Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Saturday, June 29, 2013

မြန်မာစာစနစ်အသုံးပြုထားသော HTC One ဖုန်းအား အကြိုရင်ခုန်ခြင်း

HTC ၏ မြန်မာနိုင်ငံတရားဝင်ကိုယ်စားလှယ်များဖြစ်ကြသော KMD Computer Group, e-city နှင့်စံမြန်မာတို့မှ အများမျှော်လင့်ထားသောSmart phone အသစ် HTC One ကိုပထမဆုံး အသုံးပြုနိုင်သောအခမ်းအနားအား မြန်မာနိုင်ငံရှိ မီဒီယာအဖွဲ့ဝင်များကို ဖိတ်ကြားခဲ့ပါသည်။ လစ်ဟမှုမရှိဘဲ လှပသေသပ်စွာဖန်တီးထားတဲ့ အလူမီနီယံသတ္တုပြည့် ကိုယ်ထည်နှင့် new HTC Oneသည် HTC Blinkfeed, HTC Zoe, HTC BoomSound စသောဆန်းသစ်ပြောင်းလဲမှု နည်းပညာများကို မိတ်ဆက်ပြီး မိုဘိုင်းဖုန်းအတွေ့အကြုံဆန်းများကိုရရှိစေမှာ ဖြစ်ပြီးစမတ်ဖုန်းများအတွက် အဆင့်အတန်း သစ်တစ်ရပ်ကို ပြန်လည်တီထွင်ထူထောင်ခဲ့ပါပြီဖြစ်ပါသည်။ ဇူလိုင်လတွင် HTC One အား စတင်ဖြန့်ချိတော့မည်ဖြစ်ပါသည်။ HTC Corporation ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Johnnie Ko က “HTC One သည် မြန်မာလူမျိုးများ သုံးစွဲနိုင်ရန် ကြိုတင်မျှော်မှန်းပြီး ထုတ်လုပ်ထားသော ဖုန်း ဖြစ်ပါသည်။ ယနေ့ လူသားများသည် နောက်ဆုံးပေါ် သတင်းအချက်အလက် နှင့် နည်းပညာတွေပေါ်မှာ အာရုံစိုက်လာကြပါသည်။ Smartphone များသည် ကျွန်ုပ်တို့ အလေးထားသော လူများ၊ သတင်းအချက်များနှင့် အစဉ်ထိတွေ့နိုင်ရန် အဓိကကျသော နည်းလမ်းများထဲက တစ်ခုဖြစ်သော်လည်း သမားရိုးကျဒီဇိုင်းတွေနှင့် လူသားတွေ အမှန်တကယ် အသုံးပြုသော နည်းပညာကိုအမှီလိုက်ရန် ခဲယဉ်းသည်”ဟုပြောကြားခဲ့ပါသည်။ HTC One နှင့်အတူစိတ်လှုပ်ရှားဖွယ်ရာ အသစ်အဆန်းများဟာ Smartphone ဆီသို့ ချဉ်းကပ်လာပြီဖြစ်ပြီး အတွေ့အကြုံအသစ်အဆန်းများကို HTC One မှ တစ်ဆင့်တက်လှမ်းနိုင်မှာဖြစ်ပါသည်။

HTC BlinkFeed ၏ သက်ဝင်နေသော ဖုန်းမျက်နှာပြင် (သင်ကြိုက်တာ အကုန်စခရင်တစ်ခုတည်းပေါ်မှာ ရှိနေပြီ)

New HTC One ၏ အချက်အချာကျသောဆန်းသစ်မှုတစ်ခုမှာ HTC BlinkFeed ဖြစ်ပါသည်။ HTC BlinkFeed နှင့် အတူစိတ်ကြိုက်ရွေးချယ်ထားသည့် အကြောင်းအရာအမျိုးမျိုးမှ သတင်းအချက်အလက် များဖြင့် အသက်ဝင်နေသည့် ကိုယ်ပိုင် Homescreen တစ်ခု ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် သုံးစွဲသူများအနေနှင့် အကြောင်းအရာသတင်းများကို အချိန်ကြာရှည်စွာ ခွဲခြားရှာဖွေနေရန် မလိုအပ်တော့ပါဘူး။ အချိန်နှင့်အမျှ ပြောင်းလဲနေသောများပြားလှစွာသော application များ နှင့် Websites များကို ရှာဖွေနေစရာမလိုအပ်ဘဲ အကြောင်းအရာသတင်းများကို တစ်နေရာတည်းမှာပင် စုစည်းပြီးကြည့်ရှုနိုင်မည် ဖြစ်ပါ သည်။ ဤနည်းပညာအသစ်အဆန်းများကိုစမတ်ဖုန်းများတွင် အသုံးပြုနိုင်ရန်အတွက် HTC မှ ပြည်တွင်း၊ ပြည်ပမီဒီယာ အရင်းအမြစ်ပေါင်း ၁၄၀၀ကျော်မှ အချက်အလက်ပေါင်း တစ်သောင်းကျော်ကို အကျော်ကြားဆုံးသော မီဒီယာကုမ္ပဏီများ ဖြစ်ကြသော AOL Family of media properties, ESPN, MTV, Vice Media, CoolHunting, Reuters နှင့် အခြားသော ကုမ္ပဏီများမှ နေ့စဉ်ရယူထားပါသည်။ HTC Blinkfeed ၏ Content partner များကိုအသေးစိတ် သိရှိနိုင်ရန် HTC Blog တွင် ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
HTC Zoe ပါဝင်သော HTC Ultra Pixel Camera

HTC Ultra pixel Camera ဖြင့် သက်ဝင်လှုပ်ရှားမှုပုံရိပ်များနှင့် သင်၏အဖိုးထိုက်တန်သော အမှတ်တရများကို ပြန်လည်ဝေမျှနိုင်ရန် ဖန်တီးပေးလိုက်ပါပြီ။ HTC Zoe မှ three-second snippets နှင့် အတူ သက်ဝင်လှုပ်ရှားမှုရှိပြီး ထင်ရှားပြတ်သားသည့် hi-res ပုံရိပ်များကို ဖန်တီးပေးနိုင်ပါသည်။ HTC Zoe နှင့် ရိုက်ကူးထားသော ရုပ်ပုံများကြောင့် ယခင် ငြိမ်သက်နေသော ဓာတ်ပုံပြခန်းသည် သက်ဝင် လှုပ်ရှားနေသော ပြခန်းအဖြစ် ကူးပြောင်းသွားမည် ဖြစ်ပါသည်။ အထူးလုပ်ဆောင် ချက်စွမ်းရည်များ မလိုဘဲ ဗီဒီယိုဟိုက်လိုက် သည် စက္ကန့် ၃၀စာ အနုပညာမြောက်ရုပ်ရှင်အဖြစ် အလိုအလျောက် ဖန်တီးပေးပါသည်။ ဤဗွီဒီယို ဟိုက်လိုက်သည် မတူညီသော themes များကို ပေါင်းစပ်နိုင်သလို လူမှုဆိုင်ရာ social networks, email စသော ၀န်ဆောင်မှုများ ပေါ်သို့လည်း အလွယ်တကူ Sharing ပြုလုပ်နိုင်ပါသည်။
ဤကင်မရာ၏အတွေ့အကြုံသစ်ကိုခံစားနိုင်ရန် HTC One တွင် a best-in-class f/2.0 aperture lens နှင့် ပိုမိုကြည်လင်ပြတ်သားစေသော 300% UltraPixels တို့ပါဝင်သောကြောင့် အခြားသော smart phone များထက် ပိုမိုရှင်းလင်းပြတ်သားစေပါသည်။ HTC ကင်မရာမှာပါသောနည်းပညာအသစ်သည်ဓါတ်ပုံ နှင့် ဗွီဒီယိုပြုလုပ်ရာတွင် ပိုမိုလျှင်မြန်စေပြီး အခြားသောဝန်ဆောင်မှုများကိုလည်းသယ်ဆောင်လာပေးပါသည်။ ထို့အပြင်ပြီးပြည့်စုံသောဓာတ်ပုံများ နှင့် ဗီဒီယိုရိုက်ချက်များကို HTC One ၏ ရှေ့ကင်မရာမှ တစ်ဆင့်ဖန်တီးပေးပြီး 1080p video capture အဖြစ်ကူညီပေးပါသည်။ HTC UltraPixel camera မှ ဆက်တိုက်ရိုက်ချက်များဖန်တီးနိုင်ခြင်း၊ မလိုအပ်သောအရာများကိုဖယ်ရှားပေးခြင်း၊ ရှုခင်းများကို ၃၆၀ဒီဂရီထိစိတ်ကြိုက်ရိုက်ကူးနိုင်ခြင်းစသောမြောက်များစွာသော features များနှင့် effects များကိုလည်းဖြည့်စွက်ပေးပါသည်။
HTC BoomSound


အကောင်းဆုံးသော audio အတွေ့အကြုံသစ်ကို HTC One စမတ်ဖုန်းတွင် ယနေ့ခံစားနိုင်ပါသည်။ စမတ် ဖုန်းတွင် ကြည်လင်ပြတ်သားတဲ့ အသံစွမ်းအားရှိပါတယ်။ အသစ် HTC ONE တွင် အမ်ပလီဖိုင်ယာနှစ်လုံးနဲ့ ရှေ့စတီရီယိုစပီကာနှစ်လုံး နှင့် Full HD Display ပါဝင်တဲ့အတွက် အသံထွက်ကြည်လင် ပြတ်သားကောင်းမွန်ပြီး လူတိုင်းနှစ်ခြိုက်စွာ နားထောင်ကြည့်ရှုနိုင်ပါတယ်။ Youtube မှ တစ်ဆင့် မိမိနှစ်သက်ရာ သီချင်းများ၊ ဗီဒီယိုများဂိမ်းများကိုလည်း HTC One မှတစ်ဆင့်ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါသည်။
HTC Sense Voice ကိုအသုံးပြုပြီး ကြည်လင်ပြတ်သားစွာ အရုပ်အသံဖမ်းယူနိုင်မှုများကို လုပ်ဆောင်ပေးပါသည်။ လူအုပ်ထဲတွင်အသံ ကြည်လင်ပြတ်သားစေခြင်းနှင့် မိုင်ခရိုဖုန်းနှစ်ခုပါတဲ့ အတွက် ပတ်ဝန်းကျင်က ကျယ်လောင်တဲ့ ဆူညံသံတွေကိုတားဆီးပေးပြီး ၀င်လာတဲ့ ဖုန်းသံကို ကြည်လင် ပြတ်သားစွာ ကြားစေနိုင်ပါသည်။
HTC Sense TV

HTC One အသစ်သည် HTC Sense TV ကြောင့် TV ထိန်းခလုတ်သကဲ့သို့ ရုပ်သံလိုင်းများကို စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ စိတ်ကြိုက်အစီအစဉ်များကိုလည်း မှတ်သားနိုင်ပါသည်။ အသံချိန်ထားနိုင်သည့်အပြင် စိတ်ကြိုက် ရှိုးပွဲများကိုလည်းရှာဖွေကြည့်ရှုနိုင်ပါသည်။
Metal Unibody Design
HTC One တွင် လစ်ဟမှုမရှိဘဲလှပသေသပ်စွာဖန်တီးထားသောaluminium သတ္တုပြည့်ကိုယ်ထည်နှင့် Full HD (1080p) screen ပါဝင်ပါသည်။ HTC One တွင် latest android Jelly Bean operating system ပါဝင်သောကြောင့် အင်တာနက်အသုံးပြုရာတွင်လည်း လွယ်ကူမြန်ဆန်စေပြီး အကောင်းဆုံးသော အရည် အသွေး၊ တည်ဆောက်မှုဒီဇိုင်းတို့ဖြင့် ထိုးဖောက်ဝင်ရောက်ထားပါသည်။
HTC One ကို မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်ပြီး 18 လအာမခံချက်ရှိပါသည်။ HTC One အသစ်တွင်ငွေရောင်နှင့် အနက်ရောင် အမျိုးအစားနှစ်မျိုးရှိပြီး တောက်ပြောင်သောသတ္တုပြည့်ကိုယ်ထည် နှင့် ကိုင်ဆောင်ရာတွင် သက်တောင့်သက်သာရှိစေပြီး HTC ၏ ပြိုင်ဘက်ကင်းသော နည်းပညာ အရည်အသွေးကို ပြသနေပါသည်။ အသုံးပြုသူများအတွက် ရိုးရှင်းသော ကြည်လင်ပြတ်သားမှု ကိုရရှိစေပါသည်။ မျက်နှာပြင်တွင်လည်း ကြမ်းတမ်းမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး စူးရှသောအလင်းများ ထွက်ပေါ်မှုကိုလည်း ကာကွယ်ပေးပါသည်။ မယုံကြည်နိုင်သော 468ppi resolution နှင့် စစ်မှန်သောအရောင်အသွးကိုလည်း ရရှိစေမှာဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကိုအောက်မှာဆက်လက်လေ့လာကြည့်ပါ။

ll Specs

CPU မြန်နှုန်း

 CPU မြန်နှုန်း

Qualcomm® Snapdragon™ 600, ကွပ်ကိုး(quad-core), 1.7GHz

စနစ် - Android

စနစ် – Android

အန်းဒရိုက်™ ဖြင့် HTC Sense™
HTC မှိတ်တုတ်မှိတ်တုတ်လင်းနေသောအလင်းလေး™

SIM ကဒ်အမျိုးအစား

SIM ကဒ်အမျိုးအစား

microSIM
မှတ်ဥာဏ်

မှတ်ဥာဏ်1

စုစုပေါင်းသိမ်းဆည်းနှိုင်မှု ၃၂GB/၆၄GB, ရနိုင်သောစွမ်းရည်ပြောင်းလဲမှု
RAM : 2 GB DDR2
ကွန်ယက်

ကွန်ယက်2

HSPA/WCDMA:

  • ဥရောပ/ အာရှ- 850/900/1900/2100 MHz

GSM/GPRS/EDGE:

  • 850/900/1800/1900 MHz

LTE

  • EU: 800/1800/2600 MHz
  • US (AT&T): 700/850/AWS/1900 MHz
  • US (TMO): 700/AWS MHz
  • US (Sprint): 1900 MHz
  • Asia: 1800/2600 Mhz

 GPS 

GPS

အတွင်းပိုင်း GPS အင်တန်နာ + GLONASS
ဒစ်ဂျစ်တယ်ကွန်ပတ်စ်

အာရုံခံများ

အာရုံခံများ

Gyro အာရုံခံများ
Accelerometer
အနီးရှိအာရုံခံများ
ဝန်းကျင်အလင်းရောင်အာရုံခံများ

ချိတ်ဆက်နိုင်မှု

ချိတ်ဆက်နိုင်မှု3

  • ၃.၅ မီလီမီတာ စတီရီယိုအော်ဒီယိုပင်
  • NFC စွမ်းဆောင်နိုင်မှု3
  • ဘလူးတုသ် ၄.၀ အတွက်မကျေနပ်ချက်
  • aptX နှင့်အတူဘလူးတုသ် ™ ဖြစ်နိုင်သည်
  • Wi-Fi®: IEEE 802.11 a/ac/b/g/n
  • DLNA® ဖုန်းမှကိုက်ညီသောတီဗွီ (သို့) ကွန်ပျူတာသို့ ကြိုးမဲ့ရောက်ရှိရေးမီဒီယာများအတွက်
  • အနီအောက်ရောင်ခြည်သုံးအဝေးထိန်းစားသုံးသူထောက်ပံ့ရေး
  • USB (သို့) HDMI ချိတ်ဆက်မှုအတွက် အဆင့်မြင့်မိုဘိုင်းဗီဒီယိုချိတ်ဆက်မှု (MHL) နှင့် micro-USB 2.0 (၅ ပင်) ထိုးရန်နေရာ (HDMI ချိတ်ဆက်မှုအတွက် အထူးကြိုးလိုအပ်သည်)

 အသံစွမ်းရည်မြှင့်ခြင်း

အသံစွမ်းရည်မြှင့်ခြင်း

HTC မြည်ဟိန်းသံ™

  • တခါတည်းတပ်ဆင်ထားသောနှစ်မျိုးသုံးအရှေ့ဘက်ရှိစတီရီယိုအသံချဲ့စက်
  • စည်းချက်သံနှင့်အတူ စတူဒီယိုအရည်အသွေးအသံ ™
  • အသံအာရုံ

 ကင်မရာ

ကင်မရာ

  • HTC Zoe™ အာထရာပစ်စယ်နှင့်ကင်မရာ™
  • BSI အာရုံခံ, ပစ်စယ်အရွယ်အစား ၂.၀ µမီတာ၊ အာရုံခံအရွယ်အစား ၁/၃’
  • ရည်ရွယ်ထားသော HTC ImageChip™ ၂
  • F2.0 အလင်းဝင်ပေါက် နှင့် ၂၈ မီလီမီတာမှန်ဘီလူး
  • အလင်းပုံရိပ်တည်ငြိမ်မှု (OIS)
  • ထူးခြားသောမီးအလင်း- ရိုက်မည့်အရာနှင့်အကွာအဝေးအရ မီးအလင်းငါးဆင့်အလိုအလျောက်ချိန်နိုင်သည်
  • ရှေ့ကင်မရာ : 2.1 MP, 880 မြင်ကွင်းထောင့်ကျယ် မှန်ဘီလူး နှင့် HDR အစွမ်း
  • နောက်ဘက်ရှေ့ဘက်ကင်မရာနှစ်ခုတို့မှ ၁၀၈၀ပီ အပြည့် HD ဗွီဒီယိုမှတ်တမ်းတင်ခြင်း
  • HDR ဗွီဒီယို
  • ဆက်တိုက်ရိုက်နိုင်ခြင်းနှင့်ဗွီဒီယိုရုပ်ပုံများ
  • ဖြည်းညင်းစွာရွေ့လျားသောဗွီဒီယိုမှတ်တမ်းများအတွက်ပြန်လည်ပြသနှုန်းပြောင်းလဲနိုင်ခြင်း
  • HTC Zoe™ စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် HTC Zoe™ မျှဝေခြင်း
  • အရာဝတ္တုဖယ်ရှားခြင်း (Object Removal),အုပ်စုပြန်လည်ထိတွေ့ခြင်း(Group Retouch), နှင့် ဆက်တိုက်ရိုက်ချက်(Sequence Shot) တို့နှင့်ပြန်လည်ထိတွေ့ခြင်း။

 မာတီမီဒီယာ

မာတီမီဒီယာ

အော်ဒီယိုကိုပံ့ပိုးသည့်ပုံစံများ

  • ပြန်လည်ပြသသည်: .aac, .amr, .ogg, .m4a, .mid, .mp3, .wav, .wma (၀င်းဒိုးမီဒီယာအော်ဒီယို၉)
  • မှတ်တမ်းတင်ခြင်း .amr

ဗွီဒီယိုကိုပံ့ပိုးသည့်ပုံစံမျာ်းပြန်လည်ပြသသည်: .3gp, .3g2, .mp4, .wmv (၀င်းဒိုးမီဒီယာအော်ဒီယို၉), .avi (MP4 ASP and MP3)

  • မှတ်တမ်းတင်ခြင်း .mp4

 ဘက်ထရီ

ဘက်ထရီ4

မြုပ်နှံထားသောအားပြန်လည်သွင်းနိုင်သည့်လီပိုလီမာဘက်ထရီ
စွမ်းအား 2300 mAh

AC အဒပ်တာ

AC အဒပ်တာ

ဗို့အားအပိုင်းအခြား/ကြိမ်နှုန်း- ၁၀၀ ~ ၂၄၀ V AC, ၅၀/၆၀ Hz
DC အထွက်- ၅ဗို့(V) နှင့် ၁ အန်ပီယာ( A)
  1. ဖုန်းဆော့ဖ်ဝဲကြောင့် ရနိုင်မည့်သိုလှောင်မှုပမာဏလျှော့နည်းသွားသည်။
  2. ဥရောပနှင့်အာရှပစိဖိတ်မှလွဲ၍ အခြားဒေသများရှိကွန်ယက်ခွင်များသည် မိုဘိုင်းအော်ပရေတာနှင့်သင့်၏တည်နေရာပေါ်မူတည်ပြီး ခြားနားမှုရှိနိုင်သည်။ အင်တာနက်ပေါ်တင်ခြင်း၊ ဒေါင်းလုပ်လုပ်ခြင်းတို့၏မြန်နှုန်းသည်လည်း မိုဘိုင်းအော်ပရေတာပေါ်မူတည်သည်။
  3. NFC ရရှိနိုင်မှုသည် မိုဘိုင်းအော်ပရေတာနှင့်သင့်၏တည်နေရာပေါ်မူတည်သည်။ ဒါကြောင့် သင့်ရဲ့ mobile operator နဲ့ အရင် စစ်ဆေးကြည့်ပါ
  4. ဘက်ထရီအချိန်(ပြောချိန်၊ standbyအချိန်၊နှင့်ထပ်၍) သည်ကွန်ယက်နှင့်ဖုန်းအသုံးပြုမှုပေါ်တွင်မူတည်သည်။ Standby အချိန် အသေးစိတ်ဖော်ပြချက် (“အသေးစိတ်အချက်အလက်များ”) သည် စက်ရုံစံနှုန်းဖြစ်ပြီး တူညီသောအခြေအနေများတွင် မတူညီသောမိုဘိုင်းဖုန်းများနှိုင်းယှဉ်ခွင့်ပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ Standby အခြေအနေတွင် ဓာတ်အားသုံးစွဲမှုသည် ကွန်ယက်၊ စက်တင်များ၊ တည်နေရာ၊ လှုပ်ရှားမှု၊ အချက်ပြစွမ်းအား၊ ဆဲလ်အသွားအလာလိုင်း အစရှိသည့်အချက်များအပေါ်တွင် အလွန်မူတည်သည်။ သို့သော်လည်း ယင်းအချက်များထက်မကရှိနိုင်သည်။ ထိုကဲ့သို့အသေးစိတ်အချက်အလက်များအသုံးပြုပြီး မတူညီသောမိုဘိုင်းဖုန်းများနှိုင်းယှဉ်ခြင်းများသည် ထိန်းချုပ်ထားသောဓါတ်ခွဲခန်းတွင်သာ ပြုလုပ်နိုင်သည်။ မိုဘိုင်းဖုန်း၏ရည်ရွယ်ချက်များအတိုင်း လက်တွေ့ဘ၀အခြေအနေများတွင်သုံးသောအခါ standby အချိန်သည် သိသိသာသာလျှော့နည်းပြီး အထက်ဖော်ပြပါအချက်များပေါ်တွင်အခိုင်အမာမူတည်နေလိမ့်မည်။
မှတ်စု: အသေးစိတ်အချက်အလက်တွေဟာ ကြိုတင်အသိပေးခြင်း မရှိဘဲနဲ့လည်း ပြောင်းလဲသွားနိုင်ပါတယ်။

***ကိုသက်နိုင်စိုး (MyanmarMobileAppalicationStore) ပို့စ်ကိုကူးယူဖော်ပြပါသည်။

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget