Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Wednesday, July 17, 2013

Iphone 5 ကြောင့် ဓာတ်လိုက်သေဆုံးရသော တရုတ်မလေးနှင့်နောက်ဆက်တွဲသတင်း


 Iphone 5 ကိုအားသွင်းရင်း ဖုန်းပြောမိသောကြောင့် သေဆုံးသွားသောတရုတ်မလေး သတင်းကို တင်ပေးလိုက်ပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါသတင်းသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး တရုတ်လူမှု ကွန်ယက်များကလည်း Apple ကုမ္ပဏီ အပေါ်အပြစ်တင်ဝေဖန်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။

သေဆုံးသွားသူ Ma Ailun သည် China Southern Airlines တွင်တာဝန်ထမ်းဆောင်နေသည့် လေယာဉ်မယ်တစ်ဦးဖြစ်ပြီး သတင်းများအရ မကြာမီလက်ထပ်မည့်သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
မင်္ဂလာကိစ္စများ တိုင်ပင်ရန် iphone-5 ကိုအားသွင်းရင်းဖုန်းပြောနေစဉ် ဓာတ်လိုက်သေဆုံး ရခြင်းဖြစ်ကြောင်း မိသားစုက အတည်ပြုပြောကြားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ ၏ထုတ်ပြန်ကြေညာချက် တွင်လည်း ဓာတ်လိုက်မှုကြောင့်ဖြစ်ကြောင်း ပါရှိခဲ့သည်။

အဆိုပါဖြစ်ရပ်အတွက် Apple ကုမ္ပဏီ က Ma Ailun၏ မိသားစုထံ အထူးဝမ်းနည်းကြေကွဲကြောင်း e-mail တစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။ ၄င်းအပြင် Apple ကုမ္ပဏီသည် ယခု ကိစ္စရပ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည် ဆိုသည်။

MMT

Ref & Credit: The Golden Fresh Land Daily Newspaper

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget