Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Friday, November 08, 2013

-一键 ၊Root大师(加强版).apk for Android


Android အမျိုးအစားပေါင်း (100)ကျော်ကို စကန့်ပိုင်းအတွင်း ဖုန်းထဲကပင် အလွယ်တကူ Root လုပ်နိုင် တဲ့ 一键Root大师(加强版).apk လေးလာပါပီခင်ဗျာ ... သူ့ရဲ့ Official site မှာတော့ ဖုန်းအမျိုးအစား ပေါင်း (100)ကျော်ကို Root လုပ်နိုင်တယ်လို့ ဆိုထားပါတယ် ... ဆော့ဝဲလ်က Chinese version ပါ ... ကိုကိုတရုတ်များနဲ့ chinese လို သုံးချင်သူများအတွက် ဒေါင်းထားလိုက်ပါဗျ ...

ကျွန်တော်က ဒီ apk လေးကို Huawei U8825D နဲ့စမ်းပြထားပါတယ် ...[ တကယ်ကို စကန့်ပိုင်းအတွင်း Root ပေါက်ပါတယ်ဗျ ... ] Chinese ဆော့ဝဲလ်လေးဖြစ်တဲ့အတွက် တရုတ်ဖုန်းတွေအားလုံး အဆင်ပြေ မယ်လို့ထင်ပါတယ် ... ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လို့လည်း ကျွန်တော်မြင်ပါတယ်ဗျ ...

ကဲစလိုက်ရအောင်ဗျ ...
ဆော့ဝဲလ်ကိုအောက်မှာဒေါင်းပါ ...


ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Install လုပ်ပီ ဖွင့်ပါ ... ပီရင် ပုံမှာဝိုင်းပြထားတဲ့အတိုင်း တရုတ်စာတွေနဲ့ Root ဆိုတဲ့ box လေးကိုနှိပ်ပါ ... loading လုပ်နေပါမယ် ... ပီရင် ဖုန်းအမျိုးအစား၊ ဗားရှင်းပါတဲ့ box လေး တက်လာပါမယ် ... အဲ့မှာ Root ဆိုတာကို နှိပ်ပေးပါ ... Root လုပ်နေပါမယ် ...


ပီရင် ဒီအောက်ကပုံလေးလိုတွေ့ရပါမယ် ... ညာဘက်က အနီနဲ့ဝိုင်းပြထားတဲ့ Box လေးကိုနှိပ်ပေးပါ ...
ဒါဆိုရင်တော့ အောက်ပုံထဲကအတိုင်း သရဖူပုံလေးနဲ့ Root Icon လေးပေါ်နေပါပီခင်ဗျာ ... ဖုန်းကို Restart (OR) Reboot လုပ်ပေးပါ ... ပီရင်တော့ Chinese root လေးနဲ့အဆင်ပြေနိုင်ပါပီခင်ဗျာ ...



ဒီဆော့ဝဲလ်လေးက အခြားလုပ်ဆောင်နိုင်တာတွေရှိပါသေးတယ် ... ဆော့ဝဲလ်ရဲ့ အပေါ်ဆုံးက box က ဖုန်းရဲ့ Deatails ကိုကြည့်နိုင်မှာပါ ... ဒုတိယ box က ဖုန်းကို Root လုပ်တာပါ ... တတိယ box က System App တွေ All App တွေကို ဒီဆော့ဝဲလ်ထဲကနေပီ Uninstall ပြုလုပ်နိုင်ပါတယ်ဗျ ...


အဆင်ပြေပါစေခင်ဗျာ ...


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget