Pages

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်ဘလော့လေးကို ၀င်ရောက်ကြည့်ရှုကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ... အားလုံးသောမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ ...

Tuesday, July 16, 2013

Jailbreaking ဆိုတာဘာလဲ? What is jailbreaking?

Jailbreaking ဆိုတာဘာလဲ?
What is jailbreaking?
{သိစေချင်လို့ပါဗျ}

Apple ရဲ့ IOS က Unix ပေါ်မှာအခြေခံထားတဲ့ Operating System တစ်ခုဖြစ်ပါသည်။Jailbreaking ဆိုတာက Apple ရဲ့ IOS ကို root access တစ်နည်းအားဖြင့် Administrator ခွင့်ပြုချက်ရအောင် လုပ်တာကိုဆိုလိုပါတယ်။Jailbreaking ကခွင့်ပြုချက်မရသော application(Cydia=3rd party application,tweaks,extensions အစရှိတဲ့ Apple app store မှာမရရှိနိုင်သော apps များရရှိနိုင်သော app) ကဲသို့သော application များကိုသွင်းနိုင်ပါတယ်။Jailbreaking သည်သင်၏ Apple Device ကို apple ရဲ့ကန့်သတ်ချက်များကိုဖယ်ရှား၍ သင်အလိုရှိသော App များကိုသွင်းနိုင်မှာဖြစ်ပါတယ်။Jailbreaking သည် crack app များကိုဖောဖောသီသီသွင်းနိုင်မည်ဖြစ်သည်။ Jailbreaking တွင် Tethered jailbreak နှင့် Untethered jailbreak ဟူ၍နှစ်မျိုးရှိသည်......

Tethered Jailbreak

Tethered Jailbreak သည် Boot တက်ရန်အတွက် computer connection လိုအပ်ပေသည်။eg. သင်၏ IOS 4.2.1 ကို resn0w နဲု့ jailbreak လုပ်ထားလျှင် သင်၏ IOS boot တက်ရန်
၁.ကွန်ပျူတာနှင်သင့် Device ကိုချိတ်ပါ
၂.redsn0w application ကိုဖွင့်ပါ
၃.Just boot tethered right now ကိုနှိပ်ပါ
၎.သင့်၏ jailbroken device သည် resn0w အကူအညီဖြင့် Boot တက်လာပေမြည်...
သင်၏ device battery ကုန်လျှင်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် power ပိတ်လိုက်လျှင် ပြန်ဖွင့်ရန် အထက်ပါ step အတိုင်းလုပ်ဆောင်ရပေမည်။

tethered jailbreak
Untethered jailbreak သည် Tethered Jailbreak ကဲ့သို့ computer connection မလိုပေ။

ဘယ်DevicesတွေမှာJailbreakလုပ်လို့ရသလည်း???
Ipad,Ipod touch,Iphone,Apple TV အဲ့DevicesတွေမှာJailbreakလုပ်လို့ရပါတယ်

Jailbreak လုပ်ကြောင်းဘယ်လိုသိနိုင်သလည်း??
မိမိ Device တွင် cydiaဟုခေါ်သော Application တစ်ခုInstallလုပ်ပေးမြည်ဖြစ်ပါသည်

Jailbreaking ၏အကျိုးကျေးဇူးများ
Jailbreaking လုပ်ခြင်းရဲ့အဓိကအကြောင်းပြချက်ကတော့Appများကိုဝယ်စရာမလိုပဲCrack Appများကို Storageဆံသလောက် အပီအပြင်သွင်းနိုင်ခြင်းပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ jailbreaking သည် အပေါ်မှာပြောသလို့ third party apps (Apple Store) မှာမရှိသောအရာများကိုသွင်းနိုင်ခြင်းပဲဖြစ်ပါတယ်. နောက်အရေးကြီးတာတစ်ခုကတော့ jailbreak က သင်တို့ရဲ့ IOS devices များကို unlock လုပ်နိုင်ခြင်းပင်ဖြစ်ပါသည်။ nlocking အကြောင်းပိုမိုသိရှိလိုပါက ဒီ မှာကြည့်ရှုနိုင်ပါတယ်...

Jailbreaking သည်တရားဝင်လား?
Jailbreaking သည်အပြည့်အ၀တရားဝင်ပါသည်။US မှာပင်တရားဝင်ပါသည်။july 2010 တွင် US အစိုးရသည် jailbreaking လုပ်ခြင်းကိုခွင့်ပြုထားတာတွေ့ရပါသည်။အတိအကျသိချင်ရင်  ဒီ မှာဖတ်ကြည်ပါ ..Jailbreaking ကို 2007... ကပင်ကမ္ဘာတစ်ဝှမ်းတွင်ပြုလုပ်နေကြသည်ကိုတွေ့ရသည်။

Jailbreaking သည် Warranty ကိုပျက်စေနိုင်သလား?
အထက်ပါမေးခွန်းမျိုးမေးခဲ့လျှင် Yes and no ဟုပင်ဖြေရမည်။
yes. အကယ်၍သင်၏jailbreak လုပ်ထားသော apple device ကို apple store ကိုသွားပြပါက jailbreak လုပ်ထားသောကြောင့် warranty မပေးပါဟုပြောလိမ့်မယ်   read on apple
No. သင်jailbreak လုပ်ထားသော device ကို apple store ကိုသွားပြတော့မြည်ဆိုလျှင် သင်သည် iTunes ကိုအသုံးပြု၍ factory setting ကို restore လုပ်၍သွားပြလိုက်ပါ။ သင်၏ IOS device သည် jailbreak လုပ်ထားကြောင်းဘယ်နည်းနဲ့မျှ သိနိုင်လိမ့်မယ်မဟုတ်

Jailbreaking သည်Brick ဖြစ်စေနိုင်သလား
အကယ်၍သင်သည် Jailbreakလုပ်ရာ၌တိကျသေချာမှုမရှိသော Jailbreaking Tool များကိုအသုံးပြုပါက ဖြစ်စေနိုင်ပါတယ် ယနေ့တွင်brick ဖြစ်သွားသည့်တိုင်အောင် မူလFirmwareကို restoreပြန် လုပ်နိုင်သောကြောင့်စိုးရိမ်စရာမရှိပါ။

Jailbreaking နှင့် Unlocking သည်တူညီပါသလား
မတူညီပါJailbreaking နှင့် Unlocking သည်မတူညီသောအရာနှစ်ခုဖြစ်ပါသည်။သင့်ဖုန်းကိုunlock လုပ်မည်ဆိုလျှင် ပထမဦးစာ Jailbreak လုပ်ရမည်ဖြစ်ပါသည်။

Jailbreaking လုပ်ပြီးလျှင် iTunes နှင့် App Store ကိုသုံးလို့ရနိုင်လား ?

ရပါသည် iTunes နှင့် App store ကိုjailbreak လုပ်ပီးလျှင်မူလအတိုင်းပဲဆက်လက်သုံးစွဲနိုင်မြည်ဖြစ်သည်။

Cydia ဆိုတာဘာလဲ
Cydia သည် jailbreak application များ၏ app store ပင်ဖြစ်သည်။
သင်သည် Cydia ထဲမှ apps,tweaks နဲ့ mods များကို download and install ပြုလုပ်နိုင်ပေသည်။အများစုမှာ free များဖြစ်သော်လည်း တချို့ appများသည် dollor အနည်းငယ်ပေး၍၀ယ်ယူမှရသည်။

Jailbreaking သည် IOS updating ကိုထိခိုက်စေသလော

မထိခိုက်စေပါ။ [Credit to myo myo]



No comments:

Post a Comment

davvas.com မှ ဖိုင်များဒေါင်းလုပ်ယူနည်း - ဖတ်ပေးပါခင်ဗျာ......
Download လင့်ကိုနှိပ်လို့ davvas.com ဆိုပီ ဆိုဒ်တက်လာရင် ဇယားကွက်အောက်က Free Download ကိုနှိပ်ပါ.... လင့်နှစ်ခုဖြစ်သွားပါမယ်..... You are download is ready လင့်ကိုပိတ်ပါ..... Download ဆိုတဲ့ အနီရောင် box အောက်မှာ wait a 10 sec ဆိုပီ စောင့်ပါ.... ပီရင် create download link ကိုနှိပ်ပါ.... ပီရင် နောက် page တစ်ခုမှာ Download With Davvas Manager ? ဆိုတဲ့ စာသားရဲ့ရှေ့မှာ အမှန်ခြစ်ဖြုတ်ပီ
Now Download ကိုနှိပ်ပီ ဒေါင်းနိုင်ပါပီခင်ဗျ....

သင်တို့ရဲ့ဝေဖန်ချက် မှတ်ချက်များဟာ ကျွန်တော့်နောက်ရေးမယ့်ပို့စ်အတွက် အားဆေးတစ်ခွက်ပါ...

အခုလိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ... နောင်လည်း ဒီဘလော့ကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ... ပြန်လည်ဆုံတွေ့ကြပါစို့ ....
Twitter Bird Gadget