Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, July 16, 2013

U8825D B-972 အတွက် custom rom အလန်းလေး(11-7-2013)

မင်္ဂလာပါဗျ .....


U8825D ရဲ့ နောက်ဆုံး Version Build-972 အတွက် HTC Sense 5.0 style custom rom (version.4.0.4) လေးကို Share လိုက်ပါတယ်ဗျ.....(11-7-2013) ရက်နေ့ထွက်ပါ.....ဖိုင်ဆိုဒ်က (295 MB)ရှိပါတယ်ခင်ဗျာ ...

မူရင်းလင့်ကိုတင်ပေးထားပါတယ်.....ကျွန်တော် အခု ဒီ custom rom လေးတင်ထားပါတယ်....
လန်းမလန်းကတော့ ကျွန်တော်တင်ပေးထားတဲ့ပုံလေးတွေကိုကြည့်လိုက်ကြပါဗျ...error မရှိပါဘူးခင်ဗျာ.....ကျွန်တော်စမ်းသပ်ပီမှ Share လိုက်တာပါ.....[No Error] (100% OK)

လိုအပ်ချက် -
- မိမိဖုန်းဟာ Unlock, Root လုပ်ထားဖို့လိုပါတယ်......CWM သွင်းပီဖြစ်ရပါမယ်.....

- အခု Custom Rom မှာ root ပါပါတယ်... supersu က (china) ဖြစ်လို့ ကျွန်တော်က root recovery.zip , supersu.zip (english)ကို CWM ကနေပြန်သွင်းပီသုံးပါတယ်ဗျ.....ကျွန်တော်အောက်မှာ rom တင်ပီရင် လိုအပ်မယ်ထင်တဲ့ ဖိုင်တွေ တင်ပေးထားပါတယ်ခင်ဗျာ....

*****  [Factory Reset ချမှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ Apk, Contacts, Data တွေကို backup ယူထားကြပါခင်ဗျာ....ကျွန်တော်အခုလိုရှင်းပြရတာကလဲ rom ကို အခုမှစတင်မဲ့ user များအတွက် ရှင်းပြခြင်းဖြစ်ပါတယ်.....သိပီးသောသူများကတော့ ကျော်ပီဖတ်ပေးပါခင်ဗျာ....] *****

Custom Rom တင်နည်း -
[မိမိတို့ရဲ့ ဖုန်း battery 80% လောက်တော့ ရှိဖို့လိုပါတယ်ဗျ....]

- ဒေါင်းလို့ရတဲ့ U8825D_B972_Sense.zip ကို zip မဖြည်ပဲ ဒီအတိုင်း SD card (2 GB) ထဲကိုထည့်ပါ...
- ဖုန်းကိုပါဝါပိတ်ပီ SD Card (2GB) ကိုဖုန်းထဲသို့ထည့်ပါ.....
- ပီရင် recovery mode ၀င်ဖို့အတွက် Volume(+) နဲ့ Power ကိုတွဲနှိပ်ပါဝင်ပါ....
- မိမိတို့ရဲ့ Original Firmware ကို မဖြစ်မနေ Backup လုပ်ထားပေးပါဗျ.....
[Original Firmware ကို Backup ယူထားပါဗျ.....အဆင်မပြေတာများရှိခဲ့ရင် Restore ပြန်လုပ်နိုင်အောင်ပါဗျ....]

*** ဒီအဆင့်မှာ ကျွန်တော်တစ်ခုပြောချင်ပါတယ်ဗျ.....မိမိ Original Firmware ကို Backup ယူထားမယ့် user များအတွက်...မိမိအခုအသုံးပြုတဲ့ SD Card မှာ Custom Rom ထည့်ပီ Free Space က [1GB] ရှိဖို့လိုအပ်ပါတယ်....ဘာဖြစ်လို့လဲဆိုရင် backup လုပ်မယ့် Original Firmware က အနည်းဆုံး [700 MB]ကျော်ပါတယ်ဗျ.....***

- recovery mode ကိုရောက်ရင်
wipe data/factory reset   >>  delete all user data   >> yes လုပ်ပါ....
wipe cache partition   >>   wipe cache    >>  yes လုပ်ပါ....

- ပီရင်တော့ install zip from sd card >> choose zip from sd card ကနေပီ ခုနက ဒေါင်းထားတဲ့ U8825D_B972_Sense.zip ကိုရွေးပီ install လိုက်ပါ...

- install from sdcard complete ဖြစ်ရင် -- Go Back -- နဲ့ပြန်ထွက်ပီ --- Reboot System now --- လုပ်ပါ.....

- ဖုန်းက power တက်လာပီ ပြန်ကျပါမယ်...ဒုတိယတစ်ခေါက် power ပြန်တက်လာရင်  Huawei Ascend ဆိုတဲ့ LOGO မှာ (၃/၄) မိနစ်လောက်ကြာပါတယ်ဗျ.....စိတ်ရှည်ရှည်ထားပီစောင့်ပါ.....
ပီရင်တော့ rom အသစ်လေးနဲ့လန်းနိုင်ပါပီဗျ....


Custom rom ဒေါင်းရန် ...........
pan.baidu.com Link
Huawei Ascend G330D U8825D change official B972 Sense 5 mix style

Chinese Site ထဲရောက်ရင် ကျွန်တော်အနီနဲ့ဝိုင်းပြထားတဲ့ box လေးကိုနှိပ်လိုက်ပါ.....Download Link ကျလာပါလိမ့်မယ်ဗျ......


SuperSu သွင်းရန်တွက် (english)(၂)ဖိုင် [CWM ကနေသွင်းရပါမယ်...] (choose zip from sd card ကနေသွင်းပေးပါ.....)

root recovery.zip
Superuser-3.1.3-arm-signed.zip

'D အပေါ်ကနှစ်ခုမှာ root recovery.zip ကိုအရင်သွင်းပါ....ပီမှ Superuser-3.1.3-arm-signed.zip ကိုသွင်းပါဗျ....သွင်းပီလို့ ဖုန်းပြန်တက်လာရင် SuperSu အလုပ်လုပ်ဖို့အတွက် ချိန်ပါမယ်...ဖုန်းမှာ SuperSu ကိုအရင်ဖွင့်ပါ...install လုပ်ဖို့  box တစ်ခုတက်လာပါမယ်..install လုပ်ပါ...အရိုးခေါင်းပုံလေးနဲ့ superuser request တောင်းပါမယ်...allow နှိပ်ပါ....complete ဖြစ်ရင်ရပါပီဗျ....ပီရင် နဂို supersu (china)ကို ကျွန်တော် အောက်မှာပေးထားတဲ့ SystemApp Remover လေးနဲ့ ရှင်းလိုက်ပါဗျ....

CWM ကနေသွင်းရန် - (choose zip from sd card ကနေသွင်းပေးပါ...)
gapps-ics-20120429-signed.zip [ဒီ gapp.zip ကိုသွင်းရင် gtalk ပါ ပါပီသားပါ....]
HWMMFont.zip [မြန်မာ ဖောင့်အတွက်ပါ...]

ပုံမှန် install လုပ်ရန် apk (3)ခု (dafult ပါတဲ့ systemapp remover က system file တွေကို ဖျက်လို့မရဘူးဗျ..)
SystemApp Remover
myanmarkeyboard
Root Explorer

အပေါ်ကကောင်လေးနဲ့ System ထဲက ကိုယ်မလိုချင်တဲ့ china app တွေကို ဖျက်နိုင်ပါတယ်....

Rom တင်ပီ ပီရောဆိုပီ ကျွန်တော်တင်ပေးတာမဟုတ်ပါဘူးဗျ......Rom တင်ပီရင် အားလုံး complete ဖြစ်တဲ့အထိ ကျွန်တော်အသေးစိတ် ရှင်းပြပီ ကျွန်တော်တတ်သိနားလည်သလောက်လေးရေးထား တဲ့အတွက် စားသားများရှည်သွားရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ....

Brother တို့အားလုံး Custom Rom အသစ်လေးနဲ့ လန်းနိုင်ကြပါစေဗျ.......
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ....အဆင်မပြေရင်လဲ အောက်မှာ မန့်ခဲ့ကြပါဗျ....


No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget