Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, August 20, 2013

System App Remover ဆော့ဝဲလ်များစုစည်းမှု

ကျွန်တော် ဒီနေ့တော့ မိမိတို့ရဲ့ Android ဖုန်းလေးမှာ ဆိုက်ကနေစ၀ယ်လာတည်းကပါလာတဲ့ တရုတ်ဆော့ဝဲလ်တွေကို ဖျက်နိုင်တဲ့ အကောင်းဆုံးလို့ထင်ရတဲ့ (အနော်ထင်တာကိုပြောတာနော်) System App Remover လေးတွေ စုပီတင်ပေးလိုက်ပါတယ်ဗျ...

China ဖုန်းတွေဟာဆိုရင် Official Firmware တွေမှာ မလိုအပ်တဲ့ China app တွေဟာအများကြီးကို ပါလာတတ်ပါတယ်....

ဒီ တရုတ်ဆော့ဝဲလ်တွေဟာ မလိုအပ်ပဲနဲ့ နောက်ကွဲမှာ Run နေတဲ့အတွက် မိမိတို့ရဲ့ ဖုန်း battery သက်တမ်းကြာရှည်မခံခြင်း၊ ဖုန်းလေးလံမှုများဖြစ်ခြင်း စတဲ့ ပြသာနာလေးတွေရှိပါတယ်......


အဲဒီတရုတ်ဆော့ဝဲလ်တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေသူများ အနော်ပေးတဲ့ System App Remover လေးတွေနဲ့ ကိုင်လိုက်ကြပါတော့ဗျ..
System ပိုင်းရဲ့ အရေးကြီးတဲ့ app တွေကိုမဖျက်မိပါစေနဲ့ဗျ....ဖျက်မိရင်တော့ firmware ပြန်တင်ရပါလိမ့်မယ်ဗျ......

(4)ခုတင်ပေးလိုက်ပါတယ်......
မိမိတို့ရဲ့ Device နဲ့ အဆင်ပြေတာကိုအသုံးပြုနိုင်ပါတယ်.......
အသုံးပြုဖိုကတော့ မိမိတို့ရဲ့ Device က Root Access ရှိဖို့လိုတာကတော့ အနော်ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်.......

1/ SystemApp Remover v.4.12 (47.90 kb) [Android 1.6 and up....]


2/ System App Safe Remover v.2.5.1036 (317.65 kb) [Android 2.1 and up....]
ဒီကောင်လေးကတော့ အရေးကြီးတဲ့ system ဖိုင်ကိုမှားဖျက်မိရင်လဲ Recycle bin ထဲမှာပြန်ရှာပီ Restore ပြန်လုပ်လို့ရပါတယ်......


3/ NoBloat v.1.3.3 (167.76 kb) [Android 1.6 and up....]
ဒီကောင်းလေးကတော့ General Setting ထဲကိုဝင်ပီတော့ Delete System apps နဲ့ Backup System apps နှစ်ခုကို အမှန်ခြစ်ပေးထားရင် မှားဖျက်မိရင်တောင် Restore ပြန်လုပ်နိုင်ပါတယ်.....


4/ Root Unistaller Pro v.3.3 (1.46 MB) [Android 2.0.1 and up....]


အဆင်ပြေကြပါစေဗျ...........



No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget