာဆိုရင် ဒီကောင်တွေပါပါတယ်
Wi-Fi                                   >> Network လိုင်း အမျိုးမျိုး ချိတ်ဆက်ရန်
Bluetooth                             >> Bluetooth ချိတ်ဆက်ခြင်း
Data usage                          >> Mobile Data
More                                   >>Network ပိုင်းဆက်သွယ်ရာ လုပ်ဆောင်ချက် အထိပါပါတယ်
DEVICE မှာဆိုရင် ဒီကောင်တွေ ပါပါတယ်
Sound                                  >> အသံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Display                                 >> မြင်ကွင်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Storage                                >> မန်မိုရီ ပမာဏ
Battery                                >> ဘက်ထရီ ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Apps                                   >> application ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အထိပါဝင်ပါတယ်
PERSONAL မှာဆိုရင်
Call                                     >> ဖုန်း အ၀င်အထွက် ဆိုင်ရာ လုပ်ဆောင်ချက်
Message                               >> မက်ဆေ့ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Accounts & sync                    >> Account ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Location service                     >> GPS ဆိုင်ရာ လုပ်ဆောင်ချက်
Security                                 >> ကိုယ်ပိုင် လုပ်ဆောင်ချက်
Language & input                   >> ဘာသာစကား နှင့် စာရိုက်ကွက်
Backup & reset                       >>ကိုယ်ပိုင် လုပ်ဆောင်ချက် အထိ ပါဝင်ပါတယ်
SYSTEM  မှာဆိုရင် တော့
Date & time                           >> အချိန် နှင့် နေ့ရက် အတွက်
Accessibility                           >> အသုံးဝင် ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Developer options                  >> အသုံးဝင် ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Fast boot                              >> ပါဝါ ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
About phone                         >> ဖုန်းအချက်အလက် မှတ်တမ်း အထိပါဝင်ပါတယ်….


Wi-Fi အကြောင်းကိုလေ့လာခြင်း
wifi ဆိုတာကတော့ network ကွန်ယက်ချိတ်ဆက်ခြင်း လို့ အမည်ရပါတယ် wifi မှာကနှစ်မျိုး ရှိပါတယ်... Free ရတဲ့ wifi နဲ့ security ကို ထိန်းချုပ်ထားတဲ့ wifi ဆိုပြီး ရှိပါတယ်...free ရတဲ့ wifi ဆိုရင် အလွယ်တကူ wifi ချိတ်ဆက်နိုင်ပြီးတော့security ထိန်းချုပ်ထားတဲ့ wifi ဆိုရင်တော့ အလွယ်တကူ သုံးလို့မရပါဘူး... သူရဲ့ password ကို သိမှာတာ သုံးလို့ရပါလိမ့်မယ်...free ရတဲ့ wifi ရှိတဲ့ နေရာကတော့ ကော်ဖီဆိုင်တွေ အအေးဆိုင်တွေမှာ တစ်ခါတစ်လေပေးတတ်ပါတယ်...security ထိန်းချုပ် ထားတဲ့wifi ဆိုရင်တော့ wifi ကို ၀င်လိုက်တာနဲ့ ဘေးနားမှာ သော့ပုံစံလေး ပေါ်နေတတ်ပါတယ်... wifi ကို ဘာလို့ချိတ်ရလဲဆိုရင် အင်တာနက် သုံးဖို့အတွက် ချိတ်ဆက်ခြင်းဖြစ်ပါတယ်...


Bluetooth အကြောင်း လေ့လာခြင်း
Bluetooth ဆိုတာကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး data တွေရှယ်တဲ့အခါမှာ သုံးခြင်းနှင့် Bluetooth Earphone ချိတ်ဆက်ခြင်းအတွက် သုံးတဲ့အခါမှာ အသုံးဝင်ပါတယ်...Bluetooth system ပါသော ဖုန်းအချင်းချင်း သီချင်း၊ ဗီဒီယို၊ဖိုင်၊ ဂိမ်းတွေ အခြားခြားသော ဖိုင်တွေရှယ်တဲ့အခါမှာ အသုံးပြုကြပါတယ်... Bluetooth ကို ချိတ်ဆက်မယ်ဆိုရင်  bluetooth ကို on ပြီးတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ရပါမယ်... တကယ်လို့ မသိသေးပါက scan for device ကို နှိပ်ပေးလိုက်ပါ တအောင့်လောက် ကြာရင် ဖုန်း အချင်းအချင်း သိသွားပါလိမ့်မယ် သိသွားရင် အချက်ပြစာတမ်းလေ တတ်လာပါလိမ့်မယ်... pair ဆိုတဲ့ စာလေးကို နှိပ်လိုက်ပါ...version အနိမ့်ဖုန်းတွေမှာ တစ်ခါတစ်လေ password တောင်းတတ်ပါတယ်... အဲဒီအခါကျရင် 0000 ဒါမှ မဟုတ် 1234 ကို နှိပ်လိုက်ပါ... အဲဒီအခါ သိသွားပြီး မိမိတို့လိုချင်တဲ့ ဖိုင်တွေ ရှယ်လို့ရပါပြီ...


Data usage အကြောင်း
ဒီအပိုင်းကတော့ mobile data limit တွေကို ချိန်ပေးတဲ့ အပိုင်းပါ ဒါကတော့ မလိုပါဘူး....


More အကြောင်းကိုလေ့လာခြင်း
More ဆိုတဲ့ အပိုင်းကို ၀င်လိုက်တာနဲ့ Wireless & networks ဆိုတဲ့ အပိုင်းကို တွေ့ရပါလိမ့်မယ်... ဒီအပိုင်းမှာ ဘာတွေ ပါဝင်လဲဆိုရင်Airplane mode,VPN,Tethering & portable hostpot,Mobile network အပိုင်းပါ...Airplane mode ဆိုတာကတော့ လေယာဉ်ပျံလို့ဆိုရမှာပေါ့... သူရဲ့ဆိုလိုရင်းက ဘာလဲဆိုတော့ လေယာဉ်ပေါ်ရောက်ရင် အကုန်လုံးဆက်သွယ်မှု ဧရိယာပြင်ပရောက်ကုန်ရောလေ... အဲဒီအဓိပ္ပါယ်ပါဘဲ အဲဒီကောင်လေးကို off လုပ်လိုက်တာနဲ့ မိမိရဲ့ အပေါ်ဘားတန်းမှာ လေယာဉ်ပျံလေး ပေါ်နေပါလိမ့်မယ်...ဒီကောင်းလေးကိုပိတ်လိုက်ရင် ဖုန်းလိုင်းလေးပျောက်သွားပါလိမ့်မယ်....ဒါပေမဲ့ ဒီပြင်လုပ်ဆောင်ချက်တွေ အကုန်လုပ်ဆောင်လို့ရပါတယ်...ဒီကောင်က ဖုန်းလိုင်းတစ်လိုင်းထဲကိုသာ လုပ်ဆောင်ပေးတာပါ...သီချင်းတွေ ဗီဒီယိုတွေ ဂိမ်းတွေ ဆော့လို့ရပါလိမ့်မယ်...power off ထားစရာ မလိုတော့ပါဘူး...VPN ဆိုတာကတော့ မြန်မာနိုင်ငံမှာ သိပ်မသုံးကြပါဘူး ဘာလိုလဲဆိုတော့ ဒီကောင်ကို သိပ်မရှင်းပြတော့ပါဘူး...Tethering & portable hostpot ကတော့ ကိုယ့်ဆီက အင်တာနက်ကို sharing လုပ်ပေးတဲ့သဘောပါ...ဆိုလိုရင်းကတော့ အင်တာနက်ကို မျှဝေသုံးစွဲခြင်းပေါ့... Mobile networks ဆိုတာကတော့ ကိုယ့်ဖုန်းတစ်လုံး အင်တာနက်လျှောက်ပြီးသွားရင် ဒီထဲမှာသွားပြင်ရတဲ့ အပိုင်းပါ...
ဒီအပိုင်းကို internet settings ချိတ်နည်းအပိုင်းကျမှ ရှင်းပြပေးပါမယ်...


Sound အကြောင်းကိုလေ့လာခြင်း
Sound ဆိုတာကတော့ အသံပိုင်းဆိုင်ရာကို လေ့လာခြင်း ဖြစ်ပါတယ်...အဲထဲကို ၀င်လိုက်တာနဲ့ သူနဲ့ သက်ဆိုင်တဲ့ folder တွေ ကျလာပါလိမ့်မယ်...volume ဆိုတဲ့အပိုင်းမှာ တော့ music, video, games, other media, Ringtone & notifications , Alarms တွေပါပါလိမ့်မယ်...Silent mode ဆိုတာကတော့ ဖုန်းလာရင် vibrate တုန်ခါတာရယ် ဖုန်းလာရင် ဘာအသံမှ မကြားချင်တာရယ် ထားလို့ရပါတယ်... phone ringtone မှာ ဆိုရင်တော့ ဖုန်းလာရင် မြည်တဲ့အသံကို အမျိုးမျိုး ထားလို့ရပါတယ်...သူထဲ့ကပါတဲ့ ringtone အပြင် အပြင်ကထည့်ထားတဲ့ringtone တွေပါ ထည့်ထား လို့ရပါတယ်...Default notification ဆိုတာကတော့ အခြားခြားသော ringtone အသံတွေထားလို့ရပါတယ်...အများစုကတော့ မက်ဆေ့ကို default notification မှာ ringtone အသံလာပြောင်းတာများပါတယ်...Vibrate & ring ကတော့ ဖုန်းလာရင် သီချင်းကော vibrate တုန်ခါသံပါ ကြားရတဲ့အပိုင်းပါ...DTS mode ဆိုတာကတော့ သူ့အတိုင်းဘဲ ထားလိုက်ပါ အသုံးမလိုပါ Dial pad touch tones ဆိုတာကတော့ ဖုန်းခေါ်တဲ့အခါ ကီးပတ်လေးတွေကို နှိပ်လိုက်တဲ့အခါ မည်တဲ့အသံပါ...အသုံးမလိုပါက ဒီနေရာကနေ လုပ်ဆောင်လို့ ရပါတယ်... Touchsound ဆိုတာကတော့ touch နှိပ်လိုက်ရင် မြည်တဲ့အသံပါ...Screen lock sound ဆိုတာကတော့ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ရင် မြည်တဲ့အသံပါ...Vibrate on touch ဆိုတာကတော့ touch နှိပ်လိုက်ရင် vibrate တုန်ခါတဲ့အသံပါ...


Display အကြောင်းကိုလေ့လာခြင်း
Display  ဆိုတာကတော့ မြင်ကွင်းပိုင်းဆိုင်ရာကိုပြောတာပါ...Display ကို ၀င်လိုက်တဲ့အခါ Brightness, Wallpaper, Auto-rotate screen, Sleep, Font size, Notification settings ဆိုတဲ့ အပိုင်းလေးတွေ တွေ့ရပါလိမ့်မယ်...Brightness ဆိုတာကတော့ အလင်း/အမှောင်ကို ပြောတာပါခင်ဗျာ... သူကတော့ မြင်ကွင်းပိုင်းရဲ့ အလင်း/အမှောင်ကို ချိန်ရတဲ့အပိုင်းပါ... Wallpaper ကတော့ ကျွန်တော်တို့ ဖုန်းစစ ဖွင့်ချင်း မြင်ရတဲ့မျက်နှာပြင် မှာပေါ်တဲ့ ရုပ်ကိုပြောတာပါ...သူကတော့ ပုံစံအမျိုးမျိုးနဲ့ ပုံတွေကို လိုချင်သလိုပြောင်းလို့ရပါတယ်...ဓာတ်ပုံအရှင်တွေပါ ထားလို့ရပါတယ်...Auto-rotate screen  မှာ အမှန်ခြစ်လေးတပ်ထားပါက ဖုန်းကို တစ်ခြမ်းစောင်းလိုက်တာနဲ့ အလိုလိုလှည့်ပတ်ပေးပါတယ်...sleep ကတော့ ကိုယ့်ဖုန်းကို အသုံးမပြုချင်တဲ့အခါမှာ အချိန်နဲ့မှတ်ပြီး auto ပိတ်ပေးပါတယ်...လိုသလို ချိန်ပေးလို့ ရပါတယ်...Font size ကတော့ မိမိမြင်နေတ့စလုံးတွေရဲ့ အရွယ်အစားကို ပြောတာပါခင်ဗျာ.. သေးလို့ရတယ် ကြီးလို့ရပါတယ်...Notification settings ကတော့ ဘားတန်းကိုပြောတာပါခင်ဗျာ.. ဒီကောင်လေးကို အမှန်ခြစ်ဖြုတ်ထားရင် မိမိရဲ့အပေါ်ဘားတန်းမှာ သူနဲ့သက်ဆိုင်တဲ့ settings တွေပေါ်မှာမဟုတ်ပါဘူး...တကယ်လို့ ပေါ်ချင်ရင် အမှန်ခြစ်လေးတတ်ထားလိုက်ပါ...ဒီတစ်ချက်တော့ အရေးကြီးပါတယ်...ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ customer တွေက တစ်ခုခုမှားနှိပ်မိရင် အပေါ် ဘားတန်းလေး ပျောက်သွားတတ်ပါတယ်...အဲဒီအခါကျရင်အဲကောင်လေးကို အမှန်ခြစ်ထည့်ပေးလိုက်ပါ...


Storage Settings အကြောင်းကိုလေ့လာခြင်း
Storage  ဆိုတာကတော့ မန်မိုရီ မှတ်ဥာဏ်ကို ဆိုလိုတာပါ...သူထဲက ၀င်လိုက်တာနဲ့ software upgrade ကိုတွေ့ပါလိမ့်မယ်...အဲဒီကောင်က ဘယ်အခါတွေမှာအသုံးဝင်လဲဆိုရင် တစ်ချို့ huawei ဖုန်းတွေ လောက်မှာဘဲ အသုံးဝင်ပါတယ်...ဖန်းဝဲဗားရှင်း မြှင့်တင်တဲ့အခါ update လုပ်တဲ့အခါလောက်မှာ အသုံးဝင်ပါတယ်...Default storage location  ကတော့ ဖုန်းမန်မိုရီ ရွှေးပေးရတာပါ...အဲထဲကို ၀င်လိုက်တာနဲ့ Internal Storage နဲ့ SD card ဆိုတာ ရှိပါတယ်... SD card ထည့်ထားရင် SD card ကို ရွှေးပေးထားလိုက်ပါ... ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ ဗားရှင်းအမြှင့် 4.1.1 ကနေစပြီးတော့ တစ်ချို့ ဖုန်းတွေမှာ SD card ကို မရွှေးပေးထားတဲ့အတွက် သွင်းသမျှ software တွေက မန်မိုရီကဒ်ထဲကိုဘဲ ၀င်နေလို့ပါ... ဘယ်လိုလုပ်လုပ် SD card ကို သိမှာ မဟုတ်ပါဘူး... အဲဒီအခါကျရင် Default storage location>> SD card ကိုရွှေးပေးထားလိုက်ပါ... အောက်ကအပိုင်းတွေကတော့ ဘယ် application က ဘယ်လောက်သုံးထားသလဲဆိုတာ ပြတဲ့အပိုင်းတွေပါ...လေ့လာကြည့်ပါ...


Battery အကြောင်းကိုလေ့လာခြင်း
Battery အပိုင်းကိုဝင်လိုက်တာနဲ့ ဘက်ထရီရဲ့စွမ်းအင်ရာခိုင်နှုန်းကို ဖော်ပြတဲ့အရာရယ် နောက်တစ်ခု ဘယ်အပိုင်းက ဘယ်လိုသုံးထားသလဲ ဆိုတဲ့အပိုင်းရယ်ပါ...ဒီကောင်းလေးကတော့ သိအောင်လို့ပါ အသုံးမလိုပါ...


Apps အကြောင်းကိုလေ့လာခြင်း
Apps ထဲကိုဝင်လိုက်တာနဲ့ ကိုယ့်သွင်းထားတဲ့ application တွေကို တွေရပါလိမ့်မယ်...မိမိတို့သွင်းထားတဲ့ app တွေကို မကြိုက်တဲ့အခါ ဒီမှာတစ်ခုချင်းလာဖျက်လို့လဲရပါတယ်...ပြီးတော့ SD card ထည့်ထားရင် ဖုန်းမန်မိုရီထဲ့က app တွေကိုလည်း ဒီမှာလာရွှေ့လို့ရပါတယ်... ရွှေ့ချင်တယ် ဆိုရင်တော့ version အနိမ့်တွေမှာ လွယ်လွယ်ကူကူရွှေ့လို့ရပြီးတော့ version အမြှင့်တွေမှာဆိုရင် settings >> storage >> Default storage location >> sd card ကိုရွေးပေးထားလိုက်ပါ အဲဒီအခါကျရင် လွယ်လွယ်ကူကူ ရွှေ့လို့ရပါပြီ...


Call နဲ့ Message settings အကြောင်းကိုလေ့လာခြင်း
Call အပိုင်းမှာဆိုရင် သူနဲ့သက်ဆိုင်တဲ့အပိုင်းတွေပါပါတယ်...voicemail service တို့ voicemail settings တို့တွေဟာ မြန်မာနိုင်ငံအနေနဲ့ အသုံးမ၀င်ပါဘူး...ကျော်ခဲ့ပါ...နောက်တစ်ခု Message ဆိုတဲ့အပိုင်းမှာ တော့ Message settings ဆိုတဲ့ သက်ဆိုင်တဲ့ အပိုင်းတွေပါပါတယ်... သူကိုအမှန်ခြစ်ထားတွေ ထားလိုက်ပါ...တစ်ချို့ဖုန်းတွေမှာ မက်ဆေ့အ၀င်ရပြီးတော့ အထွက်မရတဲ့အခါတွေရှိပါတယ်... အဲဒီအခါကျရင် ဒီနေရာမှာ လာပြင်ပေးရပါတယ်...message center ပါတဲ့ ဖုန်းတွေမှာဘဲ ပြင်ပေးလို့ရပါတယ် message >> message center >> +9595930003 ရယ် +9595930014 ရယ် ကိုယ့်နဲ့ သင့်တော်တဲ့အရာထည့်ပြီးတော့ လုပ်ကြည့်ပါ...တစ်ခုမဟုတ် တစ်ခုအဆင်ပြေပါတယ် version အမြှင့်ဖုန်းတွေမှာကျတော့ တစ်ချို့ဟာတွေမပါတတ်ပါဘူး...ဒါပေမဲ့ တစ်ခါတစ်လေ သူကအော်တို ချိန်ပေး တတ်ပါတယ်...တစ်ချို့ဖုန်းတွေမှာ မက်ဆေ့အ၀င်အထွက်တွေက တစ်ခါတစ်လေ ??? ?? အဲလိုတွေ ပေါ်နေတတ်ပါတယ်...အဲဒီအခါကျရင် Message setting >> input method >> auto ကိုရွေးပေးပါ...ပြီးရင် ဖုန်းကို restart ချ... ဒါမှမဟုတ် ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ...အဲ့ခါကျရင် မက်ဆေ့ ပြန်ပို့ကြည့်ပါ... အဆင်ပြေပါလိမ့်မယ် key pad ဖုန်းတွေမှာလည်း ဒီလိုဘဲ ပြင်ပေးရင်ရပါတယ်...



Accounts & sync နဲ့ Location services နဲ့ Security အကြောင်းတွေကိုလေ့လာခြင်း
Accounts & sync ဆိုတာကတော့ အင်တာနက်သုံးရင်  မိမိရဲ့ Facebook account, gmail account, yahoo mail account တစ်ခြားခြားသော အကောင့်တွေကို ဒီမှာလာထည့်ထားလို့ရပါတယ်...gmail accont ဖွင့်ချင်ရင် ဖုန်းထဲက လာဖွင့်ရင် ပိုအဆင်ပြေပါတယ်...ဒီနေရာကနေ လာဖွင့်ရင် ပိုအဆင်ပြေ ပါတယ်...


Location services ကတော့ GPS ကို ပြောတာပါခင်ဗျာ... ဒါပေမဲ့ သူ့ကိုသုံးရင် GPS ပါတဲ့ app တွေခံသုံးမှဘဲ အဆင်ပြေပါလိမ့်မယ်...ဥပမာ Gother Myanmar ဆိုတဲ့ application ခံသုံးရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်...


Security ဆိုတဲ့အထဲကို ၀င်လိုက်တာနဲ့ အပေါ်ဆုံးတန်းမှာ Screen lock ဆိုတဲ့အရာလေး တွေ့ပါ လိမ့်မယ်...ဒီကောင်လေးက ဘာလဲဆိုတော့ ဖုန်းစစဖွင့်လိုက်တာနဲ့ ဖုန်းမျက်နှာပြင်ကို lock ချထား တာပါ...သူကတော့ တော်တော်များများ အသုံးဝင်ပါတယ်...နံပတ်တွေ ဂဏန်းတွေနဲ့ ဖုန်းရဲ့မျက်နှာပြင်ကို lock ချထားတဲ့အရာလေးပါ...ကိုယ့်မနှစ်သက်လို့ ပြန်ပြောင်းချင်ရင်လည်း ဒီနေရာကနေ လာပြောင်းလို့ ရပါတယ်...နောက်ပိုင်း ဗားရှင်းတွေမှာ ဖုန်းရဲ့မျက်နှာပြင်ကို ကိုယ့်ရဲ့မျက်နှာနဲ့ lock ချတဲ့ အရာလေး ပါလာပါတယ်...Owner info ဆိုတာကတော့ စာသားလေးတွေ အလှရေးပြီးတော့ ဖုန်းစစဖွင့်လိုက်တာနဲ့ ဖုန်းရဲ့မျက်နှာပြင်မှာ စာသားလေးတွေ ပေါ်နေတဲ့အရာပ...သူကျတော့ တစ်ချို့ဖုန်းတွေမှာ မပါပါဘူး SIM/RUIM CARD LOCK ကိုတော့ ဘာမှသွားမလုပ်ပါနဲ့...အန္တရယ် အရမ်းများပါတယ်...မိမိကသိလို့lock ချထားရင် အကြောင်းမဟုတ်ပါဘူး...တကယ်လို့ lock ချထားမိလို့မသိရင် ကဒ်ပျက်သွား တတ်ပါတယ်.. ဖြစ်နိုင်ရင် သူ့ကိုတော့ သွားမလုပ်မိပါစေနဲ့ (Dangerous)...အောက်ကဟာတွေကျတော့ အဲလောက် မလိုပါဘူး...ဒါပေမဲ့ Unknown sources ကိုတော့ အမှန်ခြစ်ထည့်ထားပေးပါ ဒီကောင်က အရေးကြီးပါတယ်...


Language & input အကြောင်းကိုလေ့လာခြင်း
Language & input  မှာတော့ ဘာသာစကားနှင့်ဆိုင်တဲ့အပိုင်းရယ် စာရိုက်ကွက်အတွက် ဖောင့်တွေ ပါပါတယ်... ဖုန်းတစ်လုံးဝယ်တာဘဲဖြစ်ဖြစ် software ရေးတာဘဲဖြစ်ဖြစ် စစကိုင်ခြင်း ဖုန်းကို language ပြောင်းပေးရပါတယ်...အဲဒီအခါကျရင် တရုတ်စာတွေ ကိုးရီးယားစာတွေ ဖြစ်နေတတ်ပါတယ်... ဘာမှမပူပါနဲ့ ဖုန်းရဲ့သင်္ကေတလေးတွေသာ လိုက်ကြည့်ပြီးလုပ်သွားလိုက်ပါ...အဆင်ပြေပါလိမ့်မယ်...
language ပြောင်းချင်ရင် စာလေးတွေရဲ့ဘေးနာမှာ သင်္ကေတပုံလေးတွေ ပါပါလိမ့်မယ်... သတိထား ကြည့်လိုက်ပါ language ကိုပြောင်းချင်ရင်တော့ A ပုံစံလေးတွေပါလိမ့်မယ်...အဲထဲကိုဝင်ပြီး အပေါ်ဆုံးက စာလေးကို တစ်ချက်နှိပ်ပြီး အဲ့ဒီထဲမှာ ဘာသာစကားကို ရွေးချယ်ပေးလို့ရပါတယ်...မြန်မာနိုင်ငံမှာတော့ English(United States) ကို ရွှေးပေးရပါတယ်...အဲဒါဆိုရင် English လို ပေါ်သွားပါပြီ  KEYBOARD & INPUT METHODS ဆိုတဲ့အပိုင်းမှာတော့  Default ဆိုတဲ့အပိုင်းမှာ မြန်မာစာအော်တို ပြောင်းချင်ရင် မြန်မာစာနဲ့ သက်ဆိုင်တဲ့ keyboard ကိုလာရွေးပေးပါ...အများစုကတော့ Frozen keyboard ကိုဘဲ သုံးတာများပါတယ်...အဲဒီမှာ Frozen keyboard pro ကို မသုံးမိပါစေနဲ့...သူ့က တစ်ခါတစ်လေ update version တောင်းတတ်တယ်...ပြီးတော့ ဘယ်နှစ်ရက်ဘဲသုံးလို့ရတဲ့ ကန့်သတ်ချက်တွေပါလို့ပါ... အောက်က key board တွေကတော့ ကိုယ့်သုံးမဲ့ keyboard တွေကိုဘဲ အမှန်ခြစ်ပေးပါ...


Backup & reset အကြောင်းကိုလေ့လာခြင်း
Backup & reset ဆိုတဲ့အပိုင်းမှာတော့ ကိုယ့်ဖုန်းထဲက data တွေကို backup ပြန်ယူတဲ့အပိုင်းရယ် စက်တစ်ခုလုံးကို clear လုပ်တဲ့ဟာရယ် ပါပါတယ်...ဒါပေမဲက ဒီကနေပြီးတော့ ကိုယ့်နဲ့သက်ဆိုင်တဲ့ application, game, contact, message အခြားခြားသောအရာတွေကို ဒီမှာလာမမှတ်ပါနဲ့... မသေချာလို့ပါ...အရေးကြီးတဲ့ Data တွေ ပျက်စီးသွားနိုင်ပါတယ်...အဲဒါကြောင့် ကွန်ပြူတာမှ software တစ်ခုခု (myphone exploer,moborobo,mobile go ) တို့လို software လေးတွေသုံးပြီးတော့ backup မှတ်ထားလိုက်ပါ...Factory data reset ကျတော့ဖုန်းထဲမှာရှိတဲ့ အရာရာအားလုံးကို clear လုပ်ပြစ် လိုက်တာပါ...ဖုန်းထဲမှာ စ၀ယ်တုန်းကအတိုင်း ဖြစ်သွားတာပေါ့...အရေးကြုံမှ ဒီကောင်ကိုသုံးပါ အမှတ်တမဲ့သွားမနှိပ်မိပါစေနဲ့...အထဲက Data တွေ အကုန်ပျက်သွားနိုင်ပါတယ်...


Date & time အကြောင်းကိုလေ့လာခြင်း
Date & time ဆိုတဲ့အပိုင်းမှာတော့ သေချာမရှင်းပြတော့ပါဘူး...ဒါပေမဲ့ တစ်ခုတော့ရှင်းပြလိုက်ပါ အုန်းမယ်...slect timg zone မှာတော Yangon GMT+6:30 ကို ရွေးပေးပါ...ဒီကောင်ကို ဘာလို့ရွေးရ လဲဆိုရင် မြန်မာစံတော်ချိန်ဖြစ်လို့ပါ...တစ်ချို့ဖုန်းတွေမှာ Yangon မပါလာတတ်ပါဘူး...အဲဒီအခါကျရင်  GMT+6:30 ကို ရှာပြီးတော့ ရွေးပေးလိုက်ပါ...ကျန်တာတွေ့တော့ ကိုယ့်စိတ်ကြိုက်ချိန်လို့ရပါပြီ... ဖုန်းအများစုကချိန်လို့ရပေမဲ့ တစ်ချို့ဖုန်းတွေမှာတော့ automatic date & time,automatic time zone တွေဟာ မှိန်နေတတ်ပါတယ်...ဘယ်လိုလုပ်လုပ်မရပါဘူး...အဲဒီအခါကျရင် ဖုန်း simcard ကိုဖြုတ် ဒါမှမဟုတ် Airplane mode ကို အမှန်ခြစ်ထည့်ထားလိုက်ပါ....ပန်ချိန်ကြည့်လိုက်ပါ...ရပါလိမ့်မယ်... တစ်ချို့ service သမားတွေက လွယ်တဲ့ဟာကို ခက်အောင်လုပ်နေကြတယ်...ဖန်းဝဲပြန်ရေးပြီး ပြန်ချိန်ကြတယ်...အချိန်လည်းကြာတယ်...အခုဟာက Airplane mode လေးကို အမှန်ခြစ်ထည့်ပြီး ချိန်တော့ ပိုပြီးလည်းမြန်သွားတာပေါ့...အလုပ်လည်းမရှူပ်တော့ပါဘူး... ဒါလေးလည်းအရေးကြီးပါတယ်...


Accessibility အကြောင်းကိုလေ့လာခြင်း
Accessibility မှာဆိုရင်တော့ ထွေထွေထူးထူး သိပ်မပါဘူး...Large text, Power button ends call, Auto-rotate screen ရယ် ဒီပြင်ဟာတွေလည်းပါပါတယ်...ဖုန်းပြောနေရင်းနဲ့ ဖုန်းကိုပိတ်ချင်တယ်ဆိုရင် Power button ends call ကို အမှန်ခြစ်လေး ထည့်ထားပေးလိုက်ပါ...ကျန်တာတွေတော့ ဒီအတိုင်းထားလိုက်ပါ...


Developer options အကြောင်းကိုလေ့လာခြင်း
ဒီအပိုင်းမှာဆိုရင် USB debugging ကို ဘာအတွက်သုံးတယ်ဆိုတာ User တော်တော်များများက မသိကြပါဘူးဗျ...Developer options မှာဆိုရင်တော့ USB debugging ကို အမှန်ခြစ်မဖြစ်မနေထည့် ထားပေးပါ...ဘာလိုလည်းဆိုရင် ဖုန်းနဲ့ ကွန်ပြူတာနဲ့ ချိတ်ဆက်တဲ့အခါမှာ ကွန်ပြူတာနဲ့သိဖို့အတွက်ပါ... ကျန်တာတွေတော့ အကုန်ဖြုတ်ထားလိုက်ပါ အသုံးမလိုပါဘူး...Stay awake ကတော့ ဖုန်းအားသွင်းနေစဉ် အလိုအလျောက် screen မပိတ်သွားဖို့အတွက် ရွေးချယ်ပေးရပါတယ်...pointer location ကတော့ တည်နေရာကို အမှတ်အသားနဲ့ ပြတဲ့အရာပါ...ဒါပေမဲ့ အပေါ်ရဲ့ဘားတန်းမှာ သွားပေါ်နေတတ်ပါတယ်... မျက်စိနှောက်ပါတယ်...ဖြုတ်ထားလိုက်ပါ...Show touches ဆိုတာကတော့ မိမိနှိပ်လိုက်တဲ့ အရာမှန်သမျှ အရာလေးတွေ မြင်ရတဲ့အရာပါ...ဖြုတ်ထားလိုက်ပါ...Show CPU usage ဆိုတာကတော့  မိမိဖုန်းရဲ့ CPU အချက်အလက်တွေကို ပြတာပါ...ဒီကောင်လေးကို အမှန်ခြစ်ထည့်ထားရင် အပေါ်ညာဘက်ထောင့် နားလေးမှာ စာသားလေးတွေ ပြေးနေပါလိမ့်မယ် ဖြုတ်ထားလိုက်ပါ...အောက်ကဟာတွေကျတော့ သူအတိုင်းထားလိုက်ပါ အသုံးမလိုပါဘူး...တကယ်လို့ customer တစ်ယောက်က settings ထဲကို သွားကလိမိလို့ CPU တွေ pointer location တွေပေါ်နေရင် ဒီနေရာကနေသွားပြီးတော့ အမှန်ခြစ်ဖြုတ်ထားလိုက်ပါ...အဆင်ပြေသွားပါလိမ့်မယ်...


Fast boot အကြောင်းကိုလေ့လာခြင်း
Fast boot ကို 0FF ထားရင်တော့ ပါဝါပိတ်လိုက်ရင် အလိုအလျောက်ပိတ်ပြီးတော့ စက်တစ်ခုလုံး ပိတ်သွား ပါလိမ့်မယ်...တကယ်လို့ 0n ထားမယ်ဆိုရင် ပါဝါပိတ်လိုက်ပေမဲ့ အထဲက data တွေ run ရင် run နေအုန်းမှာ...ဒါပေမဲ့ ဒီကောင်ကို on ထားရင် ပါဝါပိတ်ပြီး ပြန်ဖွင့်ရင် ဖုန်းပြန်တက်လာတာ အရမ်းမြန်ပါ တယ်...တကယ်လို့ 0ff ထားမယ်ဆိုရင်တော့ ပါဝါတက်တာ အရမ်းနှေးပါတယ်...ဒီကောင်ကို ဘယ်မှာ အသုံးဝင် လဲဆိုရင် ဖုန်းကိုဓာတ်ခဲမဖြုတ်ဘဲနဲ့ recovery တန်းဝင်ချင်တယ်...အဲဒီအခါကျရင် ဒီကောင်လေးကို 0ff ထားပေးလိုက်ပြီး ဖုန်းကို restart ချနေရင်းနဲ့က recovery တစ်ခါတည်း တန်းဝင်လို့ ရပါလိမ့်မယ်...


About phone အကြောင်းကိုလေ့လာခြင်း
About phone မှာဆိုရင်တော့ မိမိဖုန်းရဲ့ အချက်အလက် မော်ဒယ်တွေကအစ ကြည့်နိုင်ပါတယ်နော်... 0nline update လုပ်တာကျတော့ Samsung ဖုန်းတွေမှာ တော်တော်များများ update လုပ်ကြတာ များပါတယ်...သွားမလုပ်မိပါစေနဲ့...ဘာဖြစ်လို့လဲဆိုတော့ online update လုပ်ပေမဲ့ အင်တာနက် ကော်နက်ရှင်က ကောင်းအုန်းမှ မကောင်းရင်တော့ error တွေတက်တက်တယ်...ဘယ်လို့error လဲဆိုရင် တစ်ချို့ဖုန်းတွေမှာ ပါဝါပါပျောက်သွားတဲ့ဖုန်းတွေ ရှိတတ်ပါတယ်...အထူးဂရုစိုက်ပါ ကျန်တာတွေကတော့ မော်ဒယ် ဗားရှင်း build number တွေပါ...Legal information ကတော့ အသုံးမလိုပါဘူး...Model number ကတော့ ဖုန်းရဲ့မော်ဒယ်နံပတ်ကို ဖော်ပြတာပါ...Android version ကတော့ ဗားရှင်းနံပတ်ကို ဖော်ပြတာပါ...အောက်ကဟာတွေကျတော့ တူတူပါဘဲ သိပ်မလိုပါဘူး...huawei ဗားရှင်းတွေမှာ ပုံမှန် အားဖြင့် build number အမြှင့်တွေတာ ဖန်းဝဲတင်ရင် တင်လို့ရပါတယ်...Android version ကတော့ ဒီဗားရှင်းဘဲ ဒါပေမဲ့ Build number ကွာသွားတယ်...ဥပမာ သူ့ရဲ့ build number နောက်ဆုံဂဏန်း ၄လုံးကိုသာကြည့်ပါ B953 ဆိုရင် B953 ရဲ့ အထက်တွေကိုသာ တင်လို့ရပါလိမ့်မယ်... ကျန်တာတွေ ကတော့ တူတူပါဘဲ...


အချက်အလက်တွေ အာလုံးလဲ ပြည့်စုံသွားပါပြီ နားလည်ကျလိမ့်မယ်ထင်ပါတယ်………..
REF & Credit to: MMSD မှ ko aungminhanat ပါ...မူရင်းအတိုင်းပါ....
ဒီပို့စ်ကို PDF, Docx ဖိုင်တွေနဲ့ဒေါင်းချင်ရင်တော့ ကျွန်တော် Upload ပြန်တင်ပေးထားပါတယ်...

>>> Docx ဖိုင်ဖြင့်ဒါင်းရန် <<<
>>> PDF ဖိုင်ဖြင့်ဒါင်းရန် <<<

ဒီအောက်ကအချက်လေးကတော့ ကျွန်တော်ထပ်ဖြည့်ထားတာပါ......
မိမိတို့ ၀ယ်မယ်ဆိုတဲ့ဖုန်းဟာ Andorid စစ်မစစ်နဲ့ about ဖုန်းမှာ ပြထားတဲ့ version မှန်-မမှန်ကို အလွယ်စစ်နိုင်ရန်အတွက်ပါ....

setting >> about phone >> Android version ဆိုတဲစာသားလေးကို (4/5)ချက်လောက်မြန်မြန်လေးပုတ်ကြည့်လိုက်ပါဗျ.....



စက်ရုပ်ပုံလေးနဲ့ Os တင်ထားတဲ့ Android version ကိုမြင်ရပါလိမ့်မယ်ဗျ.....
Android device မဟုတ်ရင် အပေါ်ကနည်းအတိုင်းလုပ်ရင်ပေါ်မှာမဟုတ်ပါ......
[မှတ်ချက် - Branded ဖုန်းတွေကိုမဆိုလိုပါ....Branded မဟုတ်တဲ့ အခြားတရုတ်ဖုန်းတွေကိုဆိုလိုပါတယ်.....]

Brother တို့အားလုံး Android OS နဲ့ပတ်သက်ပြီး ဗဟုသုတများတိုးတက်ကြပါစေခင်ဗျာ.....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget