Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, October 02, 2013

Recovery နှင့် Stock Rom, Custom Rom ဆိုတာဘာလဲ?

ကျွန်တော်ဒီနေ့တော့ Recovery (CWM)အကြောင်းနဲ့ Stock Rom, Custom တွေအကြောင်းကို ကျွန်တော်သိသ လောက်လေးရေးပါမယ်....ကျွန်တော်တတ်သိသလောက် ရေးထားတာဖြစ်တဲ့အတွက် လိုအပ်ချက်များ အမှားများပါရင်ခွင့်လွှတ်ပီ ဖြည့်တွေးပေးကြပါခင်ဗျာ...

ကျွန်တော်အခု Recovery ဆိုတဲ့ အကြောင်းလေးကိုအရင်ပြောပါမယ်...
Recovery မှာ နှစ်မျိုးရှိပါတယ်....
(၁) Stock Recovery
(၂) Custom Recovery (CWM)

(၁) Stock Recovery
Stock Recovery ဆိုတာကတော့ Android ဖုန်းတစ်လုံးကို ၀ယ်ကတည်းက ပါဝင်လာတဲ့ Recovery ပါ... ပုံမှာ ကြည့်ပါခင်ဗျာ...
Stock Recovery မှာပါဝင်တာတွေကတော့ -
- Reboot System Now
- Apply Update From SD Card
- Wipe Data/Factory Reset
- Wipe Cache Partition ...
ဒါတွေပါပဲ ထူးထူးခြားခြား အသုံးဝင်တာ နှစ်ခုပဲရှိပါတယ်... 
Official Update.zip ဖိုင် ဒေါင်းပြီးရင် SD Card ထဲထည့် Apply Update From SD Card ကနေတဆင့် Version မြင့်နိုင်ပါတယ်... Password တွေ ချမိရင်တော့ Wipe Data/Factory Reset ကိုဝင်ပြီး Yes To All လုပ်ရုံနဲ့ ဖုန်းက အသစ်တိုင်းပြန်ဖြစ်သွားမှာပါ... Stock Recovery လို့ခေါ်တဲ့ မူလ Recovery ကိုသိပြီ ဆိုရင် ပြန်လည်အသစ်ထည့်သွင်းတဲ့ CWM Recovery အကြောင်းကို ရှင်းပြပါမယ်...

(၂) CWM ( Clock Work Mod ) Recovery
Clock Work Mod Recovery ကို အများအားဖြင့် CWM လို့ပဲ ခေါ်ဝေါ်ကြပါတယ်... အောက်ပါပုံကတော့ CWM Recovery ဖြစ်ပါတယ်...


မူလ Stock recovery ကိုအုပ်ပြီး အသစ်ထည့်သွင်းလိုက်တဲ့ CWM Recovery ရဲ့လုပ်နိုင်စွမ်းကတော့ အများကြီးပါပဲ...
- Reboot System Now
- Apply Update From SD Card
- Wipe Data/Factory Reset
- Wipe Cache Partition
- Install Zip From SD Card
- Backup And Restore
- Advanced....
ဒီမှာ ထူးခြားစွာပါဝင်နေတာလေးတွေကို ကျနော်အနီရောင်တားပေးထားပါတယ်... Install Zip From SD Card ကတော့ ကျနော်တို့ Root ချင်တယ်ဆိုရင် အဲ့ဒီကနေ Root.zip ဖိုင်တွေကို Install လုပ်ပေးရုံဖြင့် Super User ရရှိနိုင်သလို MM Font.zip ဖိုင်တွေကို လဲ Install Zip From SD Card ကနေ Install လုပ်ရုံဖြင့် မြန်မာစာကို မ Root ပဲ မြင်နိုင်ရေးနိုင်ပါတယ်...နောက်ထူးခြားချက်တစ်ခု ကတော့ Backup and Restore ဖြစ်ပြီး မိမိ တစ်ခုခုမစမ်းသက်ခင် မိမိရဲ့ Firmware ခေါ် Rom ကို သိမ်းဆည်း ပေးထား မှာဖြစ်ပြီး မိမိစမ်းသက်လိုက်လို့ Firmware ပျက်သွားပြီး Logo မှာ ရပ်နေသည့် အခါမျိုးတွင် Backup မှ သိမ်းထားသော Firmware သို့မဟုတ် Rom အား Restore ပြန်လုပ်ပေးခြင်းဖြင့် မိမိသိမ်းဆည်းသည့် အချိန်က မူလအတိုင်းကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်... CWM Recovery တွေ ဘယ်မှာ ရှာလို့ရမလဲ ဆိုတော့ အစုံလင်ဆုံးဖြစ်တဲ့... http://www.clockworkmod.com/rommanager မှာ Download ဆွဲပြီး ရယူနိုင်ပါတယ်....

အခု Stock Rom နဲ့ Custom Rom အကြောင်းလေးကိုရေးပါမယ်...
Stock Rom
Stock Rom ဆိုတာကတော့ မူလဖုန်းရဲ့ ပင်ရင်း Firmware ကိုခေါ်တာဖြစ်ပါတယ်... Firmware လို့ ခေါ်ဆိုကြသလို Stock Rom လို့လဲ ခေါ်ဆိုပါတယ်...

Custom Rom
Custom Rom ဆိုတာကတော့ မူလဖုန်းမှာပါတဲ့ ပင်ရင်း Firmware မဟုတ်ပဲ Developer များစိတ်ကြိုက် ပြင်ဆင်ချယ်သထားသော Theme များ Launcher များနှင့် အခြားသောအသုံးဝင် App များ ထပ်မံ ထည့်သွင်းထားသော Rom များကို Custom Rom ဟု ခေါ်ပါသည်... ဒီအကြောင်းတွေ နဲ့ ပတ်သက်၍ အကျယ်တ၀င့်လေ့လာချင်တယ်ဆိုရင်ဖြင့် http://forum.xda-developers.com/ တွင် လေ့လာတာ အကောင်းမွန်ဆုံးဖြစ်မှာပါ...

REF: သစ်ဆန်းခန့်
အဆင်ပြေကြပါစေခင်ဗျာ....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget