Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Monday, March 24, 2014

Wifi talkie.apk (free call, free message & file sharing) [FOR ANDROID]

File Sharing လုပ်ဖို့အတွက် Zapya ကိုတော့ လူတိုင်းအသုံးပြုကြပါတယ် ... နောက်ပိုင်းထွက်တဲ့ Zapya ဗားရှင်းတွေမှာ ဖုန်းတိုင်းနဲ့အဆင်မပြေပါဘူးဗျ ... [Zapya (US) မှာအဖြစ်များပါတယ် ...]
ပို့နေရင်း error တက်တာတို့ ... Data On လိုက်ရင် Wifi ပွင့်လာတာတို့ ... အခြား Problem လေး တွေရှိပါတယ် ...

အဲ့အတွက် Wifi Talkie ဆိုတဲ့ ဆော့ဝဲလ်လေးနဲ့မိတ်ဆက်ပေးမယ်ဗျ ... Wifi Talki ဆော့ဝဲလ်ကလည်း Zapya လိုပဲ Wifi ချိတ်ပီး File Sharing ပြုလုပ်နိုင်ပါတယ် ... [မှတ်ချက် - Zapya လိုဘဲ အသုံးပြုလိုတဲ့ ဖုန်းနှစ်လုံးမှာ ဒီဆော့ဝဲလ်ရှိရပါမယ် ...]

Wifi ချိတ်ပီး Internet မလို ဖုန်းခေါ်နိုင်၊
မက်ဆေ့ခ်ျပို့နိုင်၊ ဖိုင်/ဖိုဒါတွေ apk တွေ ပို့နိုင်မှာဖြစ်ပါတယ် ...
" Wi-Fi Talkie is an application for voice chatting, file transferring and messaging within your local Wi-Fi netword. The application doesn't need the Internet or a cellular network connetion. "

အခုကျွန်တော်ဒီဆော့ဝဲလ်လေးကိုအသုံးပြုနေပါတယ် ... အသုံးပြုကြည့်ရသလောက်တော့ Error မတွေ့ သေးပါဗျ ... ဒီ apk လေးကို ကျွန်တော် ဖိုရမ်ထဲမှာ တင်ပေးဖူးပါတယ် ... အခုဒီပို့စ်မှာတော့ ဒီ apk နဲ့ file sharing လုပ်နိုင်တာလေးပါ ထပ်ဖြည့်ရေးထားပါတယ်ဗျ ... Wifi Talkie ကို ကျွန်တော် Lite Version နဲ့ Full Version ဗားရှင်းနှစ်မျိုး တင်ပေးထားပါတယ် ...


အသုံးပြုပုံ -
wifi talkie ကို ဖုန်းမှာသွင်းပါ .. ပီရင်ဖွင့်ပါ ... တစ်လုံးက Wifi Hotspot ထောင်ပေးရပါမယ် ... နောက်တစ်လုံးကတော့ Wifi On ပေးရပါမယ် ...

Wifi ထောင်မယ့်အလုံးက အပေါ်က Wifi Hotspot ကိုကလစ်ပေးပါ ...
နောက်တစ်လုံးက ထောင်ထားတဲ့ Wifi အလုံးကို ချိတ်ဖို့ Preferences ကိုကလစ်ပီ Wifi Settings ထဲကိုဝင်ကာ On ပေးပီ ချိတ်ပေးရပါမယ် ...


ဒါဆိုရင် ဖုန်းခေါ်နိုင်၊ မက်ဆေ့ခ်ျပို့နိုင် ...



ဖိုင်တွေပို့နိုင်ပါပီဗျ ...
ဖိုင်တွေပို့ချင်ရင် Device name ရဲ့ Android icon ပေါ်မှတစ်ချက်နှိပ် ... ပီရင် Send files ကိုကလစ် ... မိမိပို့စ်ချင်တဲ့ ဖိုင် (သို့) apk ဘေးမယ် အမှန်ခြစ်ပေးပီ Send ပေါ့ဗျ ...


Receive လုပ်မယ့်ဘက်မှာ အောက်ကပုံလေးလိုပေါ်ပါမယ် ... Floppy icon လေးကို Wifi Talkie icon ရှိတဲ့ အောက်ဘက်ကို Drag ဆွဲပေးလိုက်ပါ ... ပီရင် မိမိသိမ်းချင်တဲ့ လမ်းကြောင်းကို ရွေးပေးပီ Save here ကိုနှိပ်ပါ ...



Wifi Talkie Lite Version_1.4.1 [Android 2.2 +] (1.46 MB)

Wifi Talkie Full Version_1.4.1 [Android 2.2 +] (1.46 MB)

အဆင်ပြေပါစေဗျ ....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget