Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, October 09, 2013

Android Lessons (4)

Android အတွက် သင်ခန်းစာ(၄)


ဟိုတစ်လောက recovery အကြောင်း ပြောပြီးပြီဆိုတော့ ဒီတစ်ပက်တော့ cwm သွင်းနည်း အကြောင်း ပြောပြပေးမှာဖြစ်ပါတယ်...
cwm သွင်းနည်းမှာ (၂)မျိုး ရှိပါတယ် ...
(၁) Fastboot ကနေသွင်းနည်း
(၂) Rom Manager ကနေသွင်းနည်း ဖြစ်ပါတယ် ...

(၁) Fastboot ကနေသွင်းနည်း
ဒါတွေမလုပ်ခင်မှာ ဒီကောင်တွေ သုံးဖို့အတွက် ဒါလေးတွေဒေါင်းထားပေးပါ ...
ဒါလေးတွေရှိမှဘဲ အပေါ်ကကောင်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ...
Fastboot ကနေ သွင်းဖို့အတွက် Fastboot and adb folder လေးကို ဒေါင်းထားလိုက်ပါ ...

အပေါ်ကဟာ ဒေါင်းနေချိန်မှာ Computer ထဲက C အောက်ထဲမှာ new folder တစ်ခုဆောက်ပြီးတော့ adb လို့ပေးထားလိုက်ပါ ... ဒေါင်းလို့ရလာတဲ့ဖိုင်ကို zip ဖြည်ပီးတော့ အထဲက ဖိုင် (၄)ဖိုင်ကို adb folder ထဲထည့်လိုက်ပါ ... စစဦးဆုံး cwm သွင်းတော့မယ်ဆိုရင် (cwm အကြောင်းကို အခန်း(၃)တွင် လေ့လာ ပါရန်) မိမိဖုန်းနှင့် သက်ဆိုင်သည့် cwm(.img) ဖိုင်ကိုရှာပြီး ဒေါင်းထားလိုက်ပါ ... ရှာနည်းကတော့ လွယ်ပါတယ် ... ကိုယ့်ဖုန်းက Huawei U8825D ဆိုပါစို့ www.google.com မှာ Huawei U8825D cwm recovery လို့ ရိုက်ရှာလိုက်ယုံပါဘဲ ... သူနှင့် သက်ဆိုင်သည့် cwm ကျလာပါလိမ့်မည် ...
ဥပမာ - u8825d recovery.img ဒါမှ မဟုတ်ရင် cwm recovery.img ဒါမှမဟုတ်ရင် recovery.img လို့ ကျလာပါလိမ့်မည် ... အဲဒီဖိုင်လေးကို ဒေါင်းလော့ဆွဲပြီးတော့ recovery.img လို့ ပြန်ပြင်ထားလိုက်ပါ ... ဘာလို့ ပြန်ပြင်ခိုင်းတာလဲဆိုရင်တော့ သွင်းတဲ့နေရာမှာ အခက်အခဲရှိနေလို့ပါ ... အဲဒါကြောင့်ပါ တစ်ခါ တစ်လေကျရင် bat.file လေးနဲ့ ကျလာတတ်ပါသည် ... သိတဲ့သူကတော့ တစ်ခါတည်းသွင်းတတ်သလို မသွင်းတတ်တဲ့သူကတော့ အဲဒီ bat.file လေးကို ဖြည့်ပြီးတော့ အထဲက recovery.img ဖိုင်ကို ယူတတ်ကြ ပါတယ် ... ဘာဘဲ ဖြစ်ဖြစ်တူတူပါဘဲ တစ်ချက်ခြင်းရှင်းပြပါမယ်...

အဲဒီ bat.file နဲ့ကျလာတတ်တဲ့ဖိုင်လေးက ကျွန်တော်တို့ရဲ့ recovery.img ဖိုင်လေးကို comment လိုင်းနဲ့ သွင်းရင် ကြာမှာစိုးလို့ 0ne click ပုံစံလေး ဆောက်ထားတာပါ ... အဲဒီ bat.file လေးသုံးမယ်ဆိုရင် ကိုယ့်ဖုန်းက fastboot အနေအထားမှာထားပြီးတော့ အဲဒီ  bat.file လေးကို ဖွင့်ပြီးတော့ enter လေး ခေါက်လိုက်ယုံပါဘဲ ... comment လိုင်း သုံးစရာမလိုတော့ဘူးပေါ့ ... အခုရှင်းပြမှာက recovery.img ဖိုင်နဲ့လာရင် comment လိုင်းနဲ့ သုံးတတ်အောင်လို့ ရှင်းပြပေးမှာဖြစ်ပါတယ် ... ကဲပြောနေကြာပါတယ် ဆက်ပြောပါမယ် ... ရလာတဲ့ recovery ဖိုင်က (.img) ဖိုင် ဖြစ်ရပါမယ် ... အဲဒီဒေါင်းထာတဲ့ ဖိုင်လေးကို C အောက်ထဲက adb folder လေးထဲ ထည့်လိုက်ပါ ... ပြီးရင် ဖုန်းကို fastboot ၀င်မယ် (fastboot အကြောင်း ကိုတော့ သင်ခန်းစာ (၂) တွင် ပြန်လေ့လာရန်) ... ပြီးရင်ဖုန်းကို ကွန်ပြုတာနဲ့ ကြိုးထိုးလိုက်ပါ .... C ထဲက adb folder ထဲ ၀င်ပြီးတော့ key board က shift key နဲ့ mouse က Right click ကိုနှိပ် ပေးပါ... ချက်ဘောက်တစ်ခု တက်လာပါလိမ့်မယ် ... Open commend window here ကို ရွေး ပေးပါ... cmd commend ဘောက်လေး ကျလာပါလိမ့်မည် ... အဲထဲမှာ fastboot devices လို့ရိုက် လိုက်ပါ 123xxxxx   device လို့ပြရင် ဖုန်းနဲ့ cmd ဘောက်နဲ့ သိသွားပါပြီ ... မပြပါက driver မသိလို့ ဖြစ်ပါတယ် ... အခုကျွန်တော်တို့လုပ်မှာက cwm recovery သွင်းမှာဖြစ်ပါတယ်... အဲဒီအတွက်ကြောင့် ဒီ comment လေး ရိုက်ပေးပါ ...

fastboot flash recovery recovery.img

လို့ရိုက်လိုက်ပါ ... ပီရင် enter တချက်ခေါက်လိုက်ပါ ... finished ok လို့ ပြသွားပါလိမ့်မည် ... တကယ်လို့ failed ဖြစ်နေပါက မိမိဆွဲထားတဲ့ recoery ဖိုင်ကမှားနေတာ ... ဒါမှမဟုတ် မိမိဖုန်းက locked အလုံးကြီး ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်... Huawei တွေမှာဆိုရင်တော့ နောက်ထွက်တဲ့ Huawei U8818 ကနေစပြီးတော့ locked ခံထားတာဖြစ်ပါတယ် ... ဘာဖြစ်လို့ locked ခံထားလဲဆိုရင် သူရဲ့ဖုန်းကို လုပ်ချင်တာလုပ်လို့မရအောင် locked ခံထားချင်းဖြစ်ပါတယ် (ကျွန်တော်သိသလောက်ပါ) ... samsung, HTC, Sony မှာဆိုရင်လည်း အဲဒီအတိုင်းပါဘဲ ... Locked ဖြည့်ပြီးမှ ထည့်လို့ရတာတွေရှိပါတယ်... အဲဒီ အတွက် recovery မမှန်ရင် ပြန်ဆွဲပါ ... Locked ဖြစ်နေပါက Unlocked လုပ်ပြီးမှသွင်းပါ ... ဒီနည်း ကတော့ Samsung အတွက် အသုံးမ၀င်ပါဘူး ... ဘာဖြစ်လို့လဲဆိုရင် Samsung မှာသုံးဖို့အတွက် odin ဆိုတဲ့အရာလေး သုံးပေးရတာပါ... samsug သုံးတော့မယ်ဆိုရင် ဖုန်းကို downloading mode အနေ အထားမှာ ထားပေးရမှာ ဖြစ်ပါတယ် ... ပြီးရင် Odin ရဲ့ PDA ဆိုတဲ့နေရာမှာ cwm ဖိုင်လေး ထည့်ပေး ရမှာ ဖြစ်ပါတယ် ... အဲဒီမှာ သတိထားရမှာက Samsung ရဲ့ cwm က tar, rar, md5 ဖိုင်နဲ့ လာတာဖြစ် ပါတယ်... ထည့်ပြီးရင် Start ဆိုတာလေးကိုနှိပ်လိုက်ရင် သွင်းပေးနေပါလိမ့်မည် ... အပေါ်ကချက်ဘောက် သေးသေးလေး တစ်ခုမှာ pased လို့ ပြရင် သွင်းပြီးသွားပါပြီ .... failed ပြနေပါက သွင်းတာ မှားနေလို့ ဖြစ်ပါလိမ့်မည်... နောက်တစ်ခေါက် ပြန်သွင်းပေးပါ ...

(၂) Rom Manager ကနေသွင်းနည်း
ဒီနည်းကတော့ သူထဲမှာ support ပေးတဲ့ မော်ဒယ်တွေလောက်ဘဲ ရပါတယ် ... ဒီနည်းကတော့ လူသုံး နည်းပါတယ် ... သိအောင်လို့ ပြောပြပေးပါမယ် ... Rom Manager.apk လေးကို ဖုန်းထဲကိုသွင်းပါ ... ပီရင် မိမိဖုန်းမော်ဒယ်နှင့် သက်ဆိုင်သည့် မော်ဒယ်နံပါတ်ကို ဒေါင်းပါ ... အဲဒီအချိန်မှာ မိမိဖုန်းမှာ အင်တာနက်ဖွင့်ထားဖို့လိုပါတယ် ... ပီရင် အဲဒီကနေဘဲ သွင်းရမှာဖြစ်ပါတယ် ... ဒီနည်းးကိုတော့လက်တွေ့ စမ်းသပ်ကြည့်ကြပါ ... လွယ်ပါတယ် ဘာ error မှ သိပ်မရှိပါဘူး ... 

အကျဉ်းချူပ်ပြောပြပေးတာဖြစ်ပါတယ် ... ADB အကြောင်းနဲ့ Fastboot ရဲ့ အသုံးဝင်ပုံကိုတော့နောက်မှဘဲ အကျယ်ချုပ် ရှင်းပြပါတော့မယ် ... လောလောဆယ်သိချင်ပါက အဲဒီဘောက်လေးမှာဘဲ adb လို့ရိုက်လိုက် ပါ အသုံးဝင်ပုံတွေ တက်လာပါလိမ့်မည် ... Fastboot ရဲ့ အသုံးဝင်ပုံကို သိချင်ပါကလည်း fastboot လို့ ရိုက်လိုက်ပါ... သူရဲ့အသုံးဝင်ပုံတွေ တက်လာပါလိမ့်မည်အဆင်ပြေပါစေ...

သင်ခန်းစာ ၁၊၂၊၃ အားပြန်ကြည့်ရန်

Credit To : Aung Min Han
အဆင်ပြေပါစေခင်ဗျာ ....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget