Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, July 16, 2013

Softkeys Enable On Any ICS Rom (for root user only)

ဒီနည်းလေးအတိုင်းပြုလုပ်ဖို့အတွက်ကတော့ မိမိဖုန်းက root access ရှိဖို့လိုပါတယ်ခင်ဗျာ....

"Any ICS Rom"  သက်ဆိုင်သူများအားလုံးကို credit ပေးပါတယ်ခင်ဗျာ....

ကျွန်တော်စမ်းသပ်ပီသားပါခင်ဗျာ .... ဘာ error မှမရှိပါဘူးခင်ဗျာ.....စိတ်ချလက်ချပြုလုပ်နိုင်ပါတယ်....

မိမိတို့ ဖုန်းဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ back key, home key တွေနှိပ်ရတာ မကောင်းတော့တာတွေ ရှိကြပါတယ်...တစ်ချို့ဆိုရင် ခလုတ်ကို အရမ်းဖိမှ အသုံးပြုလို့ရပါတယ်.. တစ်ချို့ ကြတော့လဲ မိမိဖုန်းမှ ခလုပ်လေးတွေ ပျက်မှာစိုးတဲ့သူများကလဲ button savior လို apk လေးတွေ အသုံးပြုကြပါတယ်....ဒီနည်းလမ်းလေး ကတော့ ဘာ apk မှ သုံးစရာမလိုဘဲ home screen အောက်မှာ softkeys တွေကိုထုတ်ထားနိုင်တဲ့နည်းလေးပါ.....ကျွန်တော်ဒီနည်းလေးကို သိထားတာတော့ ကြာပါပီ ဗျ....သိပီသားသူများ sorry ပါ.....အသုံးပြုရတာ အဆင်ပြေလို့ ဒီပို့စ်ကို တင်လိုက်ပါတယ်.... ထွေထွေ ထူးထူးတော့ မဟုတ်ပါ.....Softkey လေးတွေကို home screen မှာ ထုတ်လိုက်တာပါပဲ.......

ကဲစလိုက်ကြမယ်ဗျ....တစ်ခုတော့ ပြောချင်ပါတယ်....original build.prop ဖိုင်လေးကို backup ယူထားပါဗျ....ယူထားတာမမှားဘူးပေါ့ဗျာ....မိမိတို့ဖုန်းလေးထဲမှာ root explorer လေးတော့ သွင်းထားရပါမယ်.....မရှိသေးရင်လဲ update လေး ကျွန်တော် တင်ပေးထားပါတယ်...root explore ကိုဖွင့်ပါ....ပီရင် system ထဲက build.prop ဖိုင်လေးကိုရှာပါ...တွေ့ရင်တော့ root explore ရဲ့ အပေါ်ထောင့်မှာ Mount R/W ဖြစ်နေရင် R/O ပြောင်းပီ ခုနက build.prop ဖိုင်လေးကို ဖိထားလိုက်ပါ...menu လေးတက်လာပါမယ်....ပေါ်လာတဲ့ menu ထဲက  Open in Text Editior လေးကိုရွေးပီဖွင့်ပါ....ဖိုင်တစ်ခုပွင့်လာရင် အောက်ဆုံးအထိရောက်အောင်သွားပီ နောက်ဆုံးစာလုံးမှာ cursor ချပီ enter တစ်ချက်ခေါက်ပါ...ကျွန်တော် အောက်မှာအနီရောင်နဲ့ ရေးထားတဲ့ စာကြောင်းလေးကို မမှားအောင် ရိုက်ထည့်ပေးပါ..စာလုံးမှာရင် အလုပ်လုပ်မှာ မဟုတ်ပါဘူးဗျ..

qemu.hw.mainkeys=0


လို့ ရိုက်ထည့်ပီ save လုပ်ပါ.....ပီရင် ဖုန်းကို restart ချလိုက်ပါ.... ပြန်တက်လာရင် home screen အောက်နားမှာ softkeys လေးတွေပေါ်နေပီ လန်းနိုင်ပါပီခင်ဗျာ.....တကယ်လို့ softkeys လေးတွေ မပေါ်ချင်တော့ဘူးဆိုရင်လဲ အပေါ်ကအတိုင်း အဆင့်ဆင့်သွားပီတော့ ရိုက်ထည့်ထားတဲ့ စာကြောင်းလေးကို ပြန်ဖျက်လိုက်ပီ save လိုက်ရင်ရပါတယ်ခင်ဗျာ....ဒါမှမဟုတ် မိမိ buckup ယူထားတဲ့ ဖိုင်ကိုလဲ အဲ့ဒီထဲမှာ paste ချလိုက်လဲရပါတယ်ဗျ...

root explore မရှိသေးသူများ ဒီမှာ ယူပါဗျ....





ကျွန်တော်အခုနောက်ပိုင်းတင်တဲ့ပို့စ်တွေက mm-mpxteam မှာတင်ထားပီသားပို့စ်တွေပါခင်ဗျာ....
ကျွန်တော်ပို့စ်လေးမှာပြန်တင်ရတာက ကျွန်တော်ကိုယ်တိုင်ပြန်ကြည့်ချင်ရင် အချိန်မရွေးပြန်ကြည့်နိုင်ရန် အတွက်ပါဗျ......

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ....

No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget