Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Monday, January 13, 2014

Zapya လိုမျိုး ES File Manager နဲ့ file Sharing လုပ်မယ် ...

သိသူများကျော်သွားပါခင်ဗျာ ...
ကျွန်တော်ဒီနေ့တင်ပေးမဲ့ အကြောင်းအရာကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံး ဖိုင်တွေ၊ ဂိမ်းတွေကို Sharing လုပ်တဲ့အခါမယ် Zapya လိုပဲ မြန်မြန်ဆန်ဆန် Sharing လုပ်နိုင်မယ့် နည်းလမ်းလေးရေးပါမယ် ... ကျွန်တော့်မေးလ်ထဲကို Zapya လိုပဲ File Sharing လုပ်နိုင်မယ့် ဆော့ဝဲလ်ကောင်းလေးရှိရင် တင်ပေးပါလို့
တောင်းဆိုထားတဲ့အကိုတစ်ယောက်ရှိလို့ ကျွန်တော်လက်ရှိအသုံးပြုနေတဲ့နည်းလေးကို ရေးလိုက်ပါတယ် ခင်ဗျာ ...

Zapya ဆော့ဝဲလ်ကတော့ မသုံးဖူးသူမရှိသလောက်လို့ထင်ပါတယ် ... တစ်ခါတစ်ရံမယ် Zapya နဲ့ ဖုန်းတစ်လုံးနဲ့တစ်လုံးကို ချိတ်ရာမှာ ချိတ်မရတာတို့ ဖိုင်တွေပို့လို့မရတာတို့ စတဲ့အခက်အခဲတွေရှိပါတယ် ... အခြား File Sharing ဆော့ဝဲလ်တွေလည်း အလားတူပြသာနာလေးတွေရှိပါတယ် ...

အခုကျွန်တော်က ES File Manager ဆိုတဲ့ဆော့ဝဲလ်နဲ့ ဖိုင်တွေ Sharing လုပ်ပြပါမယ်ဗျ ... [သိသူများ မပါပါ ... မသိသေးသူများအတွက်ပါ ...] ES File Manager ကတော့ ဖုန်းတိုင်းသွင်းထား မယ်လို့ ထင်ပါတယ် ... မသွင်းထား - မသုံးဖူးသူများလည်း သုံးကြည့်ပါဗျ ... တကယ်ကောင်းတဲ့ File Manager လေးပါ ... ES File Manager ဆော့ဝဲလ်ရဲ့ Default function မှာ Net Manager ဆိုတဲ့ function လေးပါပါတယ် ... အခု အဲ့ function လေးနဲ့ ဖိုင် Sharing လုပ်ရမှာပါ ...
ပုံထဲမှာပြထားတဲ့အတိုင်း ES File >> Menu >> Tools >> Net Manager ကိုသွားပါ ...


ပီရင်ပုံထဲကအတိုင်း Create a hotspot network နဲ့ Join a network ဆိုပီ နှစ်ခုတွေ့ပါမယ် ... တစ်လုံး က Create လုပ်ရင် နောက်တစ်လုံးက Join လုပ်ပေးပါ ...


Create လုပ်တဲ့သူကတော့ ဒီအောက်ကပုံအတိုင်းပေါ်ပါမယ် ... အဲ့မှာပေါ်တဲ့ password က Join လုပ်တဲ့အလုံးမှာ ဖြည့်ရမှာပါ ...


Join လုပ်တဲ့အလုံးက အောက်ကပုံအတိုင်းပါ ... ES_6951 ဆိုပီတွေ့ပါမယ် ... ကလစ်လိုက်ရင် Password တောင်းပါမယ် ... ခုနက Create လုပ်တဲ့အလုံးမှာပေါ်တဲ့ password ကိုဖြည့်ပေးပီ Connect လုပ်ပါ ... Connected ဖြစ်ရင်တော့ ဖိုင်တွေကို Sharing လုပ်လို့ရပါပီခင်ဗျာ ...


ဖိုင် Sharing ပြုလုပ်ရန် -
မိမိ Share ချင်တဲ့ဖိုင်ကို ဖိထားလိုက်ပါ ... ပီရင် More ထဲက Send ကိုနှိပ်ပါ ... Scanning လုပ်နေပါမယ် ... ပီရင် မိမိပို့ချင်တဲ့ Device ကို အမှန်ခြစ်တပ်ပီ Send လိုက်ပါ ...


Receive လုပ်မဲ့ဖုန်းက Confirm box မှာ OK လုပ်လိုက်ရင် ဖိုင်ပို့နေပါပီခင်ဗျာ ...


{ပုံထဲမှာတော့ ကျွန်တော်က ဖုန်းတစ်လုံးနဲ့ပဲချိတ်ထားလို့ပါ ... (၃/၄)လုံးချိတ်ထားရင် (၃/၄)လုံးပေါ်မှာပါ ...} ဖိုင်တွေပို့ပီလို့ ပြန်ပိတ်မယ်ဆိုရင်လည်း Net Manager ထဲမှာ ချိန်ထားတာကို Exit လုပ်ပေးရင်ရပါပီခင်ဗျာ ... {မှတ်ချက် ။      ။ ES File Manager {Cupcake version} နဲ့တော့မရပါ ...}

Zapya လို အခုချိတ်လို့ရပီ နောက်ပြန်ချိတ်ရင်မရတော့တာမျိုး .... ဖိုင်ပို့နေရင်း error တက်တာမျိုး လုံးဝ (လုံးဝ)မရှိပါခင်ဗျာ ...  အပြောမဟုတ်ဘူးဗျ ... အသုံးပြုကြည့်လိုက်ပါ ...

အားလုံးအဆင်ပြေကြပါစေခင်ဗျာ ....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget