Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, November 01, 2013

Android ဖုန်းမှာ Power ခလုတ်ကိုမနှိပ်ဘဲ Screen On/Off လုပ်ကြည့်ရအောင်ဗျ ...

Brother တို့အားလုံး မင်္ဂလာပါခင်ဗျာ ...
ကျွန်တော် ဒီနေ့တော့ စက်ရုပ်အတွက် apk လေးနှစ်ခုရှယ်ပါမယ် ...
သင့်တို့ရဲ့ဖုန်း Screen ကို ဖွင့်ချင်/ပိတ်ချင်ရင် Power ခလုတ်ကို နှိပ်ရပါတယ် ... အခု Power ခလုတ်ကို နှိပ်စရာမလိုဘဲ Screen ကို ဖွင့်နိုင်/ပိတ်နိုင်ပါတယ်ဗျ ... ဖိုင်ဆိုဒ်ကလည်း kb သာသာပဲရှိပါတယ် ...
Screen အဖွင့်/အပိတ်ကို ပြုလုပ်နိုင်တဲ့ ဆော့ဝဲလ်တွေအများကြီးရှိပါတယ် ... တစ်ချို့ဆော့ဝဲလ်တွေဆိုရင် Sensor နဲ့အသုံးပြုရပါတယ် ... အခုကျွန်တော်ပေးတဲ့ ဆော့ဝဲလ်နှစ်ခုကတော့ Sensor မပါဝင်တဲ့ ဖုန်းတွေအတွက်လည်း အဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ် ...

Screen ကို ပိတ်ဖို့အတွက် ==> Lock Screen Setting.apk v.1.60 <== Android 2.2 +
Screen ကို ပြန်ဖွင့်ဖို့အတွက်ကတော့ ==> Shake Screen-On.apk v.1.0.6 <== Android 2.1 +

ဒီမှာကျွန်တော့်ကို မေးစရာရှိနိုင်ပါတယ် ... အဲ့ဒါဘာလည်းဆိုရင် Screen ကိုပိတ်ဖို့ Shake Lock ကိုသုံးလို့ရတယ်လို့ပြောလို့ရပါတယ် ... Screen အဖွင့်/အပိတ်ကို Shake နဲ့ပဲ အသုံးပြုထားမယ်ဆိုရင် Screen အဖွင့်/အပိတ် Sensibility မှာ On နဲ့ Off ကို ခွဲခြားသတ်မှတ်ထားသော်လည်း အဆင်မပြေ နိုင်တာတွေဖြစ်နိုင်ပါတယ် ... [ဥပမာ - Shake လုပ်ပီဖွင့်လိုက်သော်လည်း တစ်ခါတစ်လေ Screen ပြန်ပိတ်သွားတာတွေ ဖြစ်နိုင်ပါတယ် ...]

ဒါကြောင့်ကျွန်တော်က အပေါ်မှာပေးထားတဲ့ ဆော့ဝဲလ်လေးနှစ်ခုနဲ့ ဖုန်း screen အဖွင့်/အပိတ်ကို ပြုလုပ်ပြမှာဖြစ်ပါတယ် ... ဖုန်းကို Cover နဲ့ အသုံးပြုကြတဲ့သူများလည်း အဆင်ပြေပါတယ်ဗျ ...

ကဲစလိုက်ရအောင်ဗျ ...
ပထမဆုံး အပေါ်မှာပေးထားတဲ့ apk လေးနှစ်ခုကို ဖုန်းမှာ Install လုပ်ပါ ...

Screen ပိတ်ဖို့အတွက် -
- Lock Screen Setting.apk လေးကို အရင်ဖွင့်ပါ ... ပုံမှာပြထားတဲ့အတိုင်း Onekey lock enable ကို On ပေးရပါမယ် ... အဲ့မှာ Activate လုပ်ဖို့အတွက် window တစ်ခုတက်လာပါမယ် ... Activate လုပ်ပေးပါ..
ပီရင် Send lock screen icon to desktop ကိုနှိပ်ပေးလိုက်ရင် Home Screen မှာ Lock screen shourtcut လေးရောက်နေပါပီ ... အောက်က Sespended icon ကတော့ ဖုန်းရဲ့ ဘယ်နေရာကို ရောက်ရောက် lock icon လေးကိုပေါ်နေမှာဖြစ်ပါတယ် ...
[မှတ်ချက် - ဒီ Lock Screen Setting လေးကို အသုံးမပြုချင်တော့လို့ Uninstall လုပ်ချင်တယ်ဆိုရင် Setting >> Security >> Device administrators ထဲကိုသွားပီ Lock Screen Setting ကို Deactivate ပြန်လုပ်ပေးမှာ Uninstall ပြုလုပ်လို့ရမှာပါဗျ ... ] အခုဆိုရင် Screen ပိတ်ဖို့အတွက်ရသွားပါပီ ...




Screen ပြန်ဖွင့်ဖို့အတွက် -
- Shake Screen-On လေးကို ဖွင့်ပါ ... Shake ဆိုတာလေးမှာ အမှန်ခြစ်ပေးပါ ... ပီရင် Setting ထဲမှာ မိမိအသုံးပြုချင်သလို ပြင်နိုင်ပါတယ်ဗျ ... ကျွန်တော်ကတော့ Sensibility ကို အမြင့်ဆုံးမှာထားပါတယ် ...  2.0x လောက်ထားထားရင် ဖုန်းကို နည်းနည်းလေးလှုပ်လိုက်တာနဲ့ ဖုန်း Screen ကို ဖွင့်ပေးမှာဖြစ်ပါတယ် ... အခုဆိုရင် Screen ဖွင့်ဖို့အတွက် ရပါပီခင်ဗျာ ...



ကဲဒါဆိုရင်တော့ သင့်တို့ရဲ့ဖုန်းမှာ Power ခလုတ်ကိုနှိပ်စရာမလိုတော့ပါဘူးခင်ဗျာ ...
Screen ပိတ်ချင်ရင် home desktop ပေါ်က Lock screen လေးတစ်ချက်နှိပ်လိုက်တာနဲ့ ဖုန်း Screen လေးပိတ်သွားပါပီ ... Screen ဖွင့်ချင်ရင်လည်း ဖုန်းလေးကို လှုပ်ပေးလိုက်ရုံနဲ့ ဖုန်း screen လေးပြန်ဖွင့် ပေးမှာဖြစ်ပါတယ်ခင်ဗျာ ....

သင့်တို့ရဲ့ Power ခလုတ်ကို အသုံးမပြုချင်သူများနဲ့ ပျက်မှာစိုးရိမ်သူများ ဒီဆော့ဝဲလ်လေးနှစ်ခုနဲ့ Screen အဖွင့်/အပိတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ် ...

အဆင်ပြေကြပါစေခင်ဗျာ ...

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget