Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Monday, March 24, 2014

Apks & Games တွေ Install လုပ်ရင် Out of Space ပြသာနာ

မင်္ဂလာပါဗျ ...
အခုရက်ပိုင်း လိုင်းတွေကျနေလို့ ကျွန်တော်ဘဘော့ထဲမှာ နည်းပညာနဲ့ ပတ်သက်တာတွေပဲ တင်ဖြစ်တာ များပါတယ် ... အခုလည်း ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာလေးတစ်ခုရေးပါမယ် ... သင်တို့ရဲ့ဖုန်းမှာ Apks & Games တွေ အရင်တုန်းကသွင်းလို့ရပီ နောက်ပိုင်းပြန်သုံးချင်လို့ Install လုပ်ရင် Out of Space ဆိုပီ ပေါ်တဲ့ပြသာနာလေးပါ ...

သင့်ဖုန်းမှာ မန်မိုရီလည်း အများကြီးကျန်သေးတယ်။ Install လုပ်ရင်  Out of Space ဆိုပီပေါ်တယ် .... အဲ့ဒါဘာကြောင့်လည်း?

Rooted လုပ်ပီးသားစက်တွေမှာ ဖြစ်ပါတယ် ... အဲ့လိုဖြစ်ရတဲ့အကြောင်းက Apks & Games တွေကို Lucky Patcher နဲ့ Patched လုပ်ပီး အသုံးပြုထားတဲ့စက်တွေမှာ အဖြစ်များပါတယ် ...

မသိသေးတဲ့သူများအတွက် အောက်မှာ Apks & Games တွေကို Lucky Patcher နဲ့ Patch ထည့်တာက အစ Install လုပ်ရင် Odex ဖိုင်ရှိနေလို့ Out of Space ဖြစ်ရတဲ့အကြောင်း စတဲ့အသေးစိတ်ကို ရေးပြ ထားပါတယ် ...

ဒီနည်းလမ်းက ကျွန်တော်ကိုယ်တိုင် ရှာဖွေ/ စမ်းသပ်/ ကလိရင်းတွေ့လို့ ပြန်ရှယ်ပေးခြင်းပါ ...
မည်သူတစ်ဦးတစ်ယောက်ရဲ့ပို့စ်ကိုမှ ကူးယူဖော်ပြခြင်းမဟုတ်ပါခင်ဗျာ ...

ကျွန်တော်နမူနာအနေနဲ့ Patch ဖိုင်ထည့်မှ အသုံးပြုလို့ရတဲ့ Earn To Die ဆိုတဲ့ ဂိမ်းလေးတစ်ခုနဲ့ ပြပေး ထားပါတယ် ... ဒီ ဂိမ်းက ပလေးစတိုးမှာ ပိုက်ဆံပေးရတဲ့ ဂိမ်းပါ {License ဗားရှင်းပါ}... ဒီအတိုင်း Install ပီ သုံးရင် အသုံးပြုလို့မရပါဘူး ... ဖွင့်လိုက်ရင် Verify လုပ်ခိုင်းတယ် ... ကွန်လိုင်းဖွင့်ပီ Verify လုပ်ရင် လည်း Purchased (၀ယ်ခိုင်းပါတယ် ...)


အဲ့အတွက် License ဗားရှင်းဂိမ်းကို Patch နဲ့အသုံးပြုရပါမယ် {Lucky Patcher သုံးရပါမယ် ...} Lucky Patcher ကိုဖွင့်ပါ ... Loading packages လုပ်နေပါမယ် ... အခု Earn To Die ဂိမ်းကို Patch ထည့်ပြ မယ် ... Earn To Die ဂိမ်းပေါ်မှာ လက်နဲ့ [၂/၃ စကန့်လောက်] ဖိထားပါ ... menu တစ်ခုတက်လာ ပါမယ် ... အပေါ်ဆုံးက Remove License Verification ကိုရွေးပါ ... ထပ်ပေါ်လာတဲ့အကွက်မှာ Auto Modes ကိုရွေးပါ ...


နောက်ပေါ်တဲ့အကွက်မှာ Auto mode မှာ အမှန်ခြစ်တပ်ပီ Apply လုပ်ပါ ... Patch to Application .... ဆိုပီ Patch ဖိုင်ထည့်နေပါမယ် ... ပီရင် Patch ဖိုင်ထည့်ပီကြောင်း Patch results ဘောက်တက်လာ ပါမယ် ... Ok လုပ်ပါ ... Patch ဖိုင်ထည့်ပီးသွားရင် ဘေးမှာ အရောင်မှိန်နေတာလေးနှစ်ခု အရောင်လင်း နေပါလိမ့်မယ် ...


Patch ဖိုင်ရောက်မရောက်သိချင်ရင် Root Explorer >> data >> app ထဲကိုသွားပါ ... Earn To Die ဆိုတဲ့ ဂိမ်းလေးကို icon ကိုကြည့်ပီးရှာပါ ... တွေ့ပီးဆိုရင် အဲ့ဂိမ်းအောက်မှာဘဲ file name တူ .odex ဆိုတဲ့ ဖိုင်လေးတစ်ခုတွေ့ပါလိမ့်မယ် ...


ဒါဆိုရင် ဂိမ်းကို အသုံးပြုလို့ရပါပီ ... ဂိမ်းကိုဖွင့် verify လုပ်ရန် ကွန်နက်ရှင်ဖွင့်ပေးလိုက်ရင် Patch မထည့်ခင်ကလို Purchased ဘောက်မတက်လာတော့ပါဘူး ... Play လို့ရသွားပါပီဗျ ...



Out of Space ဖြစ်နေတဲ့ပြသာနာကို ဖြေရှင်းမယ့် အရေးကြီးတဲ့အပိုင်းပါ ...

မိမိက Patch လုပ်ထားတဲ့ Apks & Games တွေကို အသုံးမပြုချင်တော့လို့ဘဲဖြစ်ဖြစ်၊ စက်လေးလာလို့ဘဲ ဖြစ်ဖြစ် Uninstall လုပ်ပါတယ် ...

နောက်ပိုင်းကြမှ မိမိက Apks & Games တွေကို ပြန်သုံးချင်လို့ စက်မှာ Install လည်းလုပ်ရော မိမိဖုန်းမှာ Patch လုပ်ထားပီးသားဖြစ်တဲ့ Apks & Games တွေဆို Install လုပ်မရတဲ့ Out of Space ဆိုတဲ့ပြသာနာ တက်ပီးပေါ့ ... ဖုန်းမန်မိုရီကိုစစ်ကြည့်တော့လည်း အများကြီးကျန်ပါသေးတယ် ... အဲ့လိုဖြစ်ရင်တော့ ဒီလိုဖြေရှင်းလိုက်ပါ ...


အဲ့လိုဖြစ်ရတဲ့အကြောင်းက မိမိက ပထမတစ်ခေါက်က Apks & Games ကို Patched လုပ်ပီးသုံးထားတာ ဖြစ်တဲ့အတွက် အဲ့ Patch ဖိုင်က ဖုန်း storage ထဲမှရှိနေလို့ဖြစ်ရတာပါ ... အဲ့ဖိုင်ကို ဖျက်ပေးမှာ Install လုပ်လို့ရမှာပါဗျ ...

Root Explorer >> data >> app ထဲကိုသွားပါ ...
ပီရင် စာရွက်ပုံ အပေါ်ထောင့်မှာအခေါက်လေးနဲ့ com.-------.-------.odex ဖိုင်ကိုရှာပါ ...
{မှတ်ချက် - မိမိစက်မှာ Patch လုပ်ပီး သွင်းထားတဲ့ apks & games မှန်းသမျှ အဲ့ထဲမှာ com.-----.-----.odex ဖိုင်အနေနဲ့ရှိနေပါမယ် ...}

အခုကျွန်တော်က Earn To Die ဂိမ်းကို Install လုပ်မရလို့ အရင်သွင်းထားတုန်းက Patch ဖိုင်ကိုရှာတာပါ ... com.notdoppler.earntodie-1.odex ဖိုင်ကိုတွေ့ပါမယ် ... ဘေးအကွက်လေးမှာ အမှန်ခြစ်တပ်ပီ အောက်ဘက်မှာ အမှိုက်ပုံးပုံလေးကိုနှိပ်ပီ Delete လုပ်ပါ ...


ပီရင် ခုနက Out of Space ဖြစ်နေတဲ့ Earn To Die ဂိမ်းကို Install လုပ်ကြည့်ပါ ... အဆင်ပြေပြေနဲ့ ဖုန်းထဲကို Install လုပ်ပေးသွားပါလိမ့်မယ်ဗျ ...

{မှတ်ချက် - Out of Sapce ဖြစ်တဲ့အခါတိုင်း အခုလိုဘဲ ဖြစ်ရမယ်လို့မဆိုလိုဘူးနော် ...}
အားလုံးအဆင်ပြေကြပါစေခင်ဗျာ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget