Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, November 06, 2013

BaiduFlash-v1.0.14 apk For Android

မင်္ဂလာပါခင်ဗျာ ....
Baidu Cloud Rom တွေကို ဖုန်းထဲကနေဒေါင်းပီ Flash နိုင်တဲ့ apk လေးပါ ...
-> ဖုန်းကို Custom Rom တင်ပီ အသုံးပြုတတ်ကြတဲ့ User များအတွက် Baidu Cloud Rom ကို ဖုန်းထဲ ကနေဒေါင်းပီ Flash နိုင်တဲ့ BaiduFlash-v1.0.14 apk လေးတစ်ခုတင်ပေးပါမယ် ...
-> Baidu Rom ကို Support ပေးတဲ့ Model များကတော့ -
    Huawei: Huawei C8812, Huawei C8812E, Huawei C8813, Huawei U8818 (G300), Huawei     Honor (U8860), Huawei U8825D (G330D), Huawei C8825D (G330C)
    ZTE: ZTE N880E, ZTE V889M, ZTE V970
    Samsung: I9300 (Galaxy S3) , I9220 (Galaxy Note) , Google NexusS (NS)
    Lenovo: Lenovo A789 , Lenovo A798T

-> အသုံးပြုမယ့်ဖုန်းက Unlock ဖုန်း၊ Root ဖုန်းဖြစ်ရပါမယ် ...
-> အသုံးပြုနိုင်မယ့် Android Version 2.3.1 and above ...


BaiduFlash.apk လေးက နောက်ဆုံးထွက် Final Version ကိုဒေါင်းနိုင်ပီ Flash ပေးမှာဖြစ်ပါတယ် ...
Complete ဖြစ်ရင် auto restart ကြပီ အသုံးပြုနိုင်တယ်လို့ Official Site မှာရေးထားပါတယ်ဗျ ...
ကျွန်တော်အခုမှာ final version ကိုဒေါင်းနေတုန်းမို့ပါ ... အပြည့်အစုံမစမ်းသပ်ရသေးပါ ...
စမ်းသပ်ချင်တဲ့သူများ အောက်မှာပုံနဲ့တကွပြပေးထားပါတယ်ခင်ဗျာ ...

အနီရောင်ဝိုင်းပြထားတဲ့ box ကိုနှိပ်ပါ ...


ခဏစောင့်ပါ ... ကျွန်တော်ဝိုင်းထားတဲ့ box ကိုနှိပ်ပီ Root Access လုပ်ပါ ...
superuser request တောင်းရင် Allow (or) Grand လုပ်ပေးပါ ...


ပီရင် ပုံမျာပြထားတဲ့အတိုင်း ဖုန်းရဲ့ မျဉ်းသုံးကြောင်းထပ် Menu ကိုနှိပ်ပီ ၀ိုင်းပြထားတဲ့အတိုင်းဝင်ပေးပါ ...
ကျွန်တော်က Mobile Data နဲ့ဒေါင်းမှာမို့လို့ WLAN မှာ အမှန်ခြစ်ဖြုတ်ထားတာပါ ...
WLAN နဲ့ဒေါင်းမယ့်သူများက WLAN ကို အမှန်ခြစ်ပေးပါ ...
ဒေါင်းလို့ရတဲ့ zip ဖိုင်က sdcard/baiduyunrom ဖိုင်ထဲမှာကြည့်ပါ ...


ပီရင် ပုံမှာဝိုင်းပြထားတဲ့အတိုင်း Rom ကိုဒေါင်းပါမယ် .... အောက်က box ကတော့ baidu rom ကိုဒေါင်းပီးသားရှိရင် အဲ့ box ကိုရွေးပီ zip ဖိုင်ကို Flash ပေးနိုင်ပါတယ် ...
ပီရင် နောက်ပုံမှာ မိမိဒေါင်းချင်တဲ့ Rom ကိုရွေးပေးပီ ညာဘက်ဝိုင်းထားတာကိုနှိပ်ပါ ... ဒါဆိုရင် နောက်ပုံမှာ Rom ဒေါင်းနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ...
ပုံမှာဝိုင်းပြထားတဲ့ ဘယ်ဘက်က box က Pause, Resume လုပ်ရမှာပါ ...
ညာဘက်က box ကတော့ ဒေါင်းနေတဲ့ဖိုင်ကို Cancel လုပ်တာပါ ...


[မှတ်ချက် - Pause လုပ်ပီ back နဲ့ပြန်မထွက်ပါနဲ့ ...
Home ကိုနှိပ်ပီထွက်ပါ ... back နဲ့ထွက်ရင် ဒေါင်းနေတဲ့ဖိုင်ကို cancel လုပ်ခိုင်းပါလိမ့်မယ် ...
အကြောင်းအမျိုးမျိုးကြောင့် Pause လုပ်ထားပီ flash.apk ကိုပြန်ဖွင့်လို့ box တစ်ခုတောင်းတယ်ဆိုရင် ညာဘက်ကဘောက်လေးကိုနှိပ်ပေးပါခင်ဗျာ ... Resume ပြန်ဒေါင်းပေးပါလိမ့်မယ် ...] ၅


ဒေါင်းတဲ့ဖိုင် Complete ဖြစ်ရင်တော့ ဒီအတိုင်းတွေ့ရပါမယ် ... Auto Restart ကြပီ အသုံးပြုနိုင်ပီလို့ Baidu Official site မှာဆိုထားပါတယ် ...


ဒီ BaiduFlash.apk ကို Baidu Official Site ကနေပီ ကျွန်တော်နားလည်သလောက်လေး ဘာသာပြန်ပီ ဒီပို့စ်လေးတင်ပေးခြင်းဖြစ်ပါတယ် ... အဆင်မပြေမှုများ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget